🇲🇲🇲🇲Myanmar News Zone🇲🇲🇲🇲
1.13K subscribers
12.1K photos
966 videos
4 files
686 links
သတင်း ရင်းမြစ်အားလုံးကို Creditပေးပါတယ်ခင်ဗျာ☺️☺️
Download Telegram
(ဇူလိုင်-၁၃၊ ၂၀၂၃) သွေးနားထင်ရောက် သီဟတင်စိုးများ စုဝေးရာတိုင်းပြည်
===
လွတ်လပ်ရေး ရပြီး ၈၃-ရက်အကြာကတည်းက စတင်ခဲ့တဲ့ ရေမီးရှား ပြည်တွင်းစစ်ဟာ
ခုဆိုရင် ရာသီဥတုကတော့ နှစ်ဘက် အားကစားများအကြိုက်ဆုံး အနေအထားကို ရောက်ရှိနေပါပြီ
..
လွတ်လပ်ရေးရပြီးစ နိုင်ငံကို လူမျိုး ၇-မျိုးနာမည်နဲ့ ပြည်နယ်များ ပိုင်းခြားကတည်းက ဖဆပလခေါင်းဆောင်များရဲ့ အလွန်အမျှော်အမြင်နည်းပုံကို သက်သေပြနေသလိုပဲ
..
တိုင်းရင်းသား မျိုးနွယ်စု ၁၃၀ ကျော်ရှိတဲ့ နိုင်ငံမှာ ကျန် လူနည်းစု မျိုးနွယ်များလည်း သေနတ်ကိုင် သူပုန်ထပြီး
လူရာ၀င်အောင် လုပ်ဖို့ လမ်းစဖြစ်တော့မယ်ဆိုတာ တွေးမိဖို့ ကောင်းတယ်
.
#ဒါတောင်_မမှတ်သေးဘူး “ #၀_ပြည်နယ်_ဖြစ်မြောက်ရေးကို_မူအားဖြင့်_သဘောတူပါသည် “ တဲ့
..

တကယ်တော့ တိုင်းရင်းသားများ ပျံ့နှံ့နေထိုင်ပုံအရ မဟုတ်သည့်တိ်ုင် ဖက်ဒရယ်နိုင်ငံမှာ ဗဟိုက တိုက်ရိုက် အုပ်ချုပ်တဲ့ စနစ်ဟာ ခေတ်မမီတော့ပါ
နိုင်ငံခြားရေးနဲ့ ကာကွယ်ရေးသာ ဗဟိုနဲ့ သက်ဆိုင်ပြီး ကျန်ပြည်နယ်များမှာ ဖက်ဒရယ် အခွင့်အာဏာနဲ့ အုပ်ချုပ်ကြပါတယ်
..
အဲ့ဒီအခါ ဖြစ်လာနိုင်တာရှိတာ ကြိုတင်တွေးထားသင့်တယ် ပြည်နယ်တစ်ခုအတွင်း ရှင်ဘုရင်လုပ်ချင်တဲ့ အာဏာပိုင်ဆိုသူတွေက မူးယစ်ဆေးချက်ပြီး ပိုက်ဆံရှာ-လက်နက်အင်အား တပ်ဆင်ပြီး ကျုပ်တို့ပြည်နယ်ထဲ ဘယ်ကောင်မှ မ၀င်နဲ့ဆို ဘယ်လိုလုပ်ကြမလဲ
တောင်အမေရိက နိုင်ငံအချို့မှာ အဲ့ဒါကို မြင်နေရတယ်။
..
#ပစ်ထာ_လင်ဂျာရွန်ရတ်ဟာ ၀န်ကြီးချုပ်တစ်ဦးအဖြစ် ရွေးကောက်ခံရန် သင့်လျော်ခြင်း မရှိ လို့ ထိုင်းရွေးကောက်ပွဲ ကော်မရှင်က ဆုံးဖြတ်လိုက်တယ်၊ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲအများဆုံး ရရှိခဲ့တဲ့ Move Forward Party က ၀န်ကြီးချုပ် ဖြစ်ရေး အိပ်မက်ဟာ ပလုံသွားပြီး
..
ဒီအတွက် ထိုင်းလူငယ်တွေ ကန့်ကွက်ဆန္ဒပြတာမျိုး ဖြစ်နိုင်ပြီး
အဆင်မသင့်ရင် သူတို့ စစ်တပ်က နောက်တစ်ကြိမ် အာဏာသိမ်းနိုင်ခြေ ရှိပါတယ်။
..
ဒီထက်ပိုပြီး ထိုင်းလူငယ်တွေ သေနတ်ကိုင် တော်လှန်ရေး လုပ်ကြမယ် မထင်ပါ၊ သက်ဆင် ကုလသမဂ္ဂ အစည်း အဝေး သွားတက်နေတုန်း ပရာယွတ်က အာဏာသိမ်းတယ်၊ သက်ဆင်ဟာ သူအာဏာ ပြန်လည်ရရှိဖို့ အဝေးရောက် စင်ပြိုင်အစိုးရ မဖွဲ့ပါ၊ ခုထိ ပြည်ပမှာ လည့်ပတ်သွားလာနေရဆဲပါ။
..
ထိုင်း အထက်အောက်/လွှတ်တော်မှာ အမတ် စုစုပေါင်း ၇၅၀ ရှိတယ်
အမတ် ၂၅၀ ရှိတဲ့ အထက်လွှတ်တော်ကြီးတစ်ခုလုံးဟာ ထိုင်းစစ်တပ်က ခန့်ထားသူများဖြစ်နေပါတယ်။
..
ဒီဖွဲ့စည်းပုံကြီးကို လက်နက်ကိုင် ဖယ်ရှားပစ်မှ ထိုင်းသားစဉ်မြေးဆက် စစ်ကျွန် မဖြစ်မှာလို့ ဘယ်ယိုးဒယား နိုင်ငံရေးသမားမှ မပြောပါ။ ပြောတဲ့ နိုင်ငံရေးသမားကို တာဇံလို့ သူတို့ပြည်သူများက သတ်မှတ်ခံရပါလိမ့်မယ်။
..
#စစ်တပ်ကို_အုပ်ချုပ်ရေးမှာ_မပါစေချင်ရင် #နိုင်ငံရေးဘောင်ကို_ချဲ့ရမှာ ဖြစ်ပြီး #စစ်ဘောင်ကို_ချဲ့မိရင် #စစ်တပ်အကြိုက်ဖြစ်မယ်။ #နိုင်ငံရေးပြဿာနာကို_စစ်ရေးနည်းနဲ့_အဖြေရှာရင် #တိုင်းပြည်နဲ့_နိုင်ငံသားတွေ_နစ်နာမှာ #ယိုးဒယားတွေ #ကောင်းကောင်းနားလည်တယ်။
..
ဒါကြောင့်လည်း လူဦးရေ မတိမ်းမယိမ်း၊ ရေမြေသဘာ၀နဲ့ ဗုဒ္ဓဘာသာအများစုဖြစ်ပုံချင်းလည်းတူပေမဲ့
ရေမီးရှားနဲ့ ထိုင်းနိုင်ငံ တည်ငြိမ်တိုးတက်ပုံဟာ ငရဲနဲ့ နိဗ္ဗာန်လို ဖြစ်နေတယ်
..
ဘရွှေကြီး လက်ထက် မြန်မာကို သူတို့ထဲ ဆွဲသွင်းခဲ့တာ အာဆီယံပါ
အဖွဲ့၀င် ဖြစ်ဖို့ထက် ဘရွှေကြီး စိတ်၀င်စားတာက ကိုယ့်ပြည်တွင်း လုံခြုံရေး- ကုန်စည်စီးဆင်းမှု ချောမွေ့ရေး အခြေခံအဆောက်အအုံများ တိုးတက်တည်ဆောက်ရေးပါ
လက်တွေ့လည်း လုပ်ပြနိုင်လို့ ဒေသတွင်းအစုအဖွဲ့ဟာ ရေမီးရှားကို ထိပ်ပုတ် ခေါင်းပုတ် မလုပ်ရဲခဲ့ပါ
..
နောက်တစ်ချက်က နိုင်ငံရေးအရ ဖိအားပေးတာကို လျော့စေချင်ရင် ဘရွှေကြီးနည်းဟာ အခိုင်မာဆုံး အမြန်ဆုံး ပါ၊
#တစ်သက်လုံး_ကျည်တောက်စွပ်လို့_မရတဲ့_ခွေးမြီးကောက်_နိုင်ငံရေးခေါင်းဆောင်ကို_ပွဲထုတ်ပြီး #စေ့စပ်ညှိနှိုင်းဖို့_ကြိုးစားမယ်ဆိုရင် #စူဠလိပ်ကို_ရေထဲ_လွှတ်ခိုင်းတဲ့_အမတ်လိုဖြစ်မယ်
#အလွန်အန္တရာယ်များတဲ့_နိုင်ငံရေးကစားနည်း_ဖြစ်ပါတယ်။
..
ကြား၀င်စေ့စပ်မယ့်နိုင်ငံကလည်း ရေမီးရှားမှာ သွေးချောင်းစီးအစဉ်တွေကို ကြိုးကိုင်နေတဲ့ အနောက်နိုင်ငံ ထောက်လှမ်းရေးအဖွဲ့ကြီးကို လက်ခံထားပါတယ်။ ရေမီးရှားအတွင်း အဖျက်အမှောက်နဲ့ ဒလန်စွပ်စွဲ သ-တ်ဖြတ်မှုများလုပ်ဆောင်နေသူတို့ကို လေ့ကျင့် လက်နက်တပ်ဆင်ပေးနေတဲ့ EAOs ခေါင်းဆောင်ဆိုသူတို့ဟာ သူ့နိုင်ငံအတွင်းမှာ အိမ်ကြီး ရခိုင်နဲ့ အေးအေးလူလူ နေထိုင်နိုင်ကြတယ်။
ငပွကြီး ကြေးစားစစ်သားတွေဟာ သူ့နိုင်ငံအတွင်း အိမ်ဦးနဲ့ ကြမ်းပြင်လုပ်နေပါတယ်။
..
“#သားတို့_သမီးတို့_တော်ကြပါတော့“ #လို့_ပြောယုံနဲ့ “ #ဟုတ်ကဲ့..အမေ“ #လို့ #ချက်ချင်း_ငြိမ်းချမ်းသွားမယ်ထင်မှတ်ခြင်းဟာ #နားထင်_အားနည်းရာ_ရောက်ပါတယ်။
..
#ဟိုတွေကလည်း_သူပြောတာ #ချောက်ဂု_စိုက်မည်_မဟုတ်
#သူတို့ဖာသာ_အစိုးရဖြစ်ချင်လို့ #ခုဆို_သေနတ်ကိုင်ရတဲ့_အရသာကို_ကောင်းကောင်းကြီးသ်ိနေပါပြီ
..
#နှစ်နှစ်မပြည့်မီ_လက်နက်ကိုင်ဆန့်ကျင်ရေးအဖွဲ့အရေအတွက် #သုံးဆနီးပါး_တိုးသွားတာ_သက်သေပါ
..
အစဉ်လေးစားစွာဖြင့်
..
#HtayOung, #OungMarine
..
..
တနင်္လာနေ့ အမေရိကန်ရေငုပ်သင်္ဘော ရောက်ရှိလာပြီး နာရီပိုင်းအကြာမှာ မြောက်ကိုရီးယားက သူ့ရဲ့ အရှေ့ဘက် ကမ်းရိုးတန်းမှ ပင်လယ်အတွင်း ပဲ့ထိန်းဒုံးကျည်နှစ်စင်းကို စမ်းသပ်ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယား စစ်ဘက်က ပြောဆိုကြောင်း
..
မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းဒုံးကျည်နှစ်စင်းဟာ သူ့ရဲ့ သီးသန့်အထူးစီးပွားရေးဇုန်အပြင်ဘက်မှာ ကျရောက်ခဲ့ တယ်လို့ ဂျပန်ကာကွယ်ရေးဌာနက အတည်ပြုကြောင်း Reuters ရဲ့ ယနေ့သတင်းတစ်ပုဒ်မှာ တွေ့ရှိရပါတယ်။
..
တောင်ကိုရီးယားမှာ အမေရိကန် လေယာဉ်တင်သင်္ဘောများ၊ ဗုံးကြဲလေယာဉ်များ သို့မဟုတ် ဒုံးကျည်တင် ရေငုပ်သင်္ဘောများကို ဖြန့်ကျက်ချထားလာခြင်းဟာ သူတို့ရဲ့ နျူကလီယာလက်နက် အသုံးပြုဖို့အတွက် စံသတ်မှတ်ချက်များနဲ့ ထိပ်တိုက်တွေ့နိုင်ကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်နှောင်းပိုင်းမှာ မြောက်ကိုရီးယားက သတိပေးခဲ့ပါတယ်။
..
#HtayOung
#OungMarine
များသော်လည်း အရည်အချင်းမှာ ဟာစီနာ ဆုံးဖြတ်သမျှ အတည်ပြုယုံ “တံဆိပ်တုံး_ပါလီမန်“ ဖြစ်နေတယ်လို့ စွပ်စွဲခြင်း ခံရပါတယ်။
..
အကျင့်ပျက်ခြစားမှု စွဲချက်ဖြင့် ပြစ်ဒဏ်ချမှတ်ခံရပြီး နေအိမ်အကျယ်ချုပ် ကျခံနေရသူ ခါလီဒါဇီယာ (၇၇-နှစ်) ဟာ ဟာစီနာရဲ့ ရန်သူတော်ဟောင်းကြီးဖြစ်ပြီး အတိုက်အခံ BNP ပါတီခေါင်းဆောင်ဖြစ်ပါတယ်။ အဲ့ဒီပါတီကို တည်ထောင်သူ ဗိုလ်ချုပ်ကြီးဟောင်း ဇီယာ_ရာမန်ဟာ ခါလီဒါဇီယာရဲ့ ခင်ပွန်းဖြစ်ပါတယ်။

ဇီယာရာမန်ဟာ ဘင်္ဂလားဒေ့ရ်ှခွဲထွက် ရေးစစ်ပွဲမှာ ပါကစ္စတန်တပ်များကို ခုခံတိုက်ခိုက်စဉ် လူသိများထင်ရှားတဲ့ တပ်မှူးတစ်ဦးဖြစ်ပြီး ၁၉၇၇-ခုနှစ် မှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့အတွက် ကျန်ရစ်သူ မုဆိုးမ ခါလီဒါမှာလည်း လူအများအမြင်မှာ သနားစဖွယ် မိန်းမသားတစ်ဦးဖြစ်နေပါတယ်။
..
သမ္မတ ရှိတ်မူဂျီဘူရ်ရာမန် လုပ်ကြံခံရပြီး အရာရှိငယ်တစ်စု အာဏာသိမ်းရန် ကြံစည်မှုကို တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဇီယာရာမန်က တန်ပြန်အာဏာသိမ်းမှုနဲ့ ဖြိုခွင်းပြီး အစိုးရအဖွဲ့တာ၀န်ယူခဲ့ကြောင်း အမှတ်အသားရှိပါတယ်။
.
ဒါပေမယ့် အရာရှိငယ်များ အာဏာသိမ်းရန် ကြံစည်မှုဆိုတာ ဇီယာရာမန် ပယောဂ မကင်းကြောင်း စွပ်စွဲချက်များဟာလည်း ယနေ့တိုင် မဖြေရှင်းနိုင်ပဲ ရှိနေဆဲဖြစ်ပါတယ်။
.
ရန်သူတော်ဟောင်း ပြိုင်ဘက် အမျိုးသမီးကြီးနှစ်ဦးတို့ရဲ့ အဝါမီလိခ် နဲ့ BNP ပါတီတို့ဟာ ဘင်္ဂလားဒေ့ရ်ှမှာ တစ်လှည့်စီ အာဏာရရှိခဲ့ပါတယ်။ နိုင်ငံ့ပြုပြင်ပြောင်းလဲရေး တိုးတက်ဖွံံ့ဖြိုးရေး အစီအစဉ် မှန်သမျှ တစ်ဦး အစိုး ရဖြစ်ချိန် ကျန်တစ်ဦးက ကန့်လန့်တိုက် ပယ်ချခြင်းဖြင့် ပါတီ၀င်နဲ့ ထောက်ခံသူ နှစ်ရပ်အကြား ပြင်းထန်တဲ့ အဓိကရုန်းများ ဖြစ်ပွားခဲ့ရပါတယ်။
..
ဒါ့ကြောင့် ဘယ်အစိုးရတက်တက် အမိန့် ညွှန်ကြားချက်များအတိုင်း နာခံရသူ ဘင်္ဂလားဒေ့ရ်ှရဲတပ်ဖွဲ့မှာ ပါတီကြီး နှစ်ခုစလုံးမှ ပါတီ၀င်နဲ့ ထောက်ခံသူတိုင်းကို နံပတ်ဒုတ်နှင့် တွယ်ခဲ့ဖူးတဲ့ “တံဆိပ်တုံးကြီး” ဖြစ်နေပါတယ်။ ။သတင်းဘာသာပြန်သူ))
#HtayOung, #OungMarine
..
အပြင်းထန်ဆုံး စကားအသုံးအနှုန်းနဲ့ ပြောရရင် နိုင်ငံတော်ရဲ့ သွေးဆာနေတဲ့ ဉာဉ်ကို ရှုတ်ချပါကြောင်း ပြောဆိုပြီး သေဒဏ်ပေးမှု အသုံးချနေခြင်းကို ချက်ချင်း တရား၀င်ဆိုင်းငံ့ထားရန် ထပ်လောင်း တောင်းဆိုပါတယ်။
..
စင်္ကာပူရဲ့ ရက်စက်ပြင်းထန်တဲ့ မူဝါဒဟာ သာမာန်အားဖြင့် အားနည်းချက်ရှိသူများအပေါ် ပစ်မှတ်ထားခြင်းခံရတဲ့ အဆင့်နိမ့် ကုန်ကူးသူများနဲ့ ဒလီပစ္စည်း ပို့ဆောင်သူများကိုသာ အပြစ်ပေးရာရောက်ရှိနေတယ်လို့ ဝေဖန်သူများက ဆိုကြပါတယ်။ စင်္ကာပူဟာ သေဒဏ်ပြစ်ဒဏ်ချမှတ်ခြင်းကို စွန့့်လွှတ်လိုက်တဲ့ နိုင်ငံများရဲ့ လမ်းကြောင်းအတိုင်းကို လိုက်ဖို့ ခြေလှမ်း မပြင်နိုင်သေးပဲ ရှိနေတယ်လို့ ပြောပါတယ်။
..
စင်္ကာပူမှာ သေဒဏ်ပေးခံရမယ့် ဆေးခြောက်ဟာ ဒေသတွင်း အိမ်နီးချင်း ထိုင်းနိုင်ငံမှာ တရားဝင်ခွင့်ပြုထားပါတယ်။ မလေးရှားနိုင်ငံမှာလည်း ပြင်းထန်တဲ့ ရာဇ၀တ် ပြစ်မှုကြီးများအတွက် မဖြစ်မနေ သေဒဏ်ပေးမှုကို ယခုနှစ်မှာ အဆုံးသတ်ခဲ့ပြီး ဖြစ်ပါတယ်။
..
((( ဝေါဟာရ အသုံးအနှုန်းတွင် “mandatory” #မဖြစ်_မနေ နှင့် compulsory” #မလုပ်_မနေရ တို့မှာ တူသယောင်နှင့် ကွဲပြားခြားနားပါသည်။
..
မဖြစ်_မနေ ဆိုသည်မှာ အစီအစဉ်/ကိစ္စတစ်ရပ်တွင် အတတ်နိုင်ဆုံး လိုက်နာ လုပ်ဆောင်ရမည်ဖြစ်သော်လည်း ဆင်ခြင်တုံတရားနှင့် အခြေအနေအပေါ် မူတည်၍ လိုက်နာ ဆောင်ရွက်ရန်ဖြစ်သည်။
..
မလုပ်_မနေရ ဆိုသည်မှာမူ မိုးရွာရွာ နေပူပူ စိတ်ပါလည်း လုပ်၊ စိတ်မပါလည်း လုပ်ရမည်ဟု ဆိုလိုပါသည်။ ဥပမာ ကျွန်တော်တို့နိုင်ငံအပါအ၀င် တိုင်းပြည်အတော်များများ၌ #မသင်_မနေရ_ပညာရေးစနစ်ကို ပြဋ္ဌာန်းထားပါသည်။ ထို့ကြောင့် မည်သူမဆို ပညာသင်ယူရမည်ဖြစ်ပြီး ဆင်ခြေပေးခွင့်မရှိပါ။ ပျက်ကွက်လျှင် ဥပဒေနှင့် ငြိစွန်းသည်ဟု ဆိုလိုသည်။
…
သေဒဏ်ပေးခြင်းတွင်လည်း အမြင်အမျိုးမျိုး ကွဲပြားနိုင်ပါသည်။
..
#မဖြစ်မနေ_သေဒဏ်ပယ်ဖျက်ခြင်းသည် #တရားဥပဒေအပေါ်_လေးစားလိုက်နာသူ_အများစုဖြစ်၍ #တရားရုံးနှင့်_ရဲစခန်းများ_ခိုင်မာအားကောင်းလျှင် #ပြဿနာ_မရှိနိုင်ပါ။ မကြာသေးခင် ကာလတစ်ခုအထိ ကျွန်တော်တို့ဆီက ဝေးလံခေါင်ဖျား ကျေးရွာ/ဒေသနေအချို့မှာ အုပ်ချုပ်ရေး-တရားစီရင်ရေးနှင့် တစိမ်းပြင်ပြင်ရှိနေဆဲဖြစ်သည်။ မိမိဘက် ဆွေမျိုးသားချင်းတစ်ဦး အသ-တ်ခံရလျှင် ရုံးတွေ ဂတ်တွေ တိုင်မနေတော့ပဲ တစ်ဖက်လူ၏ ဆွေမျိုးသားချင်းမှ တစ်ဦးဦးကို အလစ်ချောင်းမြောင်း သ-တ်ဖြတ်လေ့ရှိနေခဲ့သည်။ ဤတွင် “သူ့_ငါသ-တ်၊ ငါ့_သူသ-တ်” အမြင်မျိုးဖြင့် မဆုံးနိုင်သော လူသ-တ်ပွဲကြီး ဖြစ်ပေါ်လာသည်။ ယနေ့အချိန်ဆို လျှင် #အမြင့်ဆုံး-#အဆိုးရွားဆုံးအခြေဆိုက်လျှက်ရှိသည်ဟု #ဆိုနိုင်ပါသည်။ #ကျွန်တော်များ_လူ့အဖွဲ့အစည်းကြီးအတွင်း #အဖြစ်ဆိုးများ #ရပ်တန့်သွားအောင် #မည်သည့်နည်းနှင့် #တားဆီးကြပါမည်နည်း
..
ဥပဒေဆိုသည်မှာ မတရားမှုများ နစ်နာမှုကို ကာကွယ်-ကုစားရန် ဘုံသဘောရေးဆွဲထားခြင်းဖြစ်၍ မောင်ဖြူ-ဦးမဲ ဘယ်သူဘယ်ဝါမဆို လိုက်နာရန် မဖြစ်မနေ လိုက်နာရန် တာ၀န်ရှိပါသည်။ #ထိုပြဋ္ဌာန်းချက်ကို_အဓိပ္ပါယ်တလွဲ #ဖွင့်ဆိုခြင်းဖြင့်၎င်း #ဥပဒေရှိသည်ကို_မသိ၍_ကျူးလွန်မိပါသည်ဟု_ ထုချေခြင်းကို #ဥပဒေ၌_ #ခွင့်လွှတ်ထားခြင်း_မရှိပါ။ ။သတင်းဘာသာပြန်သူ))
#HtayOung, #OungMarine