🇲🇲🇲🇲Myanmar News Zone🇲🇲🇲🇲
1.14K subscribers
12K photos
954 videos
4 files
669 links
သတင်း ရင်းမြစ်အားလုံးကို Creditပေးပါတယ်ခင်ဗျာ☺️☺️
Download Telegram
Forwarded from Fifty Two News
ရေဦးမြို့နယ်၊ နှောကုန်းကျေးရွာအနီးတွင် PDFအကြမ်းဖက်သမားများမှ ခေါင်းဖြတ်သတ်ထားသော ပြည်သူ အလောင်း ၁ လောင်းတွေ့ရှိ
===================
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက် #FiftyTwoNews
မနေ့ကနံနက် ၉ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ နှောကုန်းကျေးရွာအနီး မူးဘောင်လမ်းပေါ်တွင် PDFအကြမ်းဖက်သမားများမှ လူမဆန်စွာ မ‌ေT မချင်း ဓါးဖြင့် ထိုး၍ ဦးခေါင်း Pတ်ကာ Tတ်Pတ် ထားသော အမည်မသိပြည်သူ့အလောင်းတစ်လောင်းအား လာရောက်ပစ်ထားသဖြင့် ပြည်သူတစ်ဦး၏ သတင်းပို့ချက်အရတာဝန်ရှိသူများမှ သွားရောက် ယူဆောင်ကာ ကောင်းမွန်စွာ သင်္ဂြိုလ်နိုင်ရေး ဆောင်ရွက် လျက်ရှိ ကြောင်းသိရှိရသည်။
စက်သုံးဆီပြတ်လပ်သည့်အရောင်းဆိုင်များကို အရေးယူမည်ဟုဆို
ဩဂုတ် ၁၄၊၂၀၂၂။

ရန်ကုန်မြို့၊သီလဝါစက်သုံးဆီသို
လှောင်ကန်များနှင့်Terminal
များ၂၄နာရီဆီထုတ်ပေးရန် ယမန်
နေ့က ညွှန်ကြားထားပြီးယနေ့မှစ
၍ဆီပြတ်လပ်သည့်ဆိုင်များကိုအရေးယူမည်ဟုသတိပေးအမိန့်ထုတ်ထား ကြောင်း သိရသည်။

သီလဝါမှာ ဆီတောက်လျှောက် ထုတ်ပေးတယ်လို့ပြောတယ်။ ဒီနေ့မနက်ရန်ကုန်ဆီဆိုင်တချို့ကို ဝင်စစ်တယ်။ အရေးယူခံရတာမျိုးတော့မကြားသေးဘူးဟု စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

အမှန်တစ်ကယ်ချိပ်ပိတ်သိမ်းပီးနိုင်ငံတော်ပိုင်BOCဆိုင်အနေနဲ့ရောင်းပေးသင့်ကြောင်းစက်သုံးဆီလုပ်ငန်းရှင်အမည်ခံ၊ထိုင်နေပီးလူထုပေါ်အမြတ်ထုတ်နေတာအတော်များနေပီပညာပြန်ပေးသင့်နေပီလို့ကြားသိနေရ။

#PyayTrueNews
Forwarded from Myanmar National Post
CB Bank ၏ Old Fixed Deposit အတိုးနှုန်းများအား ဩဂုတ် ၁၅ရက်မှစ၍ တိုးမြှင့်သွားမည်

MNP ၊ ဩဂုတ် ၁၄

Old Fixed Deposit အတိုးနှုန်းများအား ဩဂုတ် ၁၅ရက်မှစ၍ တိုးမြှင့်သွားမည်ဟု CB Bank က အသိပေးကြေညာခဲ့သည်။

အတိုးနှုန်းပိုမိုရရှိနိုင်ရန်အတွက် တိုးမြှင့်သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ငွေသွင်းကာလ တစ်လအတွက် အတိုးနှုန်းအသစ် ၇.၅ရာခိုင်နှုန်းမှ ၈.၅ရာခိုင်နှုန်းအထိ၊ ၃လအတွက် ၇.၇၅ရာခိုင်နှုန်းမှ ၈.၇၅ရာခိုင်နှုန်းအထိ၊ ၆လအတွက် ၈ရာခိုင်နှုန်းမှ ၉ရာခိုင်နှုန်းအထိ၊ ၉လအတွက် ၈.၂၅ရာခိုင်နှုန်းမှ ၉.၁၅ရာခိုင်နှုန်းအထိ၊ ၁၂လအတွက် ၈.၅ရာခိုင်နှုန်းမှ ၉.၂၅ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမည်ဟု သိရသည်။

Old Account များမှ တိုကင်မလိုငွေထုတ်ပေးနေခြင်း၊ ATM များတွင် ငွေထုတ်ယူနိုင်ရန် ငွေဖြည့်တင်းပေးနေခြင်း၊ Payroll ဝန်ဆောင်မှုများ ဆောင်ရွက်ပေးခြင်း၊ Worker Remittance များ အပြည့်အဝ တိုကင်မလို ငွေထုတ်ပေးနေခြင်း စသည့် ဝန်ဆောင်မှုများ ဆောင်ရွက်ပေးနေသည့်အပြင် Fix Deposit များမှ ရရှိသော အတိုးငွေများ ကိုလည်း တိုကင်မလို ငွေထုတ်ပေးလျှက်ရှိကြောင်း သတင်းရရှိသည်။

https://t.me/MyanmarNationalPost
ရုရှားနိုင်ငံမှာ ဆုတံဆိပ်များစွာဆွတ်ခူးနိုင်ခဲ့သော နိုင်ငံ့ဂုဏ်ဆောင်ခဲ့သော ဗိုလ်လောင်းသေနတ်ပစ်အသင်းပြန်လည်ရောက်ရှိ
🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲

ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြိုတွင်ကျင်းပသော "3rd WORLD CADET GAMES" တွင် ဆုတံဆိပ်များစွာကိုဆွတ်ခူးနိုင်ခဲ့သော မြန်မာနိုင်ငံ ကိုယ်စားပြု ဗိုလ်လောင်းသေနတ်ပစ်အသင်းနှင့် အသင်းကြီးကြပ်သူများပါဝင်သော ကိုယ်စားလှယ်အဖွဲသည် ယနေ့ ၁၅-၈-၂၀၂၂ နံနက်ခင်းအချိန်တွင် ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြိုမှ မြန်မာနိုင်ငံ ရန်ကုန်မြို အပြည်ပြည်ဆိုင်ရာလေဆိပ်သို ပြန်လည်ရောက်ရှိကြောင်းသိရှိရပါသည်။

ထိုသို အောင်မြင်မှုတွေ့ တပွေ့ကြီးဖြင့် ပြန်လည်ရောက်ရှိလာသော ကိုယ်စားလှယ် အဖွဲအားတာဝန်ရှိသူများမှ ခမ်းခမ်းနားနား ကြိုဆိုခဲ့ကြကြောင်းနှင့် မြန်မာသေနတ်ပစ်အသင်း အလားတူ အောင်မြင်မှုများကိုနှစ်စဉ် စွတ်ခူးနိုင်ပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါသည်ခင်ဗျာ။ 🇲🇲🇲🇲🇲🇲
Forwarded from Saw Ka Zaw
တာဝန်ရှိသူများ၏ အမှား

ကိုမျိုးဝင်းသည် အမျိုးသားအကျိုးစီးပွားအတွက် ပို့စ်ပေါင်းများစွာကို ရေးခဲ့သည်။ရေးလည်းရေးနိုင်သည်။ပြောင်မြောက်အောင်လည်းရေးတတ်သည်။နားလည်သဘောပေါက်အောင်လည်း ရေးတတ်သည်။နိုင်ငံတော်ကိုချစ်သော ပြည်သူများ အမျိုးသားအကျိုးစီးပွားကိုလိုလားသော ပြည်သူအားလုံးသည် ကိုမျိုးဝင်း၏ ပရိသတ်များဖြစ်ကုန်ကြသည်။

ကိုမျိုးဝင်းသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားအောင်ပြုလုပ်သဖြင့် အရေးယူထားကြောင်း သတင်းစာတွင်ပါလာသည်။ဖြစ်သင့်သည်မှာ ကိုမျိုးဝင်းလိုလူမျိုးကို အရေးယူလျှင် ဘယ်လိုအချက်များကို ကျူးလွန်ခဲ့သဖြင့် အရေးယူခြင်းဖြစ်ကြောင်း အသေးစိတ်အချက်များကို ပွင့်လင်းမြင်သာစွာထုတ်ပြန်သင့်သည်။သို့မှသာ အမျိုးသားအကျိုးစီးပွားကိုလိုလားသောပြည်သူများ အမြင်ရှင်းပါမည်။

ကိုမျိုးဝင်းကို ဖမ်းဆီးအရေးယူသည့်သတင်းနှင့်အတူ ကိုမျိုးဝင်းကျူးလွန်ခဲ့သည့် အသေးစိတ်အချက်အလက်များကို မထုတ်ပြန်ခဲ့ခြင်းသည် တာဝန်ရှိသူများ၏ အမှားဖြစ်သည်။ထိုအမှားကြောင့် အမျိုးသားအကျိုးစီးပွားကိုလိုလားသောပြည်သူများ စိတ်အနှောင့်အယှက်ဖြစ်နေကြရသည်။

ငါးမင်းဆွေ
၁၅-၈-၂၀၂၂
This media is not supported in your browser
VIEW IN TELEGRAM
ဆိုင်မှာ ဆီရှိ/မရှိ စမ်းသပ်နည်း

crd
Forwarded from Aerial(Myanmar Update News)
ရွာကို မီးလာရှို့သော PTF ကို ရွာသားများက တားဆီး၍ ဝိုင်းဝန်းရိုက်သတ်

ဒေသခံတွေ ဟိုင်မွှာလ်(သစ်)ရွာလို သတ္တိရှိရင် PTF ဆိုတာ အရုပ်ရေးမှ မြင်ဖူးတော့မည် ❤️
Forwarded from Aerial(Myanmar Update News)
ရုရှားနိုင်ငံမှ စက်သုံးဆီ ဝယ်ယူရန် တပ်မတော်က ဒုတိယဗိုလ်ချုပ်ကြီး ဦးဆောင်သည့် ဆီဝယ်ယူရေး ဦးဆောင် ကော်မတီဖွဲ့

တပ်မတော်က ဒုတိယ ဗိုလ်ချုပ်ကြီးတစ်ဦးမှ ဦးဆောင်ကာ ရုရှားနိုင်ငံမှ စက်သုံးဆီဝယ်ယူပြီး သိုလှောင်ဖြန့်ဖြူးရေး ဦးဆောင်ကော် မတီတစ်ရပ်ကို ဖွဲ့စည်းထားကြောင်း သိရသည်။

ယင်း ကော်မတီကို သြဂုတ်လ (၁) ရက် ရက်စွဲဖြင့် ဖွဲ့စည်း ခဲ့ခြင်းဖြစ်ပြီး ဒုတိယ ဗိုလ်ချုပ်ကြီး ညိုစောက ဥက္ကဋ္ဌအဖြစ်တာဝန်ယူကာ အတွင်းရေးမှုး ၊ တွဲဖက်အတွင်းရေးမှုးအပါအဝင် စုစုပေါင်း (၁၀) ဦးပါဝင်ကြောင်း သိရသည်။

အဆိုပါ ရုရှားနိုင်ငံမှ စက်သုံးဆီဝယ်ယူသိုလှောင် ဖြန့် ဖြူးရေးဦးဆောင်ကော်မတီသည် နိုင်ငံတော်၏ မူဝါဒများ၊ စီးပွားရေးမူဝါဒ လုပ်ထုံးလုပ်နည်းများအတိုင်း နိုင်ငံတော်၏ လိုအပ်ချက် အပေါ်မူတည်၍ စက်သုံးဆီများ မှာယူတင် သွင်း၍ သိုလှောင်ဖြန့်ဖြူးခြင်း ဆောင် ရွက်ရန်၊ အရည်အသွေးပြည့်မီ မှန်ကန်ပြီး စျေးနှုန်း သ က်သာသည့် စက်သုံးဆီများ ဝယ်ယူတင် သွင်း၍ ပြည် တွင်းတွင် သိုလှောင်ဖြန့်ဖြူးနိုင်ရေး ‌ဆောင်ရွက်ရန်ဟု ဩဂုတ်လ (၁) ရက်ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာအမှတ် (၁၂၇/ ၂၀၂၂)တွင် ပါရှိသည်။

ထို့အပြင် စက်သုံးဆီဝယ်ယူခြင်း၊ တင်သွင်းခြင်း၊ သယ် ယူခြင်းတို့အတွက် သက်ဆိုင်ရာ အစိုးရဌာနများ၊ ပုဂ္ဂလိ ကအဖွဲ့အစည်းများဖြင့် ညှိနှိုင်းဆောင်ရွက်ရန်၊ လစဉ်လို အပ်သည့် နိုင်ငံခြားငွေကြေး ပမာဏအား နိုင်ငံတော်သို့ တင်ပြတောင်းခံရန်၊ စက်သုံးဆီတင် ဆောင်လာသည့် သ င်္ဘောများ အချိန်မီရောက်ရှိရေး ဆက်သွယ်ကြပ်မတ်ဆောင်ရွက်ရန်ဟုလည်း ယင်းအမိန့်က ညွှန်ကြားထား သည်။

စက်သုံးဆီတင်ဆောင်လာသည့် သင်္ဘောများ ရောက်ရှိလာချိန်တွင် အချိန်မီအရည်အသွေး (စံချိန်စံညွှန်း) အ ရေအတွက်မှန်ကန်မှုရှိ မရှိ သက်ဆိုင်ရာအ ဖွဲ့အစည်းများနှင့် စစ်ဆေးရန်နှင့် သိုလှောင်ထားသော စက်သုံးဆီများအား တပ်မတော်နှင့် ဝန်ကြီးဌာနများ အဖွဲ့အစည်းများအား ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်ရန်လည်း အဆိုပါ ရုရှားနိုင်ငံမှ စက်သုံးဆီဝယ်ယူ သိုလှောင်ဖြန့်ဖြူးရေး ဦးဆောင်ကော်မတီ၏ လုပ်ငန်းတာဝန်များတွင် ဖော်ပြထားသည်။

ထို့အပြင် တင်သွင်းသည့်ကုမ္ပဏီများအနေဖြင့် စီးပွားကူး သန်းဝန်ကြီးဌာနမှ ဖွဲ့စည်းထားသော စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော် မတီ၏ သတ်မှတ်ချက်များအတိုင်းလိုက် နာဆောင်ရွက်ရေး ကြပ်မတ်ရန်၊ ဦးဆောင်ကော်မတီအနေဖြင့် ရုရှားနိုင် ငံမှ ထွက်ရှိသော စက်သုံးဆီနှင့် ရေနံထွက် ဓာတုဗေဒပ စ္စည်းများအပြင် အခြားလိုအပ်ချက်များကိုလည်း နစက ၏ ညွှန်ကြားချက်နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ရန်စသည့် အချက်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဦးဆောင်ကော်မတီတွင် တပ်မတော်မှ ဒုတိယ ဗိုလ်ချုပ်ကြီး ညိုစောက ဥက္ကဋ္ဌ၊ စွမ်းအင်ဝန်ကြီးဌာန ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနမှ ညွှန်ကြားရေး မှူးချုပ်က အတွင်းရေးမှူးနှင့် မြန်မာ့စီးပွားရေးကော် ပိုရေးရှင်း ထုတ်ကုန်များစျေးကွက်ရှာဖွေရေးနှင့် သုတေ သနဌာနမှ အထွေထွေမန်နေဂျာက တွဲဖက်အတွင်းရေးမှူးအဖြစ် တာဝန်ယူ ဆောင်ရွက် မည်ဖြစ်ကြောင်း သိရသည်။

အဖွဲ့ဝင်များအနေဖြင့် စွမ်းအင်ဝန် ကြီးဌာန ဒုတိယဝန် ကြီး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်၊ Star High Co.,Ltd မှ အမှုဆောင်အရာရှိချုပ် ဦးလှဝင်း၊ Brighter Energy မှ ဒါရိုက်တာ ဦးဆန်းနောင်၊ Best Oil Co., Ltd မှ ဥက္ကဋ္ဌ ဦးဝင်းဆွေ၊ စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းနှင့် Yetagon Energy Trading Co., Ltd မှ အမှု ဆောင်အရာရှိချုပ် ဦးမောင်မောင်နိုင်တို့က အဖွဲ့ဝင်အဖြစ် ပါဝင်မည်ဖြစ်ကြောင်း အမိန့်ကြော်ငြာစာအမှတ် (၁၂၇/၂၀၂၂) တွင် ဖော်ပြထားချက်အရ သိရသည်။

ပုံစာ - ၂၀၁၉ခုနှစ်က ဒုတိယဗိုလ်ချုပ်ကြီးညိုစော ရုရှားတပ်မတော်မှ စစ်အင်ဂျင်နီယာ ညွှန်ကြား ရေးမှူးချုပ် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံစဉ်
#aerial 220816
https://t.me/aerial2020
ငပလီမြို့ ဂေါ့တောင်ရိုးတွင် ခိုးဝင်ဘင်္ဂလီ ၂၅ ဦးဖမ်းဆီးရမိမနေ့ညက ကျန်တဲ့လူများကို ဆက်လက်ရှာဖွေနေ​တယ်လို့သိရပါတယ် ပြောတော့လဲလူမျိုးတုန်းသတ်တယ် ဘာပုတယ် ညာပုတယ်နဲ့ သပက်ဖြစ်လို့နေ့တိုင်းခိုးဝင်နေတာလား ပြည်ပမေနိုးဒေါင်းဇားတေကအသံကောင်းဟစ်အုံးမယ် ဒုက္ခသည်လို့ ဒေါ်လာစားမီဒီညာတွေမကြာခင်ထအော်လိမ့်အုံးမယ် အော်မှစားရမှာကိုဒင်းတို့က အဟင်းဟင်း😂


အသန်း
20.8.2022ရက်​နေ့32လမ်း.71/72 မာလာ 56
နယ်မြေခံကားများထွက်ခွာ
သိုလှောင်ထားသောဓာတ်ဆီပုံးကမီးလောင်မှူ့ဖြစ်ပွားခဲ့တယ်လို့သိရတယ်

အသန်း