🇲🇲🇲🇲Myanmar News Zone🇲🇲🇲🇲
1.14K subscribers
12.1K photos
959 videos
4 files
676 links
သတင်း ရင်းမြစ်အားလုံးကို Creditပေးပါတယ်ခင်ဗျာ☺️☺️
Download Telegram
Sep 5

ငါန်းဇွန်မြို့နယ် နမစ(မြို့သာ)အား Drone ဖြင့် Drop Bomb ၁ လုံးပစ်ချတိုက်ခိုက်ခံရ၍ အမျိုးသား ၁ ဦးနှင့် ကလေးငယ်(ကျား) ၁ ဦးတို့ဒဏ်ရာရ
====================================================

၂၀၂၃ ၊ စက်တင်ဘာ ၅

ယမန်နေ့ စက်တင်ဘာ ၄ရက် မွန်းလွဲ ၁ နာရီခွဲ အချိန် -

တံတားဦးခရိုင် ငါန်းဇွန်မြို့နယ် နမစ(မြို့သာ)တွင် ပူးပေါင်းအဖွဲ့မှ အခြေပြုလုံခြုံရေး ဆောင်ရွက်နေစဉ် နမစ(မြို့သာ)၏အနောက်ဘက် ဝါးရုံချောင်း ကျေးရွာ ခမ ဘက်မှ အကြမ်းဖက်အုပ်စု PDF အင်အား(စိစစ်ဆဲ)က Drone ၁ စင်းဖြင့် Drop Bomb ၁ လုံးပစ်ချတိုက်ခိုက်ခဲ့ရာ ရဲစခန်း၏မြောက်ဘက် ကိုက် ၃၀၀ ခန့်အကွာ မြို့သာမြို့ (၂)ရပ်ကွက် တံတားဦး-မြို့သာကားလမ်းဘေးရှိ “ရွှေကြယ်စင်”စားသောက်ဆိုင်ရှေ့၌ကျရောက် ပေါက်ကွဲခဲ့ပြီး ဆိုင်အတွင်းစားသောက်နေသည့် ကိုလွင်(၃၅)နှစ် တောင်ဇင်းကျေးရွာ ညောင်ဦးမြို့နယ်နေသူတွင် ဝဲခြေသလုံးပေါက်ပြဲဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)နှင့် ၎င်း၏သားဖြစ်သူ မောင်အောင်ထူးမြတ်(၄)နှစ် တွင် ဦးခေါင်းနောက်စေ့ပေါက်ပြဲဒဏ်ရာ ၁ ချက် (စိုးရိမ်ရ)တို့အသီးသီးရရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဒဏ်ရာရရှိသူ ၂ ဦးအား မြို့သာတိုက်နယ်ဆေးရုံ သို့ပို့ဆောင်ထားရှိရာ မောင်အောင်ထူးမြတ် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ လွှဲသဖြင့် သွားရောက်ပို့ဆောင်ထားရှိကြောင်းနှငအကြမ်းဖက်အုပ်စု PDF (စိစစ်ဆဲ) အား နမစ(မြို့သာ)(ပ)၃၄/၂၀၂၃၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ် ၅၄ ဖြင့် အမှုဖွင့်စစ်ဆေး လျက်ရှိကြောင်း သိရသည်
Vital
#SQ
Sep 5

မြိတ်မြို့နယ်တွင် လက်လုပ်မိုင်း ၁ လုံး ပေါက်ကွဲ
====================================================

၂၀၂၃ ၊ စက်တင်ဘာ ၅

ယနေ့ စက်တင်ဘာ ၅ ရက် နံနက် ၆နာရီ မိနစ် ၂၀ အချိန်က -

မြိတ်ခရိုင် မြိတ်မြို့နယ် မမစ(မြိတ်)၏အရှေ့မြောက်ဘက် ၂ မိုင်ခန့် အကွာ ကလွင်ကျေးရွာအုပ်စု ဝန်ထမ်းရပ်ကွက် ၌ လက်လုပ်မိုင်း ၁ လုံး ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းသို့ သွားရောက်စစ်ဆေးခဲ့ရာ -

အဆိုပါရပ်ကွက် ပန်းခြံ(၁)လမ်းထောင့်နေ ဒေါ်ခင်ချို (၆၀)နှစ်၏ နေအိမ်ရှေ့ တံစက်မြိတ်အောက်၌ လက်လုပ်မိုင်း ပေါက်ကွဲ ထားသည့် PVC ပိုက် အပိုင်းအစများ တွေ့ရှိရပြီး ပေါက်ကွဲမှုကြောင့် တံစက်မြိတ်အောက်ရှိ ကွန်ကရစ်ကြမ်းပြင် ၁ ပေခွဲခန့်နှင့် နေအိမ်သံပန်းတံခါးတို့ (တန်ဖိုး-စိစစ်ဆဲ)ခန့်ပျက်စီးခဲ့ပြီး အဆိုပါ နေအိမ်နှင့် မျက်နှာချင်းဆိုင်ရှိ ဒေါ်ခင်လဲ့ဝင်း(၅၈)နှစ်၏ နေအိမ်ပြတင်း ပေါက်မှန်များ (တန်ဖိုး-စိစစ်ဆဲ)ပျက်ဆီးဆုံးရှုံး၍ လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းနှင့် လက်လုပ်မိုင်း ထောင်သွားသူ(စိစစ်ဆဲ)အား ဖမ်းဆီးရမိရေးအမာခံသတင်းပေးများဖြင့် ချိတ်ဆက်စုံစမ်း လျက် ရှိကြောင်း သိရသည်။
Vital
#SQ
Sep 5

မတ္တရာမြို့နယ်တွင် သေနတ်ဖြင့်ပစ်ခတ်ခံရ၍ ရစဖမှူး အမျိုးသား ၁ ဦး သေဆုံး
====================================================
၂၀၂၃ ၊ စက်တင်ဘာ ၅

ယနေ့ စက်တင်ဘာ ၅ ရက် နံနက် ၈နာရီခွဲအချိန် -

အောင်မြေသာစံခရိုင် မတ္တရာမြို့နယ် ထန်းပင်ကုန်းကျေးရွာနေ ရစဖမှူး ဦးကျော်လေး(၆၁)နှစ်သည် နေအိမ်၌ရှိနေစဉ် လက်နက်ကိုယ်စီကိုင်ဆောင်ထားသည့် အကြမ်းဖက်အုပ်စု PDF အမျိုးသား ၄ ဦး(စိစစ်ဆဲ)သည် ဆိုင်ကယ် ၂ စီးဖြင့်ရောက်ရှိလာပြီး ရစဖမှူး ဦးကျော်လေး အား ဖမ်းဆီးခေါ်ဆောင်သွားကာ ရွာလယ်လမ်းမပေါ်အရောက်၌ လက်နက်ငယ်(စိစစ်ဆဲ)/ဓားတို့ဖြင့် ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရသည်။

အဆိုပါ သတင်းအရ ပူးပေါင်းအဖွဲ့က အခင်းဖြစ်နေရာသို့ ရောက်ရှိစစ်ဆေးခဲ့ရာ -

ဦးကျော်လေး တွင် နဖူး ကျည်ရှပ်ထိဒဏ်ရာ ၁ ချက်၊ နဖူးကျည်ဖောက်ဝင်/ဝဲချိုစောင်းကျည်ဖောက်ထွက်ဒဏ်ရာ ၂ ချက်၊ နောက်ကျောထိုးသွင်းဒဏ်ရာ ၁ ချက်(စုစုပေါင်းဒဏ်ရာ ၄ ချက်)ဖြင့် သေဆုံးနေသည်ကို တွေ့ရှိရ၍ အလောင်းအား မတ္တရာမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်းနှင့် သေနတ်ဖြင့်ပစ်ခတ်သွားသူများအား ဖမ်းဆီးရမိရေး စုံစမ်းလျက်ရှိကြောင်း သိရသည်။
Vital
#SQ
Sep 5

KIA/PDF အကြမ်းဖက်ပူးပေါင်းအဖွဲ့များမှ ရွှေကူမြို့နယ်၊ ကျောက်ကြီးကျေးရွာအုပ်စု၊ ပေါက်ကုန်းကျေးရွာသို့ ဖြတ်သန်သွားလာသော ယာဉ်များပေါ်တွင် တပ်မတော်သားများ/ရဲတပ်ဖွဲ့ဝင်များ နှင့် အစိုးရဝန်ထမ်းများပါရှိမှု ရှိ/မရှိတို့အား စစ်ဆေး
====================================================
၂၀၂၃ ၊ စက်တင်ဘာ ၅

ပြီးခဲ့သည့်စက်တင်ဘာလ ၃ ရက် နံနက် ၁၀နာရီခွဲခန့်တွင် -

ရွှေကူမြို့နယ်၊ ကျောက်ကြီး ကျေးရွာအုပ်စု၊ ကျောက်ကြီး (၂)မိုင်(ဒေသအခေါ်) တောအတွင်းသို့ KIA/PDF အကြမ်း ဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့မှ ခေါင်းဆောင် (စိစစ်ဆဲ)အင်အား (၁၀၀ )ဦးခန့် ရောက်ရှိခိုအောင်းလျက်ရှိကြောင်းနှင့် ကျောက်ကြီး ကျေးရွာအုပ်စု၊ ပေါက်ကုန်းကျေးရွာတွင် ရောက်ရှိ ခိုအောင်းလျက်ရှိသော KIA/PDF အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့မှခေါင်းဆောင် (စိစစ်ဆဲ)အင်အား ၁၀၀ ဦးခန့်သည် ကျောက်ကြီးကျေးရွာမှ ပေါက်ကုန်းကျေးရွာဘက် သို့ ဖြတ်သန်းသွားလာလျက်ရှိသော မော်တော်ယာဉ်နှင့် ဆိုင်ကယ်များအား စစ်ဆေး၍ တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ၊ အစိုးရဝန်ထမ်းများပါရှိမှု ရှိ/မရှိတို့အား စစ်ဆေး ခဲ့သည်ဟု သတင်းရရှိသည်။
Vital
#SQ
Sep 5

ရွှေကူမြို့မရဲစခန်းနှင့် ရဲကင်းစခန်း(ကျောက်ကြီး)တို့အား KIA/PDF အကြမ်းဖက်များမှ အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်လာနိုင်
====================================================
၂၀၂၃ ၊ စက်တင်ဘာ ၅

ပြီးခဲ့သည့် စက်တင်ဘာလ ၃ ရက် ည ၁၀ နာရီခန့်တွင် -

ရရှိသတင်းအရ သြဂုတ်လ ၃၁ ရက် မွန်းလွဲ ၃ နာရီခန့်တွင် မံစီမြို့နယ်၊ အင်ဘာပါကျေးရွာ အနီးတွင် ခိုအောင်း၍ လှုပ် ရှားလျက်ရှိသော KIA သောင်းကျန်းသူအဖွဲ့၊ တပ်မဟာ(၃) လက်အောက်ခံ တပ်ရင်း(၁)ဌာနချုပ်မှ KIA/PDF အကြမ်း ဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့မှ ခေါင်းဆောင်(စိစစ်ဆဲ)အင်အား ၁၀၀ ဦးခန့်သည် ခြေလျင်ခရီးဖြင့် မိုးမောက်မြို့၏အရှေ့တောင်ဘက် ဝဘော်ကျေးရွာအနီးတွင် ခိုအောင်းလျက်ရှိသော KIA သောင်းကျန်းသူအဖွဲ့၊ တပ်ရင်း (၁) လက်အောက်ခံ ဝဘော်စခန်းသို့ ရောက်ရှိပူးပေါင်း၍ ခိုအောင်းလျက်ရှိပြီး စက်တင်ဘာ လ ၂ ရက်မှစ၍ နေ့စဉ်လူစုခွဲကာ KIA သောင်းကျန်းသူအဖွဲ့၊ တပ်ရင်း(၁) လက် အောက်ခံ ဝဘော်စခန်းမှ ရွှေကူမြို့သို့ ဆက်လက်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအဖွဲ့သည် -

ရွှေကူမြို့နယ်အတွင်းရှိ မြို့မရဲစခန်း (ရွှေကူ)နှင့် ရဲကင်းစခန်း(ကျောက်ကြီး)တို့အား အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်လာနိုင်သည်ဟု သတင်း ရရှိသည်။
Vital
#SQ
Sep 5

မူဆယ်မြို့နယ်စက်မှုနယ်မြေရှိ ကားဝပ်ရှော့တစ်ခုမှ PDF အကြမ်းဖက်၂ ဦးအား ဖမ်းဆီးရမိ
====================================================
၂၀၂၃ ၊ စက်တင်ဘာ ၅

ပြီးခဲ့သည့် စက်တင်ဘာလ ၃ ရက် ည ၈ နာရီခန့်တွင် -

မူဆယ်မြို့နယ်၊ ကောင်းမှုတုံ ရပ်ကွက်၊ စက်မှုနယ်မြေရှိ ဟန်ဘန်းအောင်ကားဝပ်ရှော့၌ PDF အကြမ်းဖက် သောင်း ကျန်းသူများရောက်ရှိနေကြောင်း သတင်းအရ ပူးပေါင်းလုံခြုံရေးအဖွဲ့များဖြင့် အဆိုပါရပ်ကွက်ရှိ ကားဝပ်ရှော့သို့ဝင်ရောက်ရှာဖွေခဲ့ရာ PDF အကြမ်းဖက်သောင်းကျန်းသူ ဝေယံကျော်(ခ) အငယ်ကောင် ၂၂ နှစ် လမ်းကြား(၇/၆)၊ ပြည်သာယာရပ်၊ မိတ္ထိလာမြို့၊ မန္တလေးတိုင်းဒေသကြီး၊ ပိုင်အောင်(ခ)အားနိုး ၂၈ နှစ် ဘုရားကြီးကျေးရွာ၊ ကျောက်ပန်းတောင်းမြို့နယ်၊ မန္တလေးတိုင်းဒေသကြီးနေသူတို့ ၂ ဦး အား ဖမ်းဆီးရမိခဲ့ပြီး ဥပဒေအရအရေးယူနိုင်ရေး စစ်ဆေးလျက်ရှိကြောင်းသိရသည်။
Vital
#SQ
Sep 5

အင်းတော်မြို့နယ်တွင PDF အကြမ်းဖက်များနှင့် ပတ်သက်ဆက်နွှယ်သူ မူလတန်းပြကျောင်းဆရာတစ်ဦးအား ဖမ်းဆီးရမိ
=====================================================
၂၀၂၃ ၊ စက်တင်ဘာ ၅

ပြီးခဲ့သည့် စက်တင်ဘာလ ၃ ရက် နံနက် ၉ နာရီခန့်တွင် -

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော် မြို့နယ်၊ အောင်ချမ်း သာရပ်ကွက်ရှိ ရွှေဘို-မြစ်ကြီးနားသွားကားလမ်းနှင့် အင်းတော်-ဗန်းမောက်သွားကားလမ်းဆုံ၌ ပူးပေါင်းလုံခြုံရေးအဖွဲ့များမှ ရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်စဉ် အောင်မင်္ဂလာရပ်ကွက်ဘက်မှ လမ်းလျှောက်လာသူ အင်းတော်မြို့၊ အောင်မေတ္တာရပ်ကွက်နေ ဟိန်းမင်းသူ(ခ)အာနိုး ၃၁ နှစ်အား မသင်္ကာဖွယ်တွေ့ရှိသဖြင့် ခေါ်ယူစစ်ဆေးခဲ့ရာ ၎င်းမှာ အင်းတော်မြို့နယ်၊ ကျော်ရွာကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်းမှ CDM ပြုလုပ်ထားသူ မူလတန်းပြကျောင်းဆရာ ၁ ဦးဖြစ်ပြီး PDF အကြမ်းဖက်သောင်းကျန်းသူများနှင့် ပတ်သက်ဆက်နွှယ်လျက်ရှိကြောင်း သိရှိရ သဖြင့် ဥပဒေအရအရေးယူနိုင်ရေး စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Vital
#SQ
Sep 5

ရေတာရှည်မြို့နယ်၊ အေးကြီး ကျေးရွာအတွင်းသို့ PDF အကြမ်းဖက် သောင်းကျန်းသူ ၁၂ ဦးခန့် ဝင်ရောက်ခိုအောင်းနေ
====================================================
၂၀၂၃ ၊ စက်တင်ဘာ ၅

ပြီးခဲ့သည့် စက်တင်ဘာလ ၄ ရက်တွင် -

လယ်ဝေးမြို့နယ်၊ သစ်ကြိမ်းကျေးရွာ၏အနောက်တောင်ဘက် ရေတာရှည်မြို့နယ်၊ အေးကြီး ကျေးရွာအတွင်းသို့ PDF အကြမ်းဖက် သောင်းကျန်းသူ ၁၂ ဦးခန့် ဝင်ရောက်ခိုအောင်းလျက်ရှိနေကြောင်း သတင်းရရှိသည်။
Vital
#SQ
Sep 6

၃ ရက်နေ့က ပူဖားရွာ တပ်မတော်နဲ့ ကရင်နီ တိုက်ပွဲမှာ -

ကရင်နီ တပ်ရင်း (၆ )က
ပဒပ် ရှေးရယ် (ခေါ်) အာကာ
ဂိန်သွားး မြေသြဇာပြုလုပ်။

အလိ့နီပြု။

#SQ
Sep 6

သထုံခရိုင်/မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး ရုံးအား PDF အကြမ်းဖက်သမား၂ ဦးမှ လက်လုပ်အသံမိုင်းတစ်လုံးဖြင့် ပစ်ပေါက် ထွက်ပြေးသွား
====================================================

၂၀၂၃ ၊ စက်တင်ဘာ ၆

ပြီးခဲ့သည့် စက်တင်ဘာလ ၄ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၄၀
ခန့်တွင် -

သထုံမြို့၊ နန်းခဲရပ်ကွက်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းဘေးရှိ သထုံခရိုင်/မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံး အား PDF အကြမ်းဖက်သောင်းကျန်းသူ ၂ ဦးသည် သထုံမြို့တွင်းဘက်မှ ဆိုင်ကယ် တစ်စီးဖြင့်ရောက်ရှိလာပြီး ရုံးအတွင်းသို့ လက်လုပ်အသံမိုင်းတစ်လုံးဖြင့် ပစ်ပေါက်၍ သထုံမြို့၊ လိပ်အင်းရပ်ကွက်ဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ -

လက်လုပ် မိုင်းပေါက်ကွဲမှုကြောင့် လူ/အဆောက်အဦ ထိခိုက်ပျက်စီးဆုံးရှုံးမှုမရှိကြောင်း သိရသည်။
Vital
#SQ
Sep 6

AA လက်နက်ကိုင်အဖွဲ့ မှ ဘူးသီးတောင်မြို့နယ်အတွင်းရှိ
ကျေးရွာများမှ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာတာဝန်ခံများအား ခေါ်ယူတွေ့ဆုံ
====================================================

၂၀၂၃ ၊ စက်တင်ဘာ ၆

ပြီးခဲ့သည့် စက်တင်ဘာလ ၄ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်မှ မွန်းလွဲ ၁ နာရီ၄၅ မိနစ်ခန့်ထိ -

AA လက်နက်ကိုင် အဖွဲ့၏ နယ်မြေ(၅)ရုံး၊ ဘူးသီးတောင်မြို့နယ်၊ သာစည်အုပ်စု၊ လိုင်ရှည်ပြင်ကျေးရွာတွင် ခိုအောင်းအခြေပြု၍ AA လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်(စိစစ်ဆဲ)အင်အား ၇ ဦးမှ ယူနီဖောင်း/လက်နက်ငယ်များကိုင်ဆောင်၍ ဘူးသီးတောင်မြို့နယ်၊ ကင်းချောင်းကျေးရွာ ၊သပိတ် တောင်ကျေးရွာ ၊ စိမ့်ညှင်းပြာကျေးရွာ ၊ ဂူတာပြင်ကျေးရွာ ၊ ဖိုးခေါင် ကျေးရွာ ၊ သာစည်ကျေးရွာ ၊ ဘုရားပြင်သိန်းတန်ကျေးရွာ ၊ စေတီတောင်ကျေးရွာ ၊ သိုင်းတပုတ်ကျေးရွာ ၊ ခွဆုံကျေးရွာ ၊ ကျောက်ဖြူ သားသေကံကျေးရွာတို့မှ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်ကျေးရွာတာဝန်ခံ ၁၅ ဦးခန့်အား ခေါ်ယူတွေ့ဆုံ၍ ကျေးရွာများ အတွင်းသို့ လူစိမ်းအဝင်/အထွက် ၎င်းတို့ထံ သတင်းပို့ရန် ပြောကြားခဲ့ကြောင်း သိရသည်။

ထို့အပြင် -

မုန်တိုင်းသင့်ပြည်သူများ ထောက်ပံ့ပေးအပ်သည့် ထောက်ပံ့ပစ္စည်းများအား ကျေးရွာအုပ်ချုပ်ရေးမှူးများ အနေဖြင့် မိမိတို့ သဘောဆန္ဒအရ ဖြန့်ဝေပေးခြင်းမပြုလုပ်ရန် စည်းရုံးပြောကြား ခဲ့ကြောင်း သိရသည်။
Vital
#SQ
Sep 6

ရွှေဘိုမြို့နယ်၊ ရွာသစ်ကုန်းကျေးရွာအနီး ပူးပေါင်းလုံခြုံရေးအဖွဲ့နှင့်PDF အကြမ်းဖက်များတိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ ၎င်းတို့၏ အလောင်း ၅ လောင်းနှင့် လက်နက်/ခဲယမ်း/ဆက်စပ်ပစ္စည်းသိမ်းဆည်း ရမိ
====================================================

၂၀၂၃ ၊ စက်တင်ဘာ ၆

ပြီးခဲ့သည့် စက်တင်ဘာလ ၄ ရက် နံနက် ၈နာရီခွဲခန့်တွင် -

ရွှေဘိုမြို့နယ်၊ ရွာသစ်ကုန်း ကျေးရွာအနီး၌ ပူးပေါင်းလုံခြုံရေးအဖွဲ့ဖြင့် နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် PDF အကြမ်းဖက်သောင်းကျန်းသူများနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ PDF အကြမ်းဖက်သောင်းကျန်းသူအလောင်း ၅ လောင်း၊ လက်လုပ်သေနတ် ၃ လက်၊ လက်လုပ်စိန်ပြောင်း ၃ လက်၊ လက်လုပ်စိန်ပြောင်းဗုံးသီး ၃ လုံး၊ လက်လုပ်ရှေ့ထွက်မိုင်း ၃ လုံး၊ ယမ်းပျော့ ၁၅ တောင့်၊ ယမ်းမှုန့် ၂ ပိဿာခန့် ၁ ထုပ်၊ ယမ်းကြိုးအရှည် ၅၀ ပေခန့် ၁ ခွေ၊ အိုင်ကွန် ၃ လုံး၊ ဒီတိုနေတာ ၂၀ ချောင်း၊ ဆိုင်ကယ်မျိုးစုံ ၈ စီးနှင့် တဲ ၁ လုံးတို့အား လုံခြုံရေးအဖွဲ့များမှ သိမ်းဆည်းရမိခဲ့ ကြောင်း သိရသည်။
Vital
#SQ
Sep 6

ဘီးလင်းမြို့နယ်၊ဒေါက်ရပ်ကျေးရွာတွင် KNU/PDF အကြမ်းဖက်အဖွဲ့ ၁၀၀ ဦးခန့်မှ လက်နက်ကြီး/လက်နက်ငယ်များကိုင်ဆောင်၍ ရောက်ရှိခိုအောင်းနေ
====================================================

၂၀၂၃ ၊ စက်တင်ဘာ ၆

ယမန်နေ့ စက်တင်ဘာလ ၅ ရက် မွန်းလွဲ ၁၂နာရီ မိနစ် ၅၀
ခန့်တွင် -

ဘီးလင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ ဘီးလင်းမြို့မရဲစခန်း၏အရှေ့တောင်ဘက် ၅ မိုင်ခန့်အကွာ ခန့်မှန်းမြေပုံညွှန်း(အယ်ဗွီ- ၁၄၂၀၂၄)ရှိ ဘီလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာအုပ်စု၊ ဒေါက်ရပ်ကျေးရွာအနီးသို့ KNU/ PDF အကြမ်းဖက်သောင်းကျန်းသူအဖွဲ့(ခေါင်းဆောင်စိစစ်ဆဲ)အင်အား ၁၀၀ ဦးခန့်မှ လက်နက်ကြီး/လက်နက်ငယ်များကိုင်ဆောင်၍ ရောက်ရှိခိုအောင်းလှုပ်ရှား လျက်ရှိ ကြောင်း သိရသည်။

အဆိုပါအဖွဲ့သည် -

ကျိုက်ထိုဘက်မှ သထုံဘက်သို့ဖြတ်သန်းမည့် တပ်မတော် ယာဉ်တန်းများအား အဖျက်အမှောင့်လုပ်ငန်းများလုပ်ကိုင်ရန်စီစဉ်နေကြောင်း သတင်းရရှိသည်။
Vital
#SQ
Sep 6

လားရှိုးမြို့၊ ကချင်နှစ်ချင်းဘုရားကျောင်းအနီးတွင် PDF အကြမ်းဖက်အဖွဲ့မှ တပ်သားအဆင့်ရှိ ကချင်လူမျိုးတစ်ဦးအား ဖမ်းဆီး ရမိ
====================================================

၂၀၂၃ ၊ စက်တင်ဘာ ၆

ပြီးခဲ့သည့် စက်တင်ဘာလ ၄ ရက် နံနက် ၁၀ နာရီခန့်တွင် -

လုံခြုံရေးပူးပေါင်းအဖွဲ့မှ သောင်းကျန်းသူများ ဝင်/ထွက်သွားလာမှုမရှိစေရေးနှင့် တရားမဝင်လက်နက်/ခဲယမ်း များ၊မူးယစ်ဆေးဝါးများသယ်ဆောင်မှုမရှိစေရေး လားရှိုးမြို့၊ ရပ်ကွက်(၉)၊ နယ်မြေ (၃)၊ ကချင်နှစ်ချင်းဘုရားရှိခိုးကျောင်းအနီး၌ ရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက် နေစဉ် လမ်းလျှောက်လာသော မသင်္ကာဖွယ်ကျား ၁ ဦးအား စစ်ဆေးရာ PDF အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ တပ်သားအဆင့်ရှိ လတောင်(ခ) အင်ခွန် လတောင်၊ ၂၀ နှစ်၊ (ဘ) အင်ခွန်မာဂန်၊ ကချင်/ခရစ်ယာန်၊ ရှန်ခိုက်ကျေးရွာ၊ ကောင်းကြဲကျေးရွာအုပ်စု၊ လားရှိုး မြို့နယ်နေသူဖြစ်သဖြင့် ဖမ်းဆီးစစ်ဆေး လျက်ရှိကြောင်း သိရသည်။
Vital
#SQ
Sep 7

မြိုင်မြို့တွင် အကြမ်းဖက် PDF များမှ ရှော့တိုက်ဒုံးဖြင့် မြို့အတွင်းသို့ ပစ်ခတ်
============================================
စက်တင်ဘာ ၇

ယမန်နေ့ စက်တင်ဘာ ၆ရက် ည‌နေ ၅နာရီ မိနစ် ၄၀ အချိန်တွင် -

ပခုက္ကူခရိုင် မြိုင်မြို့ အင်းရောင်းကျေးရွာဘက်မှ အကြမ်းဖက်အုပ်စု PDF အင်အား(စိစစ်ဆဲ) များမှ မြိုင်မြို့ပေါ်ရှိ လခရဆောင်ရွက်နေသည့်တပ်ဖွဲ့ဝင်များနှင့်ပြည်သူများအားထိခိုက်စေရန် ရှော့တိုက်ဒုံးများဖြင့် ၃ ချက်ပစ်ခတ်ခဲ့ပြီး ညနေ ၆ နာရီတွင် အပစ်ရပ်ခဲ့၊ ပစ်ခတ်မှုကြောင့် မမစ(မြိုင်) ၏အရှေ့တောင်ဘက် မီတာ ၃၅၀ ခန့်အကွာ မြို့နယ်ဘောလုံးကွင်းအတွင်းသို့ ဗုံးသီး ၂ လုံး၊ မမစ(မြိုင်)၏ အရှေ့ဘက်မီတာ ၃၀၀ ခန့်အကွာ (၂)ရပ်ကွက် မြို့နယ်ပြန်/ဆက်ရုံး(ကလေးစာဖတ်ခန်း)အမိုးပေါ်သို့ ဗုံးသီး ၁ လုံးတို့ကျရောက်ပေါက်ကွဲခဲ့ရာ မြို့နယ်ပြန်/ဆက်ရုံးအမိုး သွပ် ၄ ချပ်၊ ဒိုင်း ၁ ချောင်း၊ ပလတ်စတစ်ခုံပု ၁၇ လုံး၊ ပလတ်စတစ် စာကြည့်စားပွဲ ၁ လုံး၊ စုစုပေါင်းတန်ဖိုး ၆၅၅,၀၀၀ ကျပ်ခန့်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ထို့အပြင် ပေါက်ကွဲသည့်နေရာတွင် သံတို သံစများတွေ့ရှိခဲ့ပြီး မြိုင်မြို့ပေါ်ရှိ လုံခြုံရေးအဖွဲ့များမှတပ်အသင့်ပြင်ဆင်ထားရှိကြောင်း သိရသည်။
Vital
#SQ
Sep 7

သရက်ချောင်းမြို့နယ်တွင် အကြမ်းဖက်အုပ်စု PDF က မိုင်းဖောက်ခွဲခဲ့၍ အမျိုးသား ၁ ဦးဒဏ်ရာရ
============================================

၂၀၂၃ ၊စက်တင်ဘာ ၇

ယမန်နေ့ စက်တင်ဘာ ၆ရက် နံနက် ၁၁နာရီ မိနစ်၅၀ အချိန် -

ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် ဝင်းဝကျေးရွာနေ ဦးအောင်ကျော်ဦး(၂၇)နှစ်သည် ယာဉ်အမှတ် 2N/6797 နံပါတ်ပါ SKAT အမျိုးအစား(အုတ်/သဲ/ကျောက်) တင်ဆောင်သည့် အပြာရောင်မော်တော်ယာဉ်ဖြင့် အလုပ်သမား ၅ ဦးတင်ဆောင်၍ မောင်းနှင်လာစဉ် ထားဝယ်-မြိတ်ကားလမ်း မိုင်တိုင်အမှတ်(၁၀/၃-၄)ကြားအရောက် အကြမ်းဖက်အုပ်စု PDF အင်အား ၄ ဦးခန့်က လက်လုပ်မိုင်း ၃ လုံးဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် ယာဉ်ပေါ်ပါသူများအနက် ဦးကျော်သန်း(၅၅)နှစ် ဝင်းဝကျေးရွာ သရက်ချောင်းမြို့နယ်နေသူတွင် ဝဲလက်မောင်းမိုင်းစထိမှန်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)ရရှိခဲ့သောကြောင့် သရက်ချောင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူလျက် ရှိကြောင်း သိရသည်။

အဆိုပါ သတင်းအရ -

တာ၀န်ရှိသူများက ဆေးရုံသို့ရောက်ရှိ စစ်ဆေးခဲ့သော်လည်း အခင်းဖြစ်အရပ်အားနယ်မြေလုံခြုံရေးအခြေအနေအရ သွားရောက်စစ်ဆေး နိုင်ခြင်းမရှိသေးကြောင်း သိရသည်။
Vital
#SQ
Sep 7

ရွှေကူ မြို့နယ်ထွေ/အုပ်ရုံးဝင်းအတွင်းသို့ အကြမ်းဖက်အုပ်စု PDF/KIA များမှ Drone ဖြင့် Drop Bomb ပစ်ချတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၁ ဦး ဒဏ်ရာရ
====================================================
၂၀၂၃ ၊စက်တင်ဘာ ၇

ယမန်နေ့ စက်တင်ဘာ ၆ရက် နံနက် ၁၁နာရီ ၁၅ မိနစ်အချိန် -

ဗန်းမော်ခရိုင် ရွှေကူမြို့နယ် (၄)ရပ်ကွက် မြို့နယ်ထွေ/အုပ်ရုံးဝင်းအတွင်းသို့ အကြမ်းဖက် အုပ်စု PDF/KIA သောင်းကျန်းသူ အင်အား(စိစစ်ဆဲ)များမှ မြို့နယ်ထွေ/အုပ်ရုံး၏တောင်ဘက် ၁ မိုင်ခန့်အကွာ တောမကုန်းကျေးရွာဘက်မှ Drone ၁ စင်းအားအသုံးပြု၍ အမြင့်မီတာ ၁၀၀၀ ခန့်ကပျံသန်းလာပြီး Drop Bomb ၂ လုံး၊ ၁၁၄၀ နာရီတွင် Drop Bomb ၂ လုံး၊ စုစုပေါင်း Drop Bomb ၄ လုံးပစ်ချတိုက်ခိုက်ပြီး လာလမ်းအတိုင်းပျံသန်းသွားခဲ့ကြောင်း သိရသည်။

Drop Bomb ပစ်ချတိုက်ခိုက်မှုကြောင့် မြို့နယ်ထွေ/အုပ်ရုံးအဆောက်အဦအမိုးပေါ်သို့ Drop Bomb ၂ လုံး၊ မြို့နယ်ထွေ/အုပ်ရုံးဝင်းဝင်ပေါက် ရှေ့သို့ Drop Bomb ၁ လုံး၊ ထွေ/အုပ်ရုံးဝင်း၏အရှေ့ ပေ ၃၀ ခန့်အကွာ ပန်းခြံအတွင်းသို့ Drop Bomb ၁ လုံးတို့ကျရောက်ပေါက်ကွဲခဲ့သဖြင့် မြို့နယ်ထွေ/အုပ်ရုံးသို့ထောက်ခံစာယူရန်ရောက်ရှိနေသည့် မဝင်းသင်္ဂီကျော်(၁၉)နှစ် သရက်ကုန်းကျေးရွာ ရွှေကူမြို့နယ် နေသူတွင် ယာဒူးအောက်ဗုံးစထိမှန်ဒဏ်ရာ ၁ ချက်၊ ဝမ်းဗိုက်ယာဘက်ဗုံးစထိမှန်ဒဏ်ရာ ၁ ချက်၊ ဝဲပေါင်ဗုံးစထိမှန်ဒဏ်ရာ ၁ ချက်၊ စုစုပေါင်းဒဏ်ရာ ၃ ချက်(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် ၁၂၀၀ နာရီတွင် ဒဏ်ရာရရှိသူ မဝင်းသင်္ဂီကျော် အား ရွှေကူမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် -

မြို့နယ်ထွေ/အုပ်ရုံး အစည်းအဝေးခန်းမ အမိုးသွပ် ၂၀ ချပ်၊ မျက်နှာကြက် ၁၀ ချပ်၊ ပြတင်းပေါက်တံခါးမှန် ၈ ချပ်၊ မြို့နယ်ထွေ/အုပ်ရုံးစင်ဝင်အနောက် ဝဲဘက်ရုံးခန်းအမိုးသွပ် ၃၃ ချပ်၊ မျက်နှာကြက် ၁၇ ချက်၊ ပြတင်းပေါက်မှန် ၄ ချပ်၊ ဒိုင်း/မျှားတမ်း ၁၀ ချောင်းတို့ပျက်စီးကာ(တန်ဖိုးငွေ ၃,၈၆၅,၀၀၀ ကျပ်ခန့်) ဆုံးရှုံးခဲ့ပြီး ပေါက်ကွဲသည့်နေရာတွင်ကွန်ကျူးပိုက်အပိုင်းအစများတွေ့ရှိခဲ့ကြောင်းနှင့် မြို့နယ် ထွေ/အုပ်ရုံးတွင် Drone Guard ၁ ခုရှိပြီး 4 Channel ဖြင့် ဖွင့်လှစ်ထားသော်လည်း Drone အား ဖြတ်တောက်နိုင်ခြင်းမရှိကြောင်းသိရသည်။


မြို့နယ်ထွေ/အုပ်ရုံးသို့ Drop Bomb ပစ်ချ တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်အုပ်စု PDF/KIA သောင်းကျန်းသူအင်အား ၂၀ ဦးခန့်သည် ၎င်းတို့တွင် Drone ၄ စင်းပါရှိပြီး မမစ(ရွှေကူ)၏အနောက်တောင်ဘက် ၁ မိုင်ခန့်အကွာ ဝေခူးကျေးရွာ နှင့် ပူခိုင်ကျေးရွာကြား ဒေသအခေါ် တောမကုန်းအနီးပေါင်းနက်ချောင်းအစပ်ဘက်သို့ ထွက်ခွာသွား ကြောင်း သိရသည်။
Vital
#SQ
Forwarded from Snow Queen🇲🇲🇲🇲🇲🇲 (Snow🇲🇲)
April 21

ပဒက်တွေ တရားဝင် ဝန်ခံပြီ လူထု ကအေးဆေး သူတို့ပဲ အထိနာပြီး ဖွဲ့စည်းပုံပျက် တဲ့အထိ ထွက်ပြေးရတာ။

ခုထိ ပြေးတုန်း ကော့ကရိတ်ကို အကုန်ရှင်းပြီး တက်လာတဲ့ ၅၅ နဲ့ မြဝတီက ၂၂ ကြား ထပ်ညှပ်မိမှာ မြင်ယောင်‌သေး။


ပေတိူး မီဒီယာ

မြဝတီ
--- ---- ---- ---- ------ ----- ------

လူထုတွေ အထိနာမှာဆိုးလို့တဲ့
🤣🤣🤣
-
အောက်ကလဲနေသေး "ဟာလိ့"လည်း မလျှော့ ဆိုတာ....
-
ဒင်းတို့ကို ပြောတာနေမှာ။

😎😎😎

#SQ🇲🇲
Forwarded from Snow Queen🇲🇲🇲🇲🇲🇲 (Snow🇲🇲)
April 29

သရက်ကုန်းထိုးစစ်က ဘာလို့ ကြာနေလဲ?
____

ရန်သူက စေတီအောက်မှာ လိုဏ်ခေါင်း တူးထားပါတယ်

တာဝါတိုင်ကုန်း တစ်ဝှိုက်မှာလည်း မြေခွေးကျင်း ဥမင် အငယ်စားတွေ တူးထားပြီး လင်းယုန်နဲ့ အကြီးတွေကို အံတု ပုန်းခိုနေတယ်။

တာဝါတိုင်ရှေ့က
သုံးထပ်ဘန်ကာနှစ်လုံးမှာ တရုတ်စက်လတ်
(၃)လက်ရယ် စနိုက်ဘာ အနည်းငယ်ရယ် ထောက်ထားပါတယ်။

အဲ့ဒီ ဘန်ကာရှေ့မှာ ကိုက် ၂၀၀ ပတ်လည် မှိုင်းကွင်း သတ်ကွင်း ထားပြီး ရှေ့ဆက်တိုးမရအောင် လုပ်ထားတယ်။
(စေတီဘက်မှာလည်း ထိုနည်းတူပါပဲ)

ဂျက်ဖိုက်တာတွေ လာကွဲတဲ့ ဗုံးတွေဟာ ထိရောက်ပေမယ့် စေတီနဲ့ တာဝါတိုင်ကို ကွင်းပစ်တဲ့အတွက် စေတီနဲ့တာဝါတိုင်ကို ကာဗာယူထားတဲ့ ရန်သူ့အတွက် အဆင်ပြေနေပါတယ်။

အဓိက ပစ်မှတ်က စေတီ ဖြစ်နေတော့ လုပ်ရခက်နေတဲ့သဘော မြင်ရသလို တာဝါတိုင် ဗုံးခိုကျင်းနဲ့ တာဝါတိုင် ဘန်ကာတွေ မပြိုနိုင်သေးလို့ ကိုယ့်ဘက်က ထိခိုက်နစ်နာမှုတွေ ရှိတယ်။

တကယ်ဖြိုမှ ရမယ့် အဲ့ သုံးနေရာထဲ ကျန်တော့တာပါ။
ကျန်တဲ့ အစိတ်အပိုင်းတွေ ဖြတ်တောက် ပိတ်ဆို့ရေးတွေ အဆင်ပြေနေပါပြီ။

တစ်နေ့က မောင်စိန်ဝင်းဘက်က ရန်သူ့ စစ်ကူကားတစ်စီးကို မထိန်းလိုက်နိုင်တာက ကိုယ်တွေဘက်က နောက်ထောက် အဖွဲ့တွေမယ်။ MA4တောင် မပါလို့ လနင တွေချည်းမို့ ရန်သူအကူ ကားတစ်စီးကို မဖြတ်တောက်နိုင်ခဲ့ဘူးတဲ့။

အဲ့ကားမှာ Drops Booms သမားတွေ.ပြန်ပါလာတယ်လို့ ယူဆမိတယ်။
အဲ့ညကနေ ဒီနေ့နေ့လည်ထိ ရန်သူ့ Drops Booms ပြန်ချခံရတာ ကိုယ့်ဘက် တောသားတစ်ဦး ကျဆုံးသွားတယ်။

တာဝါတိုင်ဘန်ကာက ကောင်တွေ ဆေးရှိန်တက်လာရင် သူတို့ တရုတ်စက်လက်တွေနဲ့ MI35ကို ယှဉ်ပစ်တာ လေသူရဲတွေ အသိဆုံးပါ။
သူတို့မျက်မြင်ကိုယ့်တွေ့ ဖြစ်ပါတယ်
(ဒါကြောင့် အဲ့ဘန်ကာ ကွဲဖို့ လိုပါတယ် ပစ်မှတ်က ထင်ရှားပြီး မကွဲနိုင်သေးပါဘူး)

Drops Booms တပ်ဖွဲ့တွေနဲ့ နီလာအကြီးတွေရဲ့ အကဲကြည့်အဖွဲ့တွေ လက်ရှိ ၆လုံးကနေ ရှေ့တိုးလို့ ရပါတယ် (တိုးရင် အကောင်းဆုံးပါ)

Movies ထဲ ၂၀၀ အတိုးအလျော့
လုပ်ခိုင်းတဲ့ 122 ဆို ယမ်းအား လျော့ကျတာလား မသိဘူး ကိုယ့်ဘက်က အဖွဲ့တွေ ထိတော့မလို့ လျိုထဲကျသွားလို့ တော်သေးတယ်။

ခလ ခေါင်းပေါင်း(၅)ဦးလုံးကို ခေါ်ပြီး D day သတ်မှတ်ထားပြီးပါပြီ။
မကြာခင် အပြီးသတ် ချေမှုန်းပါလိမ့်မယ်။

အဓိကက ရန်သူ ခြေကုပ်ယူထားတာ ၃နေရာ၊
စေတီကုန်း တာဝါတိုင် ဘန်ကာ.
အဲ့ကောင်တွေ အာလူးလဲ သိပ်မကျန်တော့ပါဘူး။

ဟိုနေ့က တင်ထားတဲ့ ကျနော့ post မှာ အရာရှိစစ်သည် ကျဆုံးစာရင်းရယ်-
၂၆ရက်နေ့ ညနေက ကြံခင်းဘက် အရာရှိစစ်သည် ၁၉ဦးနဲ့ အပေါ်က တင်ပြခဲ့တဲ့ စစ်သည်တစ်ဦးဆို ၂၀ဦး ကျဆုံးထားလို့ ပေးဆပ်မှုတွေ အင်မတန် များပါတယ်။

ဒီကောင်တွေလည်း သောက်သောက်လဲ သေပါတယ်
သကသ မရေမတွက်နိုင်အောင် သေထားပါတယ်။

သရက်ကုန်း အကုန်ရရင် အကုန်လုံး movies ရိုက်ပြီး telegram ကနေ တင်ပါမယ်။

သံဘိုဘက်ပါ နှစ်နေရာ တစ်ပြိုင်တည်း ထိုးစစ်ဆင်ရင် ပိုကောင်းမယ်လို့လည်း မြင်မိပါတယ်။

▶️ ထပ်ပြောပါမယ်..
အဓိက ချေရမှာ စေတီနား၊တာဝါတိုင်၊တာဝါတိုင်ရှေ့က သုံးထပ် ဘန်ကာ အဲ့ (၃) နေရာ။

နေမိုးစက်
#Crd par
#SQ🇲🇲
May 6

မိန်းကလေး ပဒက်
လက်လုပ်ဒုံးကို စနက်တံရှို့ ပြီး ပြောင်းထဲထည့်ချိန်။

အတည့်ထည့်ဆိုတော့ ဒုံးထိပ်ကို အောက်စိုက်ပြီး
ပြောင်းထဲထည့်တာ အကုန်ထွက် ပြေးရရော....

ပဒပ်မတွေဆိုတာက အတည့်ထည့်ဆိုရင် သူတို့နားလည်တာကတမျိုးလေ။
     😁😁😁

(ယင်းမာပင်)
#SQ🇲🇲