တပ်ကြပ်ကြီးဖိုးကွန်း
22.4K subscribers
10.3K photos
1.05K videos
678 links
Download Telegram
ယူကရိန်းနိုင်ငံတွင် စစ်ဆင်ရေး ပထမအဆင့်ပြီးဆုံးကြောင်း ရုရှားနိုင်ငံ ကြေညာ

Russia announces completion of 1st stage of military operation in Ukraine

မော်စကို၊ မတ် ၂၆ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံတွင် ရုရှားနိုင်ငံ၏ အထူးစစ်ဆင်ရေး အဓိကတာဝန်မှာ ယေဘူယျအားဖြင့် ပြီးစီးသွားပြီဖြစ်ကြောင်း ရုရှား စစ်တပ်က မတ် ၂၅ ရက်၌ ပြောကြားခဲ့သည်။

“ယူကရိန်းစစ်တပ်ကို တိုက်ခိုက်ရေးအလားအလာကို သိသိသာသာ လျှော့ချလိုက်ပါပြီ” ဟု ရုရှား စစ်တပ် ပထမ လက်ထောက် စစ်ဦးစီးအရာရှိချုပ် Sergei Rudskoy က ပြောခဲ့သည်။

“ကျွန်တော်တို တပ်ဖွဲတွေနဲ့ ရည်ရွယ်ချက်တွေကတော့ ဒွန်ဘတ်စ်ဒေသ အပြည့်အဝလွတ်မြောက်ရေး ဆိုတဲ့ အဓိကအချက်ကို အာရုံစိုက်သွားမှာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ယူကရိန်းနိုင်ငံရှိ ကရှာဆွန်နှင့် ဇာပိုရေဇီးယား ဒေသအများစုမှာ ရုရှား၏ အပြည့်အဝထိန်းချုပ်မှုအောက် ရောက်ရှိနေပြီဖြစ်သလို ကိဗ်၊ ခွာကစ်ဗ်၊ ဆူးမီနှင့် မာလ်ကိုလိုင်ဗ် စသည့်မြိုများကိုလည်း ရုရှား တပ်ဖွဲဝင်များက ပိတ်ဆိုထားကြောင်း Rudskoy က ဆိုသည်။

လွန်ခဲ့သည့်တစ်လအကြာ စစ်ဆင်ရေးစတင်ချိန်မှစ၍ ယူကရိန်း စစ်သား ၁၄,၀၀၀ ကျော် သေဆုံးခဲ့ပြီး ၁၆,၀၀၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း Rudskoy က ပြောခဲ့သည်။

“ယူကရိန်း လေတပ်နဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ လုံးဝနီးပါး ပျက်စီးသွားပါပြီ။ ရေတပ်ကလည်း ရပ်တည်ဖိုအတွက် အပစ်အခတ်ရပ်စဲထားတာပါ” ဟု Rudskoy က သတင်းထောက်များကို ပြောကြားခဲ့သည်။

ရုရှားနိုင်ငံဘက်တွင်မူ စစ်သား ၁,၃၅၁ ဦး သေဆုံးပြီး ၃,၈၂၅ ဦး ဒဏ်ရာရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော် အလေးထားပြောလိုတာကတော့ အထူးစစ်ဆင်ရေးက ခွင့်ပြုထားတဲ့ အစီအစဉ်အတိုင်း တင်းတင်ကျပ်ကျပ် လုပ်ဆောင်နေတာပဲဖြစ်ပါတယ်” ဟု ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Igor Konashenkov က ပြောကြားခဲ့သည်။ (Xinhua)

#Russia, #Ukraine, #SpecialMilitaryOperation, #Completion, #Xinhua, #Myanmar, #XinhuaMyanmar, #ရုရှား, #ယူကရိန်း, #အထူးစစ်ဆင်ရေး, #ပြီးစီး, #ဆင်ဟွာ, #မြန်မာ, #ဆင်ဟွာမြန်မာ
………………………………………………