🇲🇲🇲🇲Myanmar News Zone🇲🇲🇲🇲
1.13K subscribers
12.1K photos
966 videos
4 files
686 links
သတင်း ရင်းမြစ်အားလုံးကို Creditပေးပါတယ်ခင်ဗျာ☺️☺️
Download Telegram
ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများ ကျောက်ဖြူမြို့၊ အခြေခံပညာ ကျောင်းများနှင့်
နေအိမ်များ၌ သွေးလွန်တုပ်ကွေးရောဂါ
ကာကွယ်ရေးလုပ်ငန်းများ
ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး

ကျောက်ဖြူ ဇူလိုင် ၂၄

ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်/မြို့နယ်
စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊
မြို့မိမြို့ဖများနှင့်အတူ
ယမန်နေ့ နံနက်ပိုင်းက
ကျောက်ဖြူမြို့ပေါ် ရပ်ကွက်များရှိ အခြေခံပညာကျောင်းများနှင့်
နေအိမ်များ၌ ဌာနဆိုင်ရာများ၊ ကျန်းမာ‌ရေးဌာနမှ ဝန်ထမ်းများ၊
မြို့ပေါ်ပရဟိတအသင်းများပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး
လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးကြသည်။

ဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့်
တာဝန်ရှိသူများသည် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊
မြို့မိမြို့ဖများနှင့်အတူ သန်ပန်ချောင်း
ရပ်ကွက်ရှိ အမှတ်(၄) အခြေခံပညာ
အလယ်တန်းကျောင်းနှင့်
တောင်ရင်းရပ်ကွက်ရှိ
အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ
ဝန်ထမ်းများ၊ ကျန်းမာရေးဌာနမှ
ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊
မြို့ပေါ်ပရဟိတအသင်းများဖြစ်သည့် လင်းရောင်ခြည်၊လေးဝတီ၊ရက္ခိတရင်ခွင် ပရဟိတ အသင်းတို့ ပူးပေါင်း၍
အဆိုပါ ကျောင်းများ၌ ခြင်ဆေးဖျန်းခြင်း၊
ပိုးလောက်လန်းများ ပေါက်ပွားနိုင်ခြေရှိသည့်
ရေစည်ပိုင်း၊ ရေတိုင်ကီနှင့် ရေတွင်း၊ ရေကန်များ၊ အုတ်ကန်များတွင်
ပိုးလောက်လန်းသေ အဘိတ်ဆေးများခတ်ခြင်း၊ ဘုရားညောင်ရေပန်းအိုးများ၊ ကားတာယာ‌ဟောင်းများနှင့် စွန့်ပစ်ပစ္စည်း များကို ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း၊ ဆရာ၊ဆရာများကို အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်မှုကို ကြည့်ရှုအားပေးသည်။

အလားတူ ကျောက်ဖြူမြို့၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေးဌာနမှဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့ပေါ်ပရဟိတအသင်းများသည် လေ့ကျင့်ရေး(အ.လ.က)ကျောင်း၊ အ.မ.က(အစိုးရ)ကျောင်းနှင့် မြို့ပေါ် ရပ်ကွက်များရှိ နေအိမ်များသို့ သွားရောက်ပြီး ခြင်ဆေးဖျန်းခြင်း၊ အဘိတ်ဆေးခတ်ပေးခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း

https://t.me/pyaytruenews

#PyayTrueNews
ဇူလိုင် ၂၄

အကြံပြုပါရစေ....

ယနေ့ အောင်ဆန်းကျောင်းဆင်းချိန်တွင်
လခရတစ်ဦးသာရှိနေပြီး
လခရနှင့် ကျောင်းသားကျောင်သူများ
ယာဥ်အန္တရာယ်ကင်းရှင်းစေရန်
တစ်ဦးထဲလုပ်ဆောင်နေပြီး
ယာဥ်ထိန်းလုံးဝမရှိသည်ကို
ကိုယ်တိုင်တွေ့မြင်ခဲ့ရပါသည်။

ယခုကာလတွင် ထမိန်ခြုံ
အကြမ်းဖက်သမားများသည်
လုပ်ကြံသတ်ဖြတ်ရန်
အမြဲတစေချောင်းမြောင်း
နေတတ်သည့်အတွက်ကြောင့်

လခရ ၂ ဦးမှ ၃ ဦး ထားရှိပေးပါရန်နှင့်
ကျောင်းသားကျောင်းသူများ
ယာဥ်အန္တရာယ်ကင်းရှင်းစေရန်
ယာဥ်ထိန်းတပ်ဖွဲ့ဝင်တစ်ဦးထားရှိပေးပါရန်
တာဝန်ရှိလူကြီးများအား
လေးစားစွာဖြင့် အကြံပြု
တင်ပြအပ်ပါသည်။

Admin

Buma K

https://t.me/pyaytruenews

#PyayTrueNews
မြန်မာပြည်ခေါင်းဆောင်များ၏
လေးစားမိသောအချက်များထဲမှ
ကောက်နှုတ်ချက်

ဦးနေဝင်းအစိုးရခေတ်.....
လုပ်ငန်းရှင်များ စျေးကစားကာ
ကုန်စျေးနှုန်းများတက်သောအချိန်တွင်
ဦးနေဝင်းမှ ဆန်ကို ဘယ်စျေး
ဆီကိုဘယ်စျေးဖြင့်ရောင်းချရ​မည်ဟု
သတ်မှတ်၍
သူကိုယ်တိုင် မြေပြင်သို့
ကွင်းဆင်ကာလေ့လာခဲ့ပါသည်။
ပြည်မြို့သို့ ရောက်ရှိလာချိန်
လုံခြုံရေးတပ်ဖွဲ့ဝင်များ
မထင်မှတ်ထားသောအချိန်တွင်
ရောက်ရှိလာခဲ့ပြီး
ပြည်မြို့ ရှိ ဆန်ဆိုင် ဆီဆိုင်များအား
ရုပ်ဖျက်လေ့လာပြီး
သတ်မှတ်စျေးနှုန်းများအတိုင်း
မရောင်းသောဆိုင်များအား
စာရင်းမှတ်ကာ အရေးယူဆောင်ရွက်ရန်
လုပ်ဆောင်ခဲ့ကြောင်း
လမ်းမတော်လမ်းအတိုင်း
ဗိုလ်ချုပ်ကျောက်ရုပ်ဘက်သို့
လမ်းလျောက်လာချိန်
သူလာမည့်ခရီးစဥ်အတွက်လုံခြုံရေး
တာဝန်စောင့်ဆိုင်းနေသော
တပ်မတော်သားတစ်ဦးမှ
ဗိုလ်ချုပ်ကျောက်ရုပ်အနီးရောက်ရှိချိန်
တွေ့မြင်သွားပြီး မှတ်မိကာ
အထက်အရာရှ်ိထံသတင်းပို့ပြီး
လာရောက်ကြိုဆိုခဲ့ကြောင်း
မိမိ အဘွားပြောစကားနှင့်လုပ်ဖော်ကိုင်ဖက်တစ်ဦး၏
ပြောစကားအရသိရှိရပါသည်။

ယခုလို ကုန်စျေးနှုန်းကြီးမြင့်လာမှု့အား
ထိန်းချုပ်နိုင်ရန်
ယခင်နည်းလမ်းများကို နမူနာယူကာ
လုပ်ဆောင်သင့်ကြောင်း
အကြံပြုတင်ပြအပ်ပါသည်။

https://t.me/pyaytruenews

#PyayTrueNews
ဇူလိုင် ၂၆

ပြည်မြို့ ၊ ရွာဘဲနယ်မြေ
တောရမင်းကျောင်းလမ်းနှင့်
အောင်ရတနာလမ်းဆုံနေရာ၌
၂၃.၇.၂၀၂၃ ရက်နေ့ ည ၁၀နာရီကျော်
အချိန်ခန့်တွင် အမည်မသိ လူ၄ဦးမှ
ကိုလင်း (ခ) ကိုလင်းလင်း နှင့်
ဝင်းဇင်ကျော် မောင်းနှင်လာသော
ဆိုင်ကယ်အား ပိတ်ဆို့ကာ
တစ်ဦးမှ ဓားမြှောင်ကဲ့သို့ ချွန်ထက်သော
အရာဖြင့် ထိုးစိုက်၍ ဆဲဆိုချိန်းခြောက်
လုယှက်ခဲ့ကြောင်း ၊ ဆိုင်ကယ်မောင်နှင်လာသော
ဝင်းဇင်ကျော်တွင်ပါလာသောငွေအား​
လုယူသဖြင့် အော်ဟစ်အကူညီတောင်းခံရာ
တရားခံများမှာထွက်ပြေးသွားခဲ့ပြီး
ကိုလင်း (ခ) လင်းလင်းတွင်ပါသော
Redmi K40S ဖုန်း (၁)လုံး
ငွေ ၆၀၀၀၀ ခန့် နှင့်
ဝင်းဇင်ကျော်ကိုင်ဆောင်သော
ဖုန်းတစ်လုံး ၊
ငွေ ၈၅၀၀၀ တို့အား ဓားဖြင့်ထောက်၍
အသက်အန္တရာယ်စိုးရိမ်ရသည်အထိ
လုယူသွားသော တရားခံများအား
အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးရရှိ​ရေးအတွက်
သက်ဆိုင်ရာ နယ်မြေ မြို့မ စခန်းမှ
စခန်းမှူး ရဲအုပ်ကျော်မိုးနိုင်ကိုယ်တိုင်
ဦးဆောင်ပြီး နယ်ထိန်း နှင့်တပ်ဖွဲ့ဝင်များ
ကြိိုးစားဆောင်ရွက်လျှက်ရှ်ိကြောင်း
သတင်းရရှိပါသည်။

https://t.me/pyaytruenews

#PyayTrueNews
ဇူလိုင် ၂၇

ပြည်မြို့ ရှိ တာဝန်ရှိသူများခင်ဗျာ

ယခုကာလသည် KNU/PDF နှင့်
KIA/PDFများ၏ အကြမ်းဖက်လုပ်ရပ်များကို
နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက်
ကာကွယ်တားဆီးနေသော
ကာလဖြစ်ပါသည်။


ပျောက်ကြားကြိုက်လျှင်
ဆောင်းစရာ ဝတ်ဆင်စရာ
ပျောက်ကြား ဒီဇိုင်းများစွာရှိပါသည်။
သို့ရာတွင် အကြမ်းဖက်သမားPDF/KNU
စခန်းကုန်းတစ်ခုအား တပ်မတော်မှ
ဝင်ရောက်စီးနင်းချိန်တွင်
ပေါင်သေနတ်မှန်ဒဏ်ရာဖြင့်
ဖမ်းဆီးရမိသော
ပြည်မြို့နဝင်းနယ်မြေ ရဲဌာနလမ်း၊
ပုညဘာက ဓမ္မာရုံအနီးနေထိုင်သူ
အကြမ်းဖက်သမား သိန်းမင်းထွန်း ၏
ညီဖြစ်သူနှင့်
ပြည်မြို့နယ်ရှိ လူအချို့သည်
ပုံပါ အကြမ်းဖက်သမားဆောင်းထားသော
KNU/PDF ပျောက်ကြားဦးထုပ်ဆောင်းကာ
မြို့ပေါ်တွင်သွားလာနေခြင်းအား
တွေ့ရှိရသည့်အတွက်
ပြည်သူနှင့်အကြမ်းဖက်သမား
မကွဲပြားသလို ၊ KNU/PDFအား
ထောက်ခံနေသည်နှင့်
အလားသဏ္ဏာန်တူပါသည်။

သို့ဖြစ်ပါသောကြောင့်
ထိုကဲ့သို့ KNU/PDF
ပျောက်ကြားဦးထုပ်ဆောင်းပြီး
သွားလာနေကြသူများအား
အရေးယူဆောင်ရွက်သင့်ပါကြောင်း
အကြံပြုတင်ပြအပ်ပါသည်။

https://t.me/pyaytruenews

#PyayTrueNews
ဇူလိုင် ၂၈

ပြည်မြို့နယ် အကြမ်းဖက်Pageမှ
Facebook Social Media ပေါ်တွင်
လူဝင်မှု့ကြီးကြပ်ရေးရုံးနှင့်ပတ်သတ်ပြီး
သတင်းတစ်ခုရေးသားထားကြောင်း
တွေ့ရှိသဖြင့် သွားရောက်စုံစမ်းခဲ့ရာ
လူဝင်မှု့ကြီးကြပ်ရေးဝန်ထမ်းများအနေဖြင့်
အကြမ်းဖက်Pageတွင်ရေးသားထားသလို
အခကြေးငွေယူဆောင်ခြင်း
လုံးဝမရှိကြောင်းတွေ့ရှိရပြီး....။

မှတ်ပုံတင်ရုံးအား အမှီပြု၍
စီးပွားရှာနေကြသော ပွဲစားများသည်
မှတ်ပုံတင်ပြုလုပ်သူ ကာယကံရှင်ကိုယ်စား
အခကြေးငွေယူဆောင်ကာလုပ်ကိုင်
ပေးနေကြပြီး
ပွဲစားတစ်ဦးသည် မှတ်ပုံတင်လာရောက်ပြုလုပ်သူနှစ်ဦးထံမှ တောင်းသော အကျိုးဆောင်ခပင် မတူညီကြောင်း
တွေ့ရှိခဲ့ရသဖြင့်

အကြမ်းဖက် စာမျက်နှာတွင်
ရေးသားဖော်ပြထားသော
အကြောင်းအရာများသည်
ဌာနဆိုင်ရာနှင့်ပြည်သူကြား
အထင်မြင်လွဲမှားစေရန်
သွေးကွဲစေလိုသောရည်ရွယ်ချက်ဖြင့်
ရေးသားဖော်ပြထားခြင်းဖြစ်ကြောင်း
အများပြုသူများ အမှန်တရားသိရှိစေရန်
သက်ဆိုင်ရာဌာနကိုယ်စား
ရေးသားဖော်ပြလိုက်ရပါသည်။

https://t.me/pyaytruenews

#PyayTrueNews
ပြည်မြို့မရဲစခန်းမှ လုယက်မှုတရားခံများအားဖော်ထုတ်ဖမ်းဆီးရမိ
=============================

ဖြစ်စဥ်မှာ ( ၂၅--၇-၂၀၂၃)ရက်နေ့ည( ၁၀)နာရီကျော်အချိန်ခန့်က တောရမင်းကျောင်းလမ်းနှင့်အောင်ရတနာလမ်းဆုံ အမှောင်ရိပ် လမ်းပေါ်တွင်
တောရမင်းကျောင်းဘက်မှလာသည့်
ကိုလင်းလင်းတို့သူငယ်ချင်းနှစ်ဦး
မောင်းနှင်လာသည့်ဆိုင်ကယ်အား
အမည်မသိလူငယ်( ၄)ဦးမှ
ဓားပြရပ်တန့်ခိုင်းပြီး ဓားမြှောင်ဖြင့်
ထိုးကာ ကိုလင်းလင်းလွယ်ထားသည့် အညိုရောင်ဘေးလွယ်အိတ်အား
ဓားဖြင့်ဆွဲဖြတ်လုယူကာခါးပုံစားအတွင်းမှငွေများကိုလုယူခဲ့ကြောင်း၊ဖုန်း( ၁)လုံးနှင့်ငွေ ၈၅၀၀၀ ကျပ်ပါသွားပြီးအော်ဟစ်အကူအညီတောင်းခံခြင်းကြောင့်ဆိုင်ကယ်အားထားကာ ထွက်ပြေးသွားခဲ့ကြောင်း
ကိုလင်းလင်းမှပြည်မြို့မရဲစခန်းသို့သွားရောက်တိုင်ကြားခဲ့ရာ
ပြည်မြို့မရဲစခန်း( ပ)၂၈၄/၂၃၊
ရာဇသတ်ကြီးပုဒ်မ၃၉၄ဖြင့်အမှုဖွင့်
အရေးယူခဲ့ကြောင်း သတင်းရရှိခဲ့ပြီး

ပြည်မြို့မရဲစခန်းမှူးဒုရဲမှူးကျော်မိုးနိုင်၊
နယ်ထိန်းခေါင်းဆောင်ဒုရဲအုပ်စိုးလွင်အဖွဲ့တို့မှ
ယခင်အလားတူလုယက်မှုကျူးလွန်ပြီးထောင်ထွက်ပြစ်ချက်ဟောင်းရှိသူများသတင်းလိုက်လံစုံစမ်းဖမ်းဆီးခဲ့ရာ
ဗျာကြီးဆိုသူအား ဖမ်းဆီးရမိခဲ့ပြီး
စစ်ဆေးခဲ့ရာမှ ပြစ်မှုကျူးလွန်သူဗျာကြီး၊
ဇင်ပိုင်ထွေး(ခ)အီးတီ၊အားမာန်( ခ)အားမာန်ဦး၊သူရဖြိုးတို့အားဖော်ထုတ်နိုင်ခဲ့ပြီး
သူရဖြိုးအားထန်းပေါက်ရွာမှ
ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း၊သက်သေခံပစ္စည်းဖုန်းအား အရိုးလေးထံတွင်
ပေါင်နှံထားရာမှသိမ်းဆည်းရမိခဲ့ကြောင်း၊ ထွက်ပြေးတိမ်းရှေင်နေသည့်
တရားခံ အီးတီး( ခ)ဇင်ပိုင်ထွေးနှင့်
အားမာန်( ခ)အားမာန်ဦးတို့အား
ဆက်လက်စုံစမ်းဖမ်းဆီးလျက်ရှိကြောင်းသတင်းရရှိပါသည်။

ဇင်ပိုင်ထွေး(ခ)အီးတီမှာလူသတ်မှု၊လုယက်မှု၊ခိုးမှုများဖြင့်ထောင်ထွက်တစ်ဦးဖြစ်ကြောင်း၊အားမာန်မှာလုယက်မှု၊ခိုးမှု၊လိမ်လည်မှုများဖြင့်ထောင်ထွက်ဖြစ်ကြောင်း၊သူရဖြိုးမှာခိုးမှုမှ
တရားခံပြေးတစ်ဦးဖြစ်ကြောင်းသိရသည်။

https://t.me/pyaytruenews

#PyayTrueNews
ဇူလိုင် ၃၁

တာဝန်သိပြည်သူတစ်ဦး၏
သတင်းပေးတိုင်ကြားချက်

ပြည်မြို့ ၊ဆင်စုနယ်မြေ
မိကျောင်းရဲကျေးရွာအုပ်ကြီး
ကျော်စွာ၏ ၂ အိမ်ကျော်တွင်
အာဇာနည်ဆိုသူနှင့်မိသားစုမှ
မူးယစ်ဆေးဝါးများရောင်းချလျှက်ရှိပြီး

၎င်းတို့အိမ်မှာပင် မူးယစ်ဆေးဝါးသုံးစွဲသူများရှိနေကြောင်း
ယမန်နေ့ညက
အာဇာနည်ဆိုသူ၏အစ်ကို
ဓားခုတ်မှု့ဖြစ်ပွားခဲ့ကြောင်း

တာဝန်သိပြည်သူတစ်ဦးမှ
သတင်းပေးပို့တိုင်ကြားထားပါသည်။


https://t.me/pyaytruenews

#PyayTrueNews
သြဂုတ် ၃

ပြည်မြို့မှာ မြို့မ ၊ အမှတ် ၃ စခန်းမှူးနဲ့

ထိုစခန်း ၂ခုရဲ့ နယ်ထိန်းခေါင်းဆောင်တွေ
ရှိနေသရွေ့ ရာဇဝတ်ဘေးပြေး
မလွတ်စေရဘူး......


ပြည်မြို့နယ်အတွင်ဒုစရိုက်မှု့များကို
အချိန်အတိုအတွင်းကိုဖမ်းမိအောင်
ကြိုးစားဆောင်ရွက်ပေးနေတာကို
ပြည်မြို့သူ မြို့သားများကိုယ်စား
ကျေးဇူးအထူးတင်ပါတယ်။

များမကြာမှီ ဖော်ထုတ်ဖမ်းဆီးမှု့တစ်ခုအား
ဖော်ပြပေးပါမည်။


https://t.me/pyaytruenews

#PyayTrueNews
သြဂုတ် ၄

ပြည်မြို့ မှော်ဇာအုပ်စု
ဘောဘော​ကြီးဘဘုရားတွင်
ဘုရားဖူးလာသူ လူငယ်နှစ်ဦးထံမှ
ချိန်းခြောက်လုယှက်သူများအား
ပြည် အမှတ် ၃ ရဲစခန်းမှ
တစ်နာရီအတွင်းဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့

ပြည် သြဂုတ် ၄


ယမန့်နေ့ သြဂုတ်လ (၃)ရက်နေ့က
ပြည်မြို့ မှော်ဇာအုပ်စု ဘောဘောကြီးဘုရားအား
ဘုရားဖူးလာရောက်သူ ပြည်မြို့မှ
လူငယ်နှစ်ဦးထံမှ
စီးလာသော ဆိုင်ကယ် (၂)စီး၊
I Phone 11 ခရမ်းရောင်၊ Techno ဖုန်းနှင့်
ငွေသားအချို့အား အမည်မသိ လူ၃ဦးမှ
လုယှက်သွားကြောင်း
နယ်မြေရဲစခန်းဖြစ်သော
အမှတ် (၃)ရဲစခန်းသို့ ည ၇နာရီအချိန်ခန့်တွင်
အမှု့ဖွင့်တိုင်ကြားခဲ့ရာ

အမှတ် (၃)နယ်မြေ စခန်းမှူး ရဲအုပ်ဟန်သင်း
ကိုယ်တိုင်ဦးဆောင်ပြီး
နယ်ထိန်းအဖွဲ့ခေါင်းဆောင်
ဒုရဲအုပ်ရာဇာထွန်းနှင့်တပ်ဖွဲ့ဝင်များသည်...
တရားခံအမြန်ဆုံးဖော်ထုတ်ဖမ်းဆီးရရှိရေးအတွက် ကြိုးစား ဆောင်ရွက်ခဲ့ကြရာ

သက်သေခံအထောက်များနှင့် I phone ခြေရာခံစနစ်တို့မှထောက်လှမ်းစဥ်
တရားခံများသည် ပြည် အောင်လံလမ်းတစ်လျှောက် မောင်းနှင်ထွက်ပြေးနေသည်ကို
စစ်ဆေးတွေ့ရှိ့ရသဖြင့်
တပ်မတော် လခရတပ်ဖွဲ့ဝင်များ နှင့်အတူ
အမှတ် (၃) စခန်းမှူး ရဲအုပ်ဟန်သင်းဦးဆောင်သော နယ်ထိန်းခေါင်းဆောင်
ဒုရဲအုပ်ရာဇာထွန်းနှင့်တပ်ဖွဲ့ဝင်များ
လိုက်လံဖမ်းဆီးရာ

၇း၅၀အချိန်ခန့် ပြည်အောင်လံကားလမ်း
ထန်းပေါက်ကျေးရွာ ၊
စိန်ပန်းဘုန်းကြီးကျောင်းအနီးတွင်
ရွှေကြို့ပင် မှော်ဇာအုပ်စုနေထိုင်သူ

ခိုင်ဖြိုးအောင် ၂၁ နှစ် ၊(ဘ)ဦးအောင်သန်းဇော် ၊
၎င်းနှင့်အတူနေထိုင်သူ
ဖိုးထောင် ၂၅နှစ် (ဘ)ဦးသိန်းထွန်း

ကိုးသောင်း ၊ရွာဘဲရပ်ကွက်နေထိုင်သူ
လှမျိုးအောင် (ခ) မှေးမှေး ၁၉နှစ်
(ဘ)ဦးခိုပေါက် (ခ) နိုင်နိုင်ကျော် တို့
၃ဦးအား လုယှက်မောင်းနှင်ထွက်ပြေးခဲ့သော
ဆိုင်ကယ် ၂ စီးနှင့်အတူ
အခင်းဖြစ်စဥ်လုယှက်ခဲ့သော
သားရည်ဘေးလွယ်အိတ် ၁ လုံးမှအပ
ကျန်သက်သေခံပစ္စည်းများနှင့်အတူ
လုယှက်မှု့ကျူးလွန်ခဲ့သောတရားခံများအား
အမှတ် (၃) စခန်းမှူး ရဲအုပ်ဟန်သင်းဦးဆောင်သော နယ်ထိန်းခေါင်းဆောင်
ဒုရဲအုပ်ရာဇာထွန်းနှင့်တပ်ဖွဲ့ဝင်များမှ
တစ်နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း
သတင်းရရှိပါသည်။

https://t.me/pyaytruenews

#PyayTrueNews
သြဂုတ် ၇

ပဲခူးတိုင်းအနောက်ပိုင်း၊ပြည်ခရိုင်
ပြည်မြို့နယ် ဆံတော်နယ်မြေ
ဆေးရေးရပ်ကွက်ရှိ အိမ်တစ်အိမ်အား
မူးယစ်နှင့်ပူးပေါင်းတပ်ဖွဲ့ဝင်များ
သတင်းအရ ယနေ့ နေခင်းပိုင်းက
ဝင်ရောက်ရှာဖွေရာတွင်
မူးယစ်ဆေးဝါးများ၊ဆက်စပ်ပစ္စည်းများနှင့်
လောင်းကစားပြုလုပ်ရာတွင်အသုံးပြုသော
စာရွက်စာတမ်းအချို့အား ဖမ်းဆီးရမိခဲ့ကြောင်း
ကနဦးသတင်းအရ သိရှိရပြီး
သက်ဆိုင်ရာတာဝန်ရှိသူအဆင့်ဆင့်
စစ်ဆေးပြီးတဲ့အခါမှာ သတင်းအား
အတိအကျ အထောက်ထားခိုင်လုံစွာဖြင့်
ထပ်မံဖော်ပြပေးပါမည်။

https://t.me/pyaytruenews

#PyayTrueNews
သြဂုတ် ၉

ပြည်မြို့၌ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ
တပ်ဖွဲ့ဝင်များပါဝင်သည့် ပူပေါင်းအဖွဲ့သည်
သြဂုတ် ၇ ရက်နေ့ နေလည်ပိုင်းက
ပြည်မြို့ ဆံတော်နယ်မြေ ဆေးရေးရပ်ကွက်နေ
အောင်ကျော်မိုးလွင်(ခ)အာရာဖတ်၏
နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ
ဇင်ကိုဦး(ခ)အငယ်လေးအား တွေ့ရှိရပြီး
နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား
၉၁၂၀ ၊ ဆေးခြောက် ၅ ကီလို
သိမ်းဆည်းရမိခဲ့သဖြင့်
အောင်ကျော်မိုးလွင်(ခ)အာရာဖတ်(၃၅)နှစ်နှင့်
ဇင်ကိုဦး (ခ) အငယ်လေး (၂၉)နှစ်တို့အား
မူးယစ်ဆေးဝါးနှင့်စိတ်ကို
ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း
သိရသည်။

သတင်းစာထဲတွင်မပါသော သတင်းမှာ

ဝင်ရောက်ဖမ်းဆီးစဥ်
လောင်းကစားပြုလုပ်ရာတွင်
အသုံးပြုသော စာရွက်စာတမ်းများပါ
တွေ့ရှိ့ခဲ့ရသဖြင့် လောင်းကစားဆိုင်ရာ
ဥပဒေပုဒ်မဖြင့် အရေးယူဆောင်ရွက်နိုင်ရန်
သက်ဆိုင်ရာအကြီးအကဲတစ်ဦးမှ
ညွန်ကြားထားကြောင်း
ဌာနတွင်းသတင်းတစ်ခုမှသိရှိရသည်။

https://t.me/pyaytruenews

#PyayTrueNews
ပဲခူးအနောက်က
ဘယ်မြို့နယ်မှ သတင်းမပို့လဲ
အေးဆေးပဲ........

ပြည် သတင်းမှန် ဘာဖြစ်လဲ
ဘာမှမဖြစ်ဘူး....

ပြည်မြို့ ဘာဖြစ်လဲ
ဘာမှမဖြစ်ဘူး.......

ပြည်မြို့နဲ့မြို့သူမြို့သားတွေ
မထိခိုက်အောင်
ကျွံလားလည်း
အိတ်ကပ်ထဲထည့်ပြီးသားပဲ
တရားဝင် သတင်းပို့ ခံဝန်ထိုးပြီး
ပြန်လာတာမဟုတ်ပဲ
ခိုးပြန်လာတောင် သတင်းကရပြီးသား...
လိုင်းပေါ်တင်ပြီးတော့
အာမချောင်တတ်သလို
နိုင်ငံရေးအမြတ်ထုတ်
စီးပွားတော့မရှာတတ်ဘူး
ကိုယ့်မြို့မထိခိုက်ဖို့
သတင်းတော့ ရအောင်လိုက်တတ်တယ်။

https://t.me/pyaytruenews

#PyayTrueNews