🇲🇲🇲🇲Myanmar News Zone🇲🇲🇲🇲
1.14K subscribers
12.1K photos
961 videos
4 files
679 links
သတင်း ရင်းမြစ်အားလုံးကို Creditပေးပါတယ်ခင်ဗျာ☺️☺️
Download Telegram
July 27

Breaking News

ဇူ ၂၇ ရက်(ယနေ့)ညနေ ၄ နာရီကျော်ခန့်မှာ ပခုက္ကူမြို့၊ ရွှေချောင်းအဝိုင်းတွင် လုံခြုံရေးအဖွဲ့မှ ယာဉ်များအား စစ်ဆေးနေစဉ် ဆိုင်ကယ် ၁ စီးက အစစ်ဆေးမခံဘဲ ဒုန်းစိုင်းထွက်ပြေးခဲ့။
-
ထို့ကြောင့် ယာဉ်တင်လုံခြုံရေးအဖွဲ့က ထွက်ပြေးသွားတဲ့ ဆိုင်ကယ်နောက်သို့ ချက်ချင်းလိုက်လံပစ်ခတ်ဖမ်းဆီးရာ -
(၁) အကြမ်းဖက် PDF အလောင်း ၁ လောင်း
(၂) လက်လုပ်ပစ္စတို ၁ လက်
(၃) ကျည် ၅ တောင့်
(၄) ဖုန်း ၁ လုံး
(၅) ဆိုင်ကယ် ၁ စီးတို့အား သိမ်းဆည်းရမိ။
-
အကြမ်းဖက်သမားများအတွက် ပြေးစရာမြေမရှိစေရ။။။
#KT
Breaking News

ဇူ ၂၈ ရက်(ယနေ့) မနက်ပိုင်းမှာ မြစ်ကြီးနား-မန္တလေးကားလမ်းပေါ်တွင် KIA ပိန်းဥကောင်များ အများပြည်သူယာဉ်များအား ဖောက်ခွဲရန် မိုင်းထောင်စောင့်ဆိုင်းနေကြောင်း ဒေသခံအချို့မှ သတင်းပေးသဖြင့် မိုးမလင်းမီသွားရောက်ရှင်းလင်းခဲ့။
-
သွားရောက်ရှင်းလင်းစဉ် တဲတစ်လုံးအတွင်းတွင် အရက်သောက်စောင့်ဆိုင်းနေတဲ့ KIA ပိန်းဥ ၂ ကောင်သည် စစ်ကြောင်းမြင်လို့ အင်္ကျီမဝတ်နိုင်ဘဲ ထွက်ပြေးသွားခဲ့ပြီး
(၁) အစိပ် ၆၀ မိုင်း ၁ လုံး
(၂) ရေခဲမုန့်မိုင်းများ
(၃) ဒီတိုနေတာများ
(၄) မိုင်းထောင်ရာတွင်အသုံးပြုတဲ့ .22 ပို့ကျည်များ
(၅) တဲ ၁ လုံး
(၆) မီးရှို့ဖျက်ဆီးထားတဲ့ ဆိုင်ကယ် ၁ စီး
တို့အား သိမ်းဆည်းရမိ။
-
မိုင်းများအား သက်မဲ့ပြုလုပ်ခဲ့။
#KT
ASEAN Plus Countries Table Top Exercise
******
မြန်မာနဲ့ ရုရှားတို့ ပူးတွဲဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်တဲ့ အာဆီယံအပေါင်း နိုင်ငံများ အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးလုပ်ငန်း ပူးပေါင်း Table Top Exercise လေ့ကျင့်ခန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက Park Royal Hotel (နေပြည်တော်) မှာ ကျင်းပခဲ့။
.
ဖွင့်ပွဲအခမ်းအနားကို ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)က (Touch Screen) စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးခဲ့ပြီး မိန့်ခွန်းပြောကြားခဲ့။
.
TTX လေ့ကျင့်ခန်းသို့ အာဆီယံနိုင်ငံများ၊ ဆွေးနွေးဘက်နိုင်ငံများမှ ကိုယ်စားလှယ်များ ပါဝင်လေ့ကျင့်လျက်ရှိ။

#KT
ဘယ်ဟာမှ အကြောင်းမဲ့ မဟုတ်.. အစီစဉ်တကျနဲ့ကို ဖြစ်လာတာ..
-
အကြမ်းဖက်မှုကို ဘယ်လူ့အသိုင်းအဝိုင်းမှ လက်မခံဘူး.. အာဆီယံမှာ လက်မခံသလို ဒီမိုနိုင်ငံကြီးတွေမှာလည်း No ပါပဲ...
-
အခုတော့ နေပြည်တော်မှာ စစ်ရေးစီမံချက်တွေ ရေးဆွဲပြီး ပူးပေါင်းနှိမ်နင်းဖို့ လုပ်နေကြပြီ...
-
အနာရှိတဲ့ အကြမ်းဖက်အားပေးများ စပ်ကြစေသတည်း ။

#KT
Aug 4

နိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်တဲ့ စစ်ရေးဆိုင်ရာ လုပ်ငန်းများမှာပါ ပွဲထုတ်ခံလာရတဲ့ မြန်မာ့တပ်မတော်မှ အမျိုးသမီးစစ်သည်တော်များ
============================================

မြန်မာ့တပ်မတော်နှင့်ရုရှားတပ်မတော်တို့ ပူးတွဲဥက္ကဌအဖြစ်တာ ၀န်ယူဆောင်ရွက်ရတဲ့ ASEAN DEFENCE MINISTERS' MEETING-PLUS EXPERTS' WORKING GROUP ON COUNTER TERRORISM TABLE TOP EXERCISE (TTX) 2023 တွင် မြန်မာ့တပ်မတော်မှ အမျိုးသမီးအရာရှိတွေပါဝင်ခဲ့တယ်လို့သိရပါတယ်။

အခုလို နိုင်ငံတကာပွဲကြီးမှာ မြန်မာ့တပ်မတော်မှ အမျိုးသမီးအရာရှိတွေကို ပါဝင်ဆောင်ရွက်ခွင့်ပေးတဲ့ဟာ အမျိုးသမီးတွေရဲ့ကဏ္ဍတွေကို မြှင့်တင်ပေးတယ်လို့မြင်မိသလို ဂုဏ်လည်းယူမိပါတယ်ဗျာ။

#KT
Aug 6

အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး ပူးပေါင်းလေ့ကျင့်ခန်းသို တက်ရောက်လာကြတဲ့ နိုင်ငံတကာမှ ကိုယ်စားလှယ်အရာရှိကြီးများ ဩဂုတ် ၃ ရက်နေ့တွင် အမျိုးသားပြတိုက်သို့ သွားရောက်လေ့လာနေသည့် မှတ်တမ်းများ။
#KT
ဝမ်းမြောက်ဖွယ်သတင်း

ဦးနှောက်သွေးကြောပိတ်၍ လေဖြတ်သည့်လူနာများအား နာရီပိုင်းအတွင်း သက်သာ ပျောက်ကင်းစေမည့် ထိုးဆေးဖြင့်ကုသပေးခြင်းအား ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ကုသပေးလျက်ရှိနေပါပြီ။
-
လေဖြတ်ဝေဒနာရှင်များအနေဖြင့် ဖြစ်လျင်ဖြစ်ချင်း ( ၃ )နာရီမှ ( ၁၂ )နာရီအတွင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ "အမြန်ဆုံး" ရောက်ရှိရန်သာ လိုအပ်ပါကြောင်း ။

#KoThetKa(4,8,2023 )
#KT
အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး ပူးပေါင်းလေ့ကျင့်ခန်းသို တက်ရောက်လာကြတဲ့ နိုင်ငံတကာမှ ကိုယ်စားလှယ်အရာရှိကြီးများ ဩဂုတ် ၃ ရက်နေ့တွင် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ သွားရောက်လေ့လာနေသည့် မှတ်တမ်းများ။
#KT
🇲🇲🇲🇲Myanmar News Zone🇲🇲🇲🇲
Aug 6 အကြမ်းဖက်လုပ်ရပ်များကိုစွန့်ခွာပြီး ဥပဒေ ဘောင်အတွင်းဝင်ရောက်လာသည့် PDFလူငယ်များကို မိဘထံသို့ပြန်လည်အပ်နှံ #MNZ
ဝင်လာမစဲ .. တသဲသဲပဲ
ယနေ့လည်း တြိဂံတိုင်းစစ်ဌာနချုပ်၊ မိုင်းဖြတ်မြို့မှာ
ပြစ်မှုကျူးလွန်ထားခြင်းမရှိတဲ့ PDF ၂ ဦး အလင်းဝင်ရောက် ..
-
တံခါးဖွင့်ထားတုန်း ဝင်လာကြပါ ..
Time Limit ရှိတယ်။
#KT
၆ ရက်နေ့ မနေ့က မနက်၊ လဲချားမြို့နယ်၊ မတ်လန်းရွာအနီးတိုက်ပွဲမှာ ကျန်ခဲ့တဲ့ SSPP/SSA အလောင်း ..
-
နောက်ဆက်တွဲတွေ ကျန်သေးတယ် .. မျှော် ❤️

#KT
အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေး လေ့ကျင့်ခန်းသို့တက်ရောက်လာကြသော အာဆီယံနိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများမှ ကိုယ်စားလှယ်အရာရှိကြီးများ တပ်မတော်စစ်သမိုင်းပြတိုက်သို့ လာရောက်လေ့လာနေမှုဖြစ်ပါတယ် ..
-
မြန်မာ့နိုင်ငံတော်သမိုင်းတလျှောက် တိုင်းပြည်တည်ဆောက်ရေးအခန်းကဏ္ဍတွင် မြန်မာ့တပ်မတော်မှ အစဉ်တစိုက် ဦးဆောင်ဦးရွက်ပြုခဲ့ပုံများကို သမိုင်းမှတ်တမ်းအထောက်အထားများဖြင့် ရှင်းလင်းပြသနိုင်ခဲ့ရာ မြန်မာနိုင်ငံတော်ကြီး မယိုင်လဲသွားအောင် တပ်မတော်အနေနဲ့ မည်ကဲ့သို့ အစွမ်းကုန် ထိန်းသိမ်းခဲ့ရသည်ကို နားလည်သဘောပေါက်ခဲ့ပါကြောင်း လေ့ကျင့်ခန်းလုပ်ရင်း ခင်မင်ရင်းနှီးခဲ့တဲ့ အရာရှိကြီးများကိုယ်တိုင် ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။
#KT
ဝင်လာမစဲ .. တသဲသဲ

ဩ ၇ ရက်(ယနေ့)ညနေ ၃ နာရီတွင် ပူတာအိုတပ်နယ်ခန်းမ၌ အမြင်မှန်ရပြီး အလင်းဝင်ရောက်လာသော ပြစ်မှုကျူးလွန်ခြင်းမရှိတဲ့ PDF အဖွဲ့ဝင် ၅ ဦးအား မိဘများထံ အပ်နှံပွဲကျင်းပခဲ့။
-
တောထဲမှာကျန်ခဲ့တဲ့ PDF လေးတွေလည်း အမြင်မှန် မြန်မြန်ရကြပါစေ။
#KT
အဖွဲ့ဝင်အားလုံး အချုပ်ချခံထားရတဲ့ ပဒက်ရင်း(၉၀၃)

(ယာဒိုဂွင်၊ သံတောင်ကြီးမြို့နယ်)
ကျည်ဆံမလောက်၊ ရိက္ခာပြတ်လပ်၊ ဆေးဝါးမရှိ ဆိုတဲ့ ဒုက္ခတွေအပြင် အသေခံ တက်တိုက်ခိုင်းနေတာကို မကျေနပ်လို့ ပဒက်ရင်း(၉၀၃)က လက်နက်တွေကို အပ်ပြီး စကစကို မတိုက်နိုင်တော့ဘူးဆိုကာ 8.8.23 ရက်နေ့မှာ ယာဒိုဂွင်ထဲကနေ ဆိုင်ကယ်တွေနဲ့ ထွက်ပြေးခဲ့တယ်။
-
ထွက်ပြေးတဲ့ ပဒက်တွေကို KNPP နဲ့ အခြားပဒက်အဖွဲ့တွေက ပြန်ဖမ်းပြီး အဖွဲ့တစ်ခုလုံးကို အချုပ်ချထားလိုက်တယ်။ ကျန်အဖွဲ့တွေက ရင်း(၉၀၃) စစ်တပ်ထံ အလင်းဝင်မှာကို အတော်ကြောက်နေကြတယ်။ ဘာလို့လဲဆိုတော့ ယာဒိုဂွင်မှာရှိတဲ့ စခန်းနေရာတွေ၊ မြေအခြေအနေတွေကို ၉၀၃ က သိရှိနေပြီး စစ်ကြောင်းထိုးလာမှာကို ကြောက်လို့ပဲဖြစ်တယ်။
-
ယခုဆိုရင်တော့ KNPP အဖွဲ့နဲ့ အခြားပဒက်အဖွဲ့တွေက အချုပ်ချခံထားရတဲ့ ၉၀၃ အဖွဲ့ဝင်တွေကို သေဒဏ်ပေးဖို့ပြင်ဆင်နေတယ်လို့ စစ်တောင်းမြို့ပြ ပြောက်ကျားခေါင်းဆောင် နေလင်း (ခေါ်) စင်ရော် ဆိုသူထံမှ သိရှိရပါတယ်။
-
အားလုံးကံကောင်းကြပါစေ။။။
#KT
အာဆီယံ၏စည်းလုံးညီညွတ်မှုကို ဖျက်ဆီးနေတဲ့ တရားခံနိုင်ငံအကြောင်း(ဘာသာပြန်)

အာဆီယံအပေါင်း ကာကွယ်ရေးဝန်ကြီးများအစည်းအဝေး အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးအဖွဲ့ (ADMM Plus EWG CT) စားပွဲတင်လေ့ကျင့်ခန်း (Table Top Exercise-TTX)ကို မြန်မာ၊ ရုရှားနိုင်ငံတို့က ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး ဩဂုတ် ၂ ရက်နေ့မှ ၄ ရက်နေ့အထိ နေပြည်တော်မှာ ပြုလုပ်ခဲ့တယ်။
-
လေ့ကျင့်ခန်းကို အိမ်ရှင်မြန်မာနဲ့အတူ ဘရုနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်အပြင် မိတ်ဖက်နိုင်ငံတွေဖြစ်တဲ့ ရုရှား၊ တရုတ်၊ အိန္ဒိယနိုင်ငံက ကိုယ်စားလှယ် အရာရှိကြီးတွေ တက်ရောက်ပြီး ပူးပေါင်းလေ့ကျင့်ခဲ့ကြတယ်။
-
အာဆီယံအဖွဲ့ဝင်တစ်နိုင်ငံဖြစ်တဲ့ စင်ကာပူကတော့ မြေပြင်မှာ ပူးပေါင်းလေ့ကျင့်ခြင်းမရှိဘဲ Video Conferencing နဲ့သာ လေ့ကျင့်မယ်လို့ အဆိုပြုတင်ပြခဲ့တယ်။ လေ့ကျင့်ခန်းကို VC နဲ့ တက်ရောက်ရန် အဆိုပြုခြင်းဟာ လက်တွေ့လေ့ကျင့်ခန်းရဲ့ သဘောသဘာဝကို နားမလည်ဘဲ သူလုပ်ချင်တာကို တောင်းဆိုတဲ့သဘောဖြစ်တဲ့အပြင် အာဆီယံနဲ့ အခြားနိုင်ငံများကို မထီမဲ့မြင်ပြုရာရောက်သဖြင့် စင်ကာပူရဲ့ အဆိုကို လက်မခံဘဲ Ban လိုက်ရပါတယ်။ အခြားအာဆီယံနိုင်ငံတွေက စည်းစည်းလုံးလုံးနဲ့ ပူးပေါင်း ဆောင်ရွက်နေတာကို စင်ကာပူတစ်နိုင်ငံတည်း ပဲ့ထွက်ပြီး ဖျက်မြင်းလုပ်တာဖြစ်ပါတယ်။
-
စင်ကာပူနိုင်ငံဟာ ADMM Plus EWG CT ရဲ့ပူးတွဲဥက္ကဋ္ဌတာဝန်ကို ၂၀၁၄ မှ ၂၀၁၆ အထိ တာဝန်ယူခဲ့ဖူးတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ ယခုလုပ်တဲ့ စားပွဲတင်လေ့ကျင့်ခန်းဟာလည်း ဒေသတွင်း လုံခြုံရေးနဲ့ တည်ငြိမ်ရေးအတွက် များစွာအထောက်အကူပြုတဲ့ နိုင်ငံစုံပူးပေါင်းလေ့ကျင့်ခန်းတစ်ခု ဖြစ်ပါ တယ်။
-
ဒါကြောင့် ယခုလေ့ကျင့်ခန်းမှာ ဒေသတွင်းအကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ လှုပ်ရှား ဆောင်ရွက်ခဲ့ဖူးတဲ့ စင်ကာပူရဲ့ ပျက်ကွက်မှုဟာ ဒေသတွင်းလုံခြုံရေး၊ တည်ငြိမ်ရေးဆိုင်ရာ လုပ်ဆောင်မှု တွေမှာ ပူးပေါင်းရန် အားနည်းတဲ့သဘော သက်ရောက်တဲ့အပြင် အာဆီယံလမ်းစဉ်ကို သွေဖယ်ချိုးဖောက် ရာကျပြီး အာဆီယံရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေသဖြင့် အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအနေနဲ့ ရှက်ဖွယ် ကောင်းတဲ့ လုပ်ရပ်တစ်ခုလို့ မြင်မိပါတယ်။
#KT
http://www.kothet.com/2023/08/asean.html
Breaking News

ခင်ဦးမြို့၊ မြကန်သာရပ်ကွက်နေသူ မျိုးကျော်သည် အကြမ်းဖက် ပကဖ အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း ဒေသခံများ၏ သတင်းပေးမှုကြောင့် ဩ ၁၇ ရက်နေ့(ယနေ့) မနက် ၂ နာရီတွင် ဝင်ရောက်စီးနင်းရာ မျိုးကျော်သည် တိမ်းရှောင်ထွက်ပြေးသွားခဲ့ပြီး သီတာဦး(အကြမ်းဖက်အဖွဲ့ဝင်)တစ်ဦးအား စနိုက်ပါအပါအဝင် သေနတ် ၄ လက်၊ ဖောက်ခွဲရေးပစ္စည်းများနဲ့အတူ ဖမ်းဆီးရမိ။
#KT
ဆိုးလှချည်ရဲ့ဆိုတဲ့ ISIS အဖွဲ့တောင် မလုပ်တဲ့ အကြမ်းဖက်လုပ်ရပ်တွေကို NUG PDF တို့ လုပ်နေကြတယ် ..
-
စာပါအကြောင်းအရာကတော့ ပခုက္ကူမြို့နယ်အတွင်းမှာ ဆရာ/ဆရာမတွေနဲ့ ကျောင်းသား/သူတွေကို အကြမ်းဖက်သတ်ဖြတ်မယ်ဆိုတဲ့ ခြိမ်းခြောက်စာတွေကို ဖုန်းမက်ဆေ့ဖ်ကတစ်ဆင့် ပေးပို့နေတာ ဖြစ်ပါတယ် ..
-
တာဝန်ရှိသူများအနေနဲ့ အကြမ်းဖက်သမားများရန်မှ ပညာရေးဝန်ထမ်းများနဲ့ ကလေးတွေကို ကာကွယ်ပေးကြပါခင်ဗျာ ..
-
ပြည်သူများအနေနဲ့လည်း အကြမ်းဖက်သမားတွေကို ထိထိရောက်ရောက်နှိမ်နင်းနိုင်ဖို့ သတင်းပေးကြဖို့လည်း တိုက်တွန်းလိုပါတယ်။။။
#KT
Aug 22

Breaking News

ဩ ၂၂ ရက်(ယနေ့)မနက် ၁၀ နာရီခန့်မှာ တနင်္သာရီတိုင်း၊ ကလိန်အောင်မြို့နယ်၊ ကျောက်ရှပ်ရွာအနီးမှာ ဆိုင်ကယ်စီးလာတဲ့ သားအဖ ၂ ဦးကို အကြမ်းဖက် PDF များက ပစ်ခတ်သဖြင့် ဖခင်ဖြစ်သူ ဦးသိန်းစိုး(၆၀)နှစ် သေဆုံးပြီး သားဖြစ်သူ ထွက်ပြေးလွတ်မြောက်။
-
#KT
Breaking News

မနေ့က မန္တလေးတိုင်း၊ သာစည်မြို့နယ်၊ မြက်ခါးအင်းရွာ အနောက်တောင်ဘက် တောင်မတောင်တွင် PDF အကြမ်းဖက်များခိုအောင်းနေကြောင်း ပြည်သူများရဲ့ သတင်းပေးချက်အရ ဝင်ရောက်ရှင်းလင်းရာ PDF အလောင်း ၁ လောင်းနဲ့အတူ လက်နက်/ခဲယမ်းများ သိမ်းဆည်းရမိခဲ့။ (မိမိဘက် ထိခိုက်မှုမရှိ)
-
ဖိုက်တင်းပါ တပ်မတော်။။။။
#KT
Breaking News

ဩဂုတ် ၃၀ ရက်နေ့ မနက် ၁၀.၃၀ ချိန်ခန့်မှာ TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် နမ့်ဖက်ကာရွာအတွင်း ကျရောက်ပေါက်ကွဲကာ ကချင်တိုင်းရင်းသား ပြည်သူ ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါသည်။
-
ထိုဖြစ်ရပ်သည် “TNLA အဖွဲ့အနေဖြင့် KIA အဖွဲ့ကို မကျေနပ်ရာမှ ကချင်ရွာအတွင်းသို့ ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်ခတ်တိုက်ခိုက်တာဖြစ်တယ်” လို့ ဒေသခံများက ပြောပါသည်။
-
ဒဏ်ရာရရှိသူ ကချင်တိုင်းရင်းသားများအား ကွတ်ခိုင်ပြည်သူ့ဆေးရုံသို့ နေ့လည် ၁.၃၀ ချိန်တွင် ရောက်ရှိ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရှိရပါသည်။
#KT
လက်ဆုပ်လက်ကိုင် ပြနိုင်သော အကြမ်းဖက် အလောင်းလက်နက် ရရှိမှု စာရင်း #KT