တပ်ကြပ်ကြီးဖိုးကွန်း
22.5K subscribers
10.3K photos
1.05K videos
673 links
Download Telegram
နိုင်ငံရေးစနစ်နဲ့
အုပ်ချုပ်ရေးစနစ် ကိုထဲ့တွက်ကြရမယ်
အထူးသဖြင့်....
အသားကျနေပြီဖြစ်တဲ့ ထိုင်ဝမ်ရဲ့
နိုင်ငံရေးစနစ်မှာ ဘေဂျင်းယိမ်းအစိုးရကို
အမြဲတန်း ရနေနိုင်ဖို့က
အဓိက စ်န်ခေါ်မှုဖြစ်လာလိမ့်မယ်၊
ကျွန်းသိမ်းဖို့လောက်ကတော့
တရုတ်အတွက် ဘာမှ မခက်ခဲလောက်ပါဘူး။

NayZinLatt ( 3.8.22 ) 🤓
ချောင်းဦး ဖော်ထုတ်ဖမ်းဆီးရမိ
ပညာရေးတက္ကသိုလ်လေ့ကျင့်ရေးကျောင်း(TTC ကမာရွတ်)လည်း..စနေ၊တနင်္ဂနွေဘဲပိတ်တာ၊အဲ့ဒါကတော့မဆိုင်ဘူးထင်တယ်၊တခြား International School တွေလည်း စနေ၊တနင်္ဂနွေဘဲပိတ်ကြတာ၊သောကြာနေ့ကျောင်းပိတ်ပေးဖို့ ပြောနေကြအုံးမယ်..လားလားတွေက
Forwarded from Myanmar Update News
Media is too big
VIEW IN TELEGRAM
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E Sergey Lavrov ကို လက်ခံတွေ့ဆုံ
Forwarded from Kyaw Swar🇲🇲🇲🇲🇲🇲
တောင်ငူမြို့နယ်မှာ
USDP ကိုယ်စားလှယ်အပါအဝင်
ပြည်သူတွေကို ဒလန်လို့စွပ်စွဲပြီး
သတ်ဖြတ်နေတဲ့ တောင်ငူPDF
လူသတ်ခေါင်းဆောင်ချစ်မင်းလူအပါအဝင်(၁၁)ဦးဖမ်းမိကြောင်းကနဦးသိရ။
Crd
အိပ်ပီ ဗျို့...မအိပ်ခင်အပြင်ပြေဖတ်ဖို့ပါ😂😂😂

နယူတန်ဟာ ပန်းသီးပင်အောက်အိပ်နေရင်း

ပန်းသီးကြွေကျတာကြည့်ပြီး ကမ္ဘာမြေကြီးဆွဲအားအကြောင်း ရှာတွေ့တယ်

အာခီမီးဒီးဟာ ရေချိုးဇလုံထဲ ဝင်စိမ်လို့ ရေလျှံကျတာကြည့်ပြီး

အာခီမီးဒီးနိယာမကို ရှာတွေ့တယ်

ပင်နယ်ဆလင်ကို ဆရာဝန်တယောက်က

အိမ်မှာစောက်ပျင်းတစ်ပြီးပန်းကန်တေ မဆေးလို့

တက်နေတဲ့ မှိုတေကနေ ရှာတွေ့တယ်

ဇူကာဘတ်ဟာ ဖွန်ကြောင်ဖို့လုပ်ရင်း ခုဒီဖေ့စဘုတ်ကြီးဖြစ်သွားတယ်

ကဲပြောဇမ်းပါ လောကမှာ စောက်ရမ်းကြိုးစားလို့ အောင်မြင်သွားတယ်ဆိုတဲ့သူဆိုတာရှိလို့လား

နားအေးပါးအေးနေကြဇမ်းပါ ဂေါင်းရီးတို့ရာ

အချိန်တန် ကံပါရင် ပန်းသီးတင်မက ဒူးရင်းသီးပါကြွေကျနိုင်သေးတယ်

🤣
#လောကနိယာမ
______________

#ရနေလို့လည်း သိပ်မပျော်ပါနဲ့၊
မြဲတဲ့အရာ တစ်ခုမှ မရှိပါဘူး။

#မရလို့လည်း ဝမ်းမနည်းပါနဲ့၊
အဆင်မပြေသူတွေ အများကြီး ရှိတယ်။

#ချီးမွမ်းခံရလို့ သိပ်မပျော်ပါနဲ့၊
အောက်ခြေ မလွတ်ဖို့ အရေးကြီးပါတယ်။

#ကဲ့ရဲ့ခံရလို့ ဝမ်းမနည်းပါနဲ့၊
လမ်းမှန်လျှောက်ဖို့ ဂရုစိုက်ရမယ်။

#ချစ်ခင်နေလို့ သိပ်မပျော်ပါနဲ့၊
တနေ့ကျရင် လမ်းခွဲရမယ်။

#ခွဲခွာရလို့ ဝမ်းမနည်းပါနဲ့၊
ထာ၀ရဆိုတာ တစ်ခု မှမရှိပါဘူး။

#အောင်မြင်နေလို့ သိပ်မပျော်ပါနဲ့၊
ရေရှည်ခံဖို့ ကြိုးစားရမယ်။

#ကျရှုံးသွားလို့ ဝမ်းမနည်းပါနဲ့၊
လဲရာနေရာကနေ ပြန်ထရမယ်။

တကယ်တော့ ဘဝဆိုတာ
ပုံသေမရှိပါဘူး။

နိမ့်နိမ့်မြင့်မြင့် တည်ငြိမ်ရမယ်။

ဒါမှအခက်အခဲကို
ကျော်ဖြတ်နိုင်မှာ မဟုတ်ပါလား။

သတ္တဝါခပ်သိမ်း, တရားကိန်း,
အေးငြိမ်းချမ်းသာ ရှိပါစေ။
_____________________

#သီတဂူအရှင်ဒေဝိန္ဒာဘဝံသ

#ရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ🙏🙏🙏
ကောင်းလိုက်တာ မှန်လိုက်တဲ့စာ

ပြည်နာချိန်မှာ အငမ်းမရ
စီးပွားရှာနေသူတွေကို ပြောချင်နေတုန်း
မိုးကုတ်ဆရာတော်ကြီးရဲ့ဒကာရင်း
ကုန်သည်တစ်ဦးက တရားနာခါနီးမှ
ကပ်ပြီးရောက်လာတယ်
ဆရာတော်ကိုကန်တော့ပြီး
ဒီလိုပဲဘုရား၊ ခုချိန်မှာ တပည့်တော်
လှောင်ထားတဲ့ကုန်တွေက
အပြင်မှာ ရှားပါးချိန်ဆိုတော့
ဖောက်သည်တွေက လက်မလည်
အောင်ဖြစ်နေလို မနည်းဖြတ်ခဲ့ရတယ်
လိုလျှောက်တယ်။
ဆရာတော်ကြီးက
"အလုပ်ဆိုတာကတော့
ကိုယ်က အနားမယူတတ်ရင်
မသေမချင်း ရှုပ်နေမှာပေါ့ကွာ ဆို
တော့
ဒီလိုလည်းမဟုတ်သေးဘူး ဆရာတော်၊
-စီးပွားရှာ ပြည်နာမှ-ဆိုသလိုပဲ
ခုချိန်မျိုးမှာမှ ပိုပြီးရောင်းကောင်းတာတဲ့
ဒကာကြီးသုံးလိုက်တဲ့ စကားပုံကိုကြားလိုက်တော့
ဆရာတော်ကြီးက သိပ်ပြီးမနှစ်ခြိုက်တဲ့သဘောနဲ့ ကြည့်ရင်း
အေး-သုဿန်မှာ လူသေကောင်တူးမြှုပ်
ပြီး အသက်မွေးကြတဲ့ ဒွန်းစဏ္ဍားတွေလည်း မင်းတို
လိုပဲကွ၊
သူများတွေ ငိုကြီးချက်မနဲ့ လူသေအလောင်း
ထမ်းလာတာမြင်ရင် သူတိုက ပြုံးနေတာပဲ။
သူများငိုရလေ သူတိုက ဝင်ငွေကောင်းလေဆိုသလို
ဖြစ်နေတာကိုးကွ။
ခုလည်း မင်းတိုဟာက သူများအခက်တွေ့လေ
မင်းတိုက ပျော်လေဆိုတော့ ဒါ ဒွန်းစဏ္ဍားပျော်
ပျော်နေကြတာမဟုတ်လား လို မိန့်ကြားလိုက်တယ်။

ဓမ္မဘေရီဆရာတော်🙏🙏🙏
🌸#ဥပုသ်စောင့်တာ_ဘာအကျိုးရှိသလဲ🌸
=====================
ဥပုသ် တစ်နေ့ စောင့်သုံးရတဲ့ ကုသိုလ်ရဲ့ တန်ဖိုးဟာ ကမ္ဘာပေါ်မှာ ရှိသမျှ ရွှေငွေ ကျောက်သံ ပတ္တမြား အစရှိတဲ့ ရတနာတွေရဲ့ တန်ဖိုးထက် သာလွန်ပါတယ်တဲ့။ ကမ္ဘာပေါ်မှာ ရှိသမျှ ရွှေငွေ ကျောက်သံ ပတ္တမြား အစရှိတဲ့ ရတနာတွေရဲ့ တန်ဖိုးဟာ ဥပုသ် တစ်နေ့ စောင့်သုံးရတဲ့ ကုသိုလ်ကို ဆယ့်ခြောက်စိတ် စိတ်ရင် တစ်စိတ်ကိုမျှ မမီနိုင်လို့ပါပဲတဲ့။


🌸စဉ်းစားကြည့်ပေါ့။ လူ့စည်းစိမ်ထက် အဆပေါင်းများစွာ သာလွန်တဲ့ နတ်စည်းစိမ်ကိုတောင် ဥပုသ်တစ်နေ့ စောင့်သုံးတဲ့ ကုသိုလ်က အလွယ်ကလေး ပေးနိုင်တယ်ပေါ့။ တကယ်တော့ နတ်စည်းစိမ်တွေနဲ့ နှိုင်းယှဉ်လိုက်မယ်ဆိုရင် လူ့စည်းစိမ်ဆိုတာ ချမ်းသာတယ်လို့တောင် ပြောလို့ မရတော့ဘူးပေါ့။ ချမ်းသာစာရင်းတောင် မဝင်တော့ဘူး ဖြစ်တယ်ပေါ့။🌸


🌸နတ်သဘင်အစည်းအဝေးတစ်ခုမှာ သိကြားမင်းကြီးက ပြောသတဲ့။ သူ့လို သိကြားမင်းဆိုတဲ့ နတ်ချမ်းသာစည်းစိမ်ကြီးကို လိုချင်ရင် ဥပုသ်စောင့်သုံးပါတဲ့။ အဲ့ဒါကို မြတ်စွာဘုရားက သိကြားမင်း ပြောတဲ့စကားဟာ မပြည့်စုံဘူးတဲ့။ တကယ်ပြောရမှာက ရဟန္တာပုဂ္ဂိုလ်က ငါ့လို ရဟန္တာ ဖြစ်ချင်ရင် ဥပုသ်စောင့်သုံးပါလို့ ပြောရမှာတဲ့။ ဘာလို့လဲဆိုရင် ဥပုသ်စောင့်သုံးတဲ့ကုသိုလ်က သိကြားမင်းစည်းစိမ်၊ အင်မတန် ကြီးကျယ်တဲ့ နတ်စည်းစိမ်ချမ်းသာတွေကို ရစေရုံတင်မကဘူး။ ရဟန္တာတောင် ဖြစ်စေနိုင်လို့ပဲ ဖြစ်တယ်ပေါ့။🌸



#ပါချုပ်ဆရာတော်ဘုရားကြီး
(ဥပုသ်စောင့်သုံးခြင်း၏အဓိပ္ပါယ် – တရားတော်မှ)

ဒီနေ့ ဥပုသ်နေ့ ဖြစ်လို့ ဥပုသ်သီလ ယူနိုင်ဖို့ နှိုးဆော်အပ်ပါတယ်ခင်ဗျား 🙏🙏🙏🙏🙏
သတ်သူက သတ်..သေသူက သေ

ပြုသူအသစ် ဖြစ်သူအဟောင်းတဲ့။

လိုလိုလားလား အားပေးခြင်းတွေက
မိမိထံပြန်လာမည်ဆိုတာလည်း မမေ့နဲ့။

ဘာလို့ အသစ်အသစ်တွေပြုနေကြမှာလည်း။

အဟောင်းတွေပဲကြေအောင်ဆပ်ရအောင်။

အရှင်တေဇာနန္ဒ(ငဖဲ)
Forwarded from Thazin Oo 🍁 (Thae Nu Seesar)
Media is too big
VIEW IN TELEGRAM
ပါတီရန်ပုံငွေများကို ယခင်ကလည်း

သုံးစွဲခြင်းမရှိသလို

နောက်လည်း သုံးစွဲရန်မရှိကြောင်း

လယ်/ဆည် ဝန်ကြီး (ဟောင်း)

ဦးမြင့်လှိုင် ပြောဆို

#PeopleMedia #ဦးမြင့်လှိုင်
ဒီနေ့ ရှမ်းပြည်က SSPP နဲ့ တပ်ချုပ်ကြီးတို့ တွေ့တယ်။
ထင်မထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးနိုင်မှု ဖြစ်စဉ်ပါပဲ။ တပ်ချုပ်ကြီး ပြောဖူးသလို။ ငြိမ်းချမ်းရေး အတွက် စကားတွေ အောက်ခြေမှာ အများကြီး ပြောရတယ်။ အကြိမ်ပေါင်း ထောင်၊သောင်းချီတွေ့ရတယ်။ နှစ်ဖက်ယုံကြည်မှုတွေ အများကြီး တည်ဆောက်ရတယ်။


SSPP အနေနဲ့လည်း လက်ရှိအခင်းအကျင်းကို နားလည်မှာပါ။ TNLA လည်း နားလည်နိုင်ပါစေလို့ မျှော်လင့်ပါတယ်။ EAOs တွေပါတဲ့ အခင်းအကျင်း၊ ညှိနှိုင်းလို့ရမဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပြည်ထောင်စု သဘောတူညီမှု စာချုပ်အချို့တွေထဲက သဘောတူညီမှု အချက်တွေက PR အစိုးရ တက်လာရင် ၂၀၀၈ မှာ မဖြစ်မနေ ပြင်ဆင်ပေးရမဲ့ အရာတွေပါပဲ။


တဖက်ကရင်မှာလည်း နယ်ဒါးမြရဲ့ ကော်သူလေး တပ်မတော် တည်ထောင်တဲ့ ကိစွနဲ့ပတ်သက်ပြီး DKBA နဲ့ KNU နှစ်ဖွဲ့ က အဖွဲ့အစည်းတခုအဖြစ် ပြင်ဆင်ဖွဲ့စည်းပြီး တုန့်ပြန်ဖို့ ပြင်ဆင်လာတာတွေ့ရတယ်။ အင်အားတွေ စုပေါင်းပြီး လုပ်ကိုင်ဖို့ ညှိနှိုင်းလာတာတွေ တွေ့ရတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ် ရှု့ဒေါင့်ကကြည့်ရင် ဗဟို အာဏာစက်က လက်ခွဲ တပ်မဟာတွေအပေါ် သက်ရောက်မှု ရှိရင် ကောင်းပါတယ်။ မဟုတ်ရင် NCA က လုပ်စားမှုသပ်သပ်လို့ အထင်မြင်လွဲမှားစေနိုင်တယ်။ ဘာပဲ ဖြစ်ဖြစ် စစ်ရာဇဝတ်မှု ကျူးလွန်ထားတဲ့သူကို ထိုက်သင့်တဲ့ တုန့်ပြန်မှု အစောကြီးကတည်းက မလုပ်ရင် ကရင်ပြည်နယ်ရဲ့ ငြိမ်းချမ်းနေမှုဟာ စောစော အဆုံးသတ်သွားနိုင်တယ်။


#ဖိုးစီ
ငြိမ်းချမ်းမှု အရေး ရှေးရှု ဆောင်ရွက်နိုင်ကြပါစေ။