🇲🇲🇲🇲Myanmar News Zone🇲🇲🇲🇲
1.14K subscribers
12K photos
958 videos
4 files
671 links
သတင်း ရင်းမြစ်အားလုံးကို Creditပေးပါတယ်ခင်ဗျာ☺️☺️
Download Telegram
ဆက်စပ်နေသော သတင်းနှစ်ခု
ကားအမျိုးစားတူတယ်....
လုလာတဲ့ကားကို
ဘာလို့တိပ်အုပ်လာလဲ......
စဥ်းတော့စဥ်းစားစရာပဲ

https://t.me/pyaytruenews

#PyayTrueNews
လက်ဖက်ရည်သောက်နေသည့် အမျိုးသားတစ်ဦး
သေနတ်ပစ်ခတ်ခံရ၍ ဒဏ်ရာရရှိ

နေပြည်တော်၊ ဇူလိုင် ၁၄

မန္တလေးတိုင်းဒေသကြီး၊
မဟာအောင်မြေခရိုင်
ချမ်းအေးသာစံမြို့နယ်၊
သိရိဟေမာအနောက်ရပ်ကွက်
အကွက် ၂၃၆ ရှိ “ဦးဖိုးညို ကဖေးဆိုင်” တွင်
လက်ဖက်ရည်သောက်နေသည့်
အမျိုးသားတစ်ဦးကို PDF များမှ သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း
သိရသည်။

ဇူလှိုင် ၁၃ ရက် ညနေ ၄:၄၀ အချိန်တွင်
PDF နှစ်ဦးမှ “ဦးဖိုးညို ကဖေးဆိုင်”
အရှေ့သို့ရောက်ရှိလာပြီး
ထိုလက်ဖက်ရည်ဆိုင်ထဲတွင် လက်ဖက်ရည် သောက်နေသည့် အမျိုးသားတစ်ဦးကို
သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း
သိရသည်။

ထိုပစ်ခတ်ခံရသည့် အမျိုးသားမှာ
အသက် (၇၃) နှစ်အရွယ်ရှိပြီး PDFများ၏ ပစ်ခတ်မှုကြောင့်
ဒဏ်ရာရရှိသည်များမှာ
ဘယ်ဘက်နှင့် ညာဘက်လက်ပြင်တို့တွင်
မစိုးရိမ်ရသည့် ဒဏ်ရာများ
ရရှိကြောင်းသိရသည်။

Photo – Credit

https://t.me/pyaytruenews

#PyayTrueNews
ပြည် သတင်းမှန် နဲ့ Founder နာမည်ပါလို့
လာသတင်းပေးကြတာကို
ကျေးဇူးအထူးတင်ပါတယ်
🙏🙏🙏

သူတို့ FB Fake ​Accနဲ့တင်ထားတဲ့
သတင်းဟာ အကောင့်အမှန်မဟုတ်တဲ့အတွက် ပစ်စာအဆင့်တောင်မရှိသလို
မြေပြင်အခြေနေနဲ့လွဲချော်နေပြီး
မဟုတ်မမှန်သတင်းဖြစ်တဲ့အတွက်
ဘာမှဖြေရှင်းနေမှာမဟုတ်ပါဘူး...။

လွန်လာရင်သာ
တရားဥပဒေအကြောင်းအရ
တရားစွဲဆိုသွားမှာပါ။

https://t.me/pyaytruenews

#PyayTrueNews
နိုင်ငံအတွင်း၌ ဒီဂျစ်တယ်လ်နည်းလမ်းဖြင့်
ငွေရေးကြေးရေးဆောင်ရွက်မှု
တိုးတက်များပြားလာ၍ နိုင်ငံ၏စီးပွားရေးစနစ်အတွင်း
လှည့်လည်သုံးစွဲငွေ
(Currency in Circulation- CIC)များလျော့ နည်းကျဆင်းခဲ့သည်ဟု ဗဟိုဘဏ်မှထုတ်ပြန်ခဲ့သည်။
ဗဟိုဘဏ်၏ထုတ်ပြန်ချက်အရ CIC သည် ၂၀၂၁ ခုနှစ်တွင်
၄၈ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်တွင်
၂၉ ရာခိုင်နှုန်း၊ ၂၀၂၃ ခုနှစ်
(မေလအထိ)တွင် ၁၁ ရာခိုင်နှုန်းသို့
ကျဆင်းလာခဲ့သည်ဟု သိရသည်။

ထို့ပြင် ဗဟိုဘဏ်၏ နိုင်ငံအတွင်းဒီဂျစ်တယ်လ်ပေးချေမှုများဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ခဲ့၍ ၂၀၂၂ ခုနှစ်တွင် အင်တာနက်ဘဏ်လုပ်ငန်း၊မိုဘိုင်းလ်ဘဏ်လုပ်ငန်း၊မိုဘိုင်းလ်ပေးနှင့်မိုဘိုင်းလ်ငွေရေး ကြေးရေးဝန်ဆောင်မှုလုပ်ငန်းများ ၏ လုပ်ငန်းဆောင်ရွက်မှုတန်ဖိုးသည် ငွေကျပ် ၃၁၆၆၆ ဘီလီယံရှိခဲ့ရာ ၂၀၂၁ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၄၇ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။

ထို့ကြောင့် အမျိုးသားငွေပေးချေမှုမဟာဗျူဟာ (၂၀၂၀-၂၀၂၅)၏ ရည်မှန်းချက်ရည်ရွယ်ချက်များအောင်မြင်စေရန် ဗဟိုဘဏ်အပါအဝင် အခြားသက်ဆိုင်ရာဝန်ကြီးဌာနများမှအဖွဲ့ဝင်များပါဝင်သည့် နိုင်ငံတော်ငွေပေးချေမှုစနစ်ကြီးကြပ်မှုကော်မတီဖွဲ့စည်း၍ ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့အတူ နိုင်ငံအတွင်းရှိ ဒီဂျစ်တယ်လ်ငွေပေးချေမှုဆိုင်ရာဝန်ဆောင်မှုများကို ပံ့ပိုးပေးနေသည့် Payment Service Provider များ၏ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာအခြေခံအုတ်မြစ်(Platform) များ ခိုင်မာတောင့်တင်းမှုရှိစေရန်၊လုံခြုံစိတ်ချရသည့် ဒီဂျစ်တယ်ငယ်ငွေစနစ်ပိုမိုဖွံ့ဖြိုးတိုးတက်လာရန်နှင့်အများပြည်သူကြား ငွေသားကိုင်တွယ်အသုံးပြုမှုလျှော့ချနိုင်ရန်လည်း ဆောင်ရွက်လျက်ရှိသည်။

နေပြည်တော်အား ဒီဂျစ်တယ်လ်မြို့တော်အဖြစ် မြှင့်တင်နိုင်ရန်လည်း ဗဟိုဘဏ်မှ ဘဏ်များ၊မိုဘိုင်းလ်ငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများကို လိုအပ်သည့်လမ်းညွှန်မှုများပြုလုပ်လျက်ရှိပြီး ၂၀၂၃ ခုနှစ်၊မေလမှစ၍ နေပြည်တော်ဝန်ကြီးဌာနများရှိ အရာထမ်း၊အမှုထမ်းများ၏ လစာများကို ဒီဂျစ်တယ်လ်နည်းလမ်းဖြင့် ပံ့ပိုးပေးနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဗဟိုဘဏ်အနေဖြင့် နိုင်ငံအတွင်းငွေသားကိုင်တွယ်သုံးစွဲမှုများလျော့ကျလာစေရေး၊ဒီဂျစ်တယ်လ်ငွေပေးချေမှုစနစ်များနှင့်ပတ်သက်၍ အများပြည်သူများပိုမိုသိရှိနားလည်လာစေရေးနှင့်ငွေပေးချေမှုစနစ်ပိုမိုဖွံ့ဖြိုးတိုးတက်လာပြီး၊နိုင်ငံ၏ စီးပွားရေးတိုးတက်မှုကို တစ်ဖက်တစ်လမ်းမှအထောက်အကူပြုနိုင်ရေးတို့အတွက် လိုအပ်သည်များဆက်လက်ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ခဲ့သည်။

ဗဟိုဘဏ်မှ နိုင်ငံအတွင်း ဒီဂျစ်တယ်လ်ငွေရေး ကြေးရေးဆောင်ရွက်ချက်များ များပြားလာစေရန် ဘဏ်များအား ဒီဂျစ်တယ်လ်ဘဏ်လုပ်ငန်း၊အင်တာနက်ဘဏ်လုပ်ငန်း၊မိုဘိုင်းလ်ဘဏ်လုပ်ငန်း၊မိုဘိုင်းလ်ပေးနှင့်မိုဘိုင်းလ်ငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများကိုလည်း ဆောင်ရွက်ခွင့်ပြုထားသည်ဟု သိရသည်။

ဘဏ်နှင့်အများပြည်သူများကြား ဒီဂျစ်တယ်လ်နည်းလမ်းဖြင့် ပမာဏနည်းသောလက်လီ(Retail) ငွေပေးချေမှုများအားကောင်းလာစေရန် ရောင်းချသူကိုယ်စား​ငွေကောက်ခံရှင်းလင်းသည့် ဝန်ဆောင်မှု လုပ်ငန်းများကိုလည်း ဗဟိုဘဏ်မှခွင့်ပြုဆောင်ရွက်စေခဲ့သည်။

ထို့ပြင် ၂၀၁၉ ခုနှစ်၊ဇန်နဝါရီလတွင် QR Code Payment အတွက် National Standard(MMQR) သတ်မှတ်နိုင်ရန် Technical Specification Version 1.0 ကို ချမှတ်ခဲ့ပြီး MQR specification Version 1.0 ကို နိုင်ငံတွင်းရှိ ငွေရေးကြေးရေးအဖွဲ့အစည်းများကြား ပေးချေမှုနှင့်စာရင်းရှင်းလင်းမှုများကို အပြန်အလှန်ချိတ်ဆက်ဆောင်ရွက် (Interoperability) နိုင်ရန်၊ပြည်ပရှိငွေရေးကြေးရေးလုပ်ငန်းများနှင့်နိုင်ငံဖြတ်ကျော်အပြန်အလှန်ချိတ်ဆက်ဆောင်ရွက်ခြင်း (Cross-border Interoperability)ပြုလုပ်နိုင်မည့် QR Code သတ်မှတ်နိုင်ရန်လည်းဆောင်ရွက်လျက်ရှိသည်။

https://t.me/pyaytruenews

#PyayTrueNews
ပြည်တက္ကသိုလ် ဓာတုဗေဒနှင့်ဇီဝဗေဒ မိသားစုမြတ်ဆရာပူဇော်ပွဲ ၊မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ထူးချွန်ဆုများပေးအပ်ချီးမြှင့်ပွဲကျင်းပ

ပြည် ဇူလိုင် ၁၇

ပြည်တက္ကသိုလ်၌
၂၀၂၂-၂၀၂၃ပညာသင်နှစ် ဓာတုဗေဒနှင့်ဇီဝဗေဒမိသားစုမြတ်ဆရာပူဇော်ပွဲ၊ ပညာရည်ချွန်ဆု/အားကစားထူးချွန်ဆုပေးပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုနုတ်ဆက်ပွဲအခမ်းအနားကို ယင်းတက္ကသိုလ်အားကစားခန်းမ၌ ဇူလိုင်လ ၁၃ ရက်နေ့ကကျင်းပခဲ့သည်။

ရှေးဦးစွာ ပါမောက္ခချုပ်၊ဒုတိယပါမောက္ခချုပ်များနှင့်(သင်ကြား/စီမံ)ဌာနမှူးများ၊ပါမောက္ခများနှင့် မော်ကွန်းထိန်းဆရာ၊ဆရာမများအား ဓာတုဗေဒနှင့်ဇီဝဗေဒ ဘာသာရပ်အထူးပြုကျောင်းသား၊ကျောင်းသူများက မြတ်ဆရာသီချင်းဖြင့် ဆီမီးထွန်းညှိပူဇော်ကန်တော့ကြပြီး ပါမောက္ခချုပ်ဒေါက်တာသက်လွင်က ကျောင်းသား၊ကျောင်းသူများကို ဆုံးမသြဝါဒစကားပြောကြားသည်။

ထို့နောက် ပါမောက္ခချုပ်နှင့်တာဝန်ရှိသူများက အဆိုပါအထူးပြုဘာသာရပ်များမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ပညာရည်ချွန်ဆုနှင့် အားကစားထူးချွန်ဆုရရှိသူများအား ဂုဏ်ပြုဆုများအသီးသီးပေးအပ်ချီးမြှင့်ကာ မောင်မယ်သစ်လွင်ကျောင်းသား၊ကျောင်းသူများကို ကြိုဆိုနုတ်ဆက်အားပေးခဲ့ကြကြောင်းသိရသည်။

ခရိုင်ပြန်/ဆက်

https://t.me/pyaytruenews

#PyayTrueNews
ပြည်တက္ကသိုလ်၌ (၇၆)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်အသိပညာပေးဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ပြည် ဇူလိုင် ၁၇

ပဲခူးတိုင်းဒေသကြီး ပြည်တက္ကသိုလ် သီရေတာခန်းမ၌ ယနေ့နံနက်ပိုင်းက (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပရာ ပြည်တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့်(သင်ကြား/စီမံ)ဌာနမှူးများ၊ ပါမောက္ခများ၊ မော်ကွန်းထိန်း ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများတက်ရောက်သည်။

ရှေးဦးစွာ ပြည်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသက်လွင်က အခမ်းအနားကျင်းပခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး ပြည်တက္ကသိုလ် သမိုင်းဌာနပါမောက္ခ(ဌာနမှူး) ဒေါက်တာ တတိုင်းမွှေးက "အာဇာနည်နေ့ တို့မမေ့"ခေါင်းစဉ်ဖြင့် အာဇာနည်နေ့ဖြစ်ပေါ်လာပုံ၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကိုယ်ရေးအတ္ထုပ္ပတ္တိအကျဉ်းနှင့် နိုင်ငံတော်အတွက် အသက်ကိုပဓာနမထားဘဲ လွတ်လပ်ရေးကြိုးပမ်းဆောင်ရွက်ခဲ့မှုသမိုင်းဖြစ်စဉ်များအကြောင်းကို ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး
ဟောပြောဆွေးနွေးသည်။

ထို့နောက် ပြည်တက္ကသိုလ်၌ ကျင်းပခဲ့သည့် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုများရရှိခဲ့သော ကျောင်းသား၊ကျောင်းသူများကို ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များက ဂုဏ်ပြုဆုများအသီးသီးပေးအပ်ချီးမြှင့်ကြောင်းသိရသည်။

ကိုဆက်(ပြန်/ဆက်)

https://t.me/pyaytruenews

#PyayTrueNews
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း အုတ်တွင်းမြို့နယ်အတွင်းရှိ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း ကွင်းဆင်းကြည့်ရှုပြီးနိုင်ငံ့စီးပွားမြှင့်တင်ရေး (MSME) လုပ်ငန်းရှင်များအားတွေ့ဆုံ

အုတ်တွင်း ဇူလိုင် ၁၇

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းဦးဆောင်သည့် တိုင်း/ခရိုင်အဆင့်ဌာနဆိုင်ရာမှတာဝန်ရှိသူများသည် အုတ်တွင်းမြို့နယ်အတွင်းရှိ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းပျိုးထောင်ထားရှိမှု၊ စိုက်ပျိုးနေမှုနှင့်(MSME)စီမံကိန်းလုပ်ငန်းဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းကြည့်ရှုရာတွင် အုတ်တွင်းမြို့နယ်ဥယျာဉ်တော်ကျေးရွာအုပ်စု ဥယျာဥ်တော်ကျေးရွာရှိ တောင်သူဦးညွန့်ဝေ၏လယ်မြေ(၁၀)ဧကတွင် မိုးစပါးဆင်းသုခကိုကောက်စိုက်စက်ဖြင့် စိုက်ပျိုးရန်ပျိုးထောင်ထားရှိမှုနှင့် ကောက်စိုက်တောင်သူများဖြင့် မိုးစပါးစိုက်ပျိုးနေမှုကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်အတွင်းမိုးစပါးစိုက်ပျိုးဧက(၈၉၁၀၀)အား အချိန်မီရာနှုန်းပြည့်စိုက်ပျိုးပြီးစီးနိုင်ရေးလမ်းညွှန်မှာကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များသည် ကြက်သွန်ခင်း(၂)ရပ်ကွက်ရှိ ကြယ်နီဆန်စက်ကြိတ်ခွဲနေမှု၊ အခြောက်ခံစက်လုပ်ငန်းဆောင်ရွက်နေမှုနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး (MSME)စီမံကိန်းဖြင့်ဆောင်ရွက်သော အာလူးကြော်ထုတ်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ အားပေးခဲ့ကြောင်း သိရသည်။

အေမင်းရည်စော(ပြန်/ဆက်)

https://t.me/pyaytruenews

#PyayTrueNews
COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

(၂၀-၇-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီ

ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၁၉-၇-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၀-၇-၂၀၂၃) ရက်နေ့၊ ည(၈:၀၀)နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၅,၂၈၁)ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၆)ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၃) ရာခိုင်နှုန်း ရှိပါသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၁၀,၉၇၃,၂၄၅)ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာစုစုပေါင်း (၆၄၀,၉၄၆) ဦး ရှိပြီဖြစ်ပါသည်။

ဓာတ်ခွဲအတည်ပြုလူနာများအား နေအိမ်တွင် သီးခြားထားရှိခြင်းနှင့် ဆေးရုံများတွင် သီးခြားထားရှိကုသမှုပေးခြင်းများ ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ပြန်လည်ကောင်းမွန်လာသူ(၆)ဦးရှိသဖြင့် ယနေ့အထိ ပြန်လည်ကောင်းမွန်လာသူစုစုပေါင်း (၆၁၉,၇၃၃)ဦး ရှိပြီဖြစ်ပါသည်။ ယနေ့တွင် COVID-19 ရောဂါဖြင့် သေဆုံးသူမရှိသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း (၁၉,၄၉၄) ဦး ရှိပါသည်။

ကိုဗစ်-၁၉ ရောဂါဆိုင်ရာသတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ moh.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

https://t.me/pyaytruenews

#PyayTrueNews
ဇူလိုင် ၂၁

ကုမ္ပဏီ ၂ ခုမှတင်သွင်းသည့်
EV ကား အစီး ၄၀
ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိ

လျှပ်စစ်သုံးမော်တော်ယာဥ်များ
တင်သွင်းခွင့်ရရှိထားသည့်
ကုမ္ပဏီ ၂ ခုမှတင်သွင်းလာသည့်
လျှပ်စစ်သုံးမော်တော်ယာဉ် (EV)
ကားအစီး ၄၀ ဇူလိုင် ၂၀ ရက်က
ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိ
လာခဲ့ကြောင်း သိရသည်။

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်
ဆက်စပ်လုပ်ငန်းများ
ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်အရ
အကောက်ခွန် ကင်းလွတ်ခွင့်ဖြင့်
N.P.K Motors Co.,Ltd. မှ
တင်သွင်းလာသည့် MG,MG4(Mulan)
အမျိုးအစား EV ကား(၁၀) စီးနှင့်
Earth Renewable Energy
Co., Ltd. မှတင်သွင်းလာသည့်
BYD Dolphin အမျိုးအစား
EV ကား(၃၀)စီး (စုစုပေါင်း ၄၀ စီး)
ရောက်ရှိလာခြင်းဖြစ်သည်။

အဆိုပါ ရောက်ရှိလာသည့် EV ကားများအား တာဝန်ရှိသူများက
လုပ်ထုံးလုပ်နည်းနှင့်အညီ
ထုတ်ယူခွင့်ပြုခဲ့ကြောင်း သိရသည်။

https://t.me/pyaytruenews

#PyayTrueNews
ဇူလိုင် ၂၃

ပဲခူးတိုင်းအနောက်ပိုင်း ၊
သာယာဝတီခရိုင်၊အုတ်ဖိုမြို့နယ်
လိပ်ဥကုန်းအုပ်စု၊
ရှမ်းတောလေးကျေးရွာ
အုတ်ဖိုတာဆုံအနီးဖွင့်လှစ်ထားသော
Melody KTV တွင်
ယနေ့ နံနက် ၁၁း၂၅ ဝန်းကျင်ခန့်က
ဗုံးပေါက်ကွဲမှု့ဖြစ်ပွားခဲ့ပြီး
ဆိုင်ရှိအလုပ်သမားတစ်ဦး
(ဒဏ်ရာအခြေနေမသိရသေး)
ထိခိုက်ခဲ့ကြောင်း
ကနဦးသတင်းရရှိပါသည်။

https://t.me/pyaytruenews

#PyayTrueNews