🇲🇲🇲🇲Myanmar News Zone🇲🇲🇲🇲
1.13K subscribers
12.1K photos
966 videos
4 files
686 links
သတင်း ရင်းမြစ်အားလုံးကို Creditပေးပါတယ်ခင်ဗျာ☺️☺️
Download Telegram
"ဂျပန်နိုင်ငံက ဖောက်လုပ်ပေးနေဆဲဖြစ်တဲ့ ရထားလမ်းကို အဖျက်သမားတွေက မိုင်းခွဲဖျက်ဆီး"


ဂျပန်နိုင်ငံက တာဝန်ယူဖောက်လုပ်ပေးနေဆဲဖြစ်တဲ့ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့နဲ့ တောကျွဲအင်းကြား ရန်ကုန် - မန္တလေး ရထားလမ်းရဲ့ မိုင်တိုင် ၁၁ ၇/၈ နဲ့ ၁၁၇/၉ ကြားမှာရှိတဲ့ ရထားလမ်းကို လက်နက်ကိုင်အဖျက်သမားတွေက ယနေ့ (သြဂုတ် ၂၂ ရက်) နံနက်ပိုင်းမှာ မိုင်းခွဲဖျက်ဆီးခဲ့ကြတယ်လို့ သိရပါတယ်။

မိုင်းခွဲဖျက်ဆီးခံရတဲ့ အဆိုပါ ရထားသံလမ်းဟာ လက်ရှိမှာ ဖောက်လုပ်နေဆဲဖြစ်ပြီး လက်ရှိပြေးဆွဲနေတဲ့ ရန်ကုန် - မန္တလေး ရထားလမ်းပိုင်းနဲ့ မျဥ်းပြိုင် ဖောက်လုပ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် လူထိခိုက်မှုမရှိခဲ့ပေမယ့် မီးရထားသံလမ်းနှစ်ဖက်လုံးမှာ ၁၆ ပေခန့် ပျက်စီးသွားခဲ့သလို ရထားလမ်းသုံး ဇလီဖားတုံး (၆) တုံးလည်း ပျက်စီးခဲ့တာကြောင့် ပြန်လည်ပြင်ဆင်ဖို့ လုပ်ဆောင်နေရတယ်လို့ သိရပါတယ်။
#mhtnews
Aug 23

' ဝိုင်းမော်မြို့ပေါ်မှာ လက်နက်ကိုင်ထားတဲ့ လူတစ်စုက နေအိမ်တစ်အိမ်ကို ဓားပြဝင်တိုက်ပြီး ငွေကျပ်သိန်းပေါင်း ငါးထောင်ကျော် ယူဆောင်သွား"
============================================


ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၊ ရပ်ကွက် (၅) မှာ ယနေ့ (ဩဂုတ် ၂၃ ရက်) ညနေ ၅ နာရီခွဲအချိန်ခန့်မှာ လက်နက်ကိုင်ထားတဲ့ လူတစ်စုက နေအိမ်တစ်အိမ်ကို ဓားပြဝင်တိုက်ပြီး ငွေကျပ်သိန်းပေါင်း ငါးထောင်ကျော် ယူဆောင်သွားတယ်လို့ ဒေသတွင်း သတင်းတစ်ရပ်က ကနဦးသတင်းအဖြစ် ဖေယ်ပြထားပါတယ်။

Mask တပ်ပြီး သေနတ်တွေကိုင်ထားတဲ့ လူငယ် ၆ ဦးဟာ အဲဒီနေအိမ်ကို ဆိုင်ကယ်နှစ်စီးနဲ့ လာရောက်ပြီး အိမ်သားတွေနဲ့ ဧည့်သည်တွေကို ကြိုးတုတ်ကာ ငွေနဲ့ ပစ္စည်းအချို့ကို ယူဆောင် ထွက်ပြေးသွားတာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီနေအိမ်ဟာ ဦးမိုးကျော်ထွန်း ဆိုသူပိုင်ဆိုင်တဲ့ နေအိမ်ဖြစ်တယ်လို့ သိရပြီး ဓားပြအတိုက် ခံရမှုကြောင့် မြန်မာငွေ ကျပ်သိန်း ၅၀၀၀၊ တရုတ်ငွေ ယွမ် ၇၀၀၀၀၊ လက်စွပ်တစ်ကွင်း၊ ဆိုင်ကယ် တစ်စီးနဲ့ ဖုန်း ၇ လုံး ပါသွားခဲ့တယ်လို့ သတင်းမှာဖော်ပြထားမှုအရ သိရပါတယ်။
#mhtnews
"ပြည်သူများ ကိုယ်ပိုင်ငွေကြေးစိုက်ထုတ်၍ ဆေးကုသရခြင်းအခြေအနေများ လျှော့ချရန်အတွက် ကျန်းမာရေးဘဏ္ဍာဆိုင်ရာ မဟာဗျူဟာများကို အမြန်ဆုံး အကောင်အထည်ဖော်ဆောင်နိုင်မည်ဟု ကျန်းမာရေးဒုဝန်ကြီးပြော"


အမျိုးသားကျန်းမာရေး အသုံးစရိတ်စစ်တမ်းများမှ အချက်အလက်များကို ဆန်းစစ် သုံးသပ်၍ လိုအပ်သောနေရာများတွင် ဘဏ္ဍာငွေ ခွဲဝေချထားခြင်းများကို စနစ်တကျ ဆောင်ရွက်နိုင်မည့်အပြင် ပြည်သူများ ကိုယ်ပိုင်ငွေကြေးစိုက်ထုတ်၍ ဆေးကုသရခြင်းအခြေအနေများ လျှော့ချရန်အတွက် ရှင်းလင်းတိ ကျသည့် ကျန်းမာရေးဘဏ္ဍာဆိုင်ရာ မဟာဗျူဟာများကိုလည်း အမြန်ဆုံးဖော်ထုတ် အကောင် အထည်ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း က ပြောကြားသည်။

၂၀၁၉-၂၀၂၂  ခုနှစ်များအတွက် အမျိုးသားကျန်းမာရေးအသုံးစရိတ် (National Health Account) ဆိုင်ရာအချက်အလက်များ ဆန်းစစ်သုံးသပ်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့ရာ ယင်းအစည်းအဝေး၌ ကျန်းမာရေး ဒုဝန်ကြီးက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဆက်လက်၍လည်း တိကျမှန်ကန်သော ကျန်းမာရေးအသုံးစရိတ်များ ကောက်ခံရရှိနိုင်ရန်အတွက် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်းဖြင့်လည်း ဒုဝန်ကြီးက ပြောကြားသည်။

ယင်းအစည်းအဝေးသို့ ညွှန်ကြားရေးမှူးချုပ်များ၊ ကျန်းမာရေးဝန်ကြီးဌာန၊ နှီးနွယ်ဝန်ကြီးဌာနများနှင့် မြို့တော် စည်ပင်သာယာရေးကော်မတီများမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။


#mhtnews
"တပ်ကုန်းမြို့နယ်၌ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံခြင်း ဒုတိယရက်တွင် ကျောင်းသူပေါင်း ၁၁၃၃ ဦး ထိုးနှံ"


သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံခြင်း ဒုတိယနေ့အဖြစ် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှ အောင်ဇေယျရပ်ကွက်၊ အမှတ်(၁)နှင့် မြဝတီရပ်ကွက်၊ အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်းများ၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်ဟု သိရသည်။

တပ်ကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာကျော်မောင်၏ ကြီးကြပ်မှုဖြင့် အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းကို ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး အောင်ဇေယျရပ်ကွက်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကာကွယ်ဆေးထိုးစုရပ်တွင် ကျောင်းပေါင်း ၁၄ကျောင်းမှ ကျောင်းသူ ၅၃၀ ဦးနှင့် မြဝတီရပ်ကွက်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ကာကွယ်ဆေးထိုး စုရပ်တွင် ကျောင်းပေါင်း ၁၂ ကျောင်းမှ ကျောင်းသူ ၆၀၃ ဦး စုစုပေါင်း ကျောင်းသူ ၁၁၃၃ ဦးကို ထိုးနှံပေးခဲ့သည်ဟုဆိုသည်။

အလားတူ ဩဂုတ် ၂၂ ရက်နေ့ကလည်း ကျောင်းသူ ၁၀၀ ဦးကို သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံပြီးခဲ့ပြီး ကျန်ကျောင်းသူများလည်း ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း  သိရသည်။


#mhtnews
Aug 26

"ပြည်မြို့၌ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုအတွင်း အမျိုးသားတစ်ဦး လေးထပ်အမြင့်မှ ခုန်ချသေဆုံး"


ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်ခရိုင်၊ ပြည်မြို့ရှိ ဆံတော်နယ်မြေ ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း၌ ယနေ့ (သြဂုတ် ၂၆ ရက်) နံနက် ၉ နာရီခွဲအချိန်ခန့်တွင် အမျိုးသားတစ်ဦး လေးထပ်အမြင့်မှ ခုန်ချ၍ သေဆုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်)မှ သိရသည်။

အဆိုပါအမျိုးသားသည် မည်သည့်အကြောင်းကြောင့် ယခုလို ခုန်ချသေကြောင်းကြံရသည်ကို မသိရှိရသေးဘဲ လေးထပ်အမြင့်မှ ခုန်ချခဲ့ကြောင်းသာ သိရှိရသည်ဟုဆိုသည်။

ထိုသို့ခုန်ချခဲ့မှုကြောင့် ခြေထောက်ကျိုး၊ လက်နှစ်ချောင်းကျိုး၊ တင်ပါးဆုံပေါက်ပြဲ၊ နဖူးကွဲ ဒဏ်ရာများ ပြင်းထန်စွာ ရရှိခဲ့သဖြင့် အရေးပေါ် ဆေးကုသမှုခံယူရန်အတွက် ပြည်ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့သော်လည်း လူနာမှာ သေဆုံးသွားခဲ့သည်ဟု သိရသည်။
#mhtnews
Aug 26

"တက္ကစီမောင်းတဲ့ အဘိုးအိုကို လူငယ် ၂ ဦးက လုယက်ရင်း ဓားနဲ့ထိုးလို့ အဘိုးအိုသေဆုံး"


ရန်ကုန်တိုင်းဒေသကြီး၊ ယုဇနဥယျာဥ်မြို့တော်၊ ကျွှန်းရွှေဝါလမ်း၊ မြသီတာပန်းခြံရှေ့မှာ ဒီကနေ့ (သြဂုတ် ၂၆ ရက်)က တက္ကစီမောင်းတဲ့ အဘိုးအိုကို လူငယ် ၂ ဦးမှ လုယက်ရင်း ဓားနဲ့ထိုးသွားခဲ့လို့ ၎င်းအဘိုးအို သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီလူငယ် ၂ ဦးဟာ ခရီးသည်ဟန်ဆောင်ပြီး အဘိုးဆီကနေ ဖုန်းနဲ့ပိုက်ဆံတွေကို လုယက်ရင်း ရုန်းရင်းဆန်ခတ်ဖြစ်ကာ ဓားနဲ့ထိုးခဲ့တာကြောင့် အဘိုးအိုဟာ နေရာမှာတင် သေဆုံးသွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ အဘိုးအိုရဲ့ မိသားစုဝင်တွေကိုလည်း စုံစမ်းရှာဖွေနေဆဲဖြစ်သလို အဘိုးအိုကို ဓားနဲ့ထိုးသွားတဲ့ လုယက်မှုကျူးလွန်သူ တရားခံတွေကိုလည်း စုံစမ်းနေဆဲလို့သိရပါတယ်။
#mhtnews
Aug 29

"မလှိုင်မြို့၊ မြို့နယ်လျှပ်စစ်ရုံး၌ မီတာခကောက်ခံနေသည့်နေရာကို အမည်မသိအမျိုးသားက သေနတ်ဖြင့်ပစ်လို့ လျှပ်စစ်ဝန်ထမ်းတစ်ဦး ဒဏ်ရာရ"
=====================================================
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့၊အမှတ် (၁)ရပ်ကွက်ရှိ မြို့နယ်လျှပ်စစ်ရုံး၌ ယမန်နေ့ သြဂုတ် ၂၈ ရက် မွန်းလွဲပိုင်းက ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့မွန်းလွဲ ၂ နာရီခွဲခန့်တွင် အဆိုပါ မြို့နယ်လျှပ်စစ်ရုံးသို့ အမည်မသိအမျိုးသားတစ်ဦးရောက်ရှိလာကာ မီတာခကောက်ခံနေသည့်နေရာကို ပစ္စတိုသေနတ်ဖြင့်ပစ်ခတ်၍ ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။

ထိုသို့ပစ်ခတ်မှုကြောင့် မီတာခကောက်ခံနေသည့် လျှပ်စစ်ဝန်ထမ်းတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သဖြင့် ဆေးရုံသို့ပို့ဆောင်ပေးထားရပြီး တရားခံဖမ်းမိရေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
#mhtnews
Aug 30

တိုင်ကြားနိုင်ကြောင်း ထုတ်ပြန်


စားသုံးဆီတွေကို ယခင်ဈေးနှုန်းအတိုင်း အမြင့်ဈေးနဲ့ ဆက်လက်ရောင်းချနေတာတွေကို တွေ့ရှိပါက ဝယ်ယူစားသုံးခြင်းမပြုဖို့နဲ့ တိုင်ကြားကြဖို့ စားသုံးသူရေးရာဦးစီးဌာနက ယနေ့ Aug 29မှာ ထုတ်ပြန်ထားပါတယ်

တိုင်ကြားမယ်ဆိုရင် Call Center ၁၅၃၅ အပြင် စားသုံးသူရေးရာဦးစီးဌာနရဲ့ Facebook Page နဲ့ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးတွေရဲ့ Facebook Page တွေကို ဆက်သွယ်တိုင်ကြားနိုင်တယ်လို့ ဆိုပါတယ်
ပြည်ပကနေ တင်သွင်းဖြန့်ဖြူးရောင်းချနေတဲ့ စားအုန်းဆီလက်လီဈေးနှုန်းတွေ ကြီးမြင့်နေမှုအပေါ် ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဈေးနှုန်းနဲ့ ဖြန့်ဖြူးရောင်းချပေးနိုင်ဖို့ ဆီကုန်သည်တွေနဲ့ ဆီလုပ်ငန်းရှင်များအသင်း ဆီတင်သွင်းတဲ့ကုမ္ပဏီများ ညှိနှိုင်းကာ သက်သာတဲ့ဈေးနှုန်းတွေနဲ့ ပို့ဆောင်ဖြန့်ဖြူးပေးနိုင်ဖို့ စီမံဆောင်ရွက်ပေးလျက်ရှိတယ်လို့လည်း အဲဒီပြန်ချက်မှာ ဖော်ပြထားပါတယ်

Aug28ရက်မှ Sep3ရက်အထိ တစ်ပတ်စာအတွက် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်တဲ့ ရန်ကုန်အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာ ၄,၁၅၅ ကျပ်ဖြစ်တယ်လို့ သိရပါတယ်။
#mhtnews
Media is too big
VIEW IN TELEGRAM
Aug 30

"တိုက်ပွဲမှာ လက်နက်ကြီးပြောင်းကွဲလို့ PDF တစ်ဦးသေဆုံး"


မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ကိုင်းတောမရဲစခန်းအနီးမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၇ ရက် ညနေ ၅ နာရီခွဲလောက်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း လက်လုပ် လက်နက်ကြီး ပြောင်းကွဲလို့ ဗွီဒီယိုမှတ်တမ်းတင်နေတဲ့ PDF တစ်ဦး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသွားသူဟာ Pakokku Underground Force အမည်ခံ အကြမ်းဖက်အဖွဲ့က အသက် ၁၉ နှစ်အရွယ် ကျော်သူအောင် (ခေါ်) Snake ကြီး ဆိုသူဖြစ်တယ်လို့ သိရပြီး ကိုင်းတောမရဲစခန်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်စဉ် သေဆုံးသွားခဲ့တာလို့ ဆိုပါတယ်။

သူ့ရဲ့ရုပ်အလောင်းကို ဩဂုတ်လ ၂၈ ရက်န်ေက ဂူသွင်းသင်္ဂြိုလ်ခဲ့ပြီး မိဘတွေကိုတော့ ထောက်ပံ့တာတွေ မလုပ်ပေးနိုင်ဘူးလို့ သိရပါတယ်။
#mhtnews
"ပြည်ပဆန်တင်ပို့မှု ရပ်ဆိုင်းထားခြင်းမရှိဟု စီးပွား/ကူးသန်းပြော"

"ကုန်ပစ္စည်း ၁၀၀ ရာခိုင်နှုန်း လက်ဝယ်ရှိမှသာ ပို့ကုန်လိုင်စင်ခွင့်ပြုမည့်စနစ်ကို ယနေ့စတင်ကျင့်သုံးမည်ဟုဆို"


ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ပြည်တွင်းဆန်ဈေးနှုန်း တည်ငြိမ်စေရေးအတွက် ယခုလမှစတင်ကာ ဆန်ပြည်ပဆန်တင်ပို့မှု ယာယီရပ်ဆိုင်းမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပေမယ့် လက်ရှိအထိ ဆန်တင်ပို့မှု ရပ်ဆိုင်ထားခြင်းမရှိဘဲ ခွင့်ပြုပေးထားဆဲ ဖြစ်တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြောဆိုကြောင်း BETV Business သတင်းက ဖော်ပြပါတယ်။

ယခုလို ပြည်ပသို့ ဆန်တင်ပို့ခွင့် ရပ်ဆိုင်းထားခြင်းမရှိပေမယ့် ပြည်ပတင်ပို့မယ့် ဆန်နဲ့ ဆန်ထွက်ပစ္စည်းတွေကို ကြိုတင်စိစစ်ပြီး ၁၀၀ ရာခိုင်နှုန်းအသင့်ရှိမှသာ ပို့ကုန်လိုင်စင် ခွင့်ပြုတဲ့စနစ်ကို ယနေ့ (စက်တင်ဘာ ၁ ရက်) မှာ စတင်ကျင့်သုံးသွားမယ်လို့ ဆိုထားကြောင်းကိုလည်း သတင်းမှာ ဖော်ပြထားပါသေးတယ်။

ပြည်တွင်းဈေးနှုန်း တည်ငြိမ်စေပြီး ဈေးနှုန်းထပ်မံမြင့်တက်မှု မရှိစေဖို့နဲ့ လှောင်လက်တွေရဲ့ ဈေးကစားလိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်နေခြင်းအပေါ် ထိန်းကျောင်းနိုင်ဖို့အတွက် သိလှောင်ရုံမှတ်ပုံတင်စနစ် ကျင့်သုံးခြင်းအစီအစဉ်ကို စတင်ဆောင်ရွက်နေပြီလို့လည်း စီးပွား/ကူးသန်းရဲ့ ပြောကြားချက်အရ သိရပါတယ်။
#mhtnews
"ပြင်ဦးလွင်မှာ ဒဏ်ရာတွေနဲ့ လဲကျနေတဲ့ အမျိုးသမီးတစ်ဦးတွေ့ရှိ"


ပြင်ဦးလွင်မြို့၊ ရကက(၁၂)၊‌ရေချမ်းအိုး (တောင်)၊ဧရာဝတီလမ်း၊ စာသင်ကျောင်းအနီးမှာ ယနေ့ (စက်တင်ဘာ ၁ ရက်) ည (၇) နာရီဝန်းကျင်အချိန်က ဒဏ်ရာတွေနဲ့ လဲကျနေတဲ့ အမျိုးသမီး (၁) ဦးကို တွေ့ရှိခဲ့ရတယ်လို့ သန္တိသုခ အခမဲ့လူမှုကူညီရေးအသင်းက ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်လို့ ဖြစ်စဥ်အသေးစိတ်ကို သိရှိနိုင်စေဖို့ MHT အနေနဲ့ ၎င်းလူမှုကူညီရေးအသင်းထံ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အဲဒီဒဏ်ရာဟာ ဘာဒဏ်ရာဖြစ်တယ်၊ ဘယ်လိုရခဲ့တယ်ဆိုတာကို သူတို့လည်း မသိရှိရတဲ့အပြင် လူနာဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကိုလည်း မသိရှိရဘူးလို့သာ ပြန်လည်ဖြေကြားခဲ့ပါတယ်။

၎င်းတို့အနေနဲ့ အမျိုးသမီးတစ်ဦး ဒဏ်ရာတွေနဲ့ လမ်းလျှောက်လာရင်း လဲကျသွားကြောင်း အနီးအနားပတ်ဝန်းကျင်မှ ဆက်သွယ်အကူအညီ တောင်းခံမှုကြောင့်သာ သွားရောက်ကူညီပေးခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ဒဏ်ရာရလူနာကို ပြည်သူ့ဆေးရုံကြီး OPD သို့ ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။
#mhtnews
"အကြမ်းဖက်မှုတွေရှိနေတဲ့ နယ်မြေတွေမှာ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်လို့မရဘဲ နောက်ကျကျန်နေခဲ့ပြီး လူတစ်စုရဲ့ မိုက်မဲမှုဒဏ်ကို ဒေသခံလူအများက ခံနေရတယ်လို့ နိုင်ငံတော်ဝန်ကြီးချုပ်ပြော"

"ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ဆောင်ရွက်ရာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် တိုင်းပြည်အပေါ် စိတ်ကောင်းစေတနာကောင်းထားရန်လိုဟုဆို"


နိုင်ငံတော်အစိုးရအနေဖြင့် တစ်နိုင်ငံလုံး ဖွံ့ဖြိုးတိုးတက်ရေး တစ်ပြေးညီဆောင်ရွက်ပေးလျက်ရှိသော်လည်း အကြမ်းဖက်မှုများရှိနေသည့် နယ်မြေများတွင် ကဏ္ဍအလိုက်ဖွံ့ဖြိုးတိုးတက်မှု ဆောင်ရွက်၍မရသည်ကိုတွေ့ရပြီး နောက်ကျကျန်ခဲ့ကာ လူတစ်စု၏မိုက်မဲမှုဒဏ်ကို ဒေသခံလူအများကခံနေရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ယမန်နေ့ (စက်တင်ဘာ ၁ ရက်) နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၃/၂၀၂၃) သို့ တက်ရောက်အမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဆက်လက်၍လည်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြည်သူလူထုအနေဖြင့် ဒေသအကျိုး၊ နယ်မြေအကျိုးကိုကြည့်၍ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ တည်ငြိမ်အေးချမ်းရေးကို ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များအနေဖြင့်လည်း အဆင့်ဆင့်ကွပ်ကဲကြပ်မတ်ဆောင်ရွက်သွားရန်နှင့် ဒေသအလိုက်ရှိ တိုင်းရင်းသားလူမျိုးများကိုကိုယ်စားပြုပြီး ၎င်းတို့၏လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေး၍ ၎င်းတို့၏ယုံကြည်ချက်၊ ခံယူချက်မြင့်မားလာအောင် ဆောင်ရွက်ပေးသွားကြရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့ပြင် ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ဆောင်ရွက်ရာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် တိုင်းပြည်အပေါ်တွင် စိတ်ကောင်းစေတနာ ကောင်းထားရန်လိုကြောင်း၊ နိုင်ငံရေးမျှော်မှန်းချက်ဖြစ်သည့် ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းများတွင် တိုင်းရင်းသားပြည်သူအားလုံး ပူးပေါင်းပါဝင်ကြရန် လိုအပ်ကြောင်းဖြင့်လည်း ပြောကြားခဲ့သည်ဟု သိရသည်။
#mhtnews
"ဇနီးကိုသတ်ပြီး အလောင်းဖျောက်တဲ့အပြင် ဇနီးကပါတဲ့ သမီးကိုပါ မုဒိန်းကျင့်သတ် အလောင်းဖျောက်တဲ့ တရားခံကို မသေမချင်းကြိုးကွင်းစွပ်သတ်ဖို့ အမိန့်ချ"


ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၌ ဇနီးဖြစ်သူကိုသတ်ပြီး မြေကျင်းထဲမြှုပ်ခဲ့သည့်အပြင် ဇနီးဘက်ကပါလာသည့် မယားပါသမီးဖြစ်သူကိုပါ မုဒိမ်းကျင့် မီးရှို့သတ်ဖြတ်ကာ အလောင်းဖျောက်ဖျက်ခဲ့သည့် တရားခံ အမျိုးသားကို တစ်နှစ်ကျော်ခန့်အကြာမှာ မသေမချင်း ကြိုးကွင်းစွပ်သတ်ရန် တောင်ငူခရိုင် တရားရုံးမှ သြဂုတ် ၃၁ ရက်တွင် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။

ပြစ်မှုကျူးလွန်သူ တရားခံမှာ ဖြူးမြို့နယ်၊ရေကျော်ကျေးရွာတွင်နေထိုင်သည့် အသက် ၃၅ နှစ်အရွယ် ကတုံး (ခ) အောင်စိုးမြင့် ဆိုသူဖြစ်ကြောင်းသိရပြီး ယင်းပြစ်မှုကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလအတွင်းက ကျူးလွန်ခဲ့ခြင်းဖြစ်ကာ ၎င်းကို ပြစ်မှုဖြစ်ပွားပြီးနောက် ၇ လခန့်အကြာ၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါ တရားခံ ကတုံး(ခ)အောင်စိုးမြင့် သတ်ဖြတ်လိုက်သည့် ဇနီးဖြစ်သူမှာ အသက် ၅၈ နှစ်အရွယ် ဒေါ်တင်အေး ဆိုသူဖြစ်ကြောင်းသိရပြီး တရားခံ၏ အဒေါ်အရင်းတော်စပ်သူလည်းဖြစ်သည်ဟုဆိုသည်။ (တူဝရီးချင်းပြန်ယူထားခြင်းဖြစ်။)

အလားတူ ၎င်းတရားခံမှ မုဒိမ်းကျင့် မီးရှို့အသတ်ခံရသူမှာ ဒေါ်တင်အေးမှ ယခင် အိမ်ထောင်နှင့်ရထားသည့် (တရားခံနှင့် မောင်နှမဝမ်းကွဲတော်စပ်သူ) မစန်းစန်းဌေး အသက် ၁၄ နှစ်တို့ဖြစ်ကြောင်း သိရသည်။

ယခုအခါ တရားခံ အောင်စိုးမြင့်(ခ)ကတုံးမှ ၎င်းအနေဖြင့် ၎င်း၏မိသားစုဝင် နှစ်ဦးကို သတ်ဖြတ်ခဲ့ကြောင်း၊ အသက်ငယ်ရွယ်သူ မယားပါသမီးအရင်းကို မုဒိမ်းကျင့်ပြီးနောက် သတ်ဖြတ်ခဲ့သည့်အပြင် အလောင်းများစွန့်ပစ်ခဲ့ကြောင်းနှင့် ၎င်းတို့နေထိုင်သည့်တဲကိုပါ မီးရှို့ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့သဖြင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၊ ၃၀၂ (၁)(ခ)အရ မသေမချင်း လည်ပင်းကြိုးကွင်းစွပ်၍ သတ်စေအမိန့်ကို ချမှတ်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ရာဇသတ်ကြီးဥပဒေပုဒ်မ၊ ၃၇၆ (၁)အရ ထောင်ဒဏ်နှစ်နှစ်ဆယ်နှင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၊ ၄၃၆ အရ ထောင်ဒဏ် ၁၀ နှစ်တို့ကိုလည်းအမိန့်ချမှတ်ခဲ့ပြီး ပြစ်ဒဏ်များကိုသီးခြားစီကျခံစေရန်လည်း အသီးသီးချမှတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့သတင်းအရ သိရသည်။
#mhtnews
"ပြင်ဦးလွင်- မန္တလေး အဆင်းလမ်း ယာဥ်တိမ်းမှောက်မှု တစ်ဦးသေဆုံး"


ပြင်ဦးလွင်မြို့၊ နယ်‌မြေ(၃)၊ ပြင်ဦးလွင်- မန္တလေး အဆင်းလမ်း၊ (၂၂) မိုင်မှာ ယနေ့ (စက်တင်ဘာ ၂ ရက်) နေ့လည်ပိုင်းအချိန်က (၁၄) ပေ Canter ကုန်တင်ယာဉ် (၁) စီး လမ်းချော်တိမ်းမှောက်မှု ဖြစ်ပွားခဲ့တယ်လို့ သန္တိသုခ အခမဲ့ လူမှုကူညီရေးအသင်းမှ သိရပါတယ်။

အဆိုပါယာဥ်တိမ်းမှောက်မှုကြောင့် ယာဥ်ပေါ်ပါ အမျိုးသား (၁)ဦး ပွဲချင်းပြီး သေဆုံးခဲ့သလို အမျိုးသမီး (၁) ဦးလည်း ဒဏ်ရာ (စိုးရိမ်ရ) ရရှိခဲ့တာကြောင့် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားရတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်အထိ သေဆုံးသူနဲ့ ဒဏ်ရာရရှိသူတို့ရဲ့ အမည်၊ နေရပ်လိပ်စာတို့ကို စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပြီး ၎င်းတို့ရဲ့ မိသားစုဝင်တွေ သိရှ်ိစေဖို့ ဝိုင်းဝန်းကူညီပေးကြဖို့ကိုလည်း သန္တိသုခ အခမဲ့ လူမှုကူညီရေးအသင်းက တောင်းဆိုထားပါတယ်။
#mhtnews
Sep 2

"မြိုင်မြို့ပေါ်က ထွေ/ အုပ်ရုံးနဲ့ မြို့မရဲစခန်းတို့ တိုက်ခိုက်ခံရပြီး ကျောင်းဆရာ/ဆရာမ ၁၁ ဦးအပြင် အရပ်သားအချို့ပါ အဖမ်းခံရ"
====================================================(


မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့ပေါ်မှာရှိတဲ့ မြို့နယ် ထွေ/ အုပ်ရုံးနဲ့ မြို့မရဲစခန်းတို့ကို ဒီကနေ့ (စက်တင်ဘာ ၂ ရက်) မနက်ပိုင်းမှာ PDF တွေက လာရောက်တိုက်ခိုက်ခဲ့ပြီး ကျောင်းဆရာ/ ဆရာမ ၁၁ ယောက်လည်း PDF တွေရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

PDF တွေဟာ မြိုင်မြို့၊ အမှတ် ၃ ရပ်ကွက်ထဲကို ကား ၃ စီးနဲ့ ဝင်ရောက်လာပြီး အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်မောင်သန်းရဲ့နေအိမ်ကို မီးရှို့ဖျက်ဆီးသွားတဲ့အပြင် ဒေသခံအရပ်သားတွေဖြစ်တဲ့ ဦးမြဝင်းနဲ့ ကိုမျိုး ဆိုသူတို့နှစ်ဦးကို စတင်ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။

အဲ့ဒီနောက်မှာတော့ PDF တွေဟာ မြို့ထဲမှာရှိတဲ့ မြို့နယ်ထွေ /အုပ်ရုံးနဲ့ ရဲစခန်းတို့ကို သွားရောက်တိုက်ခိုက်ခဲ့ရာမှာ အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး အလက ၃ က ကျောင်း ဆရာ/ဆရာမ ၁၁ ယောက်ကို ထပ်မံဖမ်းဆီး​သွားကြတာဖြစ်ပြီး အလက ၄ ကျောင်းက ကလေးတစ်ယောက်နဲ့ ကျောင်းသား မိဘတစ်ယောက်ကိုလည်း ပစ်သတ်သွားသေးတယ်လို့ ဒေသခံတွေရဲ့ ပြောပြမှုအရ သိရပါတယ်။
#mhtnews
'လေးနှစ်အရွယ် မိန်းကလေးငယ်ကို အိမ်ခေါ်ပြီး အဓမ္မပြုကျင့်ခဲ့တဲ့ အမျိုးသား"


အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်ကို အမျိုးသားတစ်ဦးက သူ့အိမ်ခေါ်ပြီး အဓမ္မပြုကျင့်ခဲ့တဲ့ဖြစ်စဥ်တစ်ခု ပြီးခဲ့တဲ့ သြဂုတ်လ ၂၈ ရက်နေ့က ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်းမှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်းသတင်းတစ်ရပ်က ဒီကနေ့မှာ ဖော်ပြခဲ့ပါတယ်။

အဓမ္မပြုကျင့်ခံရသူ မိန်းကလေးငယ်ဟာ အသက် (၄) နှစ်နဲ့ ၈ လအရွယ်သာရှိသေးပြီး ဝိုင်းမော်မြို့၊ သာဂရ အမှတ် (၅) ရပ်ကွက်မှာနေထိုင်သူဖြစ်ကာ မိဘတွေမရှိခင် အင်းလေးကျေးရွာမှာနေထိုင်တဲ့ "လာမြာပေါ်" ဆိုသူက ၎င်းရဲ့နေအိမ်ဆီ ခေါ်ဆောင်သွားပြီးနောက် အဓမ္မပြုကျင့်ခဲ့တာလို့ ဆိုပါတယ်။

အဆိုပါ လယ်မြာပေါ် ဆိုသူက ၎င်းကို ဘောင်းဘီချွတ်ကာ အပေါ်ကို (၂) ကြိမ်တက်ခဲ့ကြောင်း မိန်းကလေးငယ်ရဲ့ ပြောပြမှုအရ မိဘတွေသိရှိပြီး စစ်ဆေးခဲ့တဲ့အခါ ရောင်ရမ်းနေတာကိုတွေ့ရှိရတာကြောင့် ဝိုင်းမော်မြို့မ ရဲစခန်းမှာ အမှု ဖွင့်ခဲ့ရာကနေ လက်ရှိမှာတော့ တရားခံ လယ်မြာပေါ် ဆိုသူကို ဖမ်းဆီးထိန်းသိမ်းပြီး အရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
#mhtnews
"မင်္ဂလာဒုံ စစ်ဆေးရုံအနီးမှာ ဗုံးတွေ့ရှိလို့ ရှင်းလင်းလိုက်ရ"


ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ မင်္ဂလာဒုံစစ်ဆေးရုံအနီးမှာ ဗုံးတွေ့ရှိလို့ ခရီးသွားလာတဲ့ ပြည်သူတွေ ဘေးအန္တရာယ်မဖြစ်ပေါ်စေဖို့အတွက် လုံခြုံရေးတပ်ဖွဲ့တွေက လမ်းကိုယာယီပိတ်ပြီး ဖောက်ခွဲရှင်းလင်းလိုက်ရတယ်လို့ ဖြစ်စဥ်အနီးရောက်ရှိနေတဲ့ ကားသမားတွေက ပြောပါတယ်။

"ကားတွေပိတ်နေလို့ ဘာဖြစ်တာလဲဆိုပြီးမေးကြည့်တော့မှ ဗုံးတွေ့လို့ ခနပိတ်ထားတာလို့ပြောကြတယ်။ ဘယ်နှစ်လုံးတွေ့တယ်ဆိုတာတော့မသိဘူး။ အကာအကွယ်တွေလုပ်ပြီးခဖောက်ခွဲလိုက်တာတော့ တွေ့လိုက်တယ်။" လို့ ၎င်းကားသမားက ပြောပြခဲ့တာပါ။

အဆိုပါဗုံးကို လမ်းဘေးတစ်နေရာကနေ ယနေ့ (စက်တင်ဘာ ၄ ရက်) မနက် ၉ နာရီခွဲအချိန်ခန့်မှာ တွေ့ရှိခဲ့တာလို့ သိရပြီး ၁၀ နာရီကျော်အချိန်ခန့်မှာ စနစ်တကျ ဖောက်ခွဲရှင်းလင်းကာ လမ်းကိုပြန်ဖွင့်ပေးခဲ့ပြီးနောက် စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

Photo>> CJ
#mhtnews
Sep 5

"ယင်းမာပင်မှာ မိုင်းတပ်ဆင်စဥ် ၎င်းမိုင်းပေါက်ကွဲလို့ PDF တစ်ဦးသေဆုံး"


စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်ထဲမှာ အခြေပြုထားတဲ့ PDF တပ်ရင်း (၂၁)မှာ စက်တင်ဘာလ ၄ ရက်၊ မနက် ၉ နာရီခန့်က မိုင်းတပ်ဆင်နေစဥ်မှာ ၎င်းမိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး PDF တစ်ဦးသေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူက (KLG-PDF) အဖွဲ့မှ ဒုတိယတပ်စိတ်မှူးအဆင့်ရှိတဲ့ အသက် ၂၁ နှစ်အရွယ် သက်ပိုင်စိုး ဆိုသူဖြစ်တယ်လို့ သိရပြီး မိုင်းထောင်ဖို့အတွက် မိုးရွာနေချိန်မှာ မိုင်းကိုတပ်ဆင်ရာကနေ ဝါယာရှော့ဖြစ်ပြီး ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

အဆိုပါ ကျောက်လုံးကြီး (KLG-PDF) အဖွဲ့ကို ၂၀၂၁ ခုနှစ်၊ ဧပြီလတည်းက ယင်းမာပင်ခရိုင်၊ တပ်ရင်း (၂၁)၊ (၂၂)၊ (၂၃) တို့နဲ့ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ဖွဲ့စည်းချိန်ကနေ အခုအချိန်ထိ တပ်ဖွဲ့ဝင် စုစုပေါင်း ၂၅ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
#mhtnews
Forwarded from Myanmar Hard Talk
❝မြ၀တီ၌ တိုက်ပွဲရှောင်ကားတစ်စီးကို KNU အဖွဲ့မှ ပစ်ခတ်ခဲ့မှုကြောင့် အမျိုးသမီး ၂ ဦးသေဆုံးကာ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး ဒဏ်ရာရ❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝘼𝙋𝙍𝙄𝙇 ~ 𝟐𝟏〕
https://t.me/myanmarhardtalk

ကရင်ပြည်နယ်၊ မြဝတီမြို့၌ တိုက်ပွဲရှောင်ရန် ထွက်ခွာလာသည့် အရပ်သားကားတစ်စီးကို KNU သောင်းကျန်းသူအဖွဲ့မှ သေနတ်ဖြင့်ပစ်ခတ်ခဲ့မှုကြောင့် အမျိုးသမီး ၂ ဦးသေဆုံးကာ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး ဒဏ်ရာရရှိခဲ့သည့်ဖြစ်စဥ်တစ်ခု ဧပြီ ၂၀ ရက်၊ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ပစ်ခတ်ခံရသည့်ကားမှာ မြဝတီမြို့မှ စားသောက်ဆိုင်ပိုင်ရှင် ဦးကျော်စွာ ဆိုသူ၏ ကားဖြစ်သည်ဟု သိရပြီး ယင်းသို့ပစ်ခတ်ခံရမှုကြောင့် အဆိုပါကားပေါ်တွင် လိုက်ပါလာသည့် ဦးကျော်စွာ၏ ချွေးမဖြစ်သူနှင့် သမီးဖြစ်သူတို့မှာ အခင်းဖြစ်နေရာ၌ပင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

အလားတူ ဦးကျော်စွာနှင့် ဇနီးဖြစ်သူတို့မှာလည်း ဒဏ်ရာရရှိခဲ့သဖြင့် ထိုင်းနိုင်ငံ မဲဆောက်ဆေးရုံ၌ ဆေးကုသမှုခံယူနေရသည်ဟု သိရပြီး အဆိုပါ မြဝတီတိုက်ပွဲအတွင်း လက်နက်ကိုင် အကြမ်းဖက်အုပ်စုများ၏ ပစ်ခတ်မှုကြောင့် အရပ်သား ၅ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု သိရသည်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎
❝မြ၀တီ၌ တိုက်ပွဲရှောင်ကားတစ်စီးကို KNU အဖွဲ့မှ ပစ်ခတ်ခဲ့မှုကြောင့် အမျိုးသမီး ၂ ဦးသေဆုံးကာ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး ဒဏ်ရာရ❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝘼𝙋𝙍𝙄𝙇 ~ 𝟐𝟏〕
https://t.me/myanmarhardtalk

ကရင်ပြည်နယ်၊ မြဝတီမြို့၌ တိုက်ပွဲရှောင်ရန် ထွက်ခွာလာသည့် အရပ်သားကားတစ်စီးကို KNU သောင်းကျန်းသူအဖွဲ့မှ သေနတ်ဖြင့်ပစ်ခတ်ခဲ့မှုကြောင့် အမျိုးသမီး ၂ ဦးသေဆုံးကာ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး ဒဏ်ရာရရှိခဲ့သည့်ဖြစ်စဥ်တစ်ခု ဧပြီ ၂၀ ရက်၊ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ပစ်ခတ်ခံရသည့်ကားမှာ မြဝတီမြို့မှ စားသောက်ဆိုင်ပိုင်ရှင် ဦးကျော်စွာ ဆိုသူ၏ ကားဖြစ်သည်ဟု သိရပြီး ယင်းသို့ပစ်ခတ်ခံရမှုကြောင့် အဆိုပါကားပေါ်တွင် လိုက်ပါလာသည့် ဦးကျော်စွာ၏ ချွေးမဖြစ်သူနှင့် သမီးဖြစ်သူတို့မှာ အခင်းဖြစ်နေရာ၌ပင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

အလားတူ ဦးကျော်စွာနှင့် ဇနီးဖြစ်သူတို့မှာလည်း ဒဏ်ရာရရှိခဲ့သဖြင့် ထိုင်းနိုင်ငံ မဲဆောက်ဆေးရုံ၌ ဆေးကုသမှုခံယူနေရသည်ဟု သိရပြီး အဆိုပါ မြဝတီတိုက်ပွဲအတွင်း လက်နက်ကိုင် အကြမ်းဖက်အုပ်စုများ၏ ပစ်ခတ်မှုကြောင့် အရပ်သား ၅ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု သိရသည်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎