တပ်ကြပ်ကြီးဖိုးကွန်း
22.4K subscribers
10.3K photos
1.05K videos
676 links
Download Telegram
.         #အဖြေထုတ်ပေးလိုက်တဲ့_မိုဒီ

အမေရိကန်ဦးဆောင်တဲ့
IPEF - အင်ဒိုပစိဖိတ်စီးပွားရေးကနေ
အိန္ဒိယအနေနဲ့နှုတ်ထွက်ပြီး....
တရုတ်ဦးဆောင်တဲ့
SCO -ရှန်ဟိုင်းပူးပေါင်းရေးအဖွဲကို
ဝင်ရောက်လိုက်တာဟာ....

ကမ္ဘာကြီးကို မိုဒီက
ရှင်းလင်းပြတ်သားတဲ့ အဖြေတခု
ထုတ်ပေးလိုက်တာပဲဖြစ်ပါတယ်၊

ဒီမိုကရေစီအရေခြုံ
အမေရိကန် အာဏာရှင်အုပ်စုက
ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်တဲ့
အိန္ဒိယလိုနိုင်ငံ နှုတ်ထွက်သွားတာဟာ
အနောက်အုပ်စုအတွက်
နိုင်ငံရေးအရ...
အနုမြူဗုံးအကြဲခံလိုက်ရသလို
ဖြစ်သွားစေမှာတော့ အမှန်ပါပဲ၊

ကမ္ဘာ့အခင်းအကျင်းသစ်ရဲ့
စုတ်ချက်ဟာ အနောက်အုပ်စုရဲ့
လက်ထဲမှာလား ?
အရှေ့အုပ်စုရဲ့ လက်ထဲမှာလား ?
ဆိုတာကလဲ... မကြာခင်မှာ
ကွဲကွဲပြားပြား မြင်တွေ့လာကြတော့မှာပါ။

#NayZinLatt   ( 16.9.22 ) 🌺
.    #အကြိုစမ်းသပ်ကြခြင်း

- ပူတင်က ရုရှားထိမ်းချုပ်ထားတဲ့
   ယူကရိမ်းနယ်မြေကို ထိပါးခြိမ်းခြောက်
   ခံရရင်၊ နျူအပါအဝင် ဖြစ်နိုင်တဲ့
   လက်နက်အားလုံးအသုံးပြုသွားမယ်လို့ဆို၊

- ဘိုင်ဒင်က နျူလက်နက်ဟာ
   နှစ်ဖက်လုံး အကြီးအကျယ်ပျက်စီးစေပြီး
   ဘယ်သူမှအနိုင်မရနိုင်တဲ့ အသုံးပြုမှုလို့ပြော၊

- US ထိတ်ပိုင်းမှာ WW -3 ကိုရှောင်ရှားနိုင်ဖို့
   ကြိုးစားနေရပြီလို့ ဘိုင်ဒင်ပြောခဲ့၊

-  ပူတင်ဖက်က အရံစစ်သည် (၃၀၀,၀၀၀) ကို
    အသင့်အနေအထားရှိဖို့ အမိန့်ထုတ်ခဲ့ပြီး
    ကန့်သတ်စစ်ပွဲပြင်ဆင်ခြင်း
    Partial Mobilization ကိုဆောင်ရွက်၊

-  ဇလန်စကီးက ပိုပြီးအဆင့်မြင့်လက်နက်တွေ
    ပေးဖို့တောင်းဆို၊ စစ်ရှိန်မြှင့်ရင် နျူလက်နက်
    ပါလာနိုင်တာကြောင့် NATO ဖက်က စစ်ရေး
    အကူလျော့ချ၊ အမေရိကန်အကြပ်ရိုက်၊

-  ဇလန်စကီးက နောက်ဆုံးမှာတော့
    အမေရိကန်တနိုင်ထဲကိုသာ မျှော်လင့်ချက်
    ရှိတော့တယ်လို့ စိတ်ပျက်စွာထုတ်ဖေါ်၊

-  ဂျာမဏီအပါ ဥရောပ အမှောင်ကျ
    စက်ရုံ အလုပ်ရုံများပိတ်သိမ်း၊

-  အမေရိကန်အနေနဲ့
    ဇလန်စကီးကို အဆင့်မြင့်လက်နက်ပေးပြီး
    စစ်ရှိန်မြှင့်မလား ?
    အခန့်မသင့်ရင် စစ်မီးအကူးခံမလား ?

#NayZinLatt   ( 22.9.22 ) 💥
.          #မှန်မလား_မှားမလား   ?

Fed က အတိုးနှုံးကို ဆက်တိုက်မြှင့်နေတယ်
ပညာရှင်တွေတားနေတဲ့ကြားကပဲ
ခေါင်းမာမာနဲ့ အတိုးနှုံးကိုဆက်မြှင့်နေတာမျိုး
နောက်ဆုံး BlackRock ကတောင်ပြောလာပြီ

" ဒီအချိန်ဟာ စတော့တွေကိုရှောင်ရမဲ့အချိန်"

စတော့ဈေးတွေ ကမောက်ကမနဲ့
ထိုးကျနေတယ်၊ အခြားငွေကြေးတွေလဲ
ဒေါ်လာနဲ့ယှဉ်ရင် တန်ဘိုးထိုးကျတယ်၊

ဆက်စပ်သတင်းတခုမှာ
ဟောင်ကောင်က ကမ္ဘာ့သူဌေးကြီး
လီကာရှင်းဆိုရင် £ တန်ဘိုးကျသွားလို့
တရက်ထဲမှာ $ 1.5 Billion ဆုံးရှုံးသွားတယ်တဲ့။

...........

သာမန်ကြည့်ရင်တော့
အမေရိကန်ဟာ သူ့ပြည်တွင်းက
ငွေကြေးဖေါင်းပွမှုကို လျော့ကျစေဖို့
ငွေတန်ဘိုးမြှင့်လိုက်တာလို့ မြင်ရပေမဲ့
ဖြန့်ကျက်စဉ်းစားတဲ့အခါ
Financial war ကိုစပြီး အစပျိုးနေတာ၊

တကမ္ဘာလုံးနဲ့ တယောက်ဖြစ်စဉ်မျိုး
$ တန်ဘိုးမြင့်လာတော့
ဥပမာ - ရွှေ၊ ရေနံဈေး ကျလာမယ်
ရေနံရောင်းတဲ့ OPEC အထိနာမယ်
ရွှေထုတ်ရောင်း၊ ရေနံထုတ်ရောင်းတဲ့
ရုရှား ဝင်ငွေလျော့လာမယ်၊
စစ်စရိတ်မကာမိရင် ယူကရိမ်းစစ်မှာ
ရုရှား ရေရှည်စစ် မဆင်နွှဲနိုင်တော့ဘူး...
.... စသဖြင့်ပေါ့၊

............

ဒီလို ဗျူဟာမျိုးက
ကိုယ်ကလဲ အနာခံထွက်ရိုက်ရတာမျိုး
ဖြစ်လေတော့.... Risk ကြီးတယ်၊
လောလောဆယ်မှာကို
အမေရိကန် စတော့တွေ စထိတာခံနေရပြီ

နောက် (၄-၅) လလောက်ဆို
အဖြေတခုထွက်လာပါလိမ့်မယ်၊
အဲ့ဒါကတော့....
Recession ဟာ အမေရိကန်က
စတင်လိုက်ပြီဆိုတဲ့
အဖြေဖြစ်ဖို့များပါတယ်။

#NayZinLatt  ( 28.9.22 ) 🤒
.       #ကမ္ဘာကြီးကျန်းမာရေး_ကောင်းပါ့မလား ?

ရုရှားနဲ့ အနောက်အုပ်စုရဲ့
အခြေအနေက တင်းမာသထက်
ပိုတင်းမာလာနေတာတွေ့ရတယ်၊

" နျူ" စကားတွေ ဘာတွေအထိ
ပြောလာဆိုလာကြပြီ၊
အကဲခတ်ကောင်းသူတွေကတော့
အန္တရာယ်မျဉ်းနားအထိ ရောက်လာကြပြီလို့
ဆိုတယ်၊

ဖြစ်နိုင်နေတယ်
သမ္မတဟောင်း ထရမ့်ရော
ဂျာမဏီအဓိပတိဟောင်းရောက
စိုးရိမ်စိတ်နဲ့ ကြားဝင်ပေးလာတာတွေ့ရတယ်၊

မာကဲလ်ကဆိုရင်
" ပူတင့်စကားတွေကို အလေးအနက်ထားပါ "
ဆိုပြီး သတိပေးလာရတဲ့အထိဖြစ်လာပါတယ်၊

ပုံခရက်ဒစ်... Maung Maung Kyi.

#NayZinLatt  ( 29.9.22 ) 🤒
Forwarded from Nay Zin Latt We Love (sansan htay)
. #သေမလား_သတ်မလား ?
Kill or be killed ?

WW-2 နောက်ပိုင်း ယူကရိမ်းစစ်ဟာ
အကြီးဆုံးဖြစ်လိမ့်မယ်လို့ ယူကေ က
ပြောခဲ့တယ်၊ ဖြစ်လာခဲ့တယ်၊
စစ်ဟာ WW-2 လို နိုင်ငံတွေသာ
မကျယ်ပြန့်ခဲ့ပေမဲ့ Special Operation
ဆိုတဲ့ ကန့်သတ်စစ်ပွဲ အနေနဲ့ စစ်ရှိန်
အတော်ပြင်းထန်ခဲ့တယ်၊
ကိယက်ကိုတိုက်ခဲ့ရင် ကမ္ဘာကြီး
အတော် ဗလောင်ဆူလိမ့်ဦးမယ်
လောလောဆယ်မှာတင် ယူကရိမ်းကနေ
ထွက်ပြေးသူ (၁၁) သန်းကျော်အတွက်
အနီးဝန်းကျင် NATO အုပ်စု နိုင်ငံတွေမှာ
ဝန်ထုတ်ဝန်ပိုး အတော်ဖြစ်နေပြီ၊

.............

စွမ်းအင်နဲ့ အစားအသောက်ကို
ကိုင်ကစားထားနိုင်တဲ့ ရုရှားအနေနဲ့
အရေးယူပိတ်ဆို့မှုတွေကြောင့်
အနောက်အုပ်စုတွက်ဆထားသလို
ရုရှားဟာ ယိုင်မသွားသေးဘူး၊
စစ်သည် (၃၀၀,၀၀၀) ကိုတောင်
ချက်ခြင်းစုပြီး၊ နောက်တဆင့်မြင့်
စစ်ပွဲအတွက်ပြင်ဆင်ထားကြောင်း
ပြလိုက်သေးတယ်၊

..........

ဒီနေ့၊ မနက်ဖန်ကြေငြာတော့မဲ့
ဒွန်းဘတ်က နယ်မြေ (၄) ခုဟာ
ရုရှားဖြစ်သွားပြီ၊ ယူကရိမ်းတခုလုံးရဲ့
(၂၀)% လောက်ရှိမဲ့ အဲ့ဒီနယ်မြေက
ယူကရိမ်းစုစုပေါင်း အစားအစာရဲ့
၃၀% ကျော်ကိုထုတ်လုပ်ပေးနေတဲ့နေရာ၊

ရေနဲ့ကို ပူတင်က ဆော်ဒီနဲ့ညှိပြီး
လျော့ထုတ်မယ် ( ရေနံဈေး တက်မယ် )
ဒွန်းဘတ်နယ်မြေ (၄) ခုကထွက်တဲ့
အစားအစာဟာ ရုရှားထုတ်ဖြစ်လာမယ်
( အစားအစာဈေး ပိုကြီးတော့မယ် )

စွမ်းအင်နဲ့ အစားအသောက်ကို
ရုရှားဖက်က ပိုကိုင်ကစားနိုင်တဲ့
သဘောဖြစ်သွားပြီ၊

............

ပိုကြီးတဲ့စစ်ကို မီးမွှေးမဲ့
Nord stream ဓါတ်ငွေ့ပိုက်လိုင်း
ပေါက်သွားတယ်၊ ဒါက စစ်ရှိန်မြင့်စေမဲ့
Cause တခုဖြစ်လာလိမ့်မယ်၊
ပူတင့်ဖက်က Tactical nuke အပါအဝင်
အရေးပါတဲ့နေရာတွေမှာ အဆင့်မြင့်
လက်နက်တွေ ဖြန့်ကျက်ထားလိုက်ပြီ၊

Mail online အပါအဝင် အချို့သော
အနောက်အုပ်စု မီဒီယာတချို့က
Nord stream ကို ရုရှားက ပြန်ပြီး
ဖေါက်ခွဲတယ်လို့ ရေးသားကြပြီး
ငြင်းမရတာ တချက်က Biden ပြောခဲ့တဲ့
စကားတခွန်းပဲ၊

" ယူကရိမ်းကို ရုရှားတွေကျူးကျော်ရင်၊
ရုရှားတင့်ကားတွေ ယူကရိမ်းထဲဝင်လာခဲ့ရင်
Nord Stream မရှိစေရတော့ဘူး "

..........

အထူ 1.5" ပိုက်ကြီး အလိုအလျောက်
ပေါက်ကွဲဖို့ ဖြစ်နိုင်ခြေနည်းပါးတယ်
ကနဦးစစ်ဆေးချက်အရ "ဖေါက်ခွဲခံရ"
တဲ့ သဲလွန်စတွေတွေ့ရတယ်လို့ပြောတယ်၊
ဒိန်းမတ် ဝန်ချုပ်ကိုယ်တိုင်ပြောတာ၊
CIA နဲ့ ယူကေတို့ ပူးပေါင်းကြံစည်တာလို့လဲ
အသံတွေထွက်လာကြပြန်တယ်၊

Nord stream ဖေါက်ခွဲခံရတာတော့
သေခြာသလောက်ပဲ၊ လက်သည်ပဲ
မဖေါ်ထုတ်နိုင်သေးတာ၊ ဘာပဲပြောပြော
Nord stream ကိစ္စကိုအကြောင်းပြုပြီး
အကြပ်အတည်းတခုဖြစ်စေမဲ့
လက္ခဏာတချို့တော့ ပြလာလေပြီ၊

.............

EURO zone တခုလုံးရဲ့ 2022 GDP က
" Zero". အမေရိကန်အကြွေးကလဲ
သူ့ GDP ထက်ကျော်နေပြီ၊
အတိုးနှုံးကလဲ မြှင့်ပြီးရင်းမြှင့်နေလို့
အကြွေးပိုကြီလာဦးမယ်၊
inflation ကိုလဲ မသတ်နိုင်ပြန်
ဒီအတိုင်းသွားရင် တရုတ်ကို
ကမ္ဘာ့စီးပွားရေးမှာ အဆင့် (၁) ကို
ပေးရတော့မယ်၊

စစ်လွတ်နေတဲ့ တရုတ်ကို အမေရိကန်က
စစ်ထဲ အတင်းဆွဲသွင်းနေတယ်၊
တရုတ်ကလဲ ပါးနပ်တယ်၊ ထိုင်ဝမ်ကိစ္စမှာ
စစ်ရှောင်ထွက်သွားသလို၊ ယူကရိမ်းစစ်မှာလဲ
ကိုယ်ပေါင်းစိတ်ခွာပုံစံ၊

..........

ယူကရိမ်းစစ်က ရေရှည်ဖြစ်လာရင်
ရုရှားအတွက်မကောင်းလှတာတော့ရှိတယ်၊
အခုတောင် ရုရှားအနေနဲ့ စွမ်းအင်ဖက်က
ဝင်ငွေ စလျော့လာပြီ၊

စစ်ကိုရေရှည်ဆွဲဖို့ အနောက်အုပ်စု
အားသန်ပုံရတယ်၊ အများနဲ့တယောက်ဆိုတော့
ရုရှားဖက်ကလဲ ဒီအချက်ကိုသိထားပုံရတယ်၊
ဒီအချိန်မှာ တိုက်ဆိုင်စွာ Nord Stream ကိစ္စ
ပေါ်လာပါတော့တယ်၊

ရုရှားဖက်က
ယူကေ၊ ဂျာမဏီ၊ ပိုလန်ကနေ
အမေရိကားအထိ သူ့ရဲ့အသံထက်မြန်တဲ့
မစ်ဆိုင်းတွေဟာ ဘယ်နိုင်ငံကို
ဘယ်နှစ်စက္ကန့်၊ ဘယ်နှစ်မိနစ်အတွင်း
အရောက်ပစ်နိုင်တယ် ဆိုတဲ့ သတိပေးမှုတွေကို
ပြောဆိုလာတာတွေလဲတွေ့ရတယ်၊

............

အမေရိကန် သမ္မတဟောင်း ထရမ့်က
US-Russia အကြား စေ့စပ်ဆွေးနွေးပေးဖို့
အသံပေးလာတာရယ်...
ဂျာမဏီ အဓိပတိဟောင်း မာကဲလ်ကလဲ
ပူတင့်စကားတွေကို အလေးအနက်ထား
စဉ်းစားကြပါလို့ အနောက်အုပ်စုကို
သတိပေးထားတာတွေရယ်ကို ပေါင်းလိုက်ရင်...

သိပ်မဝေးတဲ့အနာဂါတ်
လာမဲ့ "လ" အနည်းငယ်အတွင်းမှာ
အခုရင်ဆိုင်နေရတာထက် ပိုလွန်တဲ့
ကမ္ဘာ့အကြပ်အတည်းတခုကို
ရင်ဆိုင်ကျော်ဖြတ်ကြရလိမ့်ဦးမယ်လို့
အားလုံးက သဘောပေါက်နိုင်ကြပါလိမ့်မယ်။

#NayZinLatt ( 30.9.22 ) 😪
Forwarded from Nay Zin Latt We Love (sansan htay)
. ဘယ်လာရုစ် သမ္မတ
အလက်ဇန္ဒား လူကာရှန်ကို က...

" ယူကရိမ်းစစ်ကို ရပ်ချင်ရင်
ချက်ခြင်းရပ်လို့ရပါတယ်၊
အမေရိကန်နဲ့ NATO က လက်နက်တွေ
မထောက်ပံ့ပေးနဲ့တော့ပေါ့၊
ယူကရိမ်းလဲ ဖွတ်ဖွတ်ညက်ကြေနေပါပြီ
လက်နက်တွေ ဆက်ပြီးထောက်ပံ့ပေးနေရင်တော့
နျူကလီးယားစာ မိသွားလိမ့်မယ် "

ထရမ့်နဲ့ မာကဲလ်ကလဲ
ပူတင်ရဲ့စကားတွေကို လျော့မတွက်ဖို့
အလေးအနက်ထားဖို့ သတိပေးထားပါတယ်။

#NayZinLatt ( 1.10.22 )
Forwarded from Nay Zin Latt We Love (sansan htay)
ပူတင်ရဲ့
နျူကလီးယားစကားတွေဟာ
ခြိမ်းခြောက်ရုံသက်သက်လို့
မယူဆစေလိုဘူး... လို့
အမေရိကန် ကာကွယ်ရေးဝန်ကြီး
Austin က သတိပေးပြောကြားလိုက်တယ်၊

အံ့ပါ့နော်
အခုထက်ထိ အဲ့ဒီကိစ္စကို
ပြောနေရတုန်းပဲလား
ပူတင်ဟာ
NATO မဟုတ်သလို
ရှီကျင့်ဖျင်လဲမဟုတ်ဘူး၊

ဘိုင်ဒင်လို စကားပြောပြီး
မေ့သွားတတ်တဲ့ သူမဟုတ်သလို
ဂျာမန်က အဓိပတိကြီးလို
ရှေ့တမျိုး၊ နောက်တမျိုးလဲ
ပြောတဲ့သူမဟုတ်ပြန်၊

လောလောဆယ်
အနုမြူတလုံးနဲ့ မြို့ကြီးတမြို့ကို
ပြာချပစ်နိုင်တဲ့ အနုမြူ အလုံးပေါင်း
(၂၀) လောက်အနည်းဆုံးပါသွားတဲ့
ရေငုတ်သင်္ဘောတွေ ရုတ်တရက်
ခြေရာခံမရအောင် ပျောက်သွားတာ
အမေရိကန် အလက်စ်ကာ အနီးမှာ
ရုရှား+တရုတ်+အီရန်နဲ့
လူမြင်သူမြင် စစ်ရေးလေ့ကျင့်နေတယ်များ
ထင်နေကြဦးသလား မသိဘူး၊

" Nord Stream ကိုထိရင် တွေ့မယ်"... လို့
ပြောထားတဲ့ ပူတင့်စကားကို
မေ့နေကြသကိုး၊

Nord Stream လဲထိရော
ရုရှားက ရေငုတ်သင်္ဘောတွေလဲ
ရုတ်ခြည်း ပျောက်သွားတယ်လေ၊
ဂြိုလ်အနေအထားတွေကလဲ
သိပ်ကောင်းတာ မဟုတ်ဘူးနော်

#NayZinLatt ( 3.10.22 ) 😂
Forwarded from Nay Zin Latt We Love (sansan htay)
. #ကမ္ဘာကြီး_ဘာဆက်ဖြစ်လာမလဲ ?

- ကျူးဘားအရေးအခင်းထက်ရော
- စစ်အေးကာလထက်ရော
ဒီနေ့ကမ္ဘာ့အခြေအနေက
မရေရာမသေခြာမှုတွေပိုများနေတယ်၊

- အာဖဂန်
- အီရတ်
- လစ်ဗျား
- ဆီရီယားစစ်တွေက
နယ်မြေတခုထက် ပိုမကူးနိုင်ပေမဲ့

ဒီနေ့ ယူကရိမ်းစစ်က
စစ်မီးကူးမဲ့ လက္ခဏာတွေကို
အတော်လေး အားကောင်းကောင်းနဲ့
တွေ့လာနေရပြီ၊

............

#ပိုလန်နဲ့အင်္ဂလန်

ပိုလန်က အမေရိကန်ရဲ့
နျူလက်နက်တွေကို သူ့နယ်ထဲမှာ
ဖြန့်ကျက်ဖို့တောင်းဆိုတယ်
အန္တရာယ်ကိုဖိတ်ခေါ်လိုက်တာပဲ၊

ယူကေ ဝန်ချုပ် Liz Truss ကလဲ
အမျိုးသမီးဖြစ်ပေမဲ့
ဘိုဂျိုထက်ပိုပြီးစွာနေတာတွေ့ရတယ်၊
ဝန်ချုပ် ဖြစ်ဖြစ်ခြင်း ယူကရိမ်းသမ္မတကို
ဦးဆုံး မီးမှုတ်ပေးခဲ့တယ်၊

..........

ရုရှားဖက်က Belgorod အပါအဝင်
ရေငုတ်သင်္ဘော တချို့ ရုတ်တရက်
ခြေရာခံမရအောင် ပျောက်ဆုံးနေပြီး
ရက်ပိုင်းအတွင်း အမေရိကန်နဲ့ နေတိုးက
သတိပေးချက်တွေ ထွက်လာတယ်
ကမ္ဘာ့ အရေးကြီး စစ်ရေးပစ်မှတ်
နေရာများစွာမှာ ရုရှားဖက်က
နျူဗုံးတွေကို ချထားပြီးပြီလို့
ယူဆရတဲ့အတွက်​ကြောင့် သတိထားကြပါ
ဆိုတဲ့ သတိပေးချက်ပါ၊

...........

ပူတင်က ဆော်ဒီနဲ့ညှိနှိုင်းပြီး
တနေ့ကို ရေနံစည် (၂) သန်း
လျှော့ချထုတ်လုပ်ဖို့ သဘောတူလိုက်တာဟာ
စက်မှုနိုင်ငံတွေရဲ့ စီးပွားရေးကို
ရက်ရက်စက်စက် လည်ပင်ကြိုးကွင်း
စွပ်ပေးလိုက်တဲ့ အခြေအနေကို
ရောက်သွားစေတယ်၊
ရေနံဈေးဟာ 'လ' အနည်းငယ်အတွင်း
ကျရိပ် ပျောက်ဆုံးသွားပြီ၊

............

မြောက်ကိုရီးယားကလဲ
မစ်ဇိုင်းတွေ မကြာခဏ ပစ်ပြနေတယ်
ဒီတခါမှာ အမေရိကန်နဲ့ ပူးတွဲပြီး
စစ်ရေးလေ့ကျင့်တာတွေ လုပ်ပြလာပြီး
သူတို့ဖက်ကလဲ မစ်ဇိုင်းပြန်ပစ်ပြတဲ့အထိ
တင်းမာလာခဲ့တယ် ( မစ်ဇိုင်းမအောင်မြင် )

............

တရုတ်-ထိုင်ဝမ်ကိစ္စ
မပြီးပြတ်သေးဘူး၊
16.10.22 နေ့ CCP ညီလာခံပြီးရင်
အခြေအနေတမျိုး ပြောင်းနိုင်တယ်
" ရှီ" အနေနဲ့ ထိုင်ဝမ်အပေါ် သဘောထား
အရင်ကလောက် ပျော့ပြောင်းလို့
မရတော့ဘူးလို့ယူဆတယ်
ရှီ ကိုဖိအားတွေပေးကြလိမ့်မယ်၊

.............

ပူတင့်အနေနဲ့
ယူကရိမ်းစစ်ကို ရေရှည်ဆွဲရင်
သူ့အတွက်မကောင်းဘူးဆိုတာ
သဘောပေါက်လာဟန်ရှိတယ်
စစ်ပွဲကို မြန်မြန်ဖြတ်ချင်တဲ့ စကားတွေ
ပြောလာပြီ၊

ယူအက်စ်နဲ့ နေတိုးက ရေရှည်ဆွဲချင်တယ်
ဒီနေရာမှာ စိန်ခေါ်မှုဖြစ်လာပြီ
ပုံမှန် သမရိုးကျစစ်နဲ့ ယူရိမ်းကိစ္စကို
ဖြတ်လို့မရဘူး၊ Special operation နဲ့
အပြီးမသတ်နိုင်ဘူး၊
All out war နဲ့ သွားမလား
ဒါဆိုရင် ဒိထက်ပြင်းတဲ့၊ သစ်ဆန်းတဲ့
လက်နက်တွေသုံးရတော့မယ်
တပြိုင်နက်ထဲမှာပဲ စစ်ကူတွေကို
ထိရောက်တဲ့ ဟန့်စစ်တွေကို လုပ်ရတော့မယ်၊
ဒါကြောင့် ယူကရိမ်းစစ်ကို " နွံနှစ်ဗျူဟာ" လို့
အစောကြီးထဲက နာမယ်ပေးခဲ့တာဟာ
အခုဆိုရင် ပိုထင်ရှားလာပြီ၊

ထင်ထား၊ မျှော်လင့်ထားတာတွေထက်
ပိုပြီးလက်ဝင်လိမ့်မယ်နဲ့တူတယ်၊
လာမဲ့ (၄) လမှာ စစ်မီးကူးနိုင်ခြေ
ပိုများလာတယ်လို့ မြင်ပါတယ်၊

2023 ထဲမှာ တကမ္ဘာလုံး
Recession ထဲကျပြီလို့
မျှော်လင့်ထားကြရလိမ့်မယ်။

#NayZinLatt ( 6.10.22 )🤒
Forwarded from Nay Zin Latt We Love (sansan htay)
. #ဘိုင်ဒင့်စိတ်ကျန်းမာရေး ?

2024 သမ္မတရွေးပွဲကို
ထက်ပြီးပြိုင်ဦးမယ်လို့ ဆိုထားတဲ့
ဘိုင်ဒင့်စိတ်ကျန်းမာရေးအပေါ်
ဆန္ဒကောက်ခံရာမှာ ပြီးခဲ့တဲ့ Sept ထက်
Oct လထဲမှာ စိုးရိမ်စိတ် ပိုမြင့်မားလာတာကို
တွေ့ရတယ်၊

ဘိုင်ဒင့်စိတ်ကျန်းမာရေး
မကောင်းတော့ဘူးလို့ စိုးရိမ်နေကြတဲ့အထဲမှာ
အလွန်အမင်းစိုးရိမ်ပါတယ်ဆိုတာ 41%
အတိုင်းအတာတခုအထိစိုးရိမ်သူ 23%
စုစုပေါင်း စိုးရိမ်သူ 64% အထိ
တိုးမြင့်လာတာတွေ့ရတယ်၊

စိတ်ကျန်းမာရေး မကောင်းသူအနေနဲ့
အမေရိကန်ရဲ့ အရေးအရာတွေ
နိုင်ငံတကာရဲ့အရေးအရာတွေမှာ
ဘယ်လိုကိုင်တွယ်မလဲ ဆိုတာ
မေးခွန်းထုတ်စရာဖြစ်လာပါတယ်။

#NayZinLatt ( 11.10.22 )
Forwarded from Nay Zin Latt We Love (sansan htay)
ယူကရိမ်းအခြေအနေက
တနေ့ထက်တနေ့ပိုဆိုးလာနေပြီ
မြို့တော် ကိဗ်ကို အသေခံဒရုန်းတွေနဲ့
ရုရှားက ပြင်းပြင်းထန်ထန်တိုက်တယ်၊

ပထမပိုင်းစစ်ဆင်ရေးလို
တင့်ကားတွေနဲ့မလာတော့ဘူး
မစ်ဇိုင်းတွေ၊ အဝေးပစ်တွေ၊ ဒရုန်းတွေနဲ့
ကိုယ့်လူတွေ အနာမခံပဲ ကြိုတင်ဦးနှိမ်
ရန်သူချိနဲ့စေအောင် အရင်လုပ်ထားတာ၊

ကံဆိုးရင်
ဇလန်စကီး ဒရုန်းစာမိမယ်
နို့မို့ရင်လဲ ထွက်ပြေး
စစ်အစမှာ ကြိုတင်ခန့်မှန်းရေးခဲ့တဲ့အတိုင်း
Regime change ကိုတော့
ပူတင်ဘက်က မဖြစ်မနေလုပ်နေပြီ။

နက္ခတ်တွေ
သူ့အလုပ်သူလုပ်နေကြပြီ။

#NayZinLatt ( 17.10.22 ) 🤒
Forwarded from Nay Zin Latt We Love (sansan htay)
ပူတင်က
ယူကရိမ်းကို လက်နက်နဲ့စစ်တိုက်တယ်
NATO အုပ်စုကိုတော့ စွမ်းအင်နဲ့တိုက်တယ်၊

ပြင်သစ်၊ ဂျာမဏီ၊ အီတလီမှာ
လောင်စာဈေးတွေ အဆမတန်တက်လို့
ဆန္ဒတွေပြနေကြတာ ကြောက်ခမန်းလိလိ၊

ကာကွယ်ရေးမှာ အမေရိကန်ကို
မမှီခိုတော့ပဲ ပြင်သစ်၊ဂျာမဏီဦးဆောင်
(၁၅) နိုင်ငံကခွဲထွက်ပြီး
သီးခြားလုံခြုံရေး အစီအမံ
လုပ်တော့မယ်လို့ ကြေငြာပြီ၊

အမေရိကန်ကို ပြတ်ပြတ်သားသား
ဆန့်ကျင်ပြလိုက်ပြီး၊ အဲ့ဒီလက္ခဏာက
NATO အကွဲကိုလဲ ပြသရာရောက်သွားစေတယ်၊

#NayZinLatt ( 17.10.22 )
Forwarded from Nay Zin Latt We Love (sansan htay)
. #စစ်ရှိန်မြင့်လာတဲ့_ယူကရိမ်း

ယူကရိမ်းမြို့တော် ကိယက်ကို
ရုရှားဖက်က အဝေးပစ်တွေနဲ့
ပစ်ခတ်ပြီး ခုခံရေးအားနည်းအောင်
လုပ်နေတာ ရက်အတော်ရှိသွားပြီ၊

ဇလန်စကီးအစိုးရကိုဖြုတ်ချပြီး
ရုရှားထောက်ခံ အစိုးရတင်ဖို့
လုပ်လိမ့်မယ်ဆိုတာ ဖြစ်လာပြီ၊
ပိုလန်နယ်စပ်မှာ NATO တပ်တွေ
စစ်မီးမကူးအောင် " သောင်း" ချီချထားတယ်၊

ယူကရိမ်းထဲမှာလဲ
ဇလန်းစကီး ကျသွားလို့မဖြစ်ပြန်၊
စစ်လက်နက်ပစ္စည်းတွေ
ထောက်ပံ့နေရုံလောက်နဲ့ မြို့တော်
ကိဗ်ကို မထိမ်းနိုင်တော့ဘူးဆိုတာ
သဘောပေါက်လာကြဟန်ရှိတယ်။
ဒါကြောင့်မို့ အမေရိကန်အပါအဝင်
နိုင်ငံအချို့က စစ်သည်တွေ
ယူကရိမ်းစစ်ယူနီဖေါင်းဝတ်ပြီး
စစ်ဝင်တိုက်ပေးရတော့မဲ့
အခြေအနေဖြစ်လာတယ်၊

.........

ရုရှားဖက်ကလဲ
အဓိကကျတဲ့ အမေရိကန်ကို
သူ့အရိုးနဲ့ပြန်ထိုးမဲ့
စစ်ဆင်ရေးကိုပြင်လာတာ တွေ့ရတယ်
အာဖဂန်နစ္စတန်လူမျိုး
အမေရိကန် Navy SEAL က
လေ့ကျင့်ပေးထားတဲ့သူတွေကို
ကြေစားအနေနဲ့ ခေါ်ယူပြီး
စခန်းသိမ်းတိုက်ပွဲတွေ လုပ်ဖို့ပြင်ပြီ။

..........

သမိုင်းက
တပါတ်လည်ရုံတင်မဟုတ်ဘူး
တခါတလေမှာ နှစ်ပါတ်၊ သုံးပါတ်အထိ
လည်တတ်တာတွေ့ရတယ်၊

အာဖဂန်နစ္စတန်မှာ
" အမေရိကန်-ရုရှား " (၂) ကြိမ်တွေ့တယ်
ပထမ တကြိမ်က
" ရုရှား-အာဖဂန်" စစ်မှာ
အာဖဂန်ဖက်က အမေရိကန်က
စစ်ဝင်ကူသွားတာ၊
ရုရှားဖက်က ရှုံးခဲ့တယ်၊

ဒုတိယတကြိမ်ကတော့
WTC - World Trade Center
အကြမ်းဖက်ခံရပြီး
ဘင်လာဒင် အာဖဂန်မှာ ခိုအောင်းနေတယ်
ဆိုတဲ့ အကြောင်းပြချက်နဲ့
" အမေရိကန်-အာဖဂန်" စစ်ဖြစ်တော့
ရုရှားက အာဖဂန်ဖက်က ဝင်ကူတာ
ဒီပွဲမှာလဲ ရုရှားပဲရှုံးတယ်၊
အာဖဂန်ကို အမေရိကန်သိမ်းထားတာ
2001 ထဲကဖြစ်ပြီး ဘိုင်ဒင်တက်တဲ့
2020 မှာနောက်ဆုတ်လိုက်တယ်
နှစ် (၂၀) နီးပါး အာဖဂန်ကို
အမေရိကန်တွေထိမ်းချုပ်ထားတာ။

...........

ယူကရိမ်းမှာ
အမေရိကန်-ရုရှား တတိယအကြိမ်
ထပ်တွေ့ကြမဲ့သဘောပဲ၊
စစ်ရည်ဝ နေတဲ့ အာဖဂန်တွေနဲ့
စစ်တိုက်လိုစိတ်ပြင်းပြနေတဲ့
ချေချင်တွေက ရုရှားဖက်မှာ၊

တိုက်ပွဲတွေ ပြင်းထန်မယ်
Death toll အသေအပျောက်တွေ
ကြီးမားမယ်၊ အပျက်အစီးကတော့
ပြောဖွယ်ရာတောင် ရှိမှာမဟုတ်ဘူး၊

အဓိက က
သမိုင်းအလှည့်အပြောင်းတခုဖြစ်လာမှာပဲ
မကြာခဏသတိပေးထားတဲ့
Nov -22 to May-23 အတွင်း
ကမ္ဘာကြီး ခပ်ကြမ်းကြမ်းလှုပ်ဖို့
ဇာတ်ဝင်ခန်းတွေ စတွေ့လာရတာပဲ။

...........

ယူကရိမ်းတခုထဲတင်မှာ မဟုတ်ဘူး
အခြားနေရာတွေမှာလဲ
ခပ်ကြမ်းကြမ်းတွေတွေ့လာရဦးမှာ။

#NayZinLatt ( 2.11.22 ) 😔