🇲🇲🇲🇲Myanmar News Zone🇲🇲🇲🇲
1.13K subscribers
12.2K photos
966 videos
4 files
687 links
သတင်း ရင်းမြစ်အားလုံးကို Creditပေးပါတယ်ခင်ဗျာ☺️☺️
Download Telegram
Sep 5

ဝက်လက်မြို့နယ်တွင် အကြမ်းဖက် PDF ထောင်ထားသည့် လက်လုပ်မိုင်း ၁ လုံး ပေါက်ကွဲမှု ကြောင့် အမျိုးသမီး ၁ ဦး ဒဏ်ရာရ
====================================================
၂၀၂၃ ၊ စက်တင်ဘာ ၅

ယမန်နေ့ စက်တင်ဘာ ၄ ရက် နံနက် ၁၁ နာရီ ၁၁ မိနစ်အ ချိန် -

ရွှေဘိုခရိုင် ဝက်လက်မြို့ အမှတ်(၁)ရပ်ကွက်နေ မဝင်းနန္ဒာစိုး(၂၁)နှစ်သည် မမစ(ရွှေဘို)၏အရှေ့မြောက်ဘက် ၂ မိုင်ခန့်အကွာ ကုန်းကြီးကျေးရွာရှိ ၎င်းပိုင်လယ်ထဲ၌ကောက်စိုက်ပြီး နေအိမ်သို့တစ်ဦးတည်း ခြေလျင်ပြန်လာစဉ် ဝက်လက်မြို့အဝင်သို့အရောက်၌ အကြမ်းဖက်အုပ်စု PDF ကထောင်ထားသည့် လက်လုပ်မိုင်း ၁ လုံးပေါက်ကွဲခဲ့ရာမှ လည်ပင်း/ဝဲ-ယာပေါင်/ခြေသလုံးတို့တွင် မိုင်းစထိမှန်ဒဏ်ရာ ၁ ချက်စီ စုစုပေါင်းဒဏ်ရာ ၅ ချက်(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် ဝက်လက်မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသလျက်ရှိကြောင်း သိရသည်။

အဆိုပါ သတင်းအရ ဖြစ်စဉ်နှင့်ပတ်သက်၍ တာ၀န်ရှိသူများက ဆေးရုံသို့ သွားရောက်စစ်ဆေးခဲ့ပြီး မိုင်းထောင်ဖောက်ခွဲသွားသူ(စိစစ်ဆဲ)အား ဖမ်းဆီးရမိရေး အမာခံ သတင်းပေးများဖြင့် ချိတ်ဆက်စုံစမ်းလျက်ရှိကြောင်း သိရသည်။
Vital
#SQ
Sep 5

ပုသိမ်ကြီးမြို့နယ်ရှိ မြန်မာစီးပွားရေးဘဏ်အား လက်လုပ်ဗုံးဖြင့် ပစ်ပေါက်ခံရ
=============================================

၂၀၂၃ ၊ စက်တင်ဘာ ၅

ယမန်နေ့ စက်တင်ဘာ ၄ ရက် နံနက် ၁၁နာရီ ၁၅မိနစ်အချိန် -

အောင်မြေသာစံခရိုင် ပုသိမ်ကြီးမြို့နယ် မမစ(ပုသိမ်ကြီး)၏အရှေ့ဘက် ၃ ဖာလုံခန့်အကွာ အောင်မင်္ဂလာ(၁)ရပ်ကွက်ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် ပူးပေါင်းအဖွဲ့ လုံခြုံရေးမှ လုံခြုံရေးဆောင်ရွက်နေစဉ် ဆိုင်ကယ် ၁ စီးနှင့် အမျိုးသား ၂ ဦး(စိစစ်ဆဲ)က ဘဏ်အရှေ့ဘက်ရှိ သရဖီ လမ်းပေါ်မှ လက်လုပ်ဗုံး ၁ လုံးဖြင့်ပစ်ပေါက်ထွက်ပြေးသွားခဲ့၍ မြန်မာ့စီပွားရေးဘဏ်အရှေ့ဘက် အဆောက်အဦအုတ်နံရံအခြေအား ထိမှန်ပေါက်ကွဲခဲ့ပြီး လူ/အဆောက်အဦထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။

ထို့ကြောင့် အဆိုပါ လက်လုပ်ဗုံးပစ်ပေါက်သွားသူများအား သက်ဆိုင်ရာမှ ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Vital
#SQ