To Comrades - ရဲဘော်များသို့
402 subscribers
1.03K photos
36 videos
1 file
322 links
Download Telegram
လူကြီးမင်းတို့ရဲ့ Pay Account ထဲက အ​ကြွေများစုပေါင်းထောက်ပံ့လိုက်ပါက ကျွန်တော်တို့ရဲ့ရဲ​ဘော်​တွေအတွက် တစ်တပ်တစ်အား အ​ထောက်အကူပြုနိုင်လို့ အ​ကြွေ​လေး​တွေ လှူဒါန်း​ပေးသွားကြပါဦးခင်ဗျာ။

​ခေတ်အဆက်ဆက်ရဲ့​တော်လှန်​ရေးမှာ အ​ကြွေ​​တွေဟာ ​အ​ရေးပါတဲ့ တစ်​နေရာက​နေပါဝင်ခဲ့ပါတယ်။ အကြွေတွေဟာဆို မြန်မာ့ငွေကြေးအရာမှ အခရာအစပဲဖြစ်ပါတယ် ။ မူးစေ့ မတ်စေ့မှအစပြု၍သာ ၁၀ကျပ်တန် ၁၅ကျပ်တန် ၂၀ကျပ်တန် ယနေ့ခေတ် တန်ဖိုးမြှင့်ငွေကြေးများထိ ပေါ်လာတာဖြစ်ပါတယ်။

ရှစ်​လေးလုံး အ​ရေး​တော်ပုံကြီး စတင်အ​ခြေတည်ရာ ၁၉၈၇ ခုနှစ် စက်တင်ဘာလ ၅ ရက်​နေ့ မှာ မဆလ အစိုးရက လူအများစု လက်ဝယ်ကိုင်​ဆောင်ပြီးသားဖြစ်တဲ့ ၂၅ ကျပ်တန်၊ ၃၅ ကျပ်တန်နှင့် ၇၅ ကျပ်တန် များကို ဖျက်သိမ်းခဲ့ပါတယ်။ ဒီလိုဖျက်သိမ်းမှုကြောင့် စီးပွား​ရေးကျဆင်းမှု၊ ပြည်သူလူထု ခက်ခဲမှုများစွာဖြစ်​ပေါ်ခဲ့ပြီး ၁၉၈၈ မတ်လ ၁၈ ရက်​နေ့မှာ ဆန္ဒပြ​တောင်းဆိုမှု​တွေ စတင်ဖြစ်ပွားခဲ့ပါတယ်။ ထို့​နောက်မှာတော့ ပြည်သူလူထု တစ်ရပ်လုံးပါဝင်ခဲ့တဲ့ အ​ရေး​တော်ပုံကြီး​တွေ ဖြစ်​ပေါ်လာခဲ့ပါတယ်။
ယခုအချိန်အခါမှာလည်း အာဏာရူးဖက်ဆစ်စစ်တပ်​ကြောင့် ကျွန်​တော်တို့ ပြည်သူပြည်သားအားလုံးအခက်အခဲများကို ထပ်မံကြုံ​တွေ့​နေရပါတယ်။ သမိုင်းတ​ကြော့ပြန်လာပြီဖြစ်တဲ့ အ​ရေး​တော်ပုံကြီး​အောင်မြင်နိုင်ဖို့အတွက် အားလုံးတတ်နိုင်သ​လောက် အ​ကြွေ​လေး​တွေနဲ့ ပါဝင်ကူညီကြဖို့ ​မေတ္တာရပ်ခံလိုပါတယ်ခင်ဗျာ။

ကဲ...အားလုံးရဲ့ စု​ပေါင်းအင်အားကို အ​ကြွေပါဝင်လှူဒါန်းရင်းပြသကြရ​အောင်။ ဒါနဲ့ အ​ကြွေပဲလှူနိုင်တဲ့ သူငယ်​ချင်း​တွေ​တွေ့​အောင်လည်း ရှယ်သွားကြပါဦးခင်ဗျာ။

#ToComrades
(23.7.2022)ကနေ (10.8.2022)အထိ
ဆွဲကြိုးနဲ့နာရီ မဲကိုကျနော်ရောင်းချခဲ့ပါတယ်
စုစုပေါင်းမဲရောင်းချ၍ရရှိလာသော
အလှူငွေ စုစုပေါင်းမှာ...
(၂၄၄၂၀၀၀)နှစ်ဆယ့်လေးသိန်းလေးသောင်းနှစ်ထောင် ကျပ်တိတိဖြစ်ပါတယ်
ရရှိလာသောအလှူငွေများအားအောက်ပါအဖွဲ့များသို့ပြန်လည် ခွဲဝေထောက်ပံ့ပေးခဲ့ပါသည်

GZDF UG - 400000
GAGO UG. -500000
Kingsman UG. -400000
MYG UG. -500000
အိမ်ငှားခ၊လက်နက်ထုတ်လုပ်ရေး၊သယ်ယူပို့ဆောင်ရေးနှင့်အထွေထွေ အသုံးစရိတ်(600000)ကျပ်တိတိအား ထောက်ပံ့ပေးခဲ့ပါသည်။

UG များအတွက်သီးသန့်လှူဒါန်းပေးပါသော
အလှူရှင် တစ်ဦးတစ်ယောက်ချင်းစီကို
ကျေးဇူးအထူးတင်ရှိပါသည်။

ကျန်ရှိနေသေးသော် အထောက်အထား များအား
ရရှိသည်နှင့် ပြန်လည်ဖော်ပြပေးပါမည်
တစ်ခေတ်တစ်ခါက မြန်မာ့ငွေကြေးများ ယခုခေတ် မြန်မာလူမျိုးများသည် ၎င်းတို့အသုံးပြုရာ ငွေကြေးများကို ငွေဟုလည်းကောင်း၊ပိုက်ဆံဟုလည်းကောင်းခေါ်ဝေါ်တတ်ကြပါတယ်။ငွေကျပ်မှာမူ မြန်မာစကားလုံးဖြစ်သောလည်း ပိုက်ဆံမှာမူ အိန္ဒိယဘာသာမှ မွေးစားစကားလုံးဖြစ်ပါတယ်။ ရှေးတစ်ခေတ်တစ်ခါက မြန်မာလူမျိုးများ၏ စတင်သုံးစွဲရာငွေကြေးမှာ ကျပ်စေ့၊မူးစေ့၊မတ်စေ့များဖြစ်ကြပါတယ်။အဆိုပါ ကျပ်စေ့၊မူးစေ့၊မတ်စေ့များမှအစပြု၍ ခေတ်အဆက်ဆက်ပြောင်းလဲလာတာနဲ့အမျှ ယနေ့ခေတ် သုံးစွဲသော ငွေကြေးများဖြစ်တဲ့ ငွေစက္ကူကျပ်တန်များထိပြောင်းလဲခဲ့ပါတယ်။ယခုခေတ် အမြင့်ဆုံးငွေကျပ်မှာတော့ ၁သောင်း ကျပ်တန်ပဲ ဖြစ်ပါတယ်။ သမိုင်းကြောင်းအရကြည့်ပါက ပျူခေတ်မှစ၍သရေခေတ္တရာခေတ်ထိ ကျပ်စေ့၊မူးစေ့၊မတ်စေ့ စသည်ဖြင့် ရခိုင်င်္ဒဂါးနှင့်မွန်င်္ဒဂါးများကိုသုံးစွဲခဲ့ပြီး ပုဂံခေတ်မှာတော့ ငွေတုံးငွေခဲများကို တစ်ဆယ်သား၊နှစ်ဆယ်သား၊အစိတ်သား စသည်ဖြင့်အဓိကသုံးစွဲခဲ့ကြပါတယ်။ကုန်းဘောင်ခေတ်မှာတော့ ပြည်ပထုတ် မြန်မာ့ဒင်္ဂါးများပါပေါ်ပေါက်ခဲ့ပြီး မြန်မာ/ရခိုင်/ဝေသာလီ/ကုလား စသည့် ဒင်္ဂါးလေးမျိုးကို အဓိကငွေကြေးအနေနဲ့ သုံးစွဲခဲ့ကြပါတယ်။
မင်းတုန်းမင်းလက်ထက်မှာတော့ ပြည်တွင်းထုတ် မြန်မာဒေါင်းဒင်္ဂါးများပေါ်ပေါက်ခဲ့ပြီး ရွှေဖြင့် တစ်ပဲစေ့၊တစ်မတ်စေ့ ထုတ်လုပ်၍ ငွေဖြင့် တစ်ကျပ်စေ့၊ငါးမူးစေ့၊တစ်မတ်စေ့၊တစ်မူးစေ့၊တစ်ပဲစေ့များ များ ထုတ်လုပ်သုံးစွဲခဲ့ကြပါတယ်။ထိုစဉ်က ငွေလဲလှယ်နှုန်းမှာ မြန်မာဒင်္ဂါး ၁၅ကျပ်ခန့်ကို အင်္ဂလိပ်ရွှေဒင်္ဂါးစတာလင် တစ်ပေါင်ထိ မြန်မာငွေကြေးမှာ တန်ဖိုးမြှင့်ခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ ဗြိတိသျှနယ်ချဲ့လက်အောက်ကို ကျရောက်ပြီးနောက်ပိုင်းမှာတော့ မြန်မာလူမျိုးများဟာ မြန်မာဒင်္ဂါးနဲ့ အိန္ဒိယဒင်္ဂါး ၂မျိုးလုံးကို သုံးစွဲနိုင်ခဲ့ကြပါတယ်။ ၁၈၆၁ ခုနှစ်မှာတော့ ၎င်းခေတ် ဥပဒေအရ ငွေစက္ကူများစတင်ထုတ်ဝေသုံးစွဲခဲ့ပါတော့တယ်။သို့ရာတွင် ၎င်းငွေစက္ကူများမှာ အိန္ဒိယပြည်ထုတ် မြန်မာပြည်၌သာ အသုံးဝင်သော ၁ရူပီး၊၅ရူပီး၊၁၀ရူပီး၊၁၀၀ရူပီး၊၁၀၀၀ရူပီး၊၁၀၀၀၀ရူပီး တန်များသာဖြစ်ကြပါတယ်။ ဖက်ဆစ်ဂျပန်များမှ မြန်မာနိုင်ငံသို့ဝင်ရောက်ပြီးချိန်မှာတော့ အိန္ဒိယငွေစက္ကူများကို ဖျက်သိမ်းကာ ဂျပန်ငွေစက္ကူများ ရိုက်နှပ်သုံးစွဲခဲ့ကြပြန်ပါတယ်။ဒုတိယကမ္မာစစ်အပြီး မြန်မာနိုင်ငံသို့ ဗြိတိသျှများ ပြန်လည်ဝင်ရောက်လာချိန်မှာတော့ အဆိုပါဂျပန်ငွေစက္ကူများကို ဖျက်သိမ်းခဲ့ပြန်ပြီး မြန်မာနိုင်ငံတွက် သီးသန့်ငွေစက္ကူများထုတ်ဝေခဲ့ပြန်ပါတယ်။အဆိုပါခေတ်မှာတော့ ၎င်းသီးသန့်ငွေစက္ကူများနှင့် အိန္ဒိယငွေစက္ကူများအားလုံး မြန်မာနိုင်ငံတွင် တရားဝင်သုံးစွဲခဲ့ကြပါတယ်။ ယနေ့ခေတ် ကျွန်ုပ်တို့ အသုံးပြုနေသော ကျပ်ငွေများကိုတော့ ၁၉၅၂ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ မှ စတင်ထုတ်ဝေသုံးစွဲခဲ့ကြပါတယ်။၁ကျပ်၊၅ကျပ်၊၁၀ကျပ်၊၅၀ကျပ်နဲ့၁၀၀ကျပ်တန်များထုတ်ဝေပြီး 1985ခုနှစ်အောက်တိုဘာလအထိ သုံးစွဲခဲ့ကြပါတယ်။ ၁၉၈၅ ခုနှစ် နိုဝင်ဘာလမှာတော့ အာဏာရှင်နေဝင်းရဲ့ အမိန့်နဲ့ ၅၀ကျပ်တန်နှင့် ၁၀၀ကျပ်တန် ငွေစက္ကူများကို အကြောင်းပြချက်မရှိ ဖျက်သိမ်းခဲ့ပြီး နိုဝင်ဘာ ၁၀ရက်နေ့မှာ ၇၅ကျပ်တန် ၁၉၈၆ ခုနှစ် ဩဂုတ်လမှာတော့ ၁၅ကျပ်တန်နှင့် ၃၅ကျပ်တန်များ ထုတ်ဝေသုံးစွဲခဲ့ကြပါတော့တယ် ။ 1987 ခုနှစ်မှာတော့ ၂၅/၃၅ နှင့် ၇၅ ကျပ်တန်များကို ပြည်သူလူထုအား အသိပေးချက် တစ်စုံတစ်ရာမရှိပဲ ဖျက်သိမ်းခဲ့ပါတယ်။အဆိုပါ ဖျက်သိမ်းမှုများကြောင့် နိုင်ငံတွင်း ငွေကြေးရိုက်ခတ်မှုမှာ ကြီးမားခဲ့ပြီး စီးပွါးရေးမှာလည်း အဆမတန် ဆုတ်လျော့ခဲ့ရပါတယ်။ သုံးကြိမ်ထက်မနည်း ငွေမဲခဲ့ပြီး ၈၈၈၈ အရေးအခင်းကြီးပါ ဖြစ်ပေါ်ခဲ့ပါတယ် ။ ယနေ့ခေတ် သုံးစွဲရာငွေကြေးကျပ်တန်များကိုတော့ ၁၉၉၀ ခုနှစ်မှစ၍ စတင်ထုတ်ဝေခဲ့ပါတယ်။ယနေ့ခေတ်မှာတော့ ၅၀/၁၀၀/၂၀၀/၅၀၀/၁၀၀၀/၅၀၀၀ နဲ့ ၁၀၀၀၀ကျပ်တန်များဟာ မြန်မာလူထုရဲ့ အဓိကသုံးစွဲရာ ငွေကြေးကျပ်တန်များပဲ ဖြစ်ပါတယ်။ ကိုးကား-မြန်မာ့ငွေကြေးဆိုင်ရာဆောင်းပါးများကိုကိုးကားထားပါသည် ။#retromonth#ToComrades
"တော်လှန်​ရေးအတွက်ကူ ရထားခရီးစဥ်ယူ"
ရထားလက်မှတ် တစ်​စောင် ၃၀၀၀ ကျပ်။

​တော်လှန်ရဲ​ဘော်​တွေအတွက် ​ထောက်ပို့ရင်းနဲ့ ရထားနဲ့ခရီးသွားခွင့်ရမယ်ဆိုရင်​ရော စိတ်ဝင်စားကြလား? ဒါဆိုရင်​တော့ ကျွန်​တော်တို့ TC က​နေ ယခုပြုလုပ်မယ့် Project မှာ ပါဝင်အားဖြည့်လိုက်ပါ။

​တော်လှန်​ရေးခရီး ဆုံးခန်းတိုင်​အောင် အတူ​လျှောက်လှမ်းမယ့် ကျွန်​တော်တို့ ​တော်လှန်သူအ​တွေအတွက် ရထားလက်မှတ်​လေး​ရောင်းချင်ပါတယ်။ ​တော်လှန်သူ​တွေပဲ လိုက်ပါစီးနင်းလို့ရမယ့် "တော်လှန်​ရထားကြီး" ပါ။ ရထားလက်မှတ် တစ်​စောင် ၃၀၀၀ ကျပ် ကျသင့်မှာပါ။

လက်မှတ်တစ်​စောင်ဝယ်ယူတိုင်း ကျွန်​တော်တို့ To Comrades က​နေပြီး မီးရထားလက်မှတ်တစ်​စောင် ပြန်​ပေးသွားမှာဖြစ်ပါတယ်။

မီးရထားလက်မှတ် ပိုင်ရှင်များစွာထဲကမှ ကံထူးရှင်တစ်ဦးကို​ရွေးချယ်ပြီး ​"တော်လှန်​ရေးကာလအလွန်" မှာ အရင်​ခေတ်ကလို မီးရထားနဲ့ခရီးသွားတဲ့ အရသာ​လေးခံစမိနိုင်​စေဖို့အတွက် တကယ့်မီးရထားအစစ်နဲ့သွားရမယ့် ပုဂံခရီးစဥ်တခု ပို့​ဆောင်​ပေးမှာဖြစ်ပါတယ်။