🇲🇲🇲🇲Myanmar News Zone🇲🇲🇲🇲
1.13K subscribers
12.1K photos
966 videos
4 files
686 links
သတင်း ရင်းမြစ်အားလုံးကို Creditပေးပါတယ်ခင်ဗျာ☺️☺️
Download Telegram
Forwarded from Nay Zin Latt We Love (sansan htay)
💥 ကောင်းပြီ
နစက ကို မီးတိုက်နေတဲ့ကြားက
2022 GDP growth ဘယ်လောက်မှန်းလဲ ?
+1 နဲ့ +3% အကြားရှိမှာပေါ့
ဒါဆိုရင် -18 ကနေ +1 ဖြစ်လာတာဟာ
တိုးတက်မှုလား ?
ဆုတ်ယုတ်မှုလား ?
#အဖြေက_ဒါပါပဲ။

...........

#ရေးချင်တဲ့အဓိကအချက်က -

* Graph ကိုမငြင်းဘူး
( ဒါတောင်မှ WB, IMF, ပြင်ပ မတူကြပါ )

* ဂရပ်တွေရဲ့ သဘောသဘာဝအပေါ်
ရှင်းမပြတဲ့ကိစ္စ

* စနစ်နဲ့ အုပ်ချုပ်ရေး စွမ်းရည်အပေါ်
အခြေခံရမဲ့ အစား၊ လုံးချပြီး
" အာဏာသိမ်းတာကြောင့်" ဆိုတဲ့
ခေါင်းစဉ်အပေါ် ခုခံချေပတာ၊
( ထရမ့်လက်ထက်မှာ ဗခကတွေ
အာဏာသိမ်းဖို့ ပြောခဲ့ဘူးတယ်နော် )

* အကျိုးသက်သက်ဖေါ်ပြတာဟာ
ပညာရပ်နဲ့ မနီးစပ်သူတွေအတွက်
အတွေးအမြင်မှားစေနိုင်တဲ့အတွက်
အန္တရာယ်ရှိပါတယ်၊

* မြန်မာနိုင်ငံဟာ
အရေးကြီးတဲ့ ကာလကို
ဖြတ်သန်းနေတဲ့အတွက် မလိုလားအပ်တဲ့
အတွေးအမြင် လွဲမှားမှုတွေကို
မဖြစ်စေလိုပါ၊

* #အကြောင်း နဲ့ #အကျိုး ကိုဆက်စပ်
ရေးသား ဝေဖန်ခြင်းနဲ့သာ
နိုင်ငံကို အမှန်တကယ် ကူညီရာ
ရောက်စေပါတယ်။

( ဒီလို Opinion မျိုးဆိုတာ
သာမန်လူမျိုးမပြောနဲ့၊ ခပ်လျှမ်းလျှမ်း
ပညာရှင်တွေထဲမှာတောင် စိတ်ကို
အပြောင်းအလဲ ဖြစ်စေလို့ အန္တရာယ်ရှိတယ်၊

အစိုးရထဲမှာလဲ
တုန့်ပြန်နိုင်တဲ့သူတွေ မွေးထားကြပါဦး
တာဝန်မရှိပဲ အပြင်က တုန့်ပြန်ပေးနေရတာ
ကြာတော့ လူမုန်းများတယ်ဗျာ )

#NayZinLatt ( 22.7.22 ) 😪