To Comrades - ရဲဘော်များသို့
436 subscribers
1.05K photos
36 videos
1 file
324 links
Download Telegram
မိဘပြည်သူများခင်ဗျား ဒီပုံကတော့ မနှစ်က ဆောင်းရာသီအတွက် စစ်ဘေးရှောင်ဒေသတွေနဲ့ ရဲဘော်တွေဆီကိုပို့ပေးတဲ့ အနွေးထည်ပုံစံပဲဖြစ်ပါတယ်။ ကျွန်တော်တို့ admin team မှ တစ်ယောက်က ဝတ်ပြထားတာပါ။ ဒီနှစ်ကိုလည်း လိုအပ်နေတဲ့ဒေသများဆီ မိဘပြည်သူများရဲ့ထောက်ပံ့မှုအပေါ်မူတည်ပြီး ဒီလိုအနွေးထည်များကို ပို့ပေးဖို့ လုပ်နေပါတယ်။
အနွေးထည်အစီအစဉ်ဟာ လက်ရှိဆောင်းစရိတ် campaign မှာ ပါဝင်ပါတယ်ခင်ဗျာ ။ ဒေသလည်းများ၊ရဲဘော်လည်းများနေတဲ့အတွက် တတ်နိုင်သလောက် အနွေးထည်များ လာရောက်ထောက်ပံ့ပေးကြပါဦးခင်ဗျာ။
#tocomrades
ဒီလိုမြို့ပြပျောက်ကြား တော်လှန်ရေးသမားတွေဟာ နယ်ပယ်ဒေသအစုံမှ စစ်အာဏာရှင်ပြုတ်ကျရေးအတွက် လှုပ်ရှားနေကြတဲ့လူငယ်အဖွဲ့တွေဆိုလည်းမမှားပါဘူး။
" Dec 16 ရက်နေ့က မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်ကို ၁၀၇ မမ ၅လုံးနဲ့ တိုက်ခိုက်၊ Dec 4 ရက်နေ့တွင် ရွှေပြည်သာ တံတားအဆင်း ၁၄ လမ်းဆုံးအနီးမှယာဥ်စစ်ရဲအဖွဲ့အား အဝေးထိန်းစနစ်ဖြင့်တိုက်ခိုက်၊ များစွာသော စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများ ပ_စ်သ_တ်ခံရ " အစရှိတဲ့ mission ပေါင်းများစွာကို ဆောင်ရွက်ခဲ့တဲ့ မြို့ပြပျောက်ကြား တော်လှန်ရေးရဲဘော်တွေဟာ mission အောင်နိုင်ဖို့ရာအတွ်က် အစစအရာရာသတိထားပြီး ဆောင်ရွက်ခဲ့ကြသလို လုံခြုံရေးအရလည်း အထူးသတိထားရပါတယ်။ ဒီလို အခက်အခဲများစွာကြားမှ တော်လှန်နေသလို စစ်ကောင်စီရဲ့သတင်းပေးဒလန်များကြောင့် safe house ရှာဖွေခံရခြင်း ၊ ဝရမ်းထုတ်ဖမ်းခံရခြင်း ၊ ထောင်ဖမ်းခြင်း စတဲ့ လူမဆန်သောလုပ်ရပ်များပြုလုပ်ပြီး ရဲဘော်တွေကို ချေမှုန်းနေတာလည်းခါးသီးတဲ့အမှန်တရား တစ်ခုပါပဲ။ အခက်အခဲနဲ့ရင်ဆိုင်နေရတဲ့ ရဲဘော်တွေကို လုံခြုံဘေးကင်းရာသို့ရွှေ့ပြောင်းပေးနိုင်ဖို့နဲ့ mission များဆက်လက်ဆောင်ရွက်နိုင်ဖို့ မိဘပြည်သူများရဲ့ထောက်ပံ့မှုအား လိုအပ်ပါတယ်ခင်ဗျာ ။ တတ်နိုင်သည်ထက်ပိုတဲ့အင်အားနဲ့ကူညီပေးနိုင်ဖို့ page chat box ကိုလာရောက်လှူဒါန်းနိုင်ပါတယ်ခင်ဗျာ။

#tocomrades
ဖိနှိပ်မှုတွေကြားကနေ တော်လှန်အားကောင်းနေဆဲ ဖြစ်တဲ့အညာမြေဟာ အဆုံးအရှုံးများစွာနဲ့ ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။
အညာဒေသရဲ့ စိတ်မကောင်းဖွယ်ရာဖြစ်ရပ်တွေဟာ ဒုနဲ့ဒေးဖြစ်ပါတယ်။ ဒါတွေဟာမေ့ထားလို့မရ တဲ့ ခါးသက်တဲ့ဖြစ်ရပ်တွေဆိုလည်းမမှားပါဘူး။
ပြည်သူများမမေ့သေးဘူးလို့ယုံကြည်ပါတယ်။
ဒါကြောင့် ကျွန်တော်တို့ TC ကနေ စီစဥ်ထားတဲ့အညာမြေအတွက် ထောက်ပံ့ပေးဖို့ အရက်မဲ Campaign လေးရဲ့ ဒုတိယရက်လေးမှာ ပါဝင်ပေးကြပါဦးခင်ဗျာ။

Blue Label 750ml 1 ဘူး နဲ့ Ballantine’s 750ml 1 ဘူးဖြစ်ပြီး မဲပေါက်သူတစ်ဦးတည်းသာ 2 ဘူးလုံး ပိုင်ဆိုင်ရမှာပါ။
လက်မှတ်ကတော့ တစ်မဲကို 10000 ကျပ်
ဖြစ်ပြီး အကန့်အသတ်မရှိ စိတ်ကြိုက်လာရောက်ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။
အညာမြေအတွက်အုပအတစ်ချပ်သဲတစ်ပွင့်အဖြစ်ပါဝင်ရင်း အရက်ကောင်းလေးသောက်ဖို့လာရောက်ကံစမ်းပေးကြပါဦးခင်ဗျာ။

#ToComrades
''မပြီးဆုံးသေးတဲ့ ၈လေးလုံး
လူထုလွတ်မြောက်ရေးဒို့အတူရုန်း''

ယနေ့August လ ၈ရက်နေ့သည် ကျောင်းသား၊ ပြည်သူများ၏ အသက်၊ သွေး၊ ချွေးများစွာ ပေးဆပ်ခဲ့ရသည့် လူထုလွတ်မြောက်အရေးတော်ပုံကြီး (၃၅)နှစ် ပြည့်မြောက်သည့်နေ့ဖြစ်ပါသည်။

၈၈၈၈ အရေးတော်ပုံကြီး မှ ယနေ့အချိန်ထိ နွေဦးတော်လှန်ကြီးတွင် အသက်ပေါင်းများစွာကို ရင်းကာလူထုတရပ်လုံးလွတ်မြောက်ဖို့ရာ တိုက်ပွဲဝင်လျက်ရှိသော ရဲဘော်ရဲဘက်အားလုံးကို ‌ဂုဏ်ယူလေးစားပါတယ်ခင်ဗျာ၊ ကျွန်တော်တို့အားလုံးအတူတကွလက်တွဲ၍ အာဏာရှင်အား အပြီးတိုင်တိုက်ထုတ်ကြဖို့ တိုက်တွန်းနိုးဆော်လိုက်ရပါတယ်ခင်ဗျ။

#Tocomrades
#၈၈၈၈
#၈လေးလုံး
#August8