တပ်ကြပ်ကြီးဖိုးကွန်း
22.6K subscribers
10.3K photos
1.05K videos
673 links
Download Telegram
တပ်မတော်သား ညီငယ်တွေ သင်တန်းဆင်းပြီ။

26-4-2024 ရက်နေ့
ယနေ့ ပြုလုပ်သော အမှတ်(၉)စစ်ခြေခံလေ့ကျင့်ရေးတပ် ​ခြေလျင်တပ်သားသစ်သင်တန်း လက်ခံပတ် (၇/၂၀၂၃) သင်တန်းဆင်းပွဲ။


ပြည်သူ့စစ်မှူထမ်းတွေကလည်းအင်အားများ ၊ တပ်မတော်ထဲ ဝင်တဲ့ ညီငယ်တွေကလည်း သင်တန်းဆင်းနဲ့ တပ်မတော်အင်အားကတော့ ​တရှိန်ထိုးတက်လာတော့မယ်။

မှိုင်းဝေ



သတင်းတွေဖတ်ရန် 👉🏿 နှိပ်ပါ
Forwarded from PAN
တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရှောင်ဟုန် နှင့် မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ရာပြည့် တွေ့ဆုံဆွေးနွေး
*******************
(နိုင်ငံတကာ)ဧပြီ ၂၆

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရှောင်ဟုန်သည် မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ရာပြည့်နှင့် ဧပြီ ၂၅ ရက်က ပေကျင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံရာ၌ ဝမ်ရှောင်ဟုန်က တရုတ်-မြန်မာ ပူးတွဲ၍ ဆက်သွယ်ရေးအွန်လိုင်းလိမ်ညာမှု တိုက်ဖျက်ရာတွင် အထင်ကရ ရလဒ်များ ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် တရုတ်-မြန်မာ ဆက်ဆံရေးကို မဟာဗျူဟာရှုထောင့်မှ အစဉ်အမြဲ ရှုမြင်ကာ တိုးတက်အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ ဘက်စုံ နက်ရှိုင်းအောင် ဆောင်ရွက်သွားလိုကြောင်း၊ လောင်းကစားလိမ်ညာမှု၊ မူးယစ်ဆေးဝါးစသည့် နယ်စပ်ဖြတ်ကျော် ပြစ်မှုများကို ထဲထဲဝင်ဝင် တိုက်ဖျက်သွား.......

Website>>...


VK Link>>...


#PAN
Forwarded from View of Sue
ယနေ့ နေ့လည်
ကိုးကန့်၊ လောက်ကိုင်ခရိုင်၊ တုံချိန်မြို့နယ်တွင် ယမ်းစိမ်းများ သိုလှောင်ရာ ဂိုထောင်အပူရှိန်မြင့်၍ မီးလောင်
🪴ပကတိအပြုံးတွေ ဖြစ်ပါစေ🪴

အပြုံးဆိုတာ...
တစ်ဖက်သားရဲ့ ရင်ကို
နွေးထွေးမှုတွေ ဖြစ်သွားစေနိုင်တယ်...

အပြုံးဆိုတာ...
နာကျင်မှုတွေကို
ပြေပျောက်သွားစေနိုင်တယ်...

အပြုံးဆိုတာ...
ချစ်ခင်မှုတွေကို
တိုးပွားစေနိုင်တဲ့ အရာဖြစ်တယ်...

အပြုံးဆိုတာ...
ကိုယ့်ကိုယ်လဲ လှပစေသလို
သူတစ်ပါးစိတ်ကိုလည်း အေးချမ်းစေတယ်..

အပြုံးဆိုတာ...
အပျော်တွေကို ဖြစ်စေပါတယ်...

ဒါပေမယ့်
ဟန်ဆောင် အပြုံးမဟုတ်ပဲ
ပကတိ အပြုံးတွေဖြစ်ဖို့လိုပါတယ် ...🌻🌻

✍️အရှင်ဇဝန (ရွှေကုန်းမြေ)✍️

#မေတ္တာများစွာဖြင့်ပြန်လည်မျှဝေအပ်ပါသည်
🌺 ပြုံးနေတိုင်း🌺

တချို့က
အဆင်မပြေမှုတွေကို
အပြုံးလေးတွေနဲ့ ဖုံးကွယ်ပြီး
ဘဝကို ရပ်တည်ပြီးနေထိုင်ကြတယ်

တချို့က
အခက်အခဲတွေကို
အပြုံးလေးတွေနဲ့ ဖုံးကွယ်ပြီး
ဘဝကို ရပ်တည်ပြီးနေထိုင်ကြတယ်

တချို့က
နာကျင်မှုတွေကို
အပြုံးလေးတွေနဲ့ ဖုံးကွယ်ပြီး
ဘဝကို ရပ်တည်ပြီးနေထိုင်ကြတယ်

တချို့က
ပူလောင်မှုတွေကို
အပြုံးလေးတွေနဲ့ ဖုံးကွယ်ပြီး
ဘဝကို ရပ်တည်ပြီးနေထိုင်ကြတယ်

တချို့က
စိတ်ညစ်စရာတွေကို
အပြုံးလေးတွေနဲ့ဖုံးကွယ်ပြီး
ဘဝကို ရပ်တည်ပြီးနေထိုင်ကြတယ်

တချို့က
ကျရှုံးခြင်းတွေကို
အပြုံးလေးတွေနဲ့ ဖုံးကွယ်ပြီး
ဘဝကို ရပ်တည်ပြီးနေထိုင်ကြတယ်

တချို့က
ဝမ်းနည်းခြင်းတွေကို
အပြုံးလေးတွေနဲ့ဖုံးကွယ်ပြီး
ဘဝကို ရပ်တည်ပြီးနေထိုင်ကြတယ်

တချို့လူတွေ
သိပ်ပြီးသနားဖို့ကောင်းတယ်
ဟန်ဆောင်အပြုံးတွေနဲ့
ဘဝကို ရပ်တည်ပြီးနေထိုင်ကြရတယ်

ဒါကြောင့်
ပြုံးနေတိုင်း
အဆင်ပြေနေတယ်လို့မထင်လိုက်ပါနဲ့

ပြုံးနေတိုင်း
ပျော်နေတယ်လို့ မထင်လိုက်ပါနဲ့

#အရှင်ဇဝန (ရွှေကုန်းမြေ)

#မေတ္တာများစွာဖြင့်ပြန်လည်မျှဝေအပ်ပါသည်
Forwarded from နရီမိုး
တော်လှန်ရေး ရံပုံငွေ ဆိုပြီး ကျောက်မျက် ရတနာတွေကို လေလံတင်ရောင်းချနေတာတွေဟာ အညှာဒေသမှာ ဘုရားဌာပနာ ဖောက်ထွင်းယူတာတွေ၊ လူနေအိမ်မရှိတဲ့နေရာတွေမှာ ဖောက်ထွင်းရယူတာတွေနဲ့ ခုလို အလောင်းတော်ကဿပ ဘုရားလှိုဏ်ဂူက ဌာပနာတွေ ယူတာတွေနဲ့ ပတ်သက်နေဖို့ ရာခိုင်နှုန်း အတော်များမယ့်ပုံစံပဲ။
-------
ဒီလိုရံပုံငွေတွေအတွက် လေလံတင်တဲ့ ကျောက်မျက်တွေကို ဈေးတန်လို့ ဝယ်ယူအား‌ ပေးတဲ့သူတွေဟာ လူသတ်ဖို့ အားပေးတဲ့ သူတွေတဖြစ်လည်း ပါဝင်ပတ်သက်မှာ ဖြစ်သလို ပြည်သူတွေဘက်က ကြည်ဖြူလို့ လှူဒါန်းထားတာ မဟုတ်လို့ အလှူရှင်တွေ၊ ပစ္စည်းပိုင်ရှင်တွေရဲ့ သစ္စာ စူးစေလောက်မယ့်ကိစ္စတွေလည်း ဖြစ်နေပြန်တယ်။
------
ရတနာ ၃ ပါး ထဲက ဘုန်ကြီးတွေကိုတောင် ရက်ရက်စက်စက်သတ်ဖြတ်နေတဲ့ အညာဒေသဟာ ခုလို ကိစ္စတွေလောက်တော့ သိပ်အပန်းကြီးဖွယ်မရှိဘူး။ ဘာပဲဖြစ်ဖြစ် ဗုဒ္ဓဘာသာ အယူအဆအရ တူသောအကျိုးကိုတော့ လုပ်ဆောင်သူတွေ ပြန်ခံရမယ်လို့တော့ ယုံကြည် မျှော်လင့်မိပါတယ်။

(နရီမိုး)
🌺အမုန်းတွေနဲ့ အချိန်မဖြုန်းပါနဲ့.🌺

မေတ္တာစွမ်းအားကြီးတဲ့အခါ
အရာရာသနားတတ်လာပြီး
ကိုယ်ချင်းစာစိတ်တွေများလာမယ်။

သည်းခံနိုင်မှု
စွမ်းအားကြီးတဲ့အခါ
ဘယ်နေရာရောက်ရောက်
ဘယ်သူနဲ့ပေါင်းပေါင်း အဆင်ပြေ
လာမယ်။

နားလည်ပေးနိုင်မှု
စွမ်းအားကြီးတဲ့အခါ
ဘယ်သူ့ကိုမှ အပြစ်မမြင်တော့ဘဲ
ဖြည့်တွေးပေးတတ်လာလိမ့်မယ်။

ခွင့်လွှတ်နိုင်မှု
စွမ်းအားကြီးတဲ့အခါ
မိတ်ကောင်းမြဲပြီး ရန်သူနည်းလာ
လိမ့်မယ်။

ကိုယ့်ကိုကိုယ်
တကယ်ချစ်တတ်လာတဲ့အခါ
အချိန်ကို အကျိုးရှိအောင်
အသုံးချပြီး
အကုသိုလ်တွေရှောင်တတ်လာမယ်။

ဒါ့ကြောင့်..
မေတ္တာပို့ပါ။
မေတ္တာနဲ့ပေါင်းပါ။
သည်းခံစိတ်မွေးပါ။
နားလည်ပေးတတ်ပါစေ
ဖြည့်တွေးပေးတတ်ပါစေ
ခွင့်လွှတ်တတ်ပါစေ
ကိုယ့်ကိုကိုယ် တကယ်ချစ်တတ်ပါစေ

ပြုံးပါ
အပြစ်ကင်းတဲ့ပျော်စရာတွေနဲ့
အကျိုးရှိစွာ ဖြတ်သန်းပါ။

အမုန်းတွေနဲ့ အချိန်မဖြုန်းပါနဲ့
လူ့ဘဝ အလွန်ရခဲပြီး
အလွန်လည်း တိုတောင်းလို့ပါ.။

အေးချမ်းသောဘဝကို ပိုင်ဆိုင်နိုင်ကြ
ပါစေ။

#အရှင်နန္ဒိယ( သာကီနွယ် )

#မေတ္တာများစွာဖြင့်ပြန်လည်မျှဝေအပ်ပါသည်
🌷ကောင်းကံတွေပဲ မွေးထုတ်ပါ🌷

ကိုယ်ကမတော်ပဲ
သူများချော်နေတာကိုပြောရင်လည်း
ရယ်စရာချည်း ဖြစ်နေတတ်ပါတယ် ။

အပြောတာရှိပေမယ့်
အလုပ်ကမပါဘူးဆိုရင်လည်း
ကဲ့ရဲ့အပြစ်တင်စရာဖြစ်လာနိုင်ပါတယ် ။

သူများကို ဆုံးမတာထက်
ကိုယ့်ကိုယ်ကို ဆုံးမတာကမြတ်ပါတယ် ။

သူများကိုအပြစ်ပြောနေတာထက်
ကိုယ့်မှာအပြစ်နည်းအောင်
နေတတ်ဖို့က အရေးကြီးပါတယ် ။

သူများကိုကြည့်ပူလောင်နေတာထက်
ကိုယ့်ကိုယ်ကိုကြည့်ပြီးတော့
အေးချမ်းစွာနေတတ်ဖို့လိုပါတယ် ။

မုန်းစရာကောင်းတဲ့လူကိုလည်း
ကိုယ်ကခေါ်သွားလို့မရသလို

ချစ်စရာကောင်းတဲ့သူကိုလည်း
ကိုယ်ကခေါ်သွားလို့မရနိုင်ပါဘူး ။

ကိုယ်ကောင်းအောင်ပဲကြိုးစာပြီး
ကိုယ့်လမ်းကိုယ်ပဲ လျှောက်လှမ်းနေပါ ။

ကိုယ်ပိုင်ဥစ္စာဖြစ်တဲ့ကံတွေအလိုက်
ဘ၀အနိမ့်အမြင့်တွေဖြစ်ကြရမှာဖြစ်လို့
ကံတွေမယုတ်ညံ့အောင်ပဲကြိုးစားပါ ။

🙏🙏🙏သာရ ဂ ဝေ သီ🙏🙏🙏

#မေတ္တာများစွာဖြင့်ပြန်လည်မျှဝေအပ်ပါသည်၊။
မြန်မာနိုင်ငံ အမျိုးသားလုံခြုံ ရေးဆိုင်ရာအကြံပေးနှင့် ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီး မိုးအောင်ဦးဆောင်သောအဖွဲ့သည်

မြန်မာ-တရုတ်
မြန်မာ-အိန္ဒိယ
မြန်မာ-ဘင်္ဂလားဒေ့ရှ်
မြန်မာ-လာအို

နိုင်ငံကိုယ်စားလှယ်များနှင့် သီးခြားစီတွေ့ဆုံပြီးနယ်စပ်ဒေသတည်ငြိမ်ရေးအကြမ်းဖက်မှုနှိမ်နင်းရေး
မူးယစ်ဆေးဝါးနှိမ်နင်းရေး
နယ်စပ်ဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးတို့ ပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေးသဘောတူညီမှုများ ရရှိခဲ့ကြောင်းသိရှိရပါသည်။
Forwarded from MWD News
Media is too big
VIEW IN TELEGRAM
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အရာရှိ၊ စစ်သည်များအား သွားရောက်ကြည့်ရှုအားပေးခြင်းနှင့် ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများအား တွေ့ဆုံသည်။(ဧပြီလ ၂၉)