တပ်ကြပ်ကြီးဖိုးကွန်း
22.5K subscribers
10.3K photos
1.05K videos
673 links
Download Telegram
လက်သုံးချောင်းထောင်လည်းTNLA အောက်ပဲနေရမယ်

ဖေဖော်ဝါရီ၅ရက်နေ့မှာကျရောက်တဲ့ ၆၃နှစ်မြောက် ကချင်အမျိုးသားတော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကွတ်ခိုင်မြို့မှာကျင်းပဖို့ပြင်ဆင်နေစဥ် TNLAက တားဆီးနှောင့်ယှက်ခြင်း၊နေအိမ်ခြံဝန်းများအတွင်း ကချင်အမျိုးသားအလံ လွှင့်ထူထားချိန်မှာ အထက်အမိန့်အရ ဆိုပြီး TNLAတပ်တွေက အလံတိုင်တွေချိုးဖျက် ဖြုတ်ချ ဆွဲဆုတ် ခြင်း များအပေါ် ကန့်ကွက်ရှုတ်ချကြောင်း ကွတ်ခိုင်ကချင်တမန်အဖွဲ့က ဖေဖော်ဝါရီ၆ရက်နေ့ရက်စွဲနဲ့ စာထုတ်ပြန်ခဲ့ပါတယ်။

"ကွတ်ခိုင်မြို့ကို ငါတို့TNLAတပ်ဖွဲ့ကတိုက်ယူထားတာ""လက်သုံးချောင်းထောင်လည်းငါတို့TNLAတပ်ဖွဲ့တွေအောက်မှာပဲ နေရမယ်"လို့ ပြောဆိုချက်တွေအပေါ်ကန့်ကွက်စာမှာ ပြင်းပြင်းထန်ထန် ကန့်ကွက်ထားတာ တွေ့ရပါတယ်။

တကယ်တော့ ကချင်အမျိုးသားတော်လှန်ရေးနေ့ဆိုတာ ကေအိုင်အေ စတင်ဖွဲ့စည်းတဲ့ ၁၉၆၁ခုနှစ်ဖေဖော်ဝါရီ(၅)ရက်နေ့ကို သတ်မှတ်ထားတာဖြစ်လို့ ကေအိုင်အေ ကို ထောက်ခံဂုဏ်ပြုပွဲလည်းဖြစ်ပါတယ်။ကေအိုင်အေ အထွတ်အမြတ်နေ့ကျင်းပမှုစော်ကားခံရမှုကို ကချင်တမန် အဖွဲ့ က ကန့်ကွက်စာထုတ်ပေမယ့် ကေအိုင်အေက ဘာမှ တုံ့ပြန်မှု မတွေ့ရပါဘူး။

အစဥ်အလာအရ ယခင်PSLA ပလောင်သူပုန် လက်ထက်ကတည်းက KIAက အနိုင်ကျင့် ခဲ့သလို အခု TNLAဆိုတာလည်း လွိုင်ဇာမှာ KIAက လေ့ကျင့်မွေးထုတ်ပေးလိုက်တာ ဖြစ်လို့ ငယ်နိုင်လို ဖြစ်
ပေမယ့် နေရာတကာဆတ်ဆတ်ထိမခံ တုံ့ပြန်ပြောဆိုတတ်တဲ့KIAခေါင်းဆောင်တွေ အခုကိစ္စနူတ်ဆိတ်နေတာ ဟာ TNLA နောက်မှာ KIAကြောက်စရာ အဖွဲ့အစည်းရှိနေလို့ ဖြစ်ကြောင်း သိသာထင်ရှားစေပါတယ်။

ရှမ်းမြောက်သိန္နီ ကွတ်ခိုင် နမ့်ဖတ်ကာနယ်မြေဟာ ရှေးအစဥ်အဆက် ကတည်း က ကချင်လူမျိုးအများစုနေထိုင်ရာနယ်ဖြစ်လို့ KIAက တပ်မဟာ၄ နယ်မြေအဖြစ် ဖွဲ့စည်းထားတာဖြစ်လို့ အခု မြောက်သုံးဖွဲ့ က ကွတ်ခိုင်သိန္နီကို သိမ်းပိုက်အုပ် ချုပ်မယ်ဆိုတဲ့ကိစ္စ မတတ်သာလို့သာ ငြိမ်နေရပေမယ့်KIAက လက်ခံကျေနပ်နိုင်မှာမဟုတ်တာ သေချာပါတယ်။

ကွတ်ခိုင်သိန္နီနယ်ဟာအစဥ်အဆက်KIAနဲ့SSPPတို့ ကြီးစိုးရာနယ်မြေ ဖြစ်ခဲ့ပေမယ့် ဒီကနေ့အချိန်မှာတော့ အရှင်မွေးတော့ ချက်ချင်း ကြီး ဆိုသလို MNDAAနဲ့ TNLA သိမ်း ပိုက်အုပ်ချုပ်
နယ်တွေ ဖြစ်သွားတဲ့အတွက် KIAနဲ့ SSPP အဖို့ နေသေးသပ ချုံထဲက လို့ စိတ်ထဲကကြုံးဝါးချိုသွေးနေရတဲ့ ဘဝ ဖြစ်ပါတယ်။

TNLAက ကွတ်ခိုင်မှာ ကချင်တွေကိုအနိုင်ကျင့်တာ KIAဘာမှမတတ်နိုင်သလို နမ့်ခမ်းမှာရှမ်းတွေ နှိပ်ကွပ်ခံရတာလည်း SSPP မကယ်နိုင် တဲ့အခြေအနေမှာ အတိတ်က(PSLAဘဝက) KIA,SSPPအနိုင်ကျင့်ခံခဲ့ရတာတွေကို TNLAက အတိုးနဲ့ပြန် လက်စားချေအနိုင်ကျင့်လာမယ့် အနေအထားတွေ မြင်လာရပါတယ်။

TNLAနောက်မှာMNDAAနဲ့UWSAရှိတယ်၊MNDAနဲ့UWSAနောက်မှာ တရုပ်ရှိတယ် ဆိုတော့ ပလောင်သူပုန်(PSLA) ဘဝက ငယ်နိုင်ဖြစ်ခဲ့တဲ့ KIAနဲ့SSPPလည်း လောလောဆယ်မှာမလှုပ်ရဲဘဲTNLAလုပ်သမျှ ငြိမ်ခံနေရတဲ့ ဘဝ ရောက်နေတာ တွေ့ရပေမယ့် တစ်ချိန်မှာပြန်ထချကြအုံးမှာကတော့ သေချာနေပါတယ်။

#ThaungLwinHein
ချင်း အချင်းချင်းပြဿနာ

၂၀၂၄ဖေဖော်ဝါရီ(၁)ရက်နေ့ မှာ ချင်းပြည်ကောင်စီ(Chinland Council)က ချင်းပြည်အစိုးရဖွဲ့လိုက်တဲ့အပေါ် ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC)ကဖေဖော်ဝါရီ(၃)ရက်နေ့ရက်စွဲနဲ့ လုံးဝ(လုံးဝ)ကန့်ကွက်ကြောင်းကြေညာချက်ထုတ်ပြီး အပြင်းအထန်ကန့်ကွက်သလို ချင်းပြည်နယ်အတွင်းရှိ CDF တွေနဲ့ ဒေသဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့တွေက လက်မခံကြောင်း ကြေညာချက်တွေ ထုတ်ပြန်နေပါတယ်။(ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့ ၄ခုနဲ့CDFတပ်ရင်း ၅ခု က လက်မခံကြောင်းကြေညာချက်ထုတ်ပြန်ထား)

ICNCCဟာ နွေဦးတော်လှန်ရေးနဲ့အတူ ပေါက်ဖွားလာပြီး ဖက်ဒရယ်ဒီမိုကရေစီပဋီညာဥ်အရ ဖွဲ့စည်းထားတဲ့ တစ်ခုတည်းသောချင်းပြည်နယ်ကိုယ်စားပြု အဖွဲ့ဖြစ်လို့ အစိုးရဖွဲ့တာကို ICNCCကသာ လုပ်ပိုင်ခွင့်ရှိတယ်လို့ ချင်းအတိုင်ပင်ခံကောင်စီ ICNCC က ဆိုပါတယ်။

ချင်းပြည်နယ်အတွင်းမှာ CNA(CNF)နဲ့ CDFအဖွဲ့တွေ မကြာခန တိုက်ပွဲ ဖြစ်နေသလို CDFကလည်း တစ်နယ်တစ်ဖွဲ့ အကွဲကွဲအပြားပြားဖြစ်နေပြီးတစ်နယ်တစ်မင်းနယ်မကျော်ရ ပုံစံ အုပ်ချုပ်နေကြတာ ဖြစ်ပါတယ်။

ဇန်နဝါရီ၂၄ရက်နေ့ကချင်းပြည်နယ်မရာနယ်မြေချင်းMDFအဖွဲ့ကသူတို့နယ်မြေထဲဝင်လာတဲ့ CNA,CDFအဖွဲ့ကိုပစ်ခတ်လို့ CNA,CDFနှစ်ဦးကျဆုံးခဲ့ပါတယ်။မရာနယ်မြေလိုင်းလင်းပီရွာ မှာCNA, CDFတပ်စွဲထားတာ ခွင့်မပြုကြောင်းMDFကဇန်နဝါရီ၁၈ရက်နေ့ကကြေညာချက်ထုတ်ထားတာတာ မလိုက်နာလို့ တိုက်ထုတ်ရတာလို့ ဆိုပါတယ်။

ချင်းပြည်နယ် မရာဒေသရှိဒေသခံ CDF-Mara နဲ့ MDFနှစ်ဖွဲ့လည်းမတည့်ဘဲ အပြန်အလှန်ပစ်ခတ်သတ်ဖြတ်မှုတွေနဲ့နယ်မြေတစ်ခုထဲမှာ အာဏာလုပြဿနာတက်နေတာ ဖြစ်ပါတယ်။CDF-Maraကချင်းအမျိုးသားတပ်ဦး CNFနဲ့မဟာမိတ်ဖြစ်ပြီး MDFက AAနဲ့ ပူးပေါင်းပြီးပလက်ဝဘက်မှာ စစ်ဆင်နေတဲ့အဖွဲ့ဖြစ်ပါတယ်။

အခုလို အချိန်မှာ CNFဦးဆောင် တဲ့ ချင်းပြည်ကောင်စီကချင်းပြည်အစိုးရဖွဲ့လိုက်တဲ့အပေါ်နွေဦးတော်လှန်ရေး ချင်းအမျိုးသားအတိုင်ပင် ခံကောင်စီ အဖွဲ့က လက်မခံခြင်းကြောင့် အဓိကဦးဆောင်အဖွဲ့ကြီးနှစ်ဖွဲ့အကွဲအပြဲပေါ်ပေါက်လာခြင်းဟာ ချင်း အချင်းချင်း သွေးခင်းတဲ့အာဏာလုပွဲတွေဆီ ဦးတည်လာနေတာပဲ ဖြစ်ပါတယ်။

#ThaungLwinHein
သတင်းမှန်ပြန်ကြားနှေး

(၈)ရက်နေ့ ကျောက်တော် ဖြစ်စဥ်ဟာလိုင်းပေါ်မှာဆူညံနေပြီး လူမျိုးရေးအဓိကရုဏ်း အသွင်ဆီ ဦးတည်နိုင်လာတဲ့အထိ စိုးရိမ်စရာဖြစ်ပေမယ့် (၁၀)ရက်နေ့ညနေအထိ သတင်းမှန်ပြန်ကြားရေးဘက်က ထုတ်ပြန်ချက်မတွေ့ရသေးပါဘူး။

သတင်းဖြစ်စဥ်ဆိုတာ ကိုယ်ဖြစ်ချင်တိုင်း ဖြစ်တာမဟုတ်တဲ့အတွက် မလိုလားတဲ့သတင်းဖြစ်စဥ် ကိုလည်း ရှေ့ဆက်ဖြစ်လာနိုင်ဖွယ်ရှိတဲ့ အန္တရယ်ကိုကာကွယ်နိုင်ဖို့ အချိန်နဲ့တပြေးညီ ထုတ်ပြန်နိုင်ဖို့လိုပါတယ်။

ကျောက်တော်ဖြစ်စဥ် မမှန်ဘူးဆိုရင်လည်း မမှန်ကြောင်းမြန်မြန်ဆန်ဆန်ထုတ်ပြန်ပေးဖို့လိုသလို မှန်တယ်ဆိုရင်လည်းရခိုင်ဗမာ လူမျိုးရေးပြဿနာ မဟုတ်ကြောင်း အကြောင်းအကျိုးနဲ့ရှင်းရှင်း လင်းလင်း ရှင်းပြထားနိုင်ဖို့လိုပါတယ်။

#ThaungLwinHein
အမေရိကန်မြန်မာအရပ်ဘက်စစ်ဘက်ဆက်ဆံရေးကျွမ်းကျင်သူ ဆိုတဲ့ ဒေါက်တာမီမီဝင်းဗတ်က" စစ်တပ်က လူတွေအတင်းဖမ်းပြီးစစ်တပ်ထဲသွင်းတယ်၊တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက အတင်းအကျပ်မလုပ်ဘဲ ဝင်ဖို့ ဗော်လံတီယာဖိတ်ခေါ်တာဖြစ်လို့ ကွာခြားတယ်"လို့ဒီမနက်VOAမှာပြောသွားတယ်။

EAO တွေ လူသစ်စုဆောင်းမှု လက်တွေ့လုပ်နေတာ၊MNDAAနဲ့TNLAလူသစ်စုဆောင်းမှုစနစ်တရားဝင်ထုတ်ပြန်ထားတာကမ္ဘာသိဖြစ်ပေမယ့် ကျွမ်းကျင်သူဆိုသူကမသိတာ အံ့သြစရာပဲ။

ကျွမ်းကျင်သူဆိုပြီး အခြေအနေမှန်မသိဘဲ တလွဲတွေထင်ရာစွတ်ပြောနေရင်တော့ အမှန်သိနေသူတွေက "ငပေါ"လို့သတ်မှတ်ကြမှာပဲ။

အဖြစ်အပျက်အမှန်အတိုင်းသိရက်နဲ့ ဂျပိုးကိုလိပ်ဖြစ်အောင် ဗြောင်လိမ်ဗြောင်စားပြောတာ ဆိုရင်တော့အလွန် ကလိန်ကကျစ်ကျ တဲ့အောက်တန်းစား ပြောဆိုမှုပဲ။

#ThaungLwinHein
တပ်မတော်မခိုင်လျှင် တိုင်းပြည်ယိုင်မည်

လက်ရှိတိုင်းပြည်အခြေအနေယိုင်နဲ့လာမှုတွေရဲ့ အကြောင်းရင်းဟာ တပ်မတော်အင်အားတောင့်တင်းခိုင်မာမှုမရှိလို့ဆိုတဲ့အားနည်းချက်ကို အမှန်အတိုင်းမြင်ဖို့လိုပါတယ်။

အင်အားတောင့်တင်းခိုင်မာတဲ့တပ်မတော်ဖြစ်အောင် အမြန်ဆုံးပြန်လည်ပြုပြင်တည်ဆောက်နိုင်မှသာစစ်ရေးအကျပ် အတည်းတွေကနေ ဖောက်ထွက်နိုင်ပြီး တိုင်းပြည်ယိုင်နဲ့လာမှုကို ပြန်တည့်မတ်နိုင်ပါလိမ့်မယ်။

အင်အားဆိုတာလူအင်အားတစ်ခုတည်း မဟုတ်ဘဲလက်နက်အင်အား၊စိတ်ဓာတ်အင်အား၊ပြည်သူလူထု ထောက်ခံအားပေးမှုအင်အားတွေ ပါဝင်ပါတယ်။လူအင်အားလက်နက်အင်အားထက် စိတ်ဓာတ်အင်အားနဲ့လူထုထောက်ခံမှုအင်အားနှစ်ရပ်ကိုအလျင် အမြန်တည်ဆောက်နိုင်ဖို့ လိုပါတယ်။

တိုက်ပွဲဝင်အရာရှိစစ်သည်များအပါအဝင်တပ်မတော်တစ်ရပ်လုံး စစ်ရေးဆိုင်ရာတိုက်စိတ်ခိုက်စိတ် စိတ်ဓာတ်တက်ကြွမြင့်မားရေးအတွက်ခေါင်းဆောင်များကနည်းလမ်းမျိုးစုံနဲ့အပူတပြင်း လုပ်ကြရပါမယ်။

နိုင်ငံရေးအရ နိုင်ငံရေးစကားပြောဆိုမှုများမှာအရာရှိစစ်သည်များ တိုက်စိတ်ခိုက်စိတ်လျော့ ပါးစေမယ့်စကားလုံးများကိုသတိပြုရှောင်ကျဥ်သင့်ပါတယ်။(ဥပမာ...ရန်သူ့အလောင်းလက်နက်တွေရတာ ဝမ်းသာစရာမဟုတ်ဘူး လို့ ပြောရင် လုံလောက်ပြီဖြစ်တာကို "ဂုဏ်ယူစရာမဟုတ်ဘူး"လို့ပြောတာမျိုး )

အစိုးရရဲ့ဦးဆောင်မှုနောက်ပြည်သူလူထုလိုက်ရမှာဖြစ်သလို ပြည်သူလူထု ရဲ့ယုံကြည်ထောက်ခံအားပေးမှုရအောင် အစိုးရကလည်း မှန်ကန်တဲ့ဦးဆောင်မှုပြနိုင်ဖို့လိုပါတယ်။

စစ်ရေးအသာစီးရတာနဲ့ ဘက်စုံအသာစီးရလာမှာဖြစ်သလို စစ်ရေးအသာစီးမရတာနဲ့အမျှ ကိုယ်ခံအားနည်းတဲ့သူထံ ရောဂါမျိုးစုံ ဝင်ရောက်လာသလို တိုင်းပြည်အလုံးစုံပျက်သုဥ်းရေးပိုးမျိုးစုံဝင်ရောက်လာမှာဖြစ်တဲ့အတွက် စစ်အင်အားတောင့်တင်းခိုင်မာရေးသာ ပထမ၊ဒုတိယ၊တတိယ အဖြစ် အပူတပြင်း အားထည့်ပြုပြင်တည်ဆောက်ကြဖို့အရေးတကြီးလိုအပ်နေပြီဖြစ်ပါတယ်။

တရုပ်နောက်ခံကွန်မြူနစ်ဇာတ်ပျက်စစ်ဘုရင်ဝါဒီတွေနဲ့ အမေရိကန်နောက်ခံဒီမိုကရေစီအမည်ခံ မင်းမဲ့ဝါဒီတွေ က စစ်အာဏာရှင်စနစ်ကျဆုံးရေး ဘုံရည်မှန်း ချက်လို့ ပြောကြပေမယ့် အဲဒီအဆင့်ပြီးသွားရင် တိုင်းပြည်ဘာဆက်ဖြစ်မှာလဲ ဆိုတာ မပြောရဲကြပါဘူး။

စစ်အာဏာရှင်လို့ပြောနေကြတဲ့တပ်မတော် ယိုင်လဲတာနဲ့ ဘာဒီမိုကရေစီ ဘာဖက်ဒရယ် မှ ဖြစ်မလာဘဲ ဆီးရီးယားလစ်ဗျားထက်ဆိုးတဲ့လက်နက်ကိုင် နယ်လုပွဲအာဏာလုပွဲ၊လူမျိုးရေးအာဃာတ စစ်ပွဲတွေနဲ့ တိုင်းပြည်အစိတ်စိတ်အမြွှာမြွှာပြိုကွဲပျက်စီးသွားမှာဖြစ်တဲ့အတွက် တိုင်းပြည်ရဲ့အနာဂတ်ဟာ တပ်မတော်အင်အားတောင့်တင်းခိုင်မာမှုရှိမရှိအပေါ်မှာ မူတည်နေပါတယ်။

#ThaungLwinHein
#မီဒီယာအဆိပ်ခတ်မှုများ

ပညာရေး သင်းသတ်ခံရမှုကြောင့် ပညာရေးနဲ့ဝေးကွာရသူတွေ ကြားမှာ ပြည်သူ့စစ်မှုထမ်းဥပဒေပေါ်ထွက်လာမှုအပေါ် VOA, BBC ဦးဆောင်တဲ့ပြည်ဖျက်မီဒီယာများကလူငယ်တွေကိုတောခြောက်
သလို ဝါဒဖြန့် ထိုးနှက် ကြတဲ့အတွက် လူငယ်အများအပြား ပြည်ပထွက်ခွာလာကြပြန်ပါတယ်။

တရားမဝင်ထွက်ခွာမှုတွေပိုများလာတဲ့အတွက် ဘယ်မှာမှန်းမသိရသေးတဲ့စစ်မှုထမ်း ပြဿနာထက်အခုလက်ငင်းချက်ခြင်း လူငယ်အများအပြားဘဝပျက်ကြရအုံးမှာဖြစ်လို့ ရင်လေးစရာဖြစ်ပါတယ်။

တရားမဝင်ပြည်ပထွက်တာထက်ဆိုးတဲ့ EAO,PDF တွေထဲရောက်အောင်တွန်းပို့နေကြတာကပိုပြီး ဆိုးပါတယ်။

လူငယ်တွေ ဒီလို ဘဝပျက်ဖို့များတဲ့လမ်းကို မသွားသင့်ကြောင်းဖျောင်းဖျ ကြတာထက် စစ်မှုမထမ်းရအောင် ရှောင်သင့်တယ်၊သွားသင့်တယ်လို့ မြှောက်ပင့်ပေးတဲ့မီဒီယာတွေများနေပြီး

သူပုန်စစ်မှုထမ်းစနစ်ကပဲ အစိုးရစစ်မှုထမ်းစနစ်ထက်ကောင်းနေသလိုလို ဝါဒ
ဖြန့်လာတဲ့အထိ တွေ့လာရပါတယ်။

VOA,BBCမှာ ယူကရိန်းအရေးကြေညာတိုင်း ယူကရိန်းကိုရုရှားကျူးကျော်မှုလို့
စကြေညာသလို

ဂါဇာအရေးကြေညာတိုင်း အောက်တိုဘာ
၇ရက်နေ့ ဟားမတ်စ်တွေ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် အစ္စရေးတစ်ထောင့်နှစ်ရာသေဆုံး၊ဓားစာခံနှစ်ရာကျော်ဖမ်း
ဆီး ခံရ ဆိုတာက စပြီးကြေညာလေ့ရှိပါတယ်။

အဲဒီမတိုင်မီက ရုရှား က ယူကရိန်းကို
မကျူးကျော်လို့မရအောင် အမေရိကန်လုပ်ဆောင်ခဲ့တာတွေ၊

ဂါဇာကိုအကျဥ်းထောင်တစ်ခုလိုအစ္စရေးတို့ကာလကြာရှည်ပိတ်ဆို့ထိန်းချုပ်ထားတာတွေကိုတော့ လုံးဝမပြောပါဘူး။

မြန်မာပြည်မှာလည်း လက်ရှိဖြစ်သမျှပြဿနာအားလုံးကို ဖေဖော်ဝါရီ၁ ရက်နေ့စစ်တပ်ကအာဏာသိမ်းရာက လို့ စပြီးအမြဲပြောပါတယ်။

အာဏာမထိန်းမီမဲလိမ်မဲခိုးမှုပြဿနာဖြေရှင်းပေးဖို့တပ်မ တော် က အကြိမ်ကြိမ်မေတ္တာရပ်ခံခဲ့တာကို NLDက လစ်လျူရှူခဲ့တာကို လုံးဝမပြောပါဘူး။

NLDမဲလိမ်မဲခိုး မဲမသမာမှုတွေ ဖုံးလို့ဖိ
လို့မရအောင် အထင် အရှား တွေ့နေရပါလျက်နဲ့ လွတ်လပ်တရားမျှတတဲ့ ရွေး
ကောက်ပွဲလို့ ဂျပိုးကိုလိပ်ဖြစ်အောင်ပြောပါတယ်။

(၂)နှစ်အတွင်း ရွေးကောက်ပွဲကျင်းပ၊အာဏာပြန်လွှဲဆိုတဲ့ ဒီမိုကရေစီလမ်းကြောင်းကြီးထင်ရှားရှိနေရက်နဲ့ GZ တွေရဲ့စစ်အာဏာရှင်တော်လှန်ရေးဆိုပြီးလက်နက်ကိုင်လမ်းကြောင်းပေါ် တွန်းတင် မြှောက်ပင့်မှုတွေကြောင့်အခု(၃)နှစ်ကျော်ကြာလာတဲ့အထိ ဒီမိုကရေစီဆိုတာကမ်းမမြင်လမ်းမမြင်အခြေအနေမှာပဲ ရှိနေတာ ဖြစ်ပါတယ်။

နိုင်ငံတကာအလယ်မှာ တရားဝင်ရပ်တည်နေတဲ့နိုင်ငံတော်ရဲ့တစ်ခုတည်းသောတပ်မတော်ကို စစ်ကောင်စီတပ်လို့ ခေါ်ပြီး AAကိုရခိုင့်တပ်တော်လို့ခေါ်ပါတယ်။

တစ်ရာကျော်မကတဲ့ သူပုန်အဖွဲ့ပေါင်းစုံ (တပ်ရင်းမှုးအဆင့်တပ်ရင်းအဆင့်နဲ့ဖွဲ့တာနှစ်လလောက်သာရှိသေးတယ်ဆိုတဲ့ထားဝယ်ဗထူးတပ်မတော်ဆိုတာကိုလည်း တပ်မတော်လို့ပဲခေါ်ပါတယ်) တွေကိုလည်းတပ်မတော်လို့ ပဲခေါ်ပါတယ်။

ကရင်မှာKNU ရဲ့ ကရင်လွတ်မြောက်ရေးတပ်မတော် (KNLA)၊နယ်ဒါးမြရဲ့ ကော်သူးလေအာမီ(KTLA)၊စောချစ်သူရဲ့ ကရင်အမျိုးသားတပ်မတော်(KNA)ဆိုပြီးတပ်မတော်(၃)ခုရှိနေတာ တပ်မတော်လို့ပဲ ခေါ်ပြီး

တရားဝင်တည်ရှိနေတဲ့နိုင်ငံတော်ရဲ့
တစ်ခုတည်းသောတပ်မတော်ကိုတော့
စစ်ကောင်စီတပ်လို့ပဲ ခေါ်ပါတယ်။

တပ်မတော်က အကြိမ်ကြိမ်တစ်ဖက်
သတ်အပစ်ရပ်လုပ်ပေးပြီးသူပုန်တွေ
စတိုက်မှ ပြန်တိုက်တာဖြစ်ပေမယ့် မြို့
ရွာတွေပျက်၊အရပ်သားတွေသေတာ သူပုန်ကြောင့်မဟုတ်ဘဲ တပ်မတော်ကလက်နက်ကြီးတွေနဲ့ရမ်းသန်း ပစ်
ခတ်လို့ဖြစ်တာလို့အမြဲကြေညာပါတယ်။

သူပုန်ဘက်ကပစ်တာ အရပ်သားလုံးဝမသေ၊မြို့ရွာဘာသာရေးအဆောက်အဦစာသင်ကျောင်းလုံးဝမပျက်ဆိုတော့ တော်တော်ထူးဆန်းတဲ့ မီဒီယာတွေ ဖြစ်
ပါတယ်။

သူပုန်ကစတိုက်လို့ဖြစ်လာတဲ့စစ်ပွဲတွေ
ကြောင့် ဒေသခံအရပ်သားတွေစစ်ဘေးဒုက္ခသည်ဖြစ်ကြရတာ သူပုန်တွေမှာတာဝန်လုံးဝမရှိ၊ တပ် မတော် မှာသာတာဝန်ရှိနေ သလိုလည်း သနားစဖွယ်
စစ်ဘေးဒုက္ခတွေကို ရိုက်ပြဝါဒဖြန့်ကြ
ပါတယ်။

အမည်မဖော်လိုသူဒေသခံတစ်ဦးကပြောသည်၊သီးခြားအတည်မပြုနိုင်ပါဘူးဆိုတဲ့စကားတွေနဲ့ လိုသလိုစိတ်ကြိုက်အရောင်ဆိုး အဆိပ်ခတ်နေတဲ့ မီဒီယာစစ်ပွဲမှာ အဆင့်မရှိတဲ့ ခေတ်သစ်မြန်မာနောင်းလိုမီဒီယာသတင်းမှားတွေ ဖြေရှင်းနေတာထက်

နစကအနေနဲ့ VOA,BBCလို သတင်းဌာနကြီးတွေရဲ့ပါးပါးနပ်နပ် သတင်းအဆိပ်ခတ်မှုတွေကို ထိထိရောက်ရောက် တန်ပြန်ချေဖျက် ဖို့လိုအပ်နေပါတယ်။

#ThaungLwinHein
#ပညာရေးကိုသင်းသတ်ခြင်း

ယခုနှစ် တက္ကသိုလ်ဝင်တန်း(KG+12) စာမေးပွဲ ဖြေဆိုသူဦးရေယခင်နှစ်များထက်လျော့နည်းသွားပြီး ကယားပြည်နယ်မှာစာစစ်ဌာနတစ်ခုမှ မထားနိုင်တော့တဲ့အထိ အခြေအနေဆိုးဝါးတဲ့အပေါ် ပြည်ဖျက်မီဒီယာများက ထုံးစံအတိုင်းတပ်မတော်ကအာဏာသိမ်းအုပ်ချုပ်လို့ ဖြစ်ရတာဆိုပြီး မြိုင်မြိုင် ဆိုင်ဆိုင် ထုတ်လွှင့်နေကြပါတယ်။

ထူးဆန်းတာက စာမေးပွဲဖြေဆိုသူ တွေလျော့နည်းသွားလို့ တိုင်းပြည်အနာဂတ်တည်ဆောက်မယ့် ပညာတတ်လူငယ်တွေ နည်းသွားမှာစိုးရိမ်ပူပန်မှု ဆိုတဲ့လေသံလုံးဝမထွက်ကြဘဲ အခုလိုဖြစ်ရတာ စစ်အစိုးရကြောင့် စစ်တပ်ကြောင့် လို့လက်ညှိုးထိုး ပြီး ဝမ်းသာအားရလေသံနဲ့ တပ်မုန်းဝါဒရိုက်သွင်းဖို့ သက်သက် ဖြစ်နေတာပါပဲ။

တကယ်တော့ တစ်နိုင်ငံလုံးနီးပါး ပြည်နယ်တိုင်းဒေသကြီးအများစုမှာ စစ်ပွဲတွေ တိုက်ပွဲတွေအပြင်းအထန် ဖြစ်နေချိန် ၊ခြိမ်းခြောက်မှုမျိုးစုံနှောင့်ယှက်ဖျက်ဆီးမှုတွေနဲ့ အခက် အခဲအကြပ်အတည်းပေါင်းစုံကြားက ပညာရေး အဆက်မပြတ်ရအောင် အစိုးရဌာနဆိုင်ရာတာဝန်ရှိသူများ၊ပညာရေးဝန်ထမ်းများနဲ့ကျောင်းသားမိဘများအား ထုတ်ကြိုးစားခဲ့ကြလို့သာ ဒီလိုအခြေ အနေအထိ အောင်မြင်ခဲ့တာလို့ ဆိုရမှာ ဖြစ်ပါတယ်။

CDMလုပ်ကြ၊ကျောင်းမတက်နဲ့ကျောင်းထွက်၊တော်လှန်ရေးအောင်မြင်မှ ကျောင်းတက်ကြ ဆိုပြီး ဒီမိုကရေစီဆိုသူတွေကတိုင်းပြည်အနာဂတ်ကိုဖျက်ဆီးလိုက်တာအခု(၃)နှစ်ကျော် ကြာခဲ့ပြီးနောက်ထပ်ဘယ်လောက်ကြာမယ်မသိတဲ့ နောက်ပါသွားကြတဲ့ ကျောင်းသားမိဘတွေ အခုအချိန်မှာ နောင်တရနေကြရပါပြီ။CDMသာအောင်မြင်ပြီး တစ်နိုင်ငံလုံးကျောင်းတွေမဖွင့်နိုင်ခဲ့ရင် အခုအချိန်မှာ တိုင်းပြည်ရဲ့ပညာရေးဘယ်လောက်ဆိုးဝါးသွားမလဲဆိုတာ မတွေးဝန့်စရာဖြစ်ပါတယ်။

ကယားပြည်နယ်မှာ စာစစ်ဌာနတစ်ခုမှ မဖွင့်နိုင်တာ အရင်ဆုံးနစ်နာရတာ ကယား ပြည်နယ် မှာနေထိုင်ကြတဲ့ ကျောင်းသားတွေ ဖြစ်ပါတယ်။ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် စာမေးပွဲ ဖြေဆိုသူလျော့နည်းကုန်တာ အရင်ဆုံးနစ်နာရတာ ရခိုင်ပြည် နယ်ကကျောင်းသားတွေ ဖြစ်ပါတယ်။ကိုယ့်ပြည်နယ် ကိုယ့်ဒေသ ပညာရေးနိမ့်အောင် ဒီမိုကရေစီအရေးဖက်ဒရယ်အရေး အော်နေတဲ့တော်လှန်ရေး သမားဆိုတဲ့ ဒေသခံတွေကပဲပြန်ဖျက်ဆီးနေတာ ဖြစ်ပါတယ်။

ဒီမိုကရေစီ၊ဖက်ဒရယ်ဆိုတဲ့အဆင့်မြင့်နိုင်ငံရေးစနစ်ကိုသွားချင်ရင်ပညာတတ် နိုင်ငံသားတွေ အများစုဖြစ်ဖို့လိုပါတယ်။စာမတတ်ပေမတတ်သူအများစုနဲ့ဖက်ဒရယ်ဒီမိုကရေစီစနစ်သွားလို့ အောင်မြင်မှာမဟုတ်ဘဲ စစ်ဘုရင်ဝါဒီ၊မင်းမဲ့စရိုက်တိုင်းပြည်ဆီ သာ ဦးတည်သွားမှာဖြစ်ပါတယ်။

ဒီမိုကရေစီအရေးဖက်ဒရယ်အရေးတော်လှန်ရေးလုပ်တယ် ဆိုတဲ့သူတွေကိုယ်တိုင် ပညာရေးတန်ဖိုးကိုနားမလည်ကြတဲ့အတွက် တိုင်းပြည်ရဲ့ပညာရေး၊အနာဂတ်အရေးကိုသင်းသတ်နေသူတွေ ဖြစ်နေပါတယ်။

#ThaungLwinHein
ရည်ရွယ်ချက်နှင့်လုပ်နည်း

နယက ခေတ် ကိုးခရိုင်စိမ်းလန်းစိုပြေရေးထဲပါဝင်တဲ့ အညာဒေသ ခယက ဥက္ကဌတာဝန်လွှဲပြောင်းရာမှာဥက္ကဌအဟောင်းက အသစ်ကိုမှာကြားချက်တစ်ခုက မီးသွေးတွေမြို့ထဲမဝင်အောင်ဖမ်းဆီးဖို့ မြို့ဝင်ဂိတ်တွေကို မညွှန်ကြားဖို့ မှာပါတယ်။

သူရောက်စက အဲဒီအမိန့်ထုတ်လိုက်တာ ဂိတ်တွေက အသစ်ပြောင်းလာတဲ့ ခယကဥက္ကဌကြီးအမိန့် ထုတ်ထားတဲ့အတွက် သွင်းဖို့မလွယ်ဘူးဆိုပြီးတရားမဝင် ဂိတ်ကြေးတွေပိုတောင်းကြလို့ မီးသွေးကတော့ မြို့ထဲဝင်မြဲဝင်နေပြီး မီးသွေးစျေးတွေအဆအတန် တက်ကုန်တဲ့အတွက် မြို့လူထုပဲနစ်နာရတယ်လို့ ဆိုပါတယ်။

ချဲ ထိုးတာတွေပပျောက်ရေးတစ်ရပ်ကွက် ဘယ်နှမှုရအောင်ဖမ်းဆိုရင် ချဲဒိုင်ကြီးတွေမမိဘဲ တစ်ခါတစ်ရံအပျော်ထိုးတဲ့သက်ကြီးရွယ်အို အဖွားအိုတွေဖမ်းတင်လာတာတွေလည်း စိတ်ညစ်စရာ ကြုံဖူးခဲ့ရပါတယ်။

အထက်က ဘယ်လောက်ပဲ ရည်ရွယ်ချက်ကောင်းတွေနဲ့ အမိန့်ညွှန်ကြားချက်တွေ ထုတ်ထုတ် လက်တွေ့ အောင်မြင်အောင် အကောင် အထည်ဖော်မယ့်မြေပြင် ကလူတွေ ကအဓိက ကျတယ်ဆိုတာကို အမြဲသတိပြုဖို့လိုအပ်ပါတယ်။ရည်ရွယ်ချက်ကောင်းရုံနဲ့မရဘဲ လုပ်နည်းမှန်မှသာ ထုတ်ပြန်တဲ့အမိန့်ညွှန့်ကြားချက် လက်တွေ့အောင်မြင်မှာ ဖြစ်ပါတယ်။

အခုလက်တွေ့ လုပ်ဆောင်တော့မယ့် ပြည်သူ့ စစ်မှုထမ်းဥပဒေအကောင်အထည်ဖော်ရာမှာလည်း မြေပြင်မှာလူထုနဲ့တိုက်ရိုက်ထိတွေ့ဆက်ဆံကြရမယ့် အောက်ခြေအဆင့်တာဝန်ရှိသူတွေရဲ့အခန်းကဏ္ဍ အလွန်အဓိက ကျနေပါတယ်။

လက်တွေ့အကောင် အထည်ဖော်တော့မယ့် ပြည်သူ့စစ်မှုထမ်းဥပဒေဟာစေတနာကောင်းနဲ့လုပ်ရင်တောင် အားနည်းချက်တစ်ခုဖြစ်ပေါ်လာတာနဲ့ ဂျပိုးကိုလိပ်ဖြစ်အောင်ဝိုင်းသမကြမယ့် ဆန့်ကျင်ဖက်မီဒီယာအုပ်စုနဲ့ လူထုနဲ့တိုက်ရိုက်ထိတွေ့လုပ်ဆောင်မယ့် မြေပြင်အောက်ခြေတာဝန်ရှိသူအချို့ရဲ့ "အထက်ကအမိန့်အရ"ဆိုပြီးအာဏာ အလွဲသုံးစားလုပ်ကြမယ့်ကြားမှာ ကြိုးတန်းလမ်းလျှောက်အလုပ်ဖြစ်နေတဲ့အတွက် ရည်ရွယ်ချက်နဲ့လုပ်နည်းထပ်တူဖြစ်ဖို့ ဗဟိုကနေ အောက်ခြေအထိ အဆင့်ဆင့် တိတိကျကျမှန်မှန်ကန်ကန် လုပ်နိုင်စွမ်းရှိကြဖို့ က အဓိက ကျနေပါတယ်။

ကာလ ဒေသပယောဂ နဲ့ကိုက်ညီဖို့လိုတဲ့အပြင် အမေ့နဖူးပေါ်နားတဲ့ခြင်ကိုတူနဲ့ထုတဲ့ ရည်ရွယ်ချက်ကောင်းသော်လည်း လုပ်နည်းလွဲတဲ့ အသိညဏ်မရှိသူတွေ ၊အမိန့်ညွှန်ကြား ချက်တစ်ခုထွက်လာရင် လုပ်စားဂွင်တစ်ခုပဲလို့ဂွင်ဖန် ဖို့စောင့်နေသူတွေ ကို ဘယ်လိုထိန်းမလဲဆိုတဲ့ ကြိုတင်မျှော်တွေး ပြင်ဆင် မှုတွေ ရှိထားမှသာ ရည်ရွယ်ချက်အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။

#ThaungLwinHein
ပွဲဆူနေဆဲ ပြည်သူ့စစ်မှုထမ်းဂယက်

ပြည်ပြေးပြည်ပ မီဒီယာအုပ်စုက ဇာတ်နာသထက်နာအောင်အမျိုးမျိုးသွေးထိုးပေးနေတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေ ဂယက် ကြားမှာ ကိုယ်ကိုယ်တိုင်ဘယ်လိုစစ်သားစုပါတယ်လို့ မပြောရဲတဲ့ EAOခေါင်းဆောင်တချို့ကလည်း ဝင်ဖျာခင်းလာကြတာ တွေ့ရပါတယ်။

စစ်မှုမထမ်းမနေရ ဆိုပြီး ကြုံသလိုKIAထဲဆွဲသွင်းနေတာ နှစ်ပေါင်းများစွာကြာနေပြီဖြစ်တဲ့ KIAစစ်ခေါင်းဆောင်ဂွမ်မော်က စစ်ကောင်စီကစစ်မှုမထမ်းမနေရ ဥပဒေထုတ်ပြန်သည်မှာ ရက်ပေါင်း(၄၀)ရှိပြီလို့ ဆိုပါတယ်။

"အိမ်ပြင်မထွက်ဘဲနေနေလျှင် လုံခြုံမည်ဟုယူဆသူ အများအပြားရှိသည်ကို သုံးသပ်ရသည်" လို့လည်းဆိုပြန်တဲ့အတွက် စစ်မှုထမ်းဖို့ အိမ်ထဲအထိလိုက်ဖမ်းနေတာမဟုတ်သလိုဘယ်သူမှလည်း အိမ်ထဲပုန်းနေကြတာမဟုတ်လို့ KIAဗိုလ်ချုပ်တစ်ယောက်ရဲ့ အဖြစ်မှန်နဲ့တော်တော်လွဲချော်တဲ့သုံးသပ်ချက်လည်း ဖြစ်ပါတယ်။(ကိုဗစ်နဲ့ရောသွားတာထင်တယ်)

KIAစစ်မှုထမ်းစနစ်က ဘယ်လိုကောင်းတယ်၊နစကစစ်မှုထမ်းစနစ်ကဘယ်လိုညံ့တယ်လို့ နှိုင်းယှဥ်မပြောရဲဘဲ ပွဲလန့်ဖျာခင်းဝင်လုပ်တဲ့ စရိုက်ကအချောင်သမား စိတ်ဓာတ်ကိုဖော်ပြနေပါတယ်။

အမေရိကန်တို့ ကုလသမဂ္ဂတို့ကလည်း မြန်မာပြည်သူပုန်တွေ ကလေးငယ်ကအစ ကျားမမရွေး အတင်းအဓမ္မဖမ်းဆီးစစ်သားစုဆောင်းရေးလုပ်နေကြတာကို ဘာမှမပြောခဲ့ကြဘဲ အခု နစက စစ်မှုထမ်းဥပဒေကိုတော့ ထုံးစံအတိုင်းလူ့အခွင့်အရေး၊ဒီမိုကရေစီအရေးတွေနဲ့မြိုင်မြိုင် ဆိုင်ဆိုင် ပြစ်တင်ကန့်ကွက်နေကြတာတွေ့ရပါတယ်။

ဥသျှစ်သီးကြွေကျတာကို မြေပြိုပြီ ဆိုပြီးပြေးတတ်တဲ့လူအုပ်စု၊အမိန့်ညွှန်ကြားချက်တစ်ခုထုတ်ပြီးတိုင်းအကြိမ်ကြိမ်ရှင်းလေရှုပ်လေ ဖြစ်အောင်ရှင်းရတတ်တဲ့အမိန့်အဖွဲ့နဲ့ ဘေးကနေ တောချောက် ခြောက်လှန့်မောင်းထုတ်ဖို့ အသင့်စောင့်နေပြီးကြမ်းပိုးကိုလိပ်၊လိပ်ကိုကြမ်းပိုးလို့ လိုသလို ဝါဒဖြန့်နိုင်တဲ့ ပြည်ပြေးပြည်ပ မီဒီယာအဖွဲ့တွေအကြားမှာပြည်သူ့စစ်မှုထမ်းဥပဒေဂယက်ကဆက်လက် ကြီးထွားလာနေဆဲဖြစ်ပါတယ်။

#ThaungLwinHein
တိုက်ပွဲအလှည့်အပြောင်းနဲ့မြဝတီအောင်ပွဲ

သကြင်္န်မတိုင်မီ စတင်ခဲ့တဲ့ မြဝတီတိုက်ပွဲဟာ ဧပြီ၂၁မှာ KNU+PDFများအကျအဆုံးများစွာ နဲ့ဆုတ်ခွာသွားကြတဲ့အတွက် တပ်မတော်အတွက်အောင်ပွဲအလှည့်အပြောင်းတစ်ခုဆီ ဦးတည်လာပြီ ဖြစ်ပါတယ်။

KNUဘက်က ပြည်သူတွေအထိနာမှာစိုးရိမ်လို့ ဆုတ်ခွာတာလို့ စကားလုံးလှလှသုံးပြီး ဖာထေးပြောဆိုပေမယ့်PDF ရာနဲ့ချီကျဆုံးခဲ့ရပြီး ဆုံးရှုံးမှုပမာဏ ကြီးမားခဲ့တယ်ဆိုတာ PDF ထောက်ခံအားပေးသူတွေ လူမှုကွန်ရက်ပေါ်တင်လာကြတာတွေ ကြည့်ရုံနဲ့သိနိုင်ပါတယ်။

မြေပြင်သတင်းများအရလည်းဧပြီ၂၀ရက်နေ့
တံတားအမှတ်၂တိုက်ပွဲနဲ့ ၂၇၅တပ်ရင်း ဌာနချုပ် ဗုံးကြဲတိုက်ခိုက်မှုများမှာ ထိခိုက် ဆုံးရှုံးမှုများလွန်းလို့ မခံနိုင်တော့ဘဲ ပြန် လည်ဆုတ်ခွာသွားတာဖြစ်ကြောင်း သိရတဲ့အတွက် KNUပြောရေးဆိုခွင့်ရှိသူတွေနဲ့ VOA,BBC ဦးဆောင်တဲ့ပြည်ဖျက်မီဒီယာတွေ ဘက်က အကြောင်းအမျိုးမျိုးပြ ဖာထေးပြောဆိုနေကြပေမယ့် မြဝတီတိုက်ပွဲမှာ KNU+PDF ဟာ ကြီးမားတဲ့ အရှုံးနဲ့ ပြန်လည်ဆုတ်ခွာသွားရတယ် ဆိုတာကတော့ ငြင်းမရတဲ့အချက်ဖြစ်ပါတယ်။

မြဝတီတိုက်ပွဲမှာ ရာနဲ့ချီကျဆုံးခဲ့ရတာ PDF တွေသာ ဖြစ်လို့ နောက်ဆက်တွဲဂယက်အနေနဲ့ KNU PDF အကွဲအပြဲတွေ ထွက်ပေါ်လာပြီး တိုက်ပွဲကြီးတစ်ခုအတွက် အင်အားပြည်လည်စု ဖွဲ့ဖို့ ဖရိုဖရဲ ဖြစ်နေချိန် မှာ အချိန်မပေးဘဲ တပ်မတော်က ဆက်တိုက်ထိုးစစ်ဆင်လာတဲ့အတွက် သင်္ကန်းညီနောင်အပါအဝင် မြဝတီဘားအံ လမ်းတလျှောက်ကိုပြန်လည်ထိန်းချုပ်နိုင်မယ့်အနေအထားဖြစ်ပါတယ်။

ကော့ကရိတ်ကို လည်း KNU+PDFလက်လွှတ်ခဲ့ရပြီဖြစ်လို့ သင်္ကန်းညီနောင်ကိုလည်းတပ်မတော်ကမကြာမီ ပြန်လည်သိမ်းပိုက်နိုင်တော့မှာဖြစ်ပါတယ်။

မြဝတီတိုက်ပွဲဟာ တပ်မတော်ရဲ့အောင်ပွဲအလှည့်အပြောင်းဆီ ရောက်လာပြီဖြစ်လို့ ဖွဲ့စည်းပုံပျက်သွားတဲ့ရန်သူကို အနားမပေးဘဲ အဆက်မပြတ် ဖိအားပေးတိုက်စစ်ဆင်ခြင်းဖြင့် တပ်မတော် ချစ်သူများ မျှော်လင့်နေတဲ့ အောင်ပွဲတွေ ဆက်တိုက်ရယူပေးနိုင်မယ့် အခွင့်အခါကောင်းဆီ ရောက်ရှိလာပြီ ဖြစ်ပါတယ်။

#ThaungLwinHein
KNU နဲ့PDF အကွဲအပြဲ

မြဝတီတိုက်ပွဲဟာ PDF တွေကိုရှေ့ကတင်ပြီးKNUက နောက်ကနေ ကွပ်ကဲတိုက်ပွဲဝင်ခဲ့တာ ဖြစ်လို့ PDF တွေသာ ရာနဲ့ချီသေဆုံးခဲ့ကြရပါတယ်။သေဆုံးသူရာချီရင်ထိခိုက်ဒဏ်ရာရသူ ထောင်ကျော်မှာဖြစ်လို့ အင်အားပြန်လည်စုစည်းဖို့ အချိန်ယူရတော့မှာဖြစ်တဲ့အတွက် အချိန်မပေးဘဲ ဆက်တိုက်ဖိအားပေးစစ်ဆင်ရမယ့်အချိန်ဖြစ်ပါတယ်။

ယခင် ဗကပ တွေလို ဝ တွေကိုသာ ရှေ့ကတင်အသေခံတိုက်ခိုင်းလို့ ဝ တွေက ဗကပ ကို ပုန်ကန်သလိုပဲ လက်ရှိမြေပြင်မှာ PDFနဲ့KNUအကွဲအပြဲက ကြီးသထက်ကြီးမားလာပါတယ်။

NUG က PDF တွေကို KNUကွပ်ကဲမှုအောက်ပေးပြီးစစ်ရေးအရပူးပေါင်းဆောင်ရွက်တယ် ဆိုပေမယ့် အခုလို PDF ရာချီသေဆုံးရမှုအပေါ် KNUကို ဘာမှ ဝင်ရောက် ပြောဆိုနိုင်မှုမရှိတဲ့အတွက်လည်း NUG ဦးဆောင်မှုအခန်းကဏ္ဍ ကွယ်ပျောက်နေပါတယ်။KNUရဲ့စစ်ရေးဦးဆောင်မှုအောက်မှာ PDF ရာချီသေဆုံးရမှုဟာNUGနဲ့ဘာမှမဆိုင်သလိုလုပ်နေမှုကြောင့် PDF တွေအတွက်ပို အခံရခက်စေပါတယ်။

မြဝတီကနေဆုတ်ခွာမှုကို ဖာထေးနိုင်ဖို့ KNUပြောရေးဆိုခွင့်ရှိသူဆိုသူတွေ မီဒီယာတွေမှာ အကြောင်းအမျိုးမျိုးပြ ရှင်းနေကြပေမယ့် ရှင်းကာမှပိုရှုပ်ဆိုသလို မရောရမခိုင်မာတဲ့အကြောင်းပြချက်တွေ ဖြစ်နေတဲ့အတွက် PDF တွေရဲ့ယုံကြည်မှုကို ပြန်မရနိုင်တော့တဲ့အခြေ အနေဖြစ်ပါတယ်။

စစ်သဘောအရ တစ်နေရာမှာ ထိခိုက်သေဆုံးမှုများစွာနဲ့ ဆုတ်ခွာလာပြီး ဦးကျိုးသွားခဲ့ရင် ပြန်ဦးမော့လာဖို့မလွယ်တော့တဲ့အတွက် တပ်မတော်စစ်ကြောင်းကို သင်္ကန်းညီနောင်ကနေ ခုခံဖို့ပြင်နေတဲ့ KNU+PDF ဟာချေ မှုန်းခံရမှာသာ ဖြစ်ပါတယ်။

KNU+PDF ဆိုပေမယ့် ရှေ့ကတကယ်တိုက်ရတဲ့ အင်အားဟာ PDFသာဖြစ်လို့တိုက်ခိုက်ရေးအင်အားထောင်ချီပြုန်းတီးသွားတဲ့အပြင် KNUဦးဆောင်မှုအပေါ်ယုံကြည်မှုမရှိတော့ဘဲ စိတ်ဓာတ်ရေးရာအရ ကျဆင်းနေပြီဖြစ်တဲ့PDF နဲ့ သင်္ကန်းညီနောင်ကိုကာကွယ်ဖို့ မလွယ်တော့ပါဘူး။

ကော့ကရိတ်ကိုဖြတ်ကျော်လာပြီဖြစ်တဲ့ တပ်မတော်စစ်ကြောင်းကို သင်္ကန်းညီနောင်မှာမတားဆီးနိုင်ရင် မြဝတီနောက်ကျောမလုံ ဖြစ်သွားမှာဖြစ်လို့ မြဝတီကဆုတ်ခွာပြီး သင်္ကန်းညီနောင်မှာ ခုခံဖို့ ပြင်တဲ့ KNUဟာ စစ်နည်းဗျူဟာအရမှန်ပေမယ့် မြဝတီမှာအောင်မြင်မှုမပြနိုင်ဘဲဆုံးရှုံးမှုကြီးမားစွာနဲ့ ဆုတ်ခွာခဲ့ရတဲ့ PDF တွေရဲ့ယုံကြည်မှုကိုပါ ဆုံးရှုံးခဲ့ရပြီ ဖြစ်လို့ သင်္ကန်းညီနောင်တိုက်ပွဲဟာ KNU PDF ပူးပေါင်းမှုနောက်ဆုံးပွဲ အထိလည်း ဖြစ်သွားနိုင်ပါတယ်။

ရန်သူဟာ ချေမှုန်းသုတ်သင်ခံဖို့ လာစုစည်းပေးထားတယ်လို့ သဘောထားပြီး သင်္ကန်းညီနောင်တိုက်ပွဲကိုတပ်မတော်က အပြင်းထန်ဆုံးထိုးစစ်ဆင်ချေမှုန်းပစ်ရမယ့်အချိန်ဖြစ်ပါတယ်။

#ThaungLwinHein
များပြားလှတဲ့ ကရင့်လက်နက်ကိုင်အဖွဲ့များ

လက်နက်ကိုင်တော်လှန်ရေးဝါအရင့်ဆုံး
KNUဟာ နှစ်ပေါင်း(၇၀ )ကျော်အကြာမှာစင်ပြိုင်လက်နက်ကိုင်အဖွဲ့တွေမှိုလိုပေါက်နေပြီး တစ်နယ်တစ်မင်း စစ်ဘုရင်ဝါဒီများအပြိုင်အဆိုင်ပေါ်ပေါက်လာပါတယ်။

တပ်မတော်အမည်နဲ့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ကော်သူးလေးအာမီ(KTLA)၊ကရင်အမျိုးသားတပ်မတော်(KNA)လို့ တပ်မတော်(၃)ခု ရှိနေပြီး အခြားသီးခြားတည်ထောင်ထားတဲ့ လက်နက်ကိုင်အဖွဲ့တွေလည်း အများအပြားရှိနေပါတယ်။

KNU KNLAက ဆရာကြီးစတိုင်နဲ့ ဦးဆောင်သူလို ခံယူပေမယ့် KNU လက် အောက်မဝင်ဘဲ ဗိုလ်လုပ်ချင်လို့သီးခြားရပ်တည်နေကြတာဖြစ်တဲ့အတွက် အကျိုးစီးပွားအရ ပေါင်းလိုက်ခွာလိုက်အဖွဲ့တွေသာ ဖြစ်ပါတယ်။

ယခင်KNUဥက္ကဌစောဘိုမြရဲ့သား နယ်ဒါးမြဟာ ဝေါလေဒေသမှာလမ်းလုပ်သားအရပ်သားတွေကိုသတ်ဖြတ်မှုကြောင့်စစ်ဆေးဖို့ KNUဗဟိုကဆင့်ခေါ်ရာမှာမသွားဘဲ ကော်သူးလေးအာမီ(KTLA) တည်ထောင်လိုက်သလို ကရင်ပြည်အစိုးရသမ္မတအဖြစ်ပါကြေညာလိုက်တဲ့အတွက် KNUနဲ့စင်ပြိုင်ဖြစ်လာပါတယ်။

KNUတပ်မဟာ၄နယ်မြေအတွင်းတပ်မဟာ ၄ နဲ့KTLA မကြာခန တိုက် နေကြတာဟာ စစ်အာဏာရှင်ကျဆုံးရေး၊ဗမာလူမျိုးကြီးဝါဒကျဆုံးရေးမဟုတ်ဘဲ ကရင်လက်နက်ကိုင်လူမျိုးတူအချင်းချင်းအာဏာလုပွဲ နယ်မြေလုပွဲသာဖြစ်ပါတယ်။

နယ်ခြားစောင့်တပ်(BGF) ကနေခွဲထွက်ပြီး တပ်မတော်လစာရိက္ခာမယူတော့ဘဲ သီးခြားရပ်တည်မယ်၊တပ်ကိုလည်းမတိုက်ဘူး၊KNUကိုလည်းမတိုက်ဘူး ဆိုပြီး ကရင်အမျိုးသားတပ်မ တော် (KNA)တည်ထောင်တယ်ဆိုတဲ့ စောချစ်သူဟာ အခုအခါ တပ်နဲ့KNU ကြားမှာညပ်မိနေတဲ့ အနေအထားဖြစ်ပါတယ်။

BGFတပ်ဖွဲ့အားလုံး KNA ထဲလိုက်သွားတာမဟုတ်ဘဲ တပ်မတော်ကွပ်ကဲမှုအောက်မှာပဲ ဆက်နေနေတဲ့ BGF အဖွဲ့တွေလည်းရှိနေတဲ့အတွက် အခုအချိန်မှာရောထွေးနေပေမယ့် KNA ပီပီပြင်ပြင်ပေါ်ပေါက်လာချိန်မှာ BGFနဲ့KNAကွဲထွက်သွားမှာဖြစ်ပါတယ်။

KNU KNLAကနေ DKBA ခွဲထွက်၊DKBAကနေ BGF နဲ့DKBA ကွဲထွက်၊BGFထဲလည်းမဝင်DKBAမှာလည်းမနေဘဲ DKBAခွဲထွက်ဆိုပြီးထပ်ခွဲထွက်၊BGFကလည်းKNAလို့ထပ်ခွဲထွက်၊KNU KNLAကနေ KNLA PC ဆိုပြီးခွဲထွက်၊KTLAခွဲထွက် တွေနဲ့ တစ်နယ်တစ်မင်းစစ်ဘုရင်ဝါဒ တည်ထောင်နေကြတဲ့ကရင့်လက်နက်ကိုင်အဖွဲ့ပေါင်းစုံကြားမှာ ဒီမိုကရေစီရရှိရေးတိုက်ပွဲဝင်ဖို့ PDF ကိုထိုးအပ်တယ်ဆိုတဲ့NUGနဲ့ စစ်ဘုရင်ဝါဒီတွေ ကွပ်ကဲမှုအောက်မှာ ဒီမိုကရေစီရရှိရေးတိုက်ပွဲဝင်နေတဲ့PDF တွေရဲ့ နိုင်ငံရေးရေချိန်နိမ့်ကျမှုဟာ အံ့သြကုန်နိုင်ဖွယ်ရာ ဖြစ်ပါတယ်။

#ThaungLwinHein
BGF နဲ့ KNA

မြဝတီတိုက်ပွဲမှာ BGF အခန်းကဏ္ဍဟာ အ
ရေးပါခဲ့ပါတယ်။ BGF ခေါင်းဆောင်ဖြစ်တဲ့စောချစ်သူက KNAတည်ထောင်ရာမှာ KNAနောက်လိုက်မသွားဘဲ BGFအဖြစ်သာ နေရစ်တဲ့ အဖွဲ့တွေရှိနေပေမယ့်စောချစ်သူရဲ့ ယခင် သြဇာ အရှိန်အဝါအရ BGFနဲ့ KNA အတူတူလို ရောထွေးနေပါတယ်။

သင်္ကန်းညီနောင်ဗျူဟာတိုက်ပွဲမှာ စောချစ်သူက KNUဘက်က ကူညီခဲ့တဲ့အနေ အထားတွေ တွေ့ခဲ့ရပြီး မြဝတီတိုက်ပွဲမှာ တော့တပ်မတော်ဘက်ကကူညီလာတာ တွေ့ရပါတယ်။ တပ်ကိုလည်းမတိုက်ဘူး၊KNLAကိုလည်း မတိုက်ဘူး ဆိုတဲ့ စောချစ်သူဟာ တပ်နဲ့KNLAကြားမှာ ညပ်မိနေပါတယ်။

စောချစ်သူရဲ့ရွှေကုက္ကို ဟာ ကျားဖျန့်ကိစ္စနဲ့မပြေးသော်ကန်ရာရှိ နေပြီဖြစ်လို့ အားကိုးရာရှာမရ ဗျာများနေရတဲ့အနေ အထားလည်း ဖြစ်နေပါတယ်။

ဒီအခြေအနေမှာ အမေရိကန်က BGFနဲ့KNA ခေါင်းဆောင်များကို ရွှေကုက္ကိုကျားဖျန့် တရားခံများအဖြစ် တွန်းတင်လာတဲ့အတွက် ပယ်ဆောက်ချိန်နဲ့ သူ့သားBGF ခေါင်းဆောင် နမူနာသင်ခန်းစာယူပြီးတပ်ကိုမယုံသလို KNUကိုလည်းအားကိုးလို့မရ ဆိုတဲ့အနေ အထားဖြစ်နေတယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

သင်္ကန်းညီနောင်ဗျူဟာတိုက်ပွဲအပြီးမှာတပ်ရဲ့ဖိအားပေးမှုခံရပြီးနောက် မြဝတီတိုက်ပွဲမှာတပ်ဘက်က ကူညီခဲ့တဲ့ စောချစ်သူကိုKNUက ငြိုငြင်ပြစ်တင်လာပြီဖြစ်လို့ KNAသီးခြားရပ်တည် ရေးနဲ့ ကျားဖျန့်ပြဿနာထွက် ပေါက်ရှာရေးဟာ အခက်အခဲပိုကြီးလာပါတယ်။

တပ်ကိုလည်းမတိုက်ဘူး၊KNLAကိုလည်းမတိုက်ဘူး၊ငါ့ကိုလည်းလာမတိုက်နဲ့ ဆိုတဲ့ လုပ်နည်းက လက်တွေ့မကျဘူးဆိုတာ မြင်လာရပြီဖြစ်လို့ KNAဟာသင်းကွဲသီးခြားရပ်တည်လို့မရဘဲ အားကိုးရှာရတော့မှာဖြစ်ပါတယ်။

အမေရိကန်တရုပ်ထိုင်းနဲ့ နစက KNU KNA (BGF) တို့ရင်ဆိုင်ဖြေရှင်းကြမယ့် ရွှေကုက္ကိုကျားဖျန့်ပြဿနာဟာ အကျပ်အတည်းကိုယ်စီနဲ့ ဘယ်လိုအဖြေထွက်လာမလဲဆိုတာ ရင်မောစရာကောင်းနေပါတယ်။

#ThaungLwinHein