တပ်ကြပ်ကြီးဖိုးကွန်း
22.4K subscribers
10.3K photos
1.05K videos
678 links
Download Telegram
၅၅ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ မြန်မာနိုင်ငံအတွက်နေရာကို နေရာလွတ် အဖြစ်ဆက်လက်ထားရှိသွားမယ်လို့ ဒုတိယဝန်ကြီးချုပ် ပရတ်ဆခုန်ပြော
………………………………………

နိုင်ငံတကာ၊ ဇူလိုင် ၂၁

မကြာခင်ကျင်းပမယ့် ၅၅ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး (55th AMM) နဲ့ ဆက် စပ်အစည်းအဝေးတွေမှာ မြန်မာနိုင်ငံအတွက်နေရာကို နေရာလွတ်အဖြစ် ဆက်လက်ထားရှိသွားမယ်လို့ ကမ္ဘောဒီးယားဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ပရတ်ဆခုန်က AKP သတင်းဌာနနဲ့ သီးသန့်အင်တာဗျူး မှာ ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ကြားမယ့်ကိစ္စမှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးအားလုံး သဘောတူညီမှုမရခဲ့ တာကြောင့် ဇူလိုင်လ ၃၁ ရက်နေ့ကနေ သြဂုတ်လ ၆ ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ်လက် ခံကျင်းပမယ့် ၅၅ ကြိမ်မြောက်အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအတွက် မြန်မာနိုင်ငံကနိုင်ငံရေး အရ ကိုယ်စားမပြုတဲ့ကိုယ်စားလှယ်တစ်ဦးကိုသာ ဖိတ်ကြားနိုင်တယ်လို့ ၎င်းက ရှင်းပြပါတယ်။

“မြန်မာနိုင်ငံဘက်ကအဖြေကလည်း အတူတူပါပဲ။ အစည်းအဝေးတွေတက်ရောက်ဖို့အတွက် နိုင်ငံရေးအရ ကိုယ်စားမပြုတဲ့ကိုယ်စားလှယ်တစ်ဦးကို မခန့်အပ်နိုင်ပါဘူး။ ဒါ့ကြောင့် မြန်မာအတွက်နေရာကို နေရာလွတ်ပဲ ဆက်လက်ထားရှိမှာဖြစ်ပါတယ်။” လို့ မြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးကိုယ်စားလှယ်လည်းဖြစ်တဲ့ ပရတ် ဆခုန်က ပြောပါတယ်။

အရင်တုန်းကကျင်းပခဲ့တဲ့အာဆီယံအစည်းအဝေးတွေမှာလည်း နိုင်ငံရေးကိုကိုယ်စားမပြုတဲ့ ကိုယ်စားလှယ် တစ်ဦးစေလွှတ်ပေးဖို့ ကမ်းလှမ်းခဲ့တာကို မြန်မာအစိုးရဘက်က ပယ်ချခဲ့ပါတယ်။

ပထမဦးဆုံးအနေနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဟာ အဆင့်အတန်းအတူတူပဲဆိုတာ အာဆီယံချာတာထဲမှာ ပြဋ္ဌာန်းထားတဲ့ အာဆီယံမူဝါဒတွေက ရှင်းရှင်းလင်းလင်းဖော်ပြထားကြောင်း၊ ဒုတိယအနေနဲ့ အာဆီယံအဖွဲ့ အစည်းအဝေးတွေတက်ရောက်ရာမှာ အဖွဲ့ဝင်နိုင်ငံတွေက ကိုယ်စားလှယ်တွေနဲ့ပတ်သက်ပြီး ဘာမှဖော်ပြထား တာမရှိကြောင်း၊ ဒါ့ကြောင့် အစည်းအဝေးတွေမှာ မြန်မာကို အဆင့်နှိမ့်ချဆက်ဆံဖို့အတွက် ဖိအားပေးတာမျိုး မလုပ်ဆောင်သင့်ကြောင်း မြန်မာဘက်ကပြောဆိုပြီး နိုင်ငံရေးကိုကိုယ်စားမပြုတဲ့ ကိုယ်စားလှယ်ကို စေလွှတ်ဖို့ ငြင်းဆန်ခဲ့တာဖြစ်ကြောင်း ပရတ်ဆခုန်က ရှင်းပြပါတယ်။

“မြန်မာနိုင်ငံက လာမယ့်အစည်းအဝေးတွေကိုတက်ဖို့ ငြင်းဆိုခဲ့ပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံအနေနဲ့ အစည်း အဝေးတွေမှာတက်ရောက်ခွင့်ရှိတဲ့ အခွင့်အရေးကို စွန့်လွှတ်ခဲ့တယ်လို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက မှတ်ယူ ထားပါတယ်။” လို့ ဆခုန်က ပြောပါတယ်။

မြန်မာအရေးနဲ့ပတ်သတ်ပြီး ကမ္ဘောဒီးယားနိုင်ငံက အရှုံးပေးသွားမှာမဟုတ်ဘဲ မြန်မာနိုင်ငံ ဒေသတွင်းအုပ်စုထဲ မှာ ပြန်လည်ပါဝင်လာအောင် ကြိုးစားပြီး လမ်းခင်းပေးသွားမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

“မြန်မာနိုင်ငံထဲမှာ ပြဿနာတွေ ပြေလည်သွားစေဖို့ အာဆီယံအဖွဲ့ရဲ့ အချက်ငါးချက်ပါ သဘောတူညီချက်တွေ ကို အကောင်အထည်ဖော်နိုင်ဖို့ ကြိုးပမ်းရာမှာ တိုးတက်မှုတွေရော ဆုတ်ယုတ်မှုတွေရော ရှိပါတယ်။ ဒါပေမဲ့ မြန်မာ့အရေးနဲ့ပတ်သက်ရင် ကမ္ဘောဒီးယားနိုင်ငံက အကောင်းမြင်ဝါဒကို ဆက်လက်ကိုင်စွဲထားဆဲဖြစ်ပါတယ်။ အနည်းဆုံးတော့ အာဆီယံအဖွဲ့ရဲ့ အချက်ငါးချက်ပါ သဘောတူညီချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ လာမယ့် အာဆီယံအလှည့်ကျဥက္ကဋ္ဌအတွက် ကမ္ဘောဒီးယားနိုင်ငံက လမ်းခင်းပေးခဲ့နိုင်ပါတယ်။” လို့ ပရတ် ဆခုန်က ပြောပါတယ်။

Ref: DPM Prak Sokhonn: Myanmar’s seat at 55th AMM to remain vacant

#PeopleMedia
#TFM
ညောင်ရွှေမြို့၊ မင်္ဂလာရပ်ကွက်အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ
……………………………………

နေပြည်တော်၊ ဇူလိုင် ၂၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့၊ မင်္ဂလာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသော်တာ ယနေ့ နံနက် ၈ နာရီ ကျော်အချိန်က သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။

ဖြစ်စဉ်မှာ ညောင်ရွှေမြို့၊ မင်္ဂလာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသော်တာသည် ယနေ့နံနက်ပိုင်းက နေအိမ်မှ ဆိုင်ကယ်ဖြင့်ထွက်လာစဉ် နန္ဒဝန်ရပ်ကွက်၊ ဦးဖုန်းကြွယ်ဘုရားအနီး၌ နောက်မှဆိုင်ကယ်တစ်စီးဖြင့် အမျိုး သားနှစ်ဦးမှ လိုက်လာပြီး ဦးသော်တာအား သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ဦးသော်တာမှာ ဒဏ်ရာများဖြင့် ထွက်ပြေးခဲ့သော်လည်း နေအိမ်တစ်ခု အရောက် တွင် သေဆုံးသွားကြောင်း သိရသည်။

Photo - Credit

#PeopleMedia