Hana: Netflix Series
24K subscribers
410 photos
40 videos
401 links
For Business Contact @nikko244
Download Telegram
Forwarded from Hana: Series
Media is too big
VIEW IN TELEGRAM
Heavenly Sword and Dragon Sabre Episode 30
Forwarded from Hana: Series
Media is too big
VIEW IN TELEGRAM
Heavenly Sword and Dragon Sabre Episode 31
Forwarded from Hana: Series
Media is too big
VIEW IN TELEGRAM
Heavenly Sword and Dragon Sabre Episode 32
Forwarded from Hana: Series
Media is too big
VIEW IN TELEGRAM
Heavenly Sword and Dragon Sabre Episode 33
Forwarded from Hana: Series
Media is too big
VIEW IN TELEGRAM
Heavenly Sword and Dragon Sabre Episode 34
Forwarded from Hana: Series
Media is too big
VIEW IN TELEGRAM
Heavenly Sword and Dragon Sabre Episode 35
Forwarded from Hana: Series
Media is too big
VIEW IN TELEGRAM
Heavenly Sword and Dragon Sabre Episode 36
Forwarded from Hana: Series
Media is too big
VIEW IN TELEGRAM
Heavenly Sword and Dragon Sabre Episode 37
Forwarded from Hana: Series
Media is too big
VIEW IN TELEGRAM
Heavenly Sword and Dragon Sabre Episode 38
Forwarded from Hana: Series
Media is too big
VIEW IN TELEGRAM
Heavenly Sword and Dragon Sabre Episode 39
Forwarded from Hana: Series
Media is too big
VIEW IN TELEGRAM
Heavenly Sword and Dragon Sabre Episode 40 ( The End )
The Peripheral (Season1) (2022)

တစ်ခါတော့ ပရိသတ်ကြီးကို ဂိမ်းနဲ့ပတ်သက်ပြီး ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ ဇာတ်လမ်းတွဲလေးတစ်ခု တင်ဆက်ပေးလိုက်ပါတယ်။ ဂိမ်းကစားတယ်ဆိုတာ ရုပ်သံတွေ ကြည်လင်ပြတ်သားပြီးဇာတ်ကောင်တွေ ပီပြင်မှပိုပြီးကစားလို့ကောင်းတာပါ။ အဲဒီလို အရသာမျိုး ခံစားရဖို့အတွက်လည်း လူတွေက တစ်မျိုးပြီးတစ်မျိုး အဆင်မြှင့်တင်ပြီး တီထွင်နေကြတာပေါ့လေ။ လူတွေကလည်း အဲဒီလိုမျိုးလေး ကစားရမှ ကြိုက်တာကိုး အခုကားလေးကတော့ အဲဒီ ဂိမ်းကနေပဲအစပြုထားတဲ့ကားလေးမို့လို့ တကယ့်ကိုကြည့်ကောင်းမဲ့ ကားကောင်းလေး တစ်ကားပါပဲ။ အနာဂတ်ခေတ်ကို ပုံဖော်ပြီးရိုက်ကူး ထားတာပါ။ ဖလင်း နဲ့ ဘာတန်တို့က မောင်နှမတွေမှာ မျက်စိမမြင်တဲ့ မိခင်ကြီးတစ်ယောက်ရှိနေပါတယ်။ ဖလင်းကတော့ အလုပ်ရှိပေမဲ့ ဘာတန်ကတော့ ကြေးစားဂိမ်းသမားအဖြစ်ပဲရပ်တည်နေတာပါ။ ဒါပေမဲ့လည်း ဘာတန်ရဲ့ ဂိမ်းဇာတ်ကောင်ကို တကယ်ကစားပေးနေတဲ့သူက ဖလင်းပါပဲ။ အဲဒီလိုနဲ့ တစ်နေ့ကျတော့ ဘာတန့်ဆီကို စမ်းသပ်ဖို့ဆိုပြီး ပုံရိပ်ယောင်နဲ့ကစားရတဲ့ ဂိမ်းတစ်ခုပို့လိုက်တာကို ဖလင်းကဆက်ကစားရင်းနဲ့ပဲ ဘာတွေဆက်ဖြစ်လာမလဲ။ သူတို့ထွင်ထားတဲ့ဂိမ်းရဲ့ရည်ရွယ်ချက်က ဘာများလဲ တကယ်ပဲ ဂိမ်းသက်သက်ပဲလား

https://t.me/+TPh4I6E5_85jNzU1
Breaking Bad (2008)

အထက်တန်းကျောင်းက ဓာတုဗေဒဆရာတစ်ယောက် ရှိပါတယ်၊ သူဟာ ရိုးသားတဲ့ ကျောင်းဆရာတစ်ယောက်ပါ၊ သူ့မှာ ခွဲစိတ်ကုသလို့မရတဲ့ အဆုတ်ကင်ဆာရောဂါရှိနေမှန်းကို သိရှိခဲ့ရပါတယ်။ သူ့မိသားစုရဲ့ရှေ့ရေးအတွက် ဘယ်လိုစီမံရမယ်ဆိုတာကနေစပြီး ဒီဇာတ်လမ်းစပါတယ်၊ ဓာတုဗေဒကျွမ်းကျင်တဲ့ ဆရာတစ်ယောက်အနေနဲ့ Methamphetamine ဘယ်လိုထုတ်ရမယ်ဆိုတာကို သိပါတယ်။ ဈေးကွက်ကို ရှာဖို့တော့ ဈေးကွက်ကျွမ်းကျင်တစ်ယောက် လိုအပ်ပါတယ်၊ နှစ်ယောက်တွေ့ဆုံမိတဲ့အခါမှာတော့ နှစ်ယောက်ပေါင်းလောင်းကျော် ဖြစ်ကြပါတော့တယ်။ ပညာတတ်တစ်ယောက် ဆိုးတဲ့မိုက်တဲ့အချိန်ကျရင် သူမတူအောင် မိုက်ပါတော့တယ်၊ ကမ်းကုန်အောင် မိုက်ပါတော့တယ်၊ နာမည်ကြီးပြီးသားဇာတ်လမ်းဆိုတော့ ဒီလောက်ပဲ ညွှန်းပါတော့မယ်။ နာမည်ကြီး Game of Thrones (GOT) ကိုကျော်ပြီး ကြည့်ရှုနှုန်းမြင့်မားခဲ့တဲ့ ဇာတ်လမ်းတွဲဆိုတော့ အရမ်းညွန်းစရာ လိုမယ်မထင်ပါဘူး။ IMDb Rating ကတော့ 9.5/10 ပါ။ Rotten Tomatoes အနေနဲ့ကတော့ 98% ဆိုတော့ မသေခင် ကြည့်သင့်တဲ့ဇာတ်လမ်းတွဲတွေထဲက တခုပေါ့

https://t.me/+Sufmzcupj2ZmMjY1
Stranger Things (Season 1to4)

ဟော့ကင်းမြို့ကလေးမှာ တိတ်ဆိတ်အေးချမ်းပြီး ရာဇဝတ်မှုတွေကင်းလို့ အေးချမ်းတဲ့နယ်မြို့လေးတစ်မြို့ပါ။ဒီမြို့လေးမှာ ဉာဏ်ကောင်းပြီးသွက်သွက်လက်လက်ရှိတဲ့ “မိုက်ကယ်"၊ ချစ်စရာကောင်းပြီး အစားပုတ်တဲ့ “ဒက်စတင်”၊ သိပ္ပံပညာကို ၀ါသနာအရမ်းပါပြီး စကားတတ်တဲ့ ကပ္ပလီလေး “လူးကပ်စ်”။ လူကြောက်တတ်ပြီးရိုးရိုးအေးအေးနေတတ်တဲ့ ဝေလ် ဆိုတဲ့၁၂နှစ်အရွယ် အရမ်းချစ်ကြတဲ့သူငယ်ချင်းလေးလေးယာက်ရှိပါတယ်။ဟော့ကင်းမြို့လေးနဲ့ မနီးမဝေးမှာ အမေရိကန်အစိိုးရရဲ့သုတေသနဌာနကြီးတစ်ခုရှိပါတယ်။ အဲဒီဌာနကတော့အဓိကစိတ်နယ်လွန်ဖြစ်ရပ်တွေနဲ့စိတ်စွမ်းအားတွေကို အထူးပြု လျှို့ဝှက်လေ့လာနေတဲ့ သုတေသနဌာနကြီးပါပဲ။တစ်နေ့တော့ သူငယ်ချင်းလေးယောက်ထဲက“ဝေလ်” တစ်ယောက် ပျောက်ချင်းမလှပျောက်ဆုံးသွားပါတော့တယ်တစ်ပြိုင်နက်တည်းမှာပဲစမ်းသပ်ခန်းတစ်ခုနေထွက်ပြေးလာတဲ့ဘာဆိုဘာမှသိပ်မသိပေမယ့် စိတ်စွမ်းအားတွေ ပိုင်ဆိုင်တဲ့အဲလ်လဗင်းဆိုတဲ့ကလေးမလေးလည်း ဒီမြို့ထဲကို ထွက်ပြေးလွတ်မြောက်လာပါတယ်.ဘာကြောင့်ဝေလ်ကပျောက်ဆုံးသွားရတာလဲ။သူတို့ အချစ်ဆုံးသူငယ်ချင်းလေးဝေလ်ကိုရော သူ့ဘော်ဒါသူငယ်ချင်းတွေဘယ်လိုလိုက်ရှာမလဲဆိုတာကိုတော့ ဆက်လက်ရှုစားလိုက်ပါ

https://t.me/+fBfvdS18hNAwZTdl
Dexter: New Blood (2021)

ဒက်စ်တာဆိုတဲ့သူကတော့ မှုခင်းဆေးပညာရှင် သွေးထွက်ပုံစံတွေကိုခွဲခြမ်းစိတ်ဖြာရတဲ့ ပညာရှင်ပဲဖြစ်ပါတယ်။ အမှုတွေသက်သက်ကိုကစိတ်ဝင်စားဖို့ကောင်းနေပေမဲ့ ဒီထက်ပိုပါသေးတယ်။ ဒက်စ်တာဟာစိတ္တဇလူသတ်သမားလည်း ဖြစ်နေပြန်ပါတယ်။ သူ့ရဲ့ စိတ္တဇကတော့ တရားဥပဒေလက်က လွတ်သွားတဲ့ ရာဇဝတ်ကောင်တွေစိတ္တဇလူသတ်သမားတွေကို ဥပဒေပြင်ပကနေ လိုက်သတ်ချင်တဲ့ စိတ္တဇဖြစ်နေခဲ့တာပါပဲ။ ဒက်စ်တာ ဇာတ်လမ်းတွဲဟောင်းတစ်လျှောက်ဟာ သူနဲ့စိတ္တဇလူသတ် သမားတွေရဲ့အားပြိုင်ပုံတွေ သူ လူသတ်နေတာတွေကို လုပ်ဖော်ကိုင်ဖက် ရဲတွေ မသိအောင် အကွက်ကျကျ စီစဉ်ပုံတွေနဲ့ စိတ်ဝင်စားဖို့ကောင်းခဲ့ပါတယ်။ စီးရီးရဲ့ စီစန်-၈ အဆုံးမှာတော့ ဒက်စ်တာရဲ့ ချစ်ရတဲ့သူတွေလည်း သေဆုံးခဲ့ပြီး ဒက်စ်တာကိုယ်တိုင်လည်း သေချင်ယောင်ဆောင်ပြီးဇာတ်မြှပ်သွားတဲ့အနေနဲ့ အဆုံးသတ်သွားခဲ့တာ ၁၀ နှစ်လောက်ရှိပါပြီ။

အညွှန်း​လေးကို အဆုံးထိဖတ်ကြည့်​နော်။

အညွှန်းဆက်ဖတ်ရန် 👉 https://t.me/clzreviews/303

Series 👉 https://t.me/+7BqFDTmWBVYxZDc1
The Letter for the King (2020)

2020 ကထွက်ရှိခဲ့တဲ့ Fantasy, Adventure series လေးပါ။ Tiuri နဲ့မိခင်ဖြစ်သူတို့ဟာ စစ်ကြောင့်မွေးရပ်မြေကိုစွန့်ခွာခဲ့ရပြီး Dagonaut တိုင်းပြည်ကိုလာပြီး ပထွေးဖြစ်သူ သူကောင်းမျိုးတစ်ယောက်နဲ့ အတူနေပါတယ်။ တစ်နေ့မှာတော့ မမျှော်လင့်ဘဲ တိုင်းပြည်တစ်ခုလုံးကို အပြောင်းအလဲဖြစ်သွားစေနိုင်တဲ့စာတစ်စောင်ကို ဘုရင်ကြီးဆီပို့ဖို့တာ၀န်က Tiuri ဆီကိုရောက်ရှိလာပါတယ်။ တစ်ချိန်တည်းမှာဘဲရက်စက်ကြမ်းကြုတ်တဲ့ မင်းသား Viridian ဟာဒဏ္ဍာရီလာဟောကိန်းထဲက သူရဲကောင်းကိုလိုက်ရှာနေရင်း Tiuri ကိုပါ သတ်ဖို့အမိန့်ထုတ်ထားပါတယ်။ Tiuri တစ်ယောက်လည်း အန္တရာယ်အသွယ်သွယ်ကို သူငယ်ချင်းတွေအကူအညီနဲ့ဖြတ်ကျော်ပြီး ကျရောက်လာတဲ့တာ၀န်ကိုပြီးမြောက်အောင်ဆောင်ရွက်နိုင်မလားဆိုတာ ကြည့်ရှူ့ရမယ့် လူငယ်စွန့်စားခန်းဇာတ်လမ်းတွဲလေးပါ။

https://t.me/+04sm-3PhTJllYmQ1
BEEF (2023)

ဒီတစ်ခါတော့ IMDB 8.3 ရရှိထားတဲ့ ဇာတ်လမ်းတွဲလေးကိုတင်ဆက်ပေးလိုက်ပါတယ်...ဒန်နီရယ် နဲ့ အေမီတို့ဟာ စတိုးဆိုင်တစ်ခုမှာ ဘာမှာမဟုတ်တဲ့ ကားဟွန်းတီးတဲ့ ကိစ္စလေးနဲ့ ကားသမားချင်း ပြဿနာတက်ခဲ့ကြတာပေါ့။ ဖြစ်ချင်တော့ အဲဒီအချိန်မှာ နှစ်ယောက်လုံးက စိတ်မကြည်တဲ့အချိန်ဖြစ်နေသလို ဘာပဲလုပ်လုပ် တစ်ခုခုအဆင်မပြေဖြစ်နေတဲ့အချိန်ဆိုတော့ ပိုဆိုးသွားတာပေါ့။ အဲဒီလိုနဲ့ ဒန်နီရယ်က အေမီရဲ့ ကားနံပါတ်ကိုမှတ်ထားပြီးလိုက်ရှာပါလေရော။ တကယ်ဆို အေးဆေးပြီးသွားရမဲ့ကိစ္စကနေ အများအမြင်မှာ ဘာမဟုတ်တဲ့ကိစ္စလေးကို အကျယ်ချဲ့မိသလိုဖြစ်သွားတာပေါ့။ ရှာရင်းတွေ့သွားတော့ အေမီ့ အိမ်မှာ သေးနဲ့ပန်းခဲ့ပါလေရော။ အဲဒီလိုနဲ့စတဲ့ဇာတ်လမ်းလေးရယ် နှစ်ယောက်လုံးက ဘာလုပ်လုပ် အဆင်မပြေတစ်ခုခုဖြစ်နေကြဇာတ်လမ်းလေးရယ် ပေါင်းလိုက်တော့ ပရိသတ်ကြီး အဆုံးထိမထတမ်းကြည့်ဖြစ်မယ်လို့ပဲ ပြောလိုက်ပါရစေဗျ.....

https://t.me/+8uVfx9Emx-M5OGFl
From (2022)

နိုင်ငံအတွင်းမှာပဲ ခရီးသွားနေရင်းနဲ့ ဒေသမတူ နေရာမတူ လမ်းကြောင်းမတူတဲ့ လူတွေဟာ သစ်တုံးတစ်တုံးလမ်းပိတ်ထားတာနဲ့ ကျီးကန်းအုပ်ကြီးကိုမြင်ပြီး ပြန်လှည့်မောင်းရာကနေတ ဝင်္ကပါထဲကိုရောက်သွားသလိုဖြစ်ပြီး တစ်နေရာတည်းကိုပဲ ပြန်ပြန်ရောက်နေတဲ့ ထူးဆန်းပြီးကြောက်စရာကောင်းတဲ့ မြို့ကြီးတစ်မြို့ထဲကို တဖွဲဖွဲနဲ့ရောက်ရှိလာကြတာပါ။ အဲဒီမြို့ကြီးကဘယ်လိုထူးဆန်းတာလဲဆိုတော့နေ့ခင်းဘက်ဆိုရင် ပုံမှန်အတိုင်းနေလို့ရပေမယ့် ညပိုင်းမှာဆိုရင်တော့ တောထဲကနေအိမ်တွေကို တံခါးလာလာခေါက်တဲ့ မကောင်းဆိုးဝါးတွေရှိနေတာပါ။ အဲဒီကောင်တွေကလူယောင်ဖန်ဆင်း လူတွေသဘောကျမယ့်ပုံစံတွေနဲ့ပြောစည်းရုံးပြီး အထဲပေးဝင်ဖို့ တောင်းဆိုတတ်ကြပါတယ်။ အဲဒါကိုယုံစားဖို့ဖွင့်ပေးလိုက်ရင်တော့ သူတို့ပြုသမျနုရတော့တာပါပဲ။ ရောက်လာတဲ့သူတွေထဲမှာ ရဲမှူးရော သင်းအုပ်ဆရာတော်ရောပါတော့ စုပေါင်းပြီး လက်ဖွဲ့အဆောင်လေးတစ်ခုကိုရှာတွေ့တာနဲ့ တံခါးတွေမှာချိတ်ထားပြီး သူတို့မလာအောင်လို့ ကာကွယ်ပြီးနေကြရတာပါ။ အဲဒီလိုနဲ့တစ်နေ့မှတော့ နေရာမတူတဲ့နေရကနေ ကာနှစ်စီးရောက်လာပြီး မတော်တဆဖြစ်မှုဖြစ်ပွားခဲ့ပါတယ်။ ရောက်လာတဲ့ ကားနှစ်စီးထဲမှာ

အညွှန်းဆက်ဖတ်ရန် နှိပ်ပါ

Movie 👉 https://t.me/+NRpHO41TCv82YTU1
Chernobyl (2019)

၁၉၈၆ ဧပရယ်လမှာ ဆိုဗီယက်ပြည်ထောင်စု၊ ယူကရိန်း နဲ့ ဘီလာရုစ် နယ်မြေကြား ချာနိုဘယ်မှာဖြစ်ခဲ့တဲ့ ကမ္ဘာကျော် အနုမြူဓာတ်အားပေးစက်ရုံ ပေါက်ကွဲမှုအကြောင်း ဖြစ်ရပ်မှန်ကို အခြေခံပြီး တင်ဆင်ထားတာပါ။ အမေရိကန် နဲ့ အားပြိုင်နေချိန်မှာ ဖြစ်ခဲ့တဲ့ အဖြစ်ဆိုးဖြစ်တဲ့အတွက် တရားဝင်ကြေညာတဲ့ အသေအပျောက်စာရင်းဟာ မနည်းပါဘူး။ မပြန်လမ်းမှန်းသိသိကြီးနဲ့ ဝင်သွားခဲ့တဲ့ သူရဲကောင်းတွေ၊ ဝင်လိုက်တာနဲ့ သေမိန့်ချပြီးသားလိုဖြစ်နေတဲ့ နယ်မြေထဲမှာ အကြာကြီး လုပ်ကိုင်ခဲ့ကြတာတွေကို တွေ့ပါလိမ့်မယ်။ ဇာတ်လမ်းအစကိုတော့ ဓာတ်ပေါင်းဖိုပေါက်ကွဲတာကနေစထားတာမို့ စကတည်းက အရှိန်က တက်သွားလိုက်တာ ပြန်ကိုမကျတော့ပါဘူး။ အဲဒီအစမှာတော့ ဝန်ထမ်းတွေ တရားရစရာလေးတွေ တွေ့ပါဦးမယ်။ ပြဿနာကြီးဖြစ်တာနဲ့ အပြစ်တင်စရာလူပတ်ရှာတဲ့ လူကြီးတွေ၊ အထက်ကို ဖုံးဖုံးဖိဖိ တင်ပြကြတဲ့ လူကြီးတွေက စတာပါပဲ။ အဲဒီနောက်မှာတော့ ပြဿနာကိုဖြေရှင်းဖို့အပြင် နိုင်ငံသိက္ခာမကျဖို့ ဖုံးဖုံးကွယ်ကွယ်လုပ်ကြတာပါ ပေါင်းလိုက်တော့ မသေသင့်ဘဲ သေသွားရတဲ့ လူဦးရေ အတော်ကိုများသွားခဲ့မှာပါပဲ။

https://t.me/+w_2LwND6XmlkMzdl
Band of Brothers (2001)

ဒီ Series ဟာဒုတိယကမ္ဘာစစ် အတွင်းက ဥ ရောပမှာစစ်ဆင်ရေးဝင်ခဲ့တဲ့ အမှတ် ၁ဝ၁ လေကြောင်းချီတပ်ဖွဲ့ အမှတ် ၅၀၆ လေကြောင်းချီခြေလျင်တပ်ရင်းကြီး အမှတ်၂တပ်ရင်း အီးဇီးတပ်ခွဲကို အကြောင်းကိုဦးစားပေးရိုက်ထားတဲ့ HBO မှာ ပြောခဲ့တဲ့ သမိုင်း စစ်ရုပ်ရှင်ကားတကားဖြစ်ပါတယ်။ ဒါရိုက်တာကတော့မင်းသားကြီး တွမ်ဟန်အပါအဝင် ဒါရိုက်တာ၇ယောက်နဲ့ရိုက်ထားတဲ့ဒီ ဇာတ်လမ်းကတော့ IMDb rating 9.6 ရထားပါတယ်။ စစ်ပြန်တွေရဲ့သမိုင်းStephen E.Ambrose ရေးထားတဲ့ Band of Brother စာအုပ်ကိုလဲအခြေခံပြီးရိုက်ထားတဲ့ဖြစ်ရပ်မှန် Rotten Tomatoes 98% ရထားတဲ့ဇာတ်ကားကောင်းတခုပါ။ ဒီသမိုင်းမှာပါဝင်ခဲ့တဲ့ ဗိုလ်မှူးဝင်းတာအပါအဝင် နော်မန်ဒီ ကမ်းခြေတက်ခဲ့တဲ့ စစ်ပြန်တွေကို မင်းသားကြီးတွမ်ဟမ်က ကိုယ်တိုင်မေးမြန်းပြီးရိုက်ထားတဲ့ဇာတ်ကားဖြစ်တဲ့အတွက် ကြည့်ကောင်းယုံသပ်သပ်မဟုတ်ဘဲ သမိုင်းအခြေခံဖြစ်ရပ်မှန် ဇာတ်ကားကြီးပဲဖြစ်ပါတယ်။

https://t.me/+v_NFtWmxnHEzYmZl