Hana: Netflix Series
24K subscribers
428 photos
40 videos
419 links
For Business Contact @nikko244
Download Telegram
Better Call Saul (2015-2022) (Season) (1-2-3-4-5-6)

IMDB (8.8/10)

Better Call Saul က Breaking Bad ရဲ့ Spin-Off Series တစ်ခုပါ၊ ဒါပေမယ့် Breaking Bad ကို မကြည့်ဖူးလည်း ဒီ Series ကိုကြည့်လို့ရပါတယ်။အကျဉ်းချုပ်ပြောရရင်တော့ James McGill ဆိုတဲ့ မကျော်မကြားရှေ့နေတစ်ယောက် အခက်အခဲတွေကြုံရာကနေ လူသိများလာအောင် ဉာဏ်နီဉာဏ်နက်ပေါင်းစုံထုတ်ပြီး အကြံအဖန်ထုပုံတွေကို စိတ်၀င်စားဖွယ်မြင်တွေ့ရမှာပါ။ တည်ကြည်လေးနက်တဲ့ ရှေ့နေ James ဘ၀ကနေ လောဘသမား Saul Goodman ကို ဘယ်လိုတွေ ကူးပြောင်းသွားမလဲဆိုတာကိုတော့

https://t.me/+LT5XjA1USoszOTI1
Seal team SIX ( 2017-2018 )
IMDb (7.3/10)

Six TV Series ကို History Network ကနေထုတ်လွင့်ခဲ့ပါတယ်။ January 18 2017 တွင် Season 1 ရဲ့ Episode 1 ကို စတင်ထုတ်လွင့်ခဲ့ပြီး Season 1 မှာ စုစုပေါင်း (၈) ပိုင်းပါဝင်ပါတယ်။ Season 2 ကိုတော့ May 28 2018 မှာ ပြန်လည် ထုတ်လွင့်ခဲ့ပြီး Season 2 အပြီးမှာတော့ History Channel ကနေ SIX Series ကို Cancel လုပ်ခဲ့ပါတယ်။ Military Drama Action အမျိူးအစား ဖြစ်တဲ့ အတွက် စစ်ကား ကြိုက်တဲ့ သူတွေ အတွက်တော့ အကြိုက်တွေ့စေနိုင်တဲ့ Series တစ်ခုဖြစ်ပါတယ်

US Navy's SEAL Team Six အဖွဲ့ခေါင်းဆောင်ဟောင်း တစ်ယောက် အကြမ်းဖက်သမားအဖွဲ့ ရဲ့ ဖမ်းဆီး ခြင်း ခံရတဲ့ အခါမှာ နိုင်ငံရဲ့ လုံခြုံရေး ကျိုးပေါက်မှုတွေ မဖြစ်ပေါ်လာစေဖို့ အရေး သွားရောက်ကယ်ဆယ်ကြတဲ့ အခါ ဘယ်လိုတွေ ရင်ဆိုင် ကျော်ဖြတ်ရမလဲ။ လုံခြုံရေးကျိုးပေါက်မှုဖြစ်ပေါ်သွားလေမလား...


https://t.me/+zKxssIk27h44YmQ1
Euphoria Season 1 (2019)

အထက်တန်းကျောင်းတွေမှာဆယ်ကျော်သက်တွေကဲကြတာကိုမြင်ဖူးတယ် ဟုတ်!

ဒီကားမှာယေဘုယျအားဖြင့်တွေ့ရမှာက ဆေးစွဲနေတဲ့ဆယ်ကျော်သက်တွေရယ်၊လူတိုင်းနဲ့ အိပ်ဖို့ပဲစဉ်းစားနေတဲ့ဆယ်ကျော်သက်တွေရယ် ဒါတွေကအဓိကထားပြီးတော့ ပါမယ်။ သူကဇာတ်ကြောင်းကိုနောက်ကနေပြန်ပြောပြနေတဲ့ပုံစံမျိုးပါ။ ဆေးတစ်ချိန်လုံးကွဲနေတဲ့ ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်၊ သူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းကလူတွေအကြောင်းကို ထိုင်ပြောပြနေသလိုပဲ။ လိင်ဆက်ဆံခန်းတွေ၊ဆေးသုံးတဲ့အခန်းတွေ၊အခုခတ်ကလေးတွေပြောလေ့ရှိတဲ့အောက်ပိုင်းကမဆင်းတဲ့ အသုံးအနှုန်းတွေကိုတွင်တွင်ကျယ်ကျယ်သုံးစွဲပြီးပြောဆိုထားတဲ့ ဒီစီးရီးမှာ ဘဲကြောင့် စိတ်ညစ်နေရတဲ့ကောင်မလေးတွေကိုတွေ့ရမယ်၊ အင်တာနက်ခေတ်ရဲ့ကြောက်စရာကောင်းတဲ့မှားယွင်းတဲ့သုံးစွဲမှုတွေ၊ မိဘတွေကြောင့် လမ်းမှားရောက်ခဲ့တဲ့ဆယ်ကျော်သက်တွေ ဒါတွေကိုအစုံရှုမြင်ခံစားရမှာဖြစ်ပါတယ်။

https://t.me/+CQCI2G7hCCAwZTM9
Hannibal (2013)

Hannibalဆိုတဲ့ ဇတ်ကောင်ဟာ လူသတ်သမားတစ်ယောက်၊ လူသားကိုခုံမင်စွာ စားသောက်တတ်သူ တစ်ယောက်ဖြစ်သလို လူတွေရဲ့ စိတ်ကိုနောကြေနေလို့ သူဟာ လူတွေရဲ့စိတ်ကို လွှမ်းမိုးချုပ်ကိုင်တယ်၊ ကိုယ့်အပြစ်ကို သူများရဲ့ အပြစ်ဖြစ်အောင် ပုံဖော်ရာမှာ သိပ်ကိုဉာဏ်ပြေးလွန်းပါတယ်၊Hannibal Seriesရဲ့ Signatureက အနုပညာဆန်စွာ လူသတ်ခြင်းနဲ့ ဟင်းလျာချက်ပြုတ် ပြင်ဆင်ခြင်းတွေပါ၊ သူဟာ လူမဆန်စွာသတ်ဖြတ်တတ်တယ်၊ ဒါကြောင့် ဒီကားထဲက လူသတ်မှုတွေကများစွာရက်စက်ကြမ်းကြုတ်တယ်၊ သွေးသံရဲရဲနဲ့ စိတ်မချမ်းမြေ့ဖွယ်ကောင်းပေမဲ့ တချိန်တည်းမှာပဲ အနုပညာဆန်စွာလှပနေပါတယ်၊ FBIရဲ့Special consultant အနေနဲ့ နေရာတစ်ခုယူထားသလို သူ့လိုစိတ်ပညာရှင်တစ်ယောက်လည်းဖြစ်၊ Crime scene တွေကို mind palaceထဲပုံဖော်သလို design ဆွဲနိုင်စွမ်းရှိတဲ့ Sociopathအလောင်းအလျာ Will Grahamနဲ့ FBI Agents ဖြစ်တဲ့Jack Crawford တို့ကို သူရဲ့ကစားစရာအရုပ်တွေလို ကြိုးကိုင်ချယ်လှယ်ရင်း သူရဲ့ဂုဏ်ပုဒ်ကြီးဖြစ်တဲ့Chesapeake Ripperဆိုတဲ့ လူသတ်သမားနာမည်ကို ဘယ်လိုအကွက်ချဖုံးကွယ်မလဲ၊ ဘယ်သူတွေကို သတ်ဖြတ်ရင်း Cannibalismကိုဘယ်လိုပုံဖော်သွားမလဲ

https://t.me/+qlvDl8OEUPEyMDA1
The Lincoln Lawyer (2022)

IMDB (7.7/10)

သင်ဟာ အမှုအခင်း​တွေ၊တရား​စီရင်​ရေး​တွေကို စိတ်ဝင်စားလား ပ​ဟေဠိဆန်တဲ့ လူသတ်မှု​တွေကို သ​ဘောကျလား လေလုံးခပ်ကြီးကြီး စကားခပ်ကြွယ်ကြွယ်နဲ့ ဆိုက်နဲ့ ဂိုက်နဲ့ ​ရှေ့​နေဇာတ်​ကောင်​တွေကို အားကျတဲ့သူလား ကားအ​ကောင်းစားတစ်စီးနဲ့ စတိုင်ကျလွန်းတဲ့ Gent​တွေလိုဖြစ်ချင်သလား။ ဒါ​တွေအားလုံး Neflixက ဒီ​နေ့ထွက်ရှိလာတဲ့ Lincoln Lawyerဆိုတဲ့ Legal Drama seriesထဲမှာ အစုံမြင်​တွေ့ရမှာပါ ကနဦးIMDb 8.6 ဆိုတဲ့ ratingက အာချာပင်မဟုတ်မှန်း အကုန်သိကြမှာပါ။ မစ်ကီ​ဟော်လာဆိုတာ တချိန်က တရား​​ရေးရာမှာ အင်မတန်​နာမည်ရခဲ့တဲ့ ​ရှေ့​နေတစ်​ယောက်​ပေါ့ လင်ကွန်းကားတစ်စီးနဲ့ ​လော့စ်အန်ဂျလိစ်ရဲ့ တရားရုံးတိုင်းကို ​ခြေချင်းလိမ်​အောင် အမှုလိုက်​ပေးခဲ့ရလို့ Lincoln Lawyerဆိုတဲ့ နာမည်၁လုံးနဲ့​ကျော်ကြားခဲ့သူ​ပေါ့။ ဒါ​ပေမဲ့ အိမ်​ထောင်​​ရေးပြဿနာ​​တွေ၊ accident တစ်ခုကဒဏ်​ကြောင့် ​အကိုက်အခဲ​ပျောက်​ဆေး​တွေ​သောက်ရင်း ​ဆေးစွဲသွားတဲ့ ပြဿနာ စသဖြင့် ပြဿနာ​ပေါင်းစုံနဲ့အတူ နာမည်ကျသွားသူ​ပေါ့ ဒီလိုနဲ့တစ်​နေ့မှာ သား​ရွှေအိုးထမ်းတယ်ပဲ ​ခေါ်ရမလား ဒုက္ခရဲ့​ရောင်းရင်းများလို့ပဲ ဆိုရမလားမသိ မစ်ကီကို တရားသူကြီးချုပ်က ဆင့်​ခေါ်ခဲ့ပါတယ်။ အ​ကြောင်းက မစ်ကီရဲ့ လုပ်​ဖော်ကိုင်​ဖက်ဖြစ်သူ ကားပါကင်ထဲ ​သေနတ်နဲ့ လုပ်ကြံခံလိုက်ရသူ ​ရှေ့​နေ ဂျယ်ရီဗင်းဆင့်ဟာ သူမ​သေခင် ၁၀ရက်အလိုကတည်းက “သူ​သေခဲ့​သော် သူ့ရဲ့လက်ရှိအမှုအားလုံး မစ်ကီကိုလွှဲအပ်ပါတယ်”ဆိုပြီး တရားရုံးမှာ ကြိုတင်ပြီး​လျှောက်ထားခဲ့လို့ပါ။ ဒီလိုနဲ့ပဲ အမှုလက်မဲ့ဖြစ်​နေတဲ့ မစ်ကီတစ်​ယောက် သွား​လေသူ လုပ်​ဖော်ကိုင်ဖက်ရဲ့ ခိုးမှုအစ လူသတ်မှု​အဆုံး အမှုပေါင်းစုံကို လင်ကွန်းကားတစ်စီးနဲ့ ​ရှေ့​နေလိုက်ရပါ​​တော့တယ် ဒါ​ပေမဲ့ ဂျယ်ရီဗင်းဆင့်ကိုသတ်ခဲ့တဲ့ လူသတ်သမားက သူ့အမှု​တွေကို လက်လွှဲယူခဲ့တဲ့ မစ်ကီကိုပါ လုပ်ကြံဖို့ကြိုးစားလာတဲ့အခါ

https://t.me/+jMo_GQNrpJBmMjc1
Banshee Season 1 (2013)

Antony Starr လို့ ခင်ဗျားတို့ မသိရင်တောင် The Boy စီးရီးထဲက ဟုမ်းလန်ဒါ ဆို ခင်ဗျားတို့ သူ့ကို သိလောက်ပါပြီ။ ဒီဇတ်လမ်းတွဲကို တင်ပေးချင်နေတာ အတော်ကြာပါပြီ Antony Starr ရဲ့ အကောင်းဆုံး အက်ရှင်ဇတ်လမ်းတွဲ တစ်ခုဆိုလဲ မမှားပါဘူး။ ဇတ်လမ်းပုံစံက ထောင်ထွက် လူမိုက်တစ်ယောက်ဟာ ဘန်ရှီး ဆိုတဲ့ မြို့လေးမှာ ရဲ ဝင်လုပ်ပြီး သူ့ထက်မိုက်တဲ့ ဆိုးတဲ့ ရာဇဝတ်ကောင်တွေကို တစ်စစီ ဖြုတ်တဲ့ အကြမ်းအရမ်း အက်ရှင် ဇတ်လမ်းတွဲ ဖြစ်ပါတယ်။ အခန်းတိုင်းဟာလဲ အဘုတလိုင်းမို့ R Rated ဇတ်လမ်းတွဲ အဖြစ် သက်မှတ်ထားပါတယ်။ သွေးထွက်သံယို နှင့် လိင်ကိစ္စများစွာ ပါဝင်လို့ အသက်မပြည့်သေးသော သူများ မိသားစုများနှင့် အတူကြည့်ရှုရန် မသင့်တော်ပါ

https://t.me/+lfl4i3sJkgUyZmFl
Money Heist Season 1 (2017)

IMDB - 9.8/10
Genre - Action/ Thriller/ Crime

ဒီစီးရီးမှာတော့ နာမည်ကြီးသရုပ်ဆောင်တွေ ပါဝင်ရိုက်ကူးထားတာဖြစ်လို့သဘောကျမှာအသေအချာပါပဲ။နောက်ပိုင်းမှာတော့ ဒီကားဟာ စပိန်တလွှားမှာ နာမည်ကျော်သွားတဲ့အတွက် နာမည်ကြီးNetflixကနေ တာဝန်ယူဖြန့်ချိပေးခဲ့ပါတယ်။ ဒီseries ရဲ့ Theme songဟာဆိုရင်တော့ My life is going on” ဖြစ်ပြီးတော့ ဒီသီချင်းဟာဆိုရင်ဒီseries ကိုတစ်ပိုင်းလောက်စကြည့်ပြီးတာနဲ့ စိတ်ထဲမှာ ခံစားမှုတခုပေးနိုင်လောက်တဲ့အထိ စွဲဆောင်နိုင်ပါလိမ့်မယ်။တခြားဘဏ်ဓားပြတိုက်တဲ့ကားတွေနဲ့ ခွဲထွက်နေတဲ့စီးရီးဖြစ်ပါတယ်။ ဒီSeriesမှာ ပရောဖက်ဆာလို ခေါ်ကြတဲ့ အလွန်ဉာဏ်ကောင်းပြီး အကွက်ကျကျစီစဉ်ပြီးမှ လုပ်တဲ့လူက တခြားနယ်ပယ်အသီးသီးကကျွမ်းကျင်ရာဇဝတ်သားတွေနဲ့ ပူပေါင်းပြီးတော့ သမိုင်းမှာစံချိန်ချိုးရလောက်တဲ့အထိကြီးမားတဲ့ ယူရို သန်း၂၄၀၀ကိုယူဖိုရာဇဝတ်မှုကျူးလွန်ကြတာတွေ ရဲတွေကြားမှာဘယ်လိုထောင့်စိအောင် အစီအစဉ်တကျအကွက်ကျကျ မျက်လှည့်ပြသလိုလုပ်ပြီး ဥပဒေကိုလက်တစ်လုံးခြားဆောင်ရွက်သွားတာတွေကို ကြည့်ရှုခံစားကြရမှာပါ

https://t.me/+poevdFaL8vg5OTM1
Kin (2021)

IMDB - 7.7/10
Genre - Drama

ကင်ဆယ်လာမိသားစုဟာ ဒဗ္ဗလင်အခြေစိုက်ဂန်းစတားမိသားစုတစ်ခုဖြစ်ပြီး နာမည်ကြီးတဲ့အထဲမှာပါပါတယ်။ ကွေလန်မိုးဆိုတဲ့ သူတို့ပြိုင်ဘက်တစ်ယောက်နဲ့ ပြိုင်ဆိုင်မှုတွေပြင်းထန်လာခဲ့ရာကနေ မိသားစုထဲက သွေးဆူလွယ်တဲ့ မိုက်ရူးရဲတစ်ယောက်ဖြစ်တဲ့ အဲရစ်ရဲ့လက်ချက်နဲ့သူတို့တစ်မိသားစုလုံး တစ်မြို့လုံးက ဂန်းစတားတွေရဲ့ပစ်မှတ်အောက်ရောက်တဲ့အထိပြဿနာတွေကြီးထွားလာပါတော့တယ်။ရှေ့တိုးမရနောက်ဆုတ်မရအခြေအနေ၊ မိသားစုတွင်းက သွေးကွဲမှုပြဿနာတွေ ပြိုင်ဆိုင်မှုတွေကြားကနေ ဘယ်လိုရုန်းထွက်ကြမလဲ? အင်အားကြီးတစ်ဖက်ရန်သူကိုဘယ်လိုရင်ဆိုင်အနိုင်ယူကြမလဲ အစရှိတာတွေကို ဒီဇာတ်လမ်းတွဲမှာတွေ့မြင်ရပါလိမ့်မယ်။

Crime/Drama ပရိသတ်တွေသေချာပေါက်အကြိုက်တွေ့မှာဖြစ်ပြီး episode 1 ကနေအဆုံးအထိ မထတမ်းကြည့်ချင်အောင်ဆွဲဆောင်နိုင်မယ့်ဇာတ်လမ်းတွဲလည်းဖြစ်ပါတယ်။ ဖရန့်ကင်ဆယ်လာအဖြစ် GOT ထဲက Littlefinger တစ်ဖြစ်လဲ Aidan Gillenခေါင်းဆောင်ပါဝင်ထားတာပါ။

https://t.me/+VpkFEicsSGxmNzM1
Mr. Robot (2015) Season 1,2,3,4

IMDB - 8.5/10
Genre - Drama

Bohemian Rhapsody လို့ ဆိုလိုက်ရင် Freddie Mercury အဖြစ် အော်စကာ ဆုရအောင် သရုပ်ဆောင် ကောင်းလွန်းတဲ့ မင်းသား Rami Malek ကိုလည်း တန်းပြီးသတိရမိမယ် ထင်ပါတယ်။ ဒီ စီးရီးတွဲမှာလည်း မင်းသား Rami Malek အနေနဲ့ Golden Globe မှာလည်း အဲဒီဇာတ်ကောင် အတွက်  Nominee အကြိမ်ကြိမ် ဝင်ခဲ့ပြီး အဓိက သရုပ်ဆောင် အနေနဲ့ ဆုတွေ အများကြီး ရခဲ့ ပါတယ်။ အဲဒီ မင်းသားကို ဟက်ကာ တစ်ယောက်၊ အဲဒါထက်ပိုပြီး တော့ စိတ်ကျ ရောဂါ ခံစားနေရတဲ့ သူတစ်ယောက်အနေနဲ့ မှုခင်းတွေ ကို လိုက်ဖော်ထုတ်တဲ့ လူစွန့်စား တစ်ဦး အဖြစ် မြင်တွေ့ကြရဦးမှာပါ။ စိတ်ဝင်စား စရာ ကောင်းတာကြောင့် တစ်ပိုင်း လောက်ကြည့်ရုံနဲ့နောက် အပိုင်းတွေကိုပါ ဆက်ကြည့်ချင်စိတ် ပေါ်လာမှာ အသေအချာ ပါပဲ။

https://t.me/+RVvrdud7ZydiY2Jl
True Detective Season 1 (2014)

HBO ကလွှင့်တဲ့ အမိုက်စား crime drama စီးရီးတစ်ခုလာပါပြီ။ ဒီစီးရီးကို ၂၀၁၄ ခုနှစ်မှာ season 1 စတင်ထုတ်လွှင့်ခဲ့ပြီး season တစ်ခုမှာ အပိုင်း(၈)ပိုင်းပါဝင်ပါတယ်…စီစင်တစ်ခုစီက မဆက်စပ်ဘဲ သီးခြားဇာတ်လမ်း၊ ဇာတ်အိမ်နဲ့ဖြစ်ပါတယ်။ဝူဒီဟာရယ်ဆန်၊ မက်သယူးမက်ကော်နယ်တို့ခေါင်းဆောင်ပါဝင်ထားတဲ့ဒီစီးရီးဟာ 2014 primetime Emmy Award ရရှိထားတဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။ IMDb Rating 8.9 နဲ့  Rotten Tomatoes 77% ရရှိထားပြီး ဒီစီးရီးက Rating ကြောင့် Plot ကြောင့်အပြင် ပါဝင်တဲ့မင်းသမီးတွေရဲ့ ဝတ်လစ်စလစ်ခန်းတွေကြောင့်လဲနာမည်ကြီးခဲ့ပါတယ်။ Season 1 မှာဆိုရင် မျက်ဝန်းလဲ့ပြာပြာနဲ့ Alexandra Daddario , Banshee စီးရီးရဲ့မင်းသမီးချော Lili Simmons နဲ့ Michelle Monaghan တို့လို မင်းသမီးတွေပါဝင်ထားပါတယ်။ဒါပေမယ့် မင်းသမီးတွေထက် မင်းသားကြီး Matthew McConaughey ကိုသာ ပိုမိုစွဲခိုက်မိသွားမှာ သေချာပါတယ်။
Matthew McConaughey က စုံထောက်ရပ်စ်တ်ကိုးလ် အဖြစ်လည်းကောင်း ၊ Now you see me တို့၊ venom တို့၊ The hunger games တို့က ဇာတ်ပို့မင်းသားကြီးဝူဒီဟာရယ်ဆန်က လူဝီစီးနီးယားပြည်နယ် စီအိုင်ဒီက စုံထောက်မာတင်ဟာ့တ်အဖြစ်လည်းကောင်း အတွဲအဖက်မိစွာ ကြည့်ရှုရမှာဖြစ်ပါတယ်။
season 1 မှာတော့ အသက် ၁၇ နှစ်အရွယ်မိန်းကလေးတစ်ယောက် သေဆုံးမှုအပါ် လိုက်ရတဲ့ လူဝီစီးနီးယားပြည်နယ်ရဲတပ်ဖွဲ့စုံထောက်နှစ်ဦးရဲ့ အားထုတ်မှုတွေအပေါ်ဇာတ်အိမ်တည်ထားပါတယ်။ အောက်လမ်းရိုးရာဆန်ဆန် ယုံကြည်သက်ဝင်မှုနဲ့ လူသတ်မှုကျူးလွန်သူရဲ့ဇာစ်မြစ်က်ို စုံစမ်းဖို့ တာဝန်ပေးခံရတဲ့ စုံထောက်နှစ်ယောက်အကြောင်း ပြန်ပြောပြတဲ့ပုံစံမျိုးနဲ့ ဇာတ်အိမ်တည်ထားပါတယ်။ စုံထောက် မာတီဟာ့တ် တစ်ဖြစ်လဲ ဝူဒီဟာရယ်ဆန်နဲ့ ဆိုက်ကိုလို့အများစုက သတ်မှတ်ထားပေမယ့် စူးစူးစိုက်စိုက်စူးစမ်းလေ့လာတတ်တဲ့ ဂေါက်သီးဆန်ဆန် စုံထောက် ရပ်စ်တ်ကိုးလ်တစ်ဖြစ်လဲ မက်သရူးမက်ကော်နယ်တို့ လူဝီစီးနီးယားပြည်နယ် ကြံခင်းတစ်နေရာမှာ စိတ္တဇပုံစံ အောက်လမ်းဆန်ဆန် အသတ်ခံရတဲ့ မိန်းကလေးတစ်ယောက်ရဲ့သေမှုသေခင်းကို ဘယ်လို ဂွတီးဂွကျလိုက်ကြမလဲဆိုတာ ကြည့်ရှုကြရမှာပါ။ မိသားစုဘဝနဲ့ အေးအေးဆေးဆေးဘဝတစ်ခုဖြတ်သန်းနေတဲ့ မာတီဟာ့တ်နဲ့ လူဝီစီးနီးယားပြည်နယ် ရဲတပ်ဖွဲ့မှာ ဂွတီးဂွကျ၊ ဂေါက်သီးလို့ လုပ်ဖော်ကိုင်ဖက်တွေက သတ်မှတ်ထားတဲ့ နာမည်ကြီးစုံထောက် ရပ်စ်တ်ကိုးလ်တို့နှစ်ယောက်အနေနဲ့ သာမန်ထက်ထူးခြားတဲ့ စိတ္တဇဆန်ဆန်မှုခင်းတစ်ခုကို ဘယ်လိုပူးပေါင်းအဖြေရှာဖော်ထုတ်ကြမလဲ ကြည့်ရှုကြရမှာပါ။ဇာတ်လမ်းထဲမှာ ကိုးလ်ပြောထားတဲ့ ဒိုင်ယာလော့ခ်တွေက ရူးကြောင်ကြောင်နိုင်တယ်ထင်ရပေမယ့် တကယ်တမ်းသေချာတွေးကြည့်လိုက်ရင် တကယ်အဓိပ္ပါယ်ရှိတဲ့ ဒိုင်ယာလော့ခ်တွေဖြစ်နေတာကိုလည်း နောက်ပိုင်းမြင်လာပါလိမ့်မယ်။ လူ့အသိုင်းအဝိုင်းနဲ့ အံဝင်ဂွင်ကျမဖြစ်တဲ့ စုံထောက်တစ်ယောက်နဲ့ လူ့အသိုင်းအဝိုင်းအတွက် နားလည်ရခက်တဲ့ စိတ္တဇကွင်းသတ်လူသတ်သမားတစ်ယောက်တို့ရဲ့ အားပြိုင်မှုကြား တွဲဘက်ဖြစ်တဲ့ ဝူဒီဟာရယ်လေရဲ့ပြောင်မြောက်တဲ့ အားဖြည့်သရုပ်ဆောင်မှုကြောင့် ဇာတ်လမ်းအပိုင်းတိုင်းမှာ curiosity arousing အပြည့်ဖြစ်တဲ့ ရသမျိုးကို တခြား thriller တွေနဲ့မတူ တမူထူးခြားစွာခံစားရမှာပါ။

https://t.me/+ZmZIiWhAKfwzNzE1
Heartstopper (2022)

IMDB - 8.7/10
Genre - Drama/ BL
Total - 8 Episodes

ကျွန်တော့်ချစ်သူ ဘန်က ကျွန်တော်တို့ပတ်သတ်မှုကို လူသိမခံချင်ဘူးတဲ့။ ကျွန်တော်တို့က ချစ်သူတွေဆိုပေမယ့်ကျွန်တော်ဟာ သူတွေ့ချင်တယ်ဆိုမှ သူခေါ်တဲ့ နေရာကို သွားတွေ့ရတယ်။ သူ စိတ်ပါမှ ကြင်နာ ယုယ နမ်းရှိုက်ခွင့်ရှိတယ်။ လူပုံအလယ်မှာဆို သူ ကျွန်တော့်ကို မသိချင်ယောင်ဆောင်တယ်။ကျွန်တော်လိုချင်တာ လူကြားထဲမှာကျွန်တော်နဲ့ စကားပြောတဲ့အခါ လူတွေရဲ့အမြင်တွေကို မမှုသူ…. ကြင်နာတတ်သူ …ကျွန်တော်နဲ့ အမြဲ အတူရှိချင်တဲ့သူပါ။ကျွန်တော့် တောင်းဆိုချက်တွေက များသွားလား

ချာလီ

ကျောင်းပထမနေ့မှာ သူ ကျွန်တော့်ဘေးမှာ လာထိုင်တယ်။ အတန်းပေါင်းစုံ အဖွဲ့ဖွဲ့ရတဲ့ နှစ်တစ်နှစ်ဖြစ်လို့ သူက ကျွန်တော်နဲ့ ရွယ်တူတော့ မဖြစ်နိုင်လောက်ဘူးဗျ။ ‌ဟော မပြောဘူးလား သူက ကျွန်တော့်ထက် အတန်း တစ်နှစ်ငယ်တဲ့ ၁၀ တန်း
ကျောင်းသားလေး။ ဘာရယ်တော့မဟုတ် သူနဲ့ တွေ့ရင် စကားဖောင်တွေ ဖွဲ့နေမိပါတယ်။ အပြေးသန်တဲ့ ဒီကောင်လေးကိုကျွန်တော်တို့ ရတ္ဂ်ဘီဘောလုံးအသင်းမှာ ပါဖို့ ကျွန်တော် ဖြောင်းဖြမိတယ်။ ဘာမှ မကစားတတ်တဲ့ သူ့ကို

အညွှန်း ဆက်ဖတ်ရန်နှိပ်ပါ။

Movie 👉 https://t.me/+Ttf5PUCIy8tlY2U1
Secret Invasion (2023)

IMDB- 8.6/10

ဒစ္စနေးရဲ့ စူပါဟီးရိုး စီးရီးအသစ်လာပါပြီ။ မာဗယ်ရုပ်ရှင်တွေရဲ့ Timeline အတိုင်းသွားတာဖြစ်ပြီး နောက်ကြောင်းပြန်တာမဟုတ်ဘဲ လက်ရှိ Update Timeline ပဲဖြစ်ပါတယ်။ She-Hulk အပြီးကာလပါပဲ။ အဓိကဇာတ်ကောင်အနေနဲ့ နစ်ဖြူရီကြီးပါဝင်ပြီး GoTရဲ့ နဂါးမေမေလည်း MCU မှာ စခရောဂြိုလ်သား ဂိုင်ရာအဖြစ်နဲ့ ပါဝင်လာပါပြီ။ ၆ ပိုင်းပါဝင်မှာဖြစ်ပြီး အပတ်စဉ် ပြသသွားမှာပဲဖြစ်ပါတယ်။ နစ်ဖြူရီနဲ့ ကယ်ရိုးဒန်ဗာ ကပ္ပတိန်မာဗယ်တို့ဟာ စခရောတွေကို အိမ်အဖြစ် ဂြိုဟ်အသစ်တစ်လုံးရှာပေးမယ်လို့ ကတိပေးခဲ့ကြပေမဲ့ စခရောတွေထဲက အချို့က ကမ္ဘာကြီးကိုပဲ သိမ်းပိုက်ဖို့ ကြံစည်လာပါတယ်။ ဒါကိုတားဆီးဖို့ နစ်ဖြူရီ အေးဂျင့်ဟေးလ်တို့က စခရော ခေါင်းဆောင်ဟောင်း တေးလို့စ်နဲ့ ပူးပေါင်းပြီး စခရောသူပုန်အုပ်စုကို တိုက်ခိုက်ကြပုံကိုတွေ့ရမှာပါ။ IMDb မှာ 8.6 အထိ ရောက်နေပြီမို့ စိတ်ချလက်ချ ကြည့်လိုက်ကြပါဦး

https://t.me/hanatrailers/621?single
Mr. Midnight: Beware the Monsters (2022)

IMDB - 5.9/10
Genre - Horror

ဇာတ်လမ်းကတော့ ကလေးသုံးကောင် ယူကျူ့ချန်နယ်ထောင်ပြီး သရဲခြောက်တဲ့နေရာတွေအကြောင်း တင်ကြပါတယ်။ တစ်နေ့မှာတော့ သူတို့ထဲက ကောင်လေးက ဝိညာဥ်တွေကို မြင်လာနိုင်ပြီး ပရလောကနဲ့ လူ့လောကကြား နှစ်ဖက်လုံးနဲ့ ချိတ်ဆက်နိုင်တဲ့ နတ်ဝင်သည်ဖြစ်လာပါတယ်။ ဒီတော့ သူတို့ဟာ သရဲခြောက်တဲ့နေရာတွေ အဖြစ်တွေကို လူတွေဆီက သတင်းယူပြီး အဲဒီလူတွေကိုလည်း ကူညီပေးရင်း ပရလောကအကြောင်း ပိုသိလာအောင် လုပ်ကြပါတယ်။ ကလေးတွေဆို မယုံမှာစိုးလို့ မစ္စတာမစ်နိုက်ဆိုတဲ့ လူအနေနဲ့ ဆိုက်ထောင်ပြီး တင်ကြပါတယ်။နောက်ထပ်တိုးလာတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ ပရိသတ်တွေ သတင်းပေးတဲ့နေရာတွေကို လိုက်စုံစမ်းကြရင်း သရဲတွေကို လိုက်ရှာကြတဲ့ ဇာတ်လမ်းတွဲကောင်းလေးပါပဲ။ ကျန်တဲ့ကလေးတွေလည်း သရုပ်ဆောင်တာမဆိုးပေမဲ့ တရုတ်မလေးကတော့ တော်တော်လေး ချစ်ဖို့ကောင်းပြီး တော်တော်လေးလည်း ချောပါတယ်။ ဘာမှမကြည့်ချင်ရင်တောင် တရုတ်မလေးထိုင်ကြည့်နေရုံနဲ့တင် ဒီဇာတ်လမ်းက တော်တော်လေးတန်ပါတယ်။ သရဲတွေကို စုံထောက်လိုလို စုံစမ်းပြီး ချွတ်ဖို့ကြိုးစားတာ ဘာညာက စူပါနေထရယ်တော်တော်ဆန်တာမို့ စူပါနေထရယ်ဖန်တွေအကြိုက်ဖြစ်မှာပါ

https://t.me/+YDSHr03nTIwzMTE1
Young Royals Season 1,2 (2021)

IMDB - 8.3/10
Genre - Drama/ BL

ဇာတ်လမ်းနာမည်အတိုင်းပါပဲ။ နန်းတွင်းထဲကတော်ဝင်မျိုးနွယ်လူငယ်လေးတစ်ယောက်ရဲ့ဇာတ်လမ်းပါ။ အတိအကျပြောရရင်တော့ဆွီဒင်နိုင်ငံရဲ့မင်းသားတစ်ပါးဖြစ်တဲ့ မင်းသားဝီလ်ဟမ်ရဲ့ဇာတ်လမ်းလေးပါ။ မင်းသားဝီလ်ဟမ်ဟာအထက်တန်းကျောင်းသားဆယ်ကျော်သက် လူငယ်လေးတစ်ယောက်ပါ။ တစ်နေ့ သူကလပ်မှာ ရန်ဖြစ်တဲ့ဗီဒီယို အွန်လိုင်းမှာပြန့်သွားပြီးနောက်မှာတော့ သူတို့ဆွီဒင်နိုင်ငံရဲ့ အချမ်းသာဆုံးလူကုံထံသားသမီးတွေတက်တဲ့ ဟီလာစကာဆိုတဲ့ ဘော်ဒါမှာ ကျောင်းအိပ် ကျောင်းစားသွားတက်ရပါတော့တယ်။ အဲဒီဘော်ဒါက တော်ဝင်မျိုးနွယ် ကစလို့ ကုမ္ပဏီပိုင်ရှင်၊ မြေပိုင်ရှင်သားသမီး ခေတ်စကားနဲ့ဆို RK တွေပဲ တက်တဲ့ကျောင်း၊ လူတန်းစားခွဲခြားမှုလည်းသိပ်များတဲ့ကျောင်းပေါ့။ အဲဒီထဲမှာမှ စီမွန်နဲ့ဆာရာကတော့ သာမန်လူလတ်တန်းစား မိသားစုက ဘော်ဒါမနေဘဲနေ့ကျောင်းတက်တဲ့ မောင်နှမနှစ်​ယောက်ပါ။ ဝီလ်ဟမ်ကတော်ဝင်မျိုးနွယ်ရဲ့ဂုဏ်အဆောင်အယောင်တွေကို ကြိုက်လည်းမကြိုက်၊ လွန်လည်းမလွန်ဆန်နိုင်ဘူး။

အညွှန်း ဆက်ဖတ်ရန်နှိပ်ပါ။

Movie 👉 https://t.me/+2SNEuGNGbc1mYzY1
Moon Knight (2022)

IMDB - 9/10
Genre - Action

အားလုံးပဲစောင့်မျှော်နေတဲ့ Marvel ရဲ့ စီးရီးအသစ်တစ်ခုဖြစ်တဲ့ Moon Knight ကတော့ ထွက်ရှိလာပါပြီ...

ဒီစီးရီးမှာ Dune, Starwars တို့ကြည့်ဖူးသူတွေနဲ့မစိမ်းမယ့် Oscar Issac က အဓိကပါဝင်ထားပြီး X-men ကားတစ်ကားမှာလည်း Apocalypse အဖြစ်သရုပ်ဆောင်ခဲ့ဖူးသူပါ...

စရိုက်အမျိုးမျိုးပြောင်းလဲတဲ့ဝေဒနာဖြစ်နေတဲ့ စတီဗင်ဂရန့်ဟာရွှေရောင်နွားချေးပိုးရုပ်လေးတစ်ခုလက်ထဲရောက်လာပြီးနောက် နဂိုကတည်းရှုပ်ထွေးခက်ခဲနေတဲ့ဘဝဟာ ပိုရှူပ်ထွေးလာပါတော့တယ်...

စတီဗင်ဟာ သူ့စရိုက်ခွဲတွေရဲ့လက်ချက်ကြောင့် ခန့်မှန်းမရတဲ့နေရာတွေမှာ ခန့်မှန်းမရတဲ့အန္တရာယ်တွေကြုံလာရပြီး အီဂျစ်နတ်ဘုရားတွေနဲ့ ပတ်သတ်​နေတဲ့ နွားချေးပိုးရုပ်လေးရဲ့ဆန်းကျယ်မှုကို စရိုက်ခွဲတွေနဲ့အတူ ခန္ဓာကိုယ်လုရင်း စုံစမ်းဖို့ဖြစ်လာပါတော့တယ်...

https://t.me/+HZfplR7B68BkM2U1
The Witcher: Blood Origin (2022)

IMDB -4.8/10
Genre - Action/ Fiction

နာမည်ကျော် The Witcher စီးရီးကြီးရဲ့ မူလအစအကြောင်းကို လေးပိုင်းပါဝင်တဲ့ စီးရီးတစ်ခုအနေနဲ့ နက်ဖလစ်က တင်ဆက်လိုက်ပါပြီ။ ဒီစီးရီးမှာတော့ ကမ္ဘာပေါ်ကို လူသားတွေ မိစ္ဆာတွေမရောက်သေးခင် နတ်သူငယ်တွေရဲ့ခေတ်ကို အခြေခံထားပါတယ်။ နတ်သူငယ်အင်ပါယာကြီးရဲ့ အင်အားကြီးကို စစ်သည်တော် ၇ ယောက်က အံတုတိုက်ခိုက်ရင်း ပထမဆုံးသော ဝစ်ချာ ပေါ်ပေါ်လာပုံကို အခြေခံထားတာပဲ ဖြစ်ပါတယ်။ ဝစ်ချာစီးရီးရဲ့ ဝိသေသအတိုင်း သတ်တာဖြတ်တာကြမ်းကြမ်းတွေ၊ မျိုးနွယ်စုတွေ၊ မှော်တွေ၊ သတ္တဝါတွေ အဆဲအဆိုတွေနဲ့ ဝေဝေဆာဆာကြည့်ရမှာပဲ ဖြစ်ပါတယ်။ ခေတ်မတူတာကြောင့် ဂဲရော့ကြီး မပါဝင်ပေမဲ့ မင်းသမီးကြီး မီရှဲယိုက ဓားသမားအဖြစ် ပါဝင်ထားပါတယ်။ ခံစားကြည့်လိုက်ပါဦး။

https://t.me/+dFI23ZuyXrsxNTE9
The Witcher Season 1,2,3 (2019)

IMDB - 8.1/10
Genre -Fantasy

စူပါမန်းမင်းသား ဟင်နရီကဗေး ပါဝင်ထားတဲ့ နက်ဖလစ်ရဲ့ ဝစ်ချာ စီးရီးလာပါပြီ။ နာမည်ကျော်စာအုပ်နဲ့ ဂိမ်းတွေကို အခြေခံထားတာမို့ အတော်ကောင်းမှာပါ။ တိုက်ခိုက်ခန်းတွေက game of thrones ထက် ကြမ်းတမ်းတာကိုတော့ သတိပြုပါ။ ဝစ်ချာဆိုတာ မှော်ပညာနဲ့ ပြောင်းလဲခံထားရတဲ့လူသားတွေပါ။ တိုက်ရည်ခိုက်ရည်ကောင်းပြီး အေးစက်စက် လူသားတွေပါပဲ။ မှော်ပညာ အသေးစားနဲ့ဆေးရည်တွေကိုလည်း အသုံးချနိုင်ပါတယ်။ အောက်လမ်းနည်းနည်းဆန်လို့ လူတွေမုန်းတီးခံရပါတယ်။ သူတို့က သူရဲကောင်းမဟုတ် လူဆိုးမဟုတ်တွေပါပဲ။ မိစ္ဆာကောင်တွေကို ကြေးစားလိုက်သတ်ပြိး အသက်မွေးပါတယ်။ ဒီစိးရီးမှာတော့ မိစ္ဆာတွေ စုန်းတွေ နတ်ဘုရားတွေ တိုင်းပြည်ကိစ္စတွေနဲ့ ဇာတ်လမ်းဖွဲ့ထားပဲ ဖြစ်ပါတယ်။ စုစုပေါင်း ၈ပိုင်းရှိပြီး ဆက်တိုက် တင်ပေးသွားပါ့မယ်

https://t.me/+CQKayLpht8U4OGM1
Debris (2021)

IMDB - 6.5/10
Genre - Sci-di

Supernatural တို့ X-File တို့လိုမျိုး အဓိကဇာတ်ကောင်
နှစ်ယောက်က ထူးခြားဆန်းကြယ်တဲ့အမှုတွေကို စိတ်ဝင်စားစရာ ရင်တမမနဲ့ ဖြေရှင်းတာမျိုး ကြည့်ချင်တယ်ဆိုရင်တော့ ဒီ စီးရီးလေးက သင့်အတွက်ပဲ ဖြစ်ပါတယ်။ သူကတော့ နတ်ဆိုး မိစ္ဆာ သူရဲအကောင်ပလောင်တွေလို မဟုတ်ဘဲ အာကာသယာဉ်ပျံ အပိုင်းအစကြောင့် ထူးခြားတဲ့စွမ်းအားတွေနဲ့ လူတွေ ဒုက္ခရောက်ကြပုံတွေ လောဘတွေ ပြဿနာတွေ အမှုတွေကို တင်ဆက်ပြသပေးထားတာပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ ကမ္ဘာပေါ်က ပညာရှင်တွေက ဂြိုလ်သားယာဉ်ပျံတစ်စီးကို လွန်ခဲ့တဲ့ ၃ နှစ်တုန်းက တွေ့ရှိခဲ့ကြပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ ၆ လမှာတော့ အဲဒီယာဉ်ပျံက အပိုင်းအစအနတွေဟာ ကမ္ဘာမြေပေါ် ပြုတ်ကျလာပါတယ်။ အဲဒါကို Debris တွေလို့ ခေါ်ပြီး ခေါင်းစီးနာမည်က ဒါကို ပေးထားတာ ဖြစ်ပါတယ်။ သူက သာမန်ပြုတ်ကျလာရင်တော့ ကိစ္စမရှိဘူးပေါ့။ ဒါပေမဲ့ ဒါက နေရာအနှံ့အပြား ပြုတ်ကျလာတဲ့အပြင် တစ်ခုချင်းစီတွေက...

https://t.me/+5n86A3p2TRJjYzk1
Black Mirror (2011)

IMDB - 8.8/10
Genre - Sci-fi

"နည်းပညာ” ဆိုတာ အသွားနှစ်ဖက် ပါတဲ့ ဓားလိုပါပဲ။ ကောင်းကျိုးရော ဆိုးကျိုးရော ဒွန်တွဲ ပါနေတဲ့ အရာတစ်ခုပါ။ Netflix က ထွက်တဲ့ လူကြိုက်အများဆုံး စီးရီးထဲက တစ်ခုဖြစ်ပြီး rating လဲ မခေလှတဲ့ ဒီ Black Mirror စီးရီးမှာဆိုရင် နည်းပညာရဲ့ ကောင်းကျိုး ဆိုးပြစ်တွေကို ကွက်ကွက်ကွင်းကွင်း မီးမောင်းထိုးပြသွားပါတယ်။ စီစန်တစ်ခုကို ၃ ပိုင်းနဲ့ ၆ ပိုင်းကြားပဲပါပြီး တစ်ပိုင်းချင်းကို စပယ်ရှယ်ပြင်ဆင်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ကြမ်းတမ်းတဲ့ အခန်းတွေ ပါတာတော့ သတိပြုပေးပါ။ တစ်ပိုင်းချင်းစီက ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပြီး တစ်ပိုင်းကြည့်ပြီးတိုင်း မတူညီတဲ့ ရသနဲ့ message တွေကို ပေးနေမှာပါ။ ကြည့်ပြီးရင်လည်း လခွမ်းတို့ ဘာလဲဟတို့ဆိုပြီး တသသ ဖြစ်နေမဲ့ ဇာတ်လမ်းမျိုးတွေချည်းပဲမို့ အချိန်မဆွဲဘဲ အခုပဲ ကြည့်လိုက်ကြရအောင်။

Season 1+2+3

https://t.me/+JnYH0yziuJZhZmM1
Walking Dead ကြည့်လက်စလူလေးတွေ Adminစီ hi လိုက်နော်

@nikko244