To Comrades - ရဲဘော်များသို့
437 subscribers
1.07K photos
37 videos
1 file
326 links
Download Telegram
ဩဂုတ်လ ငွေစာရင်းရှင်းတန်း
__________________________

ပြည်တွင်း၊ပြည်ပ စုစုပေါင်းရရှိငွေ - ၁၃,၆၀၅,၉၃၀ ကျပ်

ရဲဘော်များအားထောက်ပံ့မှု စုစုပေါင်း - ၁၁,၆၀၀,၀၀၀ ကျပ်

ခွဲဝေပုံ
______
ရဲဘော်များ သို့ ခွဲ​ဝေ​​ထောက်ပံ့​ပေးခဲ့မှု စာရင်းအ​သေးစိတ်များမှာ ​
အောက်ပါအတိုင်းဖြစ်သည်။

◼️ရဲဘော်စောတင်မောင်၏ သိန်း၁၀၀ ပရောဂျက်မှနေ၍
Yangon UG Association YUA -၁,၂၀,၀၀၀ ကျပ်
GZDF - ၅၀၀,၀၀၀ ကျပ်
God’s Hand Forces UG - ၅၀၀,၀၀၀ ကျပ်
IDF UG - ၆၀၀,၀၀၀ ကျပ်
Gurdians UG - ၄၀၀,၀၀၀ ကျပ်
Bago Guerrilla Force - ၅၀၀,၀၀၀ ကျပ်
kingsman UG Force - ၄၀၀,၀၀၀ ကျပ်
(Certificates များအား သိန်းတစ်ရာပရောဂျက်ပြီးမှတင်ပြသွားပါမည်)
◼️အဖွဲ့၏ပုံမှန်ထောက်ပံ့မှုများ

Yangon Revolution Force YRF - ၁,၀၀၀,၀၀၀ ကျပ်
Demoso People Defense Force တပ်ရင်း H - ကျည်ဖိုးနှင့် ကားဖိုးဖြည့်ပေးခြင်း (certificate မရသေး)
- ၁,၅၀၀,၀၀၀ ကျပ်
ဒုံးပျံ local PDF ထုတ်လုပ်ရေးလုပ်ငန်းများအတွက် - ၁,၀၀၀,၀၀၀ ကျပ် (certificate မရသေး)
Tiger 5 UG - ၃၀၀,၀၀၀ ကျပ်
DRPA - ၅၀၀,၀၀၀ ကျပ်
PLA - ၄၀၀,၀၀၀ ကျပ်
လိပ်ဆင်းတောင် LDF - ၅၀၀,၀၀၀ ကျပ်
Aung San Generation Monywa - ၅၀၀,၀၀၀ ကျပ်
ရေစကြို Pheonix Defense Force - ၅၀၀,၀၀၀ ကျပ်
သပိတ်ရဲဘော် သုံးဦးရှောင်တိမ်းစရိတ် - ၁၅၀,၀၀၀ ကျပ်

◼️မီးရထား ပရောဂျက်မှနေ၍ထောက်ပံ့မှုလိုအပ်နေသော CDM ၈ ဦး အားထောက်ပံ့ပေးခဲ့ပါသည်။ CDM ထောက်ပံ့ငွေ - ၁,၃၅၀,၀၀၀ ကျပ်

လက်ရှိတွင် သိန်းနှစ်ဆယ်နှင့် ငါးထောင့်ကိုးရာ့သုံးဆယ် ကျန်ရှိနေပြီး page တွင်လာရောက်အကူအညီတောင်းထားသော အဖွဲ့များအားခွဲဝေထောက်ပံ့သွားမည်ဖြစ်သည်။

ရရှိသော certificates များအား page တွင် တင်ပြသွားပါမည်။
မင်မင်တို့ကို မျှော်လင့်ချက်တွေ
ပေးမယ့် crhမရှိတော့
တော်လှန်ပြည်သူတွေက လာလာပေးနေကြတာ😔

ကြုံတုန်းလေး ကံစမ်းသွားကြဦး
https://www.facebook.com/108274398171698/posts/pfbid02yr4RvGoBVCPWLUcZxgwvNPTMVr6Ssz9KZbYwfob4ftWWEsgBqmxZrNBVRUGSp4MDl/
Media is too big
VIEW IN TELEGRAM
Song : Air Supply - All out of love

ခေတ်လေးခေတ်ကို ပြန်တမ်းတလိုတဲ့  မိဘပြည်သူများအတွက် ကျွန်တော်တို့ TC family က​နေ
Retro Vibe ပေးစွမ်းနိုင်မယ့် ပစ္စည်းလှလှလေးတွေကို လှူရင်းကူရင်းကံစမ်းနိုင်မယ့် အစီအစဉ်လေးကို မိတ်ဆက်ပေးခဲ့ပါတယ်။ တစ်ခုချင်းစီဟာ တစ်ခေတ်တစ်ခါက CD ခေတ် ၊ Cassette Player ခေတ် ၊Authentic Camera ခေတ်၊CD player ခေတ်တို့ကို ကိုယ်စားပြုထားတဲ့ ပစ္စည်းလှလှလေးတွေပဲဖြစ်ပါတယ်။
  ဒီပစ္စည်းလေးတွေကို အမျိုးအစားတစ်ခုချင်းစီအတွက် လက်မှတ်တစ်ခု-၃၀၀၀ကျပ်နဲ့ကံစမ်းနိုင်ပါတယ်။ သတ်မှတ်ပမာဏထက်ကျော်လွန် လှူဒါန်းပြီးလည်း ပါဝင်ကံစမ်းနိုင်ပါတယ်ခင်ဗျာ။

မနေ့က Day-1 မှာတော့ Retro ပစ္စည်းလေးတွေကိုနှစ်သက်တဲ့ မိဘပြည်သူ အများအပြားလာရောက်အာပေး ကံစမ်းခဲ့ကြပါတယ်။ ဒါပေမဲ့ ရဲဘော်တွေကိုယခင်ထက်ပိုမိုထောက်ပံ့နိုင်ဖို့အထူးလိုအပ်နေသေးတဲ့အတွက် ယနေ့ Day-2  မှာလည်း လာရောက်ကံစမ်းဖို့ ဖိတ်ခေါ်ပါရစေခင်ဗျာ။

https://www.facebook.com/108274398171698/posts/pfbid0vJRF17ApdyFkTctRHd2UChis1LjburS7U6C7CTVi5PBkHrurVkJyWj8XwQH93pX3l/
Retro ပစ္စည်းတွေနှစ်သက်ပေမဲ့ အသုံးပြုပုံမသိကြတဲ့ မိဘပြည်သူတွေကိုရည်ရွယ်တဲ့အနေနဲ့လည်း ကျွန်တော်တို့ TC family ကနေပြီးတော့ ပစ္စည်း လေးတွေ အသုံးပြုပုံလေးတွေကို ပြသပေးထားပါတယ်ဗျ။
အခု ဒီ ကတ်ဆက်လေးက 1987 မှာ ထုတ်လုပ်ခဲ့တဲ့ model ဖြစ်ပြီး  speaker မပါဝင်ပါဘူး။
Speaker အစားထိုးအနေနဲ့ နားကြပ်ကို အထဲထည့်ပြီးပြုလုပ်ထားတာက သူ့အတွက် တစ်မူထူးခြားတဲ့ ဒီဇိုင်းပါပဲ
AA ဓာတ်ခဲ တစ်လုံးထည့်ရတာဖြစ်ပြီးတော့
Speaker/amplifier တို့နဲ့ ချိတ်နိုင်ဖို့ output ပါပါတယ်။

လက်ဆောင်အနေနဲ့တော့ ကိုမျိုးလင်း စုထားတဲ့အခွေတွေထဲကနေ Air Supply အဖွဲ့ရဲ့ love songs tape လေးထည့်ပေးထားပါတယ်။
ဒီ tape ဟာ 1992 ခုနှစ်မှာထုတ်ဝေခဲ့တာဖြစ်ပြီးတော့ Air Supply ရဲ့သီချင်းကောင်းတွေတော်တော်များများပါပါတယ် ခင်ဗျာ။

ဒီပစ္စည်းလေးက ကတ်ဆက်ခွေလေးတွေ ခဲတံနဲ့ထိုးရစ်ရတဲ့ခေတ်လေးကိုပြန်လည်ခေါ်ဆောင်သွားစေမှာဖြစ်ပါတယ်။ခဲတံနဲ့ထိုးရစ်စရာတော့မလိုပါဘူး
rewind system ပါလို့ပါ။
လက်မှတ်လေးကတော့ တစ်စောင်-၃၀၀၀ ကျပ်ပါ။

အဆင်ပြေတဲ့ payment ကို page မှာလာရောက်တောင်းယူနိုင်ပါတယ်။
အဆင်ပြေတယ်မလား မင်းမို့မေးရက်တယ် ပေါက်ကရလေးဆယ်
https://www.facebook.com/108274398171698/posts/375486848117117/
ဒီမယ် လာဝယ်ကြ 😤😤
ပစ္စည်းလေးကတော့
ဓာတ်ပြားဖွင့်တဲ့စက်လေးပဲဖြစ်ပါတယ်။
Built-in speaker ပါဝင်သလို ပြင်ပ amplifier,speakers စတာတွေနဲ့လည်း တပ်ပြီး သုံးလို့ရပါတယ် ။
ပါဝင်တဲ့ speaker ကိုယ်တိုင်ကိုက အသံကြည်လင် ကျယ်လောင်ပြီး ပြတ်သားတာကြောင့် ဖွင့်လိုက်တာနဲ့ ဓာတ်ပြားခေတ်ကိုပြန်ရောက်သွားစေမှာပါ။
ဒါ့အပြင် တည်ဆောက်ထားပုံက လက်ဆွဲအိတ်ပုံစံမျိုးလေးလုပ်ထားတာမို့ ပေါ့ပေါ့ပါးပါးသယ်ဆောင်သွားနိုင်ပါတယ်ဗျာ။

လက်ဆောင်အနေနဲ့ကတော့
Queen - The works ဓာတ်ပြားလေးထည့်ပေးမှာပါ။
ဒီဓာတ်ပြားဟာ 1984 မှာရိုက်နှိပ်ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။ သေသေချာချာစုဆောင်းထားတာမို့
မဲပေါက်တဲ့သူအနေနဲ့ အမြတ်တနိုးကိုင်တွယ် အသုံးပြုပေးပါနော် 🖤
လုံခြုံရေးအခြေအနေကြောင့် တော်လှန်ရေးပြီးမှ ပစ္စည်းပို့ပေးပါ ဆိုရင်လည်း ကျွန်တော်တို့ကသေချာသိမ်းပေးထားပါ့မယ်။
ဒီပစ္စည်းလေးကနေ ရည်းစားစာကို စာနဲ့ရေးရသလို ခံစားချက်မျိုး၊ဓာတ်ပြားခေတ်ရဲ့အငွေ့အသက်တွေ၊analog music ရဲ့တစ်မူထူးခြားတဲ့အရသာတွေ ရရှိနိုင်စေဖို့မျှော်လင့်ပါတယ်ဗျာ

လက်မှတ်လေးကတော့ တစ်စောင် - ၃၀၀၀ ကျပ်ပါ
Song :Elvis - Can’t help falling in love

(10% တောင်မရောင်းရသေးလို့ လာကြပါဦး)

ကတ်ဆက်ခေတ်လေးတွေပြီးသွားတော့ CD ခေတ်ပေါ့။
Portable CD player လေးတွေကတော့ မြန်မာမှာသိပ်ပြီး မတွင်ကျယ်ခဲ့ပါဘူး အနှေးနဲ့အမြန်ဆိုသလို TV နဲ့တွဲဲဖွင့်လို့ရတဲ့ VCD DVD စက်တွေ ဝင်ရောက်လာတာကြောင့်ပါ။သီချင်းနားထောင်လို့ရတဲ့ CD player လေးတွေကလည်း သူ့ အရသာနဲ့သူ လှပနေတုန်းပါပဲ။

ဒီ Panasonic CD player လေးကတော့ 1998 မှာ ထုတ်လုပ်ခဲ့တာဖြစ်ပြီးAA 1.5 V ဓာတ်ခဲ နှစ်လုံး တပ်ဆင်အသုံးပြုနိုင်ပါတယ်။Amp/speaker/earphones တို့အတွက် output တစ်ခုပါပြီးတော့ တော်တော်လေးလည်းပေါ့ပါတယ်။Body မှာတော့ ခြစ်ရာလေးနည်းနည်းရှိပါတယ်။
CD player လေးနဲ့ တွဲပြီးနားထောင်နိုင်ဖို့ ပေါ့ပေါ့ပါးပါးလေးနဲ့ အသံကြည်တဲ့ Casio က stereo Headphones လေးထည့်ပေးထားပါတယ်။

ဒါ့အပြင်လက်ဆောင်အနေနဲ့ 2002 မှာ ထွက်ရှိခဲ့တဲ့ Elvis - Hollywood Hits CD ခွေကိုထည့်ပေးထားပါတယ်ခင်ဗျာ။

လက်မှတ်လေးကတော့ တစ်စောင် - ၃၀၀၀ ကျပ်ပါ
လက်မှတ်အရေအတွက်အနည်းငယ်သာရောင်းချရသေးလို့ အားပေးကြပါဦးနော်

https://m.facebook.com/story.php?story_fbid=375486848117117&id=108274398171698
Item 4 - Olympus Film camera + kodak film 500T

https://fb.watch/flH-RAay3b/

ဒီပစ္စည်းလေးကတော့ တစ်ချိန်က မှတ်တမ်းရုပ်ရှင်တွေ ၊ ဓာတ်ပုံတွေကို ဖလင်ကင်မရာလေးတွေနဲ့ ဖလင်ဆေးပြီးဓာတ်ပုံလေးတွေပြန်ထုတ်ရတဲ့ခေတ်လေးကိုလည်း အမှတ်ရစေဖို့ ယူဆောင်ပေးမယ့် ပစ္စည်းလေးတစ်မျိုးပဲဖြစ်ပါတယ်။
90s ခေတ်မှာ ဘိုးဘိုးဘွားဘွားတို့ရဲ့ ငယ်ဘဝအမှတ်တရတွေကို သိမ်းဆည်းထားကြတဲ့ ရတနာတစ်ခုဆိုလည်းမမှားပါဘူး။

ဒီကင်မရာလေးက Olympus Superzoom 70 ဖြစ်ပြီး သူ့ကို ၁၉၉၃ မှာ ထုတ်ခဲ့တာပါ။
နာမည်နဲ့အညီ 38 mm ကနေ 70 mm ထိ zoom ဆွဲလို့ရပါတယ်။ဒါ့အပြင် panorama mode ပါပါဝင်ပါသေးတယ်။လူတိုင်းအလွယ်တစ်ကူရိုက်နိုင်မယ့် point and shoot camera ကိုပဲရွေးပေးထားပါတယ်။ ချိန်ပြီး Flash ဖွင့်ရိုက်ဖို့တော့ အကြံပေးချင်ပါတယ်။ ဖလင်ကင်မရာတွေက Flash မပါရင် သုံးတဲ့ ဖလင်ပေါ်မူတည်ပြီး အရမ်းမှောင်တတ်ပါတယ်။
လက်ဆောင်အနေနဲ့ Kodak 500T
ISO 500 film လိပ်လေးတစ်လိပ်ထည့်ပေးထားပါတယ်။

ယနေ့အချိန် ၂၀၂၂ ရောက်တဲ့ထိ မြန်မာနိုင်ငံမှာ ဖလင်ဓာတ်ပုံဆရာတွေရှိဆဲ ၊ဖလင်ဆေးတဲ့နေရာတွေ ရှိနေဆဲပါ။ဒီပစ္စည်းလေးကနေတစ်ဆင့် ဖလင်ပေါ်က နက်ဂတစ်ပုံရိပ်တွေရဲ့အလှကို ခံစားနိုင်မယ်လို့မျှော်လင့်ပါတယ်ဗျာ။

ဘိုးဘိုး၊ဘွားဘွားတို့လို စာအုပ်ကြားထဲဖလင်ညှပ်သိမ်းထားပြီး အမှတ်တရ ဓာတ်ပုံလေးတွေကို Retro ဆန်ဆန် ဖန်တီးလိုတဲ့ မိဘပြည်သူများ အနေနဲ့ လက်မှတ်တစ်စောင် ၃၀၀၀ ကျပ်နဲ့ ကံစမ်းနိုင်ပါပြီခင်ဗျာ။

Original post- https://m.facebook.com/story.php?story_fbid=375486848117117&id=108274398171698
မင်္ဂလာပါခင်ဗျာ
မိဘပြည်သူတို့ သိရှိပြီးသား ဖြစ်နိုင်သလို၊ မသိရှိသေးတဲ့ မိဘပြည်သူများအတွက် ကျွန်တော်တို့ To Comrades မှ ဦးဆောင်ပြုလုပ်တဲ့ " ခေတ်လေးခေတ် ပစ္စည်းလေးမျိုး " အစီအစဥ်မှာ ထိုင်ဝမ်က ပြည်သူများပါ ပါဝင်လှူဒါန်းနိုင်ကြောင်းအသိပေးပါရစေ။

" ခေတ်လေးခေတ် ပစ္စည်းလေးမျိုး "အစီအစဥ်ကို ထောက်ပို့အဖွဲ့အစည်းများဖြစ်သော ကျွန်ုပ်တို့ To Comrades နှင့် Taiwan အခြေစိုက်
The Breeze တို့ ယနေ့မှစ၍ ပူးပေါင်းဆောင်ရွက်တော့မည်ဖြစ်ပါသည်။

ထို့ကြောင့် ကျွန်တော်တို့ TCရဲ့ ခေတ်လေးခေတ်မဲလက်မှတ်များကိုလဲ ထိုင်ဝမ်မှ မြန်မာပြည်သားများအနေဖြင့် The Breeze - Taiwanတွင် သွားရောက်ဝယ်ယူနိုင်ပြီ ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

The Breeze - Taiwan Page Link
https://www.facebook.com/The-Breeze-Taiwan-105388371969673/
" ခေတ်လေးခေတ် ပစ္စည်းလေးမျိုး "ဆိုတာဘာလဲ?
စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်နေကြတဲ့ ရဲဘော်တွေကို မဲလက်မှတ်ဝယ်ယူရင်း ကူညီထောက်ပံ့နိုင်သလို
ပစ္စည်းလေးမျိုးကို မဲဖောက်ပြီး ထောက်ပံ့ခဲ့တဲ့ ပြည်သူများသို့ အမှတ်တရလက်ဆောင်အဖြစ် ပြန်လည်ပေးအပ်ရန် ပြုလုပ်ထားတဲ့ အစီအစဥ်တစ်ခုဖြစ်ပါတယ်။

" ခေတ်လေးခေတ် ပစ္စည်းလေးမျိုး " အစီအစဉ်၏ အသေးစိတ် အကြောင်းအရာကို အောက်ပါLink တွင် သွားရောက်ဖတ်ရှုနိုင်ပါသည်။
https://www.facebook.com/108274398171698/posts/pfbid02yyhwtdpufsERAL7XtjkGuNNbBUmsMVS6gtmJKXR2wjsYBLe4efRyvy7oKYhXan5Bl/

ရဲဘော်တွေကို ကူညီထောက်ပံ့ရင်း အမှတ်တရလက်ဆောင်ယူနိုင်မှာဖြစ်တဲ့အတွက် မိဘပြည်သူအားလုံး ပါဝင်ပေးကြဖို့ တိုက်တွန်းပါရစေ။
◼️August လ အတွင်း ထောက်ပံံ့ခဲ့မှုများမှ certificate ရရှိသော ထောက်ပံံ့မှုများ

- အချို့သောထောက်ပံံ့မှုများအတွက် ရဲဘော်တို့၏အခြေအနေအမျိုးမျိုးကြောင့် certificate မရရှိသေးပါ။