တပ်ကြပ်ကြီးဖိုးကွန်း
22.7K subscribers
10.2K photos
1.05K videos
669 links
Download Telegram
Forwarded from Kyaw Swar
အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင် သည် စိန့်ပီတာစဘတ်မြို့ မြန်မာကောင်စစ်ဝန်ချုပ် လိုက်ပါလျက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ အမျိုးသား လုံခြုံရေးကောင်စီအတွင်းရေးမှူး Mr. Nikolai Patrushev နှင့် ကမ္ဘောဒီးယားနိုင်ငံကိုယ်စားလှယ်တို့ ပူးတွဲဥက္ကဌအဖြစ် ကျင်းပပြုလုပ်သည့် စတုတ္ထ အကြိမ် အာဆီယံ-ရုရှား လုံခြုံရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ ဆွေးနွေးပွဲနှင့် (၁၂) ကြိမ်မြောက် လုံခြုံရေးကိစ္စရပ်များ ဆိုင်ရာအဆင့်မြင့်အရာရှိကြီးများ မျက်နှာစုံညီအစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့
ကြောင်း သတင်းရရှိပါသည်။

https://t.me/kyawswar49111
Forwarded from Ko Thet
အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ရုရှားနိုင်ငံသို့ ခရီးသွားခြင်း (၁)

(စတုတ္ထအကြိမ် အာဆီယံ-ရုရှား လုံခြုံရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ ဆွေးနွေးပွဲ)
အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဧပြီ ၂၄ ရက်နေ့မှာ စတုတ္ထအကြိမ် အာဆီယံ-ရုရှား လုံခြုံရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ ဆွေးနွေးပွဲ (Working Breakfast) သို့ တက်ရောက်ခဲ့ပါတယ်။
-
ဆွေးနွေးပွဲမှာ -
(၁) အကြမ်းဖက်မှုတိုက်ဖျက်ရေး မြန်မာ-ရုရှားပူးတွဲဥက္ကဌ တာဝန်ယူထမ်းဆောင်နေမှု။
(၂) အာဆီယံ-ရုရှား လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု။
(၂) အာဆီယံမှ မြန်မာနိုင်ငံအား လူသားချင်းစာနာထောက်ထားမှု အကူအညီပေးနေမှု။
(၃) အာဆီယံ-ရုရှား ဆက်ဆံရေးဆိုင်ရာ Coordinator အဖြစ် မြန်မာနိုင်ငံမှ ဆောင်ရွက်မည့်အခြေအနေ။
(၅) မြန်မာနိုင်ငံ၏ နိုင်ငံတော်လုံခြုံရေး ဆောင်ရွက်နေမှုများ။
(၄) SAC ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ချမှတ်ပြီး လက်ရှိဆောင်ရွက်နေမှုအခြေအနေ။
စတဲ့အကြောင်းအရာများအား ပါဝင်ဆွေးနွေးခဲ့ပါတယ်။ ဆက်လက်ဖတ်ရှုနိုင်ပါရန်»
Forwarded from Ko Thet
အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ရုရှားနိုင်ငံသို့ ခရီးသွားခြင်း (၂)

(လုံခြုံရေးကိစ္စရပ်များဆိုင်ရာအဆင့်မြင့်အရာရှိကြီးများ မျက်နှာစုံညီအစည်းအဝေး)
ဆက်လက်၍ ဧပြီ ၂၄ ရက်နေ့တွင် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် (၁၂) ကြိမ်မြောက် လုံခြုံရေးကိစ္စရပ်များဆိုင်ရာအဆင့်မြင့်အရာရှိကြီးများ မျက်နှာစုံညီအစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနားတွင် ရုရှားသမ္မတ ဗလာဒီမာပူတင် က အကြို နှုတ်ခွန်းဆက် စကားကို ဗီဒီယိုမှတ်တမ်းဖြင့် ပြောကြားခဲ့ကြောင်း သိရှိရပါတယ်။
-
ထို့နောက် မျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက်လာသည့် နိုင်ငံများမှ ကိုယ်စားလှယ်ခေါင်းဆောင် များသည် ထွန်းသစ်စ နိုင်ငံကြီးများအပါအဝင် ဗဟုမဏ္ဍိုင်ပြု ကမ္ဘာ့နိုင်ငံရေးဖြစ်စဉ်များ၏ စိန်ခေါ်မှုများ၊ အခွင့်အလမ်းများနှင့်ပတ်သက်၍ သတင်းလုံခြုံရေးဆိုင်ရာ အာမခံချက်ရရှိရေးခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြ ပါတယ်။
-
ညနေပိုင်းတွင် (၁၉၄၁-၁၉၄၄) ခုနှစ်များအတွင်း လီနင်ဂရက်မြို့ကို ဝန်းရံပိတ်ဆို့ တိုက်ခိုက်မှုကြောင့် သေဆုံးသွားသူများအထိမ်းအမှတ်နေရာတွင် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များမှ ဝမ်းနည်းခြင်း အထိမ်းအမှတ် လွမ်းသူ့ပန်းခွေချခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ညပိုင်းတွင် ဂုဏ်ပြုညစာစားပွဲသို့ နိုင်ငံပေါင်း ၁၀၆ နိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်း ၁၀ ခုတို့မှ တက်ရောက်လာကြသည့် ကိုယ်စားလှယ်ခေါင်းဆောင်များနှင့် အတူတက်ရောက်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ဆုမွန်တောင်းစကား ပြောကြားခဲ့ပါတယ်။
Forwarded from Ko Thet
အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ရုရှားနိုင်ငံသို့ ခရီးသွားခြင်း (၂)
Forwarded from Ko Thet
အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ရုရှားနိုင်ငံသို့ ခရီးသွားခြင်း (၃)

( ဒုတိယနေ့ ဆက်လက်ကျင်းပခြင်း )
ဧပြီလ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် အစည်းအဝေး ဒုတိယနေ့အား ဆက်လက်ကျင်းပရာ နိုင်ငံတကာ လုံခြုံရေး၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရာတွင် အမျိုးသားရေး ကြန်အင်လက္ခဏာနှင့် ရိုးရာဓလေ့ထုံးတမ်းစဉ်လာတန်ဖိုးများကို ထိန်းသိမ်းစောင့်ရှောက်ရေး ခေါင်းစဉ်အား အမျိုးသားလုံခြုံရေး ဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဗိုလ်ချုပ်ကြီး မိုးအောင် က ပါဝင်ဆွေးနွေးခဲ့ပါတယ်။
-
မွန်းလွဲပိုင်းတွင် ကျင်းပပြုလုပ်သော စားပွဲဝိုင်း ဆွေးနွေးပွဲ၌ သဘာဝနှင့် လူတို့ကြောင့် ဖြစ်ပွားသော ဘေးအန္တရာယ်နှင့် လက်နက်ကိုင် ပဋိပက္ခများအကြား ပြည်သူများအပေါ် အကာအကွယ်ပေးနိုင်ရေးဆိုင်ရာ အဓိကပြဿနာများနှင့်စပ်လျဉ်း၍ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ် အောင်မျိုးသန့် က ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရှိရပါတယ်။
Forwarded from Ko Thet
အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ရုရှားနိုင်ငံသို့ ခရီးသွားခြင်း (၃)
Forwarded from Ko Thet
❝အိမ်နီးချင်းကောင်းပီသကြောင်း ပြသဖို့လိုနေတဲ့ တရုတ်❞

၁။ တရုတ်နဲ့ ပတ်သက်ပြီး ကျွန်တော့် ဆရာမကြီးနဲ့ အမြင်ချင်းမတူကြဘူး။ ဆရာမကြီးက လက်ရှိ နိုင်ငံရေးနဲ့ စစ်ရေးအခင်းအကျင်းနဲ့ပတ်သက်လာရင် တရုတ်စနက်မပါဘူးဆိုတဲ့ လေသံမျိုး အမြဲ "ဟ"တယ်။ တခါတလေ ဝန်ကြီး ဦးအောင်မင်း ပြောတဲ့ ကျွန်တော်တို့က တရုတ်ကြောက်ရပါတယ်ဆိုတာ အလကား ပြောတာ မဟုတ်ဘူးဆိုပြီးလည်း ပြောလေ့ပြောထရှိတယ်။ တကယ်တော့ အမေရိကန်ကိုတောင် ပုခုံးချင်း ယှဉ်ပြီး နိုင်ငံရေးနဲ့ စစ်ရေးအရ ကမ္ဘာနံပါတ်တစ်ဖြစ်ဖို့ တာစူနေတဲ့ တရုတ်ရဲ့ စွမ်းပကားဟာ ကိုယ်တွေ နိုင်ငံအတွက် ယှဉ်ပြိုင်ဘက်မဟုတ်ဘူးဆိုတာလည်း သိတယ်။ မြန်မာအပေါ် တရုတ်ဘာကြောင့် ကောင်းနေလဲ၊ မြန်မာနိုင်ငံက အစိုးရတွေကို အမေရိကန်က ဘာကြောင့် ထိန်းချုပ်ချင်တာလဲ၊ ရုပ်သေးရုပ် အစိုးရတွေ တက်စေချင်တာလဲဆိုတာ ခပ်ရှင်းရှင်းလေးပဲ။
---
၂။ တရုတ်နဲ့ ပတ်သက်ရင် ကိုယ့်အမြင်က ခပ်ရှင်းရှင်းရှိတယ်။ ဒီရှမ်းမြောက်မှာ တရုတ်မပါဘူးလို့ သံသယကင်းစေချင်ရင် တပ်မတော်က တန်ပြန်ထိုးစစ်ပြန်ဆင်တဲ့အခါ EAO တွေကို ဘာထောက်ပံ့မှုမှ မလုပ်နဲ့ဆိုတဲ့ အချက်တချက်ပဲ တောင်းဆိုချင်တာ။ MNDAA ဆိုတာ ချင်းရွှေဟော်က ရဲကင်းစခန်း ဝင်တိုက်ပြီး ရဲအယောက် ၂၀ လောက်ကို သတ်ဖြတ်သွားခဲ့တာလေ။ ခေါင်းစဉ်ကြေငြာချက်ကတော့ ကျားဖြန်ရှင်းလင်းရေးလို့ပဲ အော်ခဲ့တာမဟုတ်ဘူးလား။ ရှမ်းမြောက်ဒေသဖြစ်တဲ့ လောက်ကိုင်နဲ့ ကွမ်းလုံ ဒေသကို ဖြတ်လေးဖြတ် လုပ်နိုင်ဖို့ ကျောက်မဲနဲ့ နောင်ချိုမှာ TNLA က ကြားဖြတ်တိုက်ခိုက်ခဲ့တာပဲလေ။ စခန်းတခုတိုက်ရင် ဒရုန်းအစင်း ၂၀ လောက်နဲ့ ၅ မိနစ်ခြား တက်လုံးနိုင်ဖို့အထိ မြောက်ပိုင်းအဖွဲ့ရဲ့ နည်းပညာနဲ့ ဒရုန်းက လမ်းဘေးက ဝယ်လို့ရတာမှမဟုတ်ပဲ။ နောက်ကွယ်မှာ တရုတ်နဲ့ “ဝ” မပါဘဲ ဒီစစ်ပွဲက ဒီလောက်အထိ အရှိန်မြင့်သွားစရာမရှိဘူး။ 👉 ဆက်လက်ဖတ်ရှုနိုင်ပါရန်»👈
Forwarded from Justice Seeker Group-JSG
ယနေ့ ဧပြီလ ၃၀ ရက် နံနက်ပိုင်းက မြန်မာ-ထိုင်းနယ်စပ် ချစ်ကြည်ရေးတံတားအမှတ် (၂) ကို ပြန်လည်ဖွင့်လှစ်လိုက်ပြီး ကုန်သွယ်ယာဉ်များကို သွားလာခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်..... နယ်စပ်ကုန်သွယ်ရေးများ ယခင်ကအတိုင်းပြန်လည် လည်ပတ်တော့မှာဖြစ်တဲ့အတွက် ကုန်သွယ်လုပ်ငန်းလုပ်ကိုင်သူများနဲ့ မိဘပြည်သူများအတွက် မင်္ဂလာရှိသောသတင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်.....
🌺ကိုယ့်အကြောင်းကိုပဲ တွေးပါ🌺

သူတစ်ပါးကို
အထင်သေးနေမယ့်အစား
ကိုယ့်ကိုယ်ကိုယ်
အကောင်းဆုံးဖြစ်အောင် ကြိုးစားပါ

သူတစ်ပါးကို
အပြစ်ပြောနေမယ့်အစား
ကိုယ့်ကိုယ်ကိုယ်
အပြစ်ကင်းအောင် ကြိုးစားပါ

သူတစ်ပါးကို
ဝေဖန်နေမယ့်အစား
ကိုယ့်ကိုယ်ကိုယ်
ဝေဖန်မှုကင်းအောင် ကြိုးစားပါ

သူတစ်ပါးကို
ကဲ့ရဲ့နေမယ့်အစား
ကိုယ့်ကိုယ်ကိုယ်
ကဲ့ရဲ့ခြင်းလွှတ်အောင် ကြိုးစားပါ

သူတစ်ပါးကို
အပုတ်ချနေမယ့်အစား
ကိုယ့်ကိုယ်ကိုယ်
တန်ဖိုးရှိအောင် ကြိုးစားပါ

သူတစ်ပါးအကြောင်းထက်
ကိုယ့်အကြောင်းက
ကိုယ့်ဘဝက ပိုပြီးအရေးကြီးတယ်

ကိုယ့်ရဲ့
တန်ဖိုးရှိတဲ့ အချိန်တွေကို
သူတစ်ပါးအတွက် အသုံးချနေမယ်ဆိုရင်

သင့်ဘဝဟာ
ဘယ်အရာမှာ တိုးတတ်လာမှမဟုတ်ဘူး
အရာရာတိုင်း ဆုတ်ယုတ်လာလိမ့်မယ်

ဘဝဟာ
အဲလိုဆုတ်ယုတ်လာပြီဆိုရင်
ပျော်ရွှင်စရာ မကောင်းတော့ဘူး

ပျော်စရာမကောင်းရင်
ဘဝဟာ
အသက်ရှင်လျှက်နဲ့
ဘဝသေ နေတဲ့သူနဲ့ အတူတူပါပဲ

ဒါကြောင့်
ဘဝဟာ
အသက်ရှင်လျှက်နဲ့
ဘဝသေနေသူ မဖြစ်ရအောင်

ဘဝကို
ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းနိုင်အောင်

သူတစ်ပါးအကြောင်းကို
တွေးနေမယ့်အစား
အချိန်ရတိုင်း
ကိုယ့်အကြောင်းကိုပဲ တွေးပါ ။

🙏အရှင်ဇဝန (ရွှေကုန်းမြ)🙏
ကျွန်တော့fb အကောင့်ပါ၊ FB team ကအကောင့်ဖျက်လိုက်လို့ပါခင်ဗျာ
🌷မြတ်သောလမ်းကိုရွေးချယ်ပါ🌷

အချိန်မကျရောက်ခင်မှာ
မိမိဟာ အားငယ်ဖို့ မလိုသလို
ဇွဲကိုလည်း လုံး၀မလျော့ပါနဲ့ ။

ရှာပါများရင်တော့
တစ်နေ့နေ့မှာ တွေ့ရလိမ့်မယ် ။

ကူးပါများရင်တော့
ကမ်းဆိုတာ တစ်နေ့ရောက်ရမယ် ။

ရုန်းပါများရင်တော့
တစ်နေ့ကျရင်လွတ်မြောက်နိုင်ရမယ် ။

ဆေးပါများရင်တော့
တစ်ချိန်ချိန်မှာ အပြစ်ကင်းသွားမယ် ။

မရှာရင်တော့ မရနိုင်သလို
မကူးပဲနေရင်တော့မရောက်နိုင်ပါဘူး ။

မရုန်းရင်တော့ မလွတ်နိုင်သလို
မဆေးရင်တော့ မပြောင်နိုင်ပါဘူး ။

ပုထုဇဉ်အမိုက်မျိုး သဘာ၀ပါဆိုပြီး
မဆေးကြော မကုစားသည်အပြင်

စိတ်ကိုအလိုလိုက်ပြီးတော့
မည်းတဲ့အတိုင်းကြီးပဲထားမယ်
မှားတဲ့အတိုင်းကြီးပဲလျှောက်မယ်ဆိုရင်

အဆင့်တန်းမြင့်တဲ့ဘ၀တွေနဲ့ဝေးပြီး
မတွေးဝံ့စရာ ဘ၀ဆိုးတွေနဲ့
အဖန်ဖန် ကြုံတွေ့ရတတ်သည့်အတွက်

ကိုယ့်ဘ၀ကို ကိုယ်တိုင်ပဲ့ကိုင်ပြီးတော့
မြင့်မြတ်သောလမ်းကို ရွေးချယ်ပါ ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏

#မေတ္တာများစွာဖြင့်ပြန်လည်မျှဝေအပ်ပါသည်