Kyimyindaing Scout Channel
204 subscribers
394 photos
46 videos
274 links
Download Telegram
Forwarded from Y.S.D Scout Channel
ဇွန်လ (၁၈)ရက် ၊ ရန်ကုန်မြို့။

“ငါတို့အားလုံးအကျဉ်းသား အာဏာရှင်ရင်ဝကိုထိုးစိုက်မယ့် သံမဏိဓား”

အကြမ်းဖက်စစ်တပ်ဟာ တစ်နိုင်ငံလုံးမှာ အကြမ်းဖက်လုပ်ရပ်များစွာကို ကျူးလွန်နေပြီး ထောင်တွင်းအကြမ်းဖက်မှုတွေကိုလည်း ဆိုးရွားစွာ လုပ်ဆောင်လျက်ရှိပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ရဲ့ နိုင်ငံရေးအကျဉ်းသားများဖြစ်တဲ့ ကိုဂျင်မီ ၊ ကိုဖြိုးဇေယျာသော် အပါအဝင် (၄)ဦးကို သေဒဏ်ချမှတ်ထားပြီး ကြိုးမိန့်ပေးမည်ဟူသော သတင်းစကားများလည်း ထွက်ပေါ်လျက်ရှိနေပါတယ်။ ကျွန်တော်တို့တွေဟာ တစ်ယောက်ထိရင် နှစ်ယောက်တက်မယ်ဆိုတဲ့ စကားအတိုင်း ကျွန်တော်တို့ ရဲဘော်တွေကိုထိရင် ငြိမ်ခံနေမှာ မဟုတ်ကြောင်း၊ ကျွန်တော်တို့ကို သွေးတိုးစမ်းရင် ခွေးမျိုးကန်းသည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းနဲ့ ကျွန်တော်တို့တွေဟာ ထောင်ထဲမှာပဲဖြစ်ဖြစ် ထောင်အပြင်မှာပဲဖြစ်ဖြစ် အားလုံးဟာ အကျဉ်းသားတွေပဲဖြစ်ပြီး ကျွန်တော်တို့ရဲ့လက်တွေဟာ အာဏာရှင်ရင်ဝကို ထိုးစိုက်မယ့် သံမဏိလိုဓားသွားတွေဖြစ်ကြောင်းကို Youth Scout for Democracy(YSD) မှ scout တာဝန်ယူကာ စစ်အာဏာရှင်ဆန့်ကျင်းရေးရန်ကုန်အင်အားစု (AJAY) မှ ဒီကနေ့ ဇွန်လ(၁၈)ရက်၌ ရန်ကုန်မြို့တစ်နေရာတွင် ဆန္ဒပြ ကြွေးကြော်ခဲ့ကြသည်။

#ငါတို့အားလုံးအကျဉ်းသား
#အာဏာရှင်ရင်ဝကိုထိုးစိုက်မယ့်သံမဏိဓား
#သွေးတိုးစမ်းရင်_ခွေးမျိုးကန်းမယ်
#အရေးတော်ပုံ_မုချအောင်ရမည်။
#စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု
#AJAY

@YSDygn
Forwarded from Y.S.D Scout Channel
ပြည်သူများခင်ဗျား

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၇ပြည့်မွေးနေ့ဖြစ်တဲ့
ဇွန်လ ၁၉ ရက် ၂၀၂၂ခုနှစ် လာမယ့်တနင်္ဂနွေနေ့မှာဒေါ်အောင်ဆန်းစုကြည်နဲ့တကွမတရားဖမ်းဆီးခံထားရသူ
အားလုံးလွတ်မြောက်ဖို့နဲ့ စစ်အာဏာရှင်စစ်အောက်က
တနိုင်ငံလုံးလွတ်မြောက်ဖို့အတွက်


“Freedom From Fear”
တနိုင်ငံလုံးလွတ်မြောက်ရေးဆုတောင်းလှုပ်ရှားမှုကြီးကို

ဆောင်ရွက်သွားရန်အတွက် သပိတ်ကော်မတီများမှ တိုက်တွန်းနှိုးဆော်ထားကြောင်း သိရပါသည်။

ကျွန်ုပ်တို့ မြို့ပြပျောက်ကြားအဖွဲ့များ အနေဖြင့် အဆိုပါ ဆုတောင်းလှုပ်ရှားမှုကို အပြည့်အဝထောက်ခံပြီး ပြည်သူများအနေဖြင့် ဇွန်လ ၁၉ရက် ဆုတောင်းလှုပ်ရှားမှုတွင် တက်ကြွစွာပါဝင်ပေးကြပါရန် ထပ်ဆင့် နှိုးဆော်အပ်ပါသည်။

၎င်းနေ့တွင် ကျွန်ုပ်တို့ အဖွဲ့များ၏ လှုပ်ရှားမှုများကို တရက်တာ ရပ်နားထားမည်ဖြစ်ကြောင်းလည်း လေးစားစွာ အသိပေးကြေညာအပ်ပါသည်။
🐾ကြည့်မြင်တိုင်

🐾အတွင်း ရပ်ကွက်အချို့တွင်အချိန်ခါမဟုတ် မီးပျက်သွားဟုသိရ။

@YSDinformer
11:32pm

https://t.me/Nway_Oo_KMD
ကြည့်မြင်တိုင်

စခ DC 1 စီး အောက်ကြည့်မြင်တိုင်လမ်းအတိုင်း ဟုမ်းလမ်းမှ စာတိုက်ဘက်တတ်။

08:56 AM
@YSDinformer
Forwarded from Y.S.D Scout Channel
ကျွန်ုပ်တို့တိုင်းပြည်၏ အထွဋ်အမြတ်ပုဂ္ဂိုလ်..

ကမ္ဘာ့နိုင်ငံများအလယ် တ​လေးတစား​နေရာ​ပေးခြင်းကိုခံရ​သော မြန်မာအမျိုးသမီးကြီးတစ်ဦး..

ကမ္ဘာ့ဦး​ဆောင်နိုင်ငံများရဲ့ ဘွဲ့ထူး ဂုဏ်ထူးများကို မ​ရေမတွက်နိုင်​အောင်ချီးမြှင့်ခံခဲ့ရ​သော မြန်မာအမျိုးသမီး..

မြန်မာပြည်သူပြည်သားများအားလုံးကို ရင်ဝယ်သားပမာ ​စေတနာထား အနစ်နာခံ လမ်းပြဦး​ဆောင်​နေတဲ့ ပြည်သူ့မိခင်..

ဒီအမျိုးသမီးကြီးဟာ ယ​နေ့ ဇွန်လ ၁၉ ရက် ၂၀၂၂ ခုနှစ်မှာ​တော့ အသက် ၇၇ နှစ်ကိုပြည့်​မြောက်​ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။

ယ​နေ့ကျ​ရောက်​သော ၇၇ နှစ်ပြည့်​မြောက်သည့် ​မွေး​​နေ့တွင် ပြည်သူများချစ်ခင်မြတ်နိုးရ​သော အ​မေစု အသက်ရှည်ကာအနာမဲ့​စေ​ကြောင်း ကျွန်ုပ်တို့ Y.S.D အဖွဲ့သားများမှလည်း ​ပြည်သူများနှင့်ထပ်တူ ဆု​​တောင်း​မေတ္တာပို့သလိုက်ပါတယ်ခင်ဗျာ...

အ​မေစု...ကျန်းမာပါ​စေ
အ​မေစု...သူယုတ်မာတို့အန္တရာယ်မှအမြန်ဆုံးကင်းလွတ်ပါ​စေ
🙏🙏🙏

✍️ Youth Scout for Democracy (Y.S.D)
19 June 2022

Photo Credit to Nu Yin Myanmar Portraiture Artist
ကြည့်မြင်တိုင်

စခ DC 1 စီး အထက်ကြည့်မြင်တိုင်လမ်းအတိုင်း စလင်းကွင်းဘက်တတ်၊ နောက်ခန်း ၄ ကောင်ပါ။

5:00 PM
@YSDinformer

သတင်းပေးရန် 📩
ကြည့်မြင်တိုင်

ပန်းလှိုင်လမ်းအတိုင်းကမ်းနားလမ်းဘက်သို့ စခ DC တစ်စီး အပေါ်တစ်ကောင်၊နောက်ခန်း ၄ ကောင် ဦးတည်။

5:37 PM
@YSDinformer

သတင်းပေးရန်📩
ကြည့်မြင်တိုင် အင်းစိန်လမ်းထဲသို့ခွေးဝင်နေတယ်ဟုသိရ။

ရေသည်ကောင်တင်ထားသည့်လိပ်စာကို လာရှာတယ်ဟုသိရ။

9:12 PM

@YSDinformer

သတင်းပေးရန် 📩
Forwarded from Sanchaung Scout Channel
ကြည့်မြင်တိုင်
*
ခွေးအင်အားမသိရသေး
*
စျေးကြီးလမ်း ကို ခွေးတွေဝင်မွှေနေဟု သိရ
*
9:10 PM
@SanchaungScout
Forwarded from Sanchaung Scout Channel
Kyimyindaing Scout Channel
ကြည့်မြင်တိုင် * ခွေးအင်အားမသိရသေး * စျေးကြီးလမ်း ကို ခွေးတွေဝင်မွှေနေဟု သိရ * 9:10 PM @SanchaungScout
🔴ကြည့်မြင်တိုင်
*
ရခ မီးတန်း 2စီး
*
အင်းစိန်လမ်းအောက် no15ကို ခွေးဝင် ဟုသိရ
*
9:26 PM
@SanchaungScout
♠️ နိုင်တဲ့နေရာကကူကြစို့

YGN Donations Channel လေးမှာ Monetization လုပ်နိုင်ဖို့အတွက် Subscriber 254 ဘဲလိုပါတော့တယ်။ အမြန်ဆုံး Monetization လုပ်နိုင်ဖို့အတွက် Subscriber လေးပြည့်သွားအောင် Subscribe လေးလုပ်ပေးကြပါဦးရှင့်။

YouTube Link - https://www.youtube.com/c/YGNDonationsChannel

https://t.me/LMDLTPBDscout