တပ်ကြပ်ကြီးဖိုးကွန်း
22.3K subscribers
10.4K photos
1.06K videos
693 links
Download Telegram
ညံ့ရတော့မှာလား"ဆိုတဲ့မခံချင်စိတ်နဲ့ ဘယ်လောက်ပဲပေးဆပ်ရပါစေ၊အောင်မြင်စွာဖြတ်ကျော်နိုင်ရမယ်လို့ သံဓိဌာန်ချ စွန့်လွှတ်စွန့်စားပြကြရမှာ ဖြစ်ပါတယ်။

#ThaungLwinHein
၁၉၄၈/၄၉ စစ်ရေးအကျပ်အတည်း

၁၉၄၈လွတ်လပ်ရေးမရမီ ကပင် သခင်စိုးရဲ့အလံနီကွန်မြူနစ်ပါတီ၊ကွန်မြူနစ်ပါတီလက်အောက်ခံတပ်နီများ၊ရခိုင်တပ်နီများ၊ဗုံပေါက်သာကျော်ရဲ့ရခိုင်လူငယ်အစည်း အရုံး၊မူဂျာဟစ်လက်နက်ကိုင်များ ကဗိုလ်ချုပ်အောင်ဆန်းအစိုးရကိုလက်နက် ကိုင် ပုန်ကန်နေကြပြီဖြစ်ပါတယ်။

လွတ်လပ်ရေးရပြီး(၃)လမပြည့်မီ ၁၉၄၈မတ်လ၂၈ရက်မှာဗမာပြည်ကွန်မြူနစ်ပါတီတောခိုခြင်း၊ဇူလိုင်၁၆မှာ ရဲဘော်ဖြူတောခိုခြင်း၊သြဂုတ်၁၀ရက်မှာဗမာ့တပ်မတော်တပ်ရင်း(၁)၊တပ်ရင်း(၃)တစ်ဝက်၊တပ်ရင်း(၆)တချို့တောခိုခြင်းကြောင့် တပ်မတော်အင်အား(ကရင်တပ်မပါ)၂၀၀၀(နှစ်ထောင်ခန့်)သာရှိတော့ပြီး ဗမာပြည်ကွန်မြူနစ်ပါတီလက်နက်ကိုင်တစ်ဖွဲ့တည်းမှာပင်အင်အား၂၅၀၀ခန့်ရှိနေတဲ့အခြေအနေဖြစ်ပါတယ်။

၁၉၄၉ဇန်နဝါရီမှာ ကေအန်ဒီအိုများနဲ့ အမြောက်သံချပ်ကားတွေ တပ်ဆင်ပေးထားတဲ့ကရင်တပ်ရင်းများတောခိုလိုက်တဲ့နောက်မှာတော့တပ်မတော်ဟာ လူလက်နက်အင်အား အဆမတန်သာလွန်တဲ့ရန်သူကို ရင်ဆိုင်ရတဲ့အဆိုးဝါးဆုံးအကျပ်အတည်းထဲရောက်သွားရပါတော့တယ်။

၁၉၄၉ဇန်နဝါရီဆန်းကစပြီးကေအန်ဒီအိုကထန်းတပင်ဖြူးတောင်ငူကိုတိုက်ခိုက်သိမ်းပိုက်ခြင်း(ကရင်တပ်ရင်း၁ တောခို)၊ပုသိမ်ကိုတိုက်ခိုက်ခြင်း၊ဇန်နဝါရီ၃၀မှာအင်းစိန်တဝိုက်သမိုင်းခဝဲခြံစော်ဘွားကြီးကုန်းတို့ကိုတိုက်ခိုက်လာခြင်း ကြောင့်တိုင်းပြည်အခြေအနေအဆိုးဆုံးဆီရောက်လာပါတော့တယ်။

ဖေဖော်ဝါရီ၁ရက်မှာကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်စမစ်ဒွန်းကိုနူတ်ထွက်စေပြီးဗိုလ်ချုပ်နေဝင်းကိုကာကွယ်ရေးစီးချုပ်ခန့်ကာ အပြောင်း အလဲ လုပ်ရပါတော့တယ်။

ဖေဖော်ဝါရီ၂ရက်မှာကေအန်ဒီအိုအင်းစိန်ကိုသိမ်းပြီး ဖေဖော်ဝါရီ၅မှာပြည်ကရင်တပ်ရင်း၂တောခိုကာ အင်းစိန်ကိုအင်အားဖြည့်ဖို့ရန်ကုန်ပြည်လမ်းအတိုင်းထရပ်ကားအစီးတစ်ရာကျော်နဲ့ချီတက်လာပါတယ်။တပ်ရင်း၃၊တပ်ရင်း၁နဲ့ဗိုလ်စိန်မှန်ဦးဆောင်တဲ့ စစ်ရဲဝန်ထမ်းတပ်များက သာယာဝတီစစ်မျက်နှာကနေအပြင်းအထန်ခုခံပါတယ်။ဝက်ကော်တိုက်ပွဲမှာကရင်တပ်ရင်း ၂အထိနာပြီးဆုတ်ခွာသွားရပါတယ်။

တောင်ငူကနေဆင်းလာတဲ့တောခိုကရင်တပ်ရင်း၁ကို တပ်ရင်း၆ကပဲခူးကနေခုခံပါတယ်။လူအင်အားမလုံလောက်တဲ့အတွက် ပဲခူးထောင်ဖွင့်ပြီး တိုက်လိုတဲ့လူ၃၀၀ထုတ်လက်နက်တပ်ဆင်တိုက်ပွဲဝင်ခဲ့ရပါတယ်။ဘုရားကြီးရွာတိုက်ပွဲမှာနှစ်ဘက်စလုံးအထိနာပြီးဆုတ်ဖို့ပြင်ကြရာမှာ ကရင်တပ်ကဦးစွာဆုတ်ခွာသွားခဲ့ပါတယ်။

ပြည်ကဆင်းလာတဲ့ကရင်တပ်ရင်း၂နဲ့တောင်ငူကဆင်းလာတဲ့ကရင်တပ်ရင်း၆ ဟာအင်းစိန်ကေအန်ဒီအိုများနဲ့ပူးပေါင်းပြီးရန်ကုန်မြို့သိမ်းတိုက်ပွဲဆင်နွှဲမှာဖြစ်လို့ကရင်တပ်များ အင်းစိန်မရောက်ရေး အပြင်းအထန်ခုခံခဲ့ကြရတာဖြစ်ပါတယ်။

အင်းစိန်ရှိကေအန်ဒီအိုကိုရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်အနီးအင်းလျားကန်စောင်းကနေ၂၅ပေါင်ဒါအမြောက်များနဲ့ပစ်ခတ်ပြီးတပ်မတော်ကသမိုင်းနဲ့ကိုးမိုင်တရုပ်သင်္ချိုင်းကနေတန်ပြန်တိုက်စစ်ဆင်ရပါတယ်။

မန္တလေးမိတ္ထီလာမေမြို့ အပါအဝင်နိုင်ငံအနှံ့ မြို့ကြီးများရောင်စုံသူပုန်အောက်ကျရောက်ခဲ့ရာကနေ တပ်မတော်သားအသက်ပေါင်းများစွာပေးဆပ်ပြီး ၁၉၄၉ခုနှစ်တစ်နှစ်လုံးအပြင်းအထန်ပြန်လည်တိုက်ယူခဲ့ရပြီး၁၉၅၀မတ်လ ၁၉ရက်ကေအန်ဒီအိုမြို့တော်တောင်ငူကို တပ်မတော်ကသိမ်းပိုက်ပြီးချိန်မှသာ ကေအန်ဒီအိုတွေရှုံးနိမ့်သွားရတာဖြစ်ပါတယ်။

အင်းစိန်မင်းဓမ္မကုန်းကိုတပ်ရင်း၅ကအကျအဆုံးများစွာနဲ့တိုက်ခိုက်သိမ်းပိုက်ခဲ့ရပါတယ်။ပွိုင့်ဝမ်းဝမ်းတူးတောင်ကုန်းရှေ့တောင်ကုန်းငယ်လေးတစ်ခုသိမ်းပိုက်ရာမှာတင် ဗိုလ်မှုးလှသောင်းအပါအဝင် ၈၀ခန့်ကျဆုံး၊၁၂၀မျှဒဏ်ရာရ တယ်ဆိုတဲ့အတွက်အင်းစိန်တိုက်ပွဲမှာ တပ်မတော်သားတွေအသက်ဘယ်လောက်ပေးဆပ်ခဲ့ရတယ်ဆိုတာ ခန့်မှန်းနိုင်ပါတယ်။

၁၉၄၉ဧပြီ၂၈ရက်ည ဒိုက်ဦးနဲ့ဖောင်တော်သီအကြားရှမ်းစုရွာတိုက်ပွဲမှာ တပ်ရင်း၃က အရာရှိစစ်သည်၁၀၀ခန့်ကျဆုံးခဲ့ရပါတယ်။

မိမိထက်လူလက်နက်အင်အားအဆမတန်သာလွန်တဲ့ရောင်စုံသူပုန်ကို တပ်မတော်ကအသက်ပေါင်းများစွာပေးဆပ်၊စစ်ရေးစွမ်းရည်ပြအနိုင်ယူပြီး ပထမဆုံးမှတ်ကျောက်တင်နိုင်ခဲ့တဲ့ ပွဲ ဖြစ်ပါတယ်။

#ThaungLwinHein