Kyimyindaing Scout Channel
209 subscribers
394 photos
46 videos
274 links
Download Telegram
Media is too big
VIEW IN TELEGRAM
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အကြမ်းဖက်စစ်အုပ်စုကြောင့် နေအိမ်စွန့်ခွာ ထွက်ပြေးနေရသူများကို ထောက်ပံ့ကူညီလိုပါက 96 DoNation-စစ်ရှောင်ပရဟိတ Facebook Page ကိုဆက်သွယ်ကူညီနိုင်ပါသည်။

Facebook Page- https://www.facebook.com/96DoNation နှင့်
Telegram Channel- https://t.me/DoNation96 တို့တွင် ကူညီထားသည်များကို မျှဝေသွားပါမယ်ရှင့်။
##96DoNation #စစ်ရှောင်ပရဟိတ
#စစ်ဘေးရှောင် #မီးဘေးသင့်
#Sagaing
🐙 ရန်ကုန်မြို့လယ်ခေါင်တွင် "ရန်ကုန်မှာပြန်ဆုံမယ်" လှုပ်ရှားမှု ရေဘဝဲပြုလုပ်

ရန်ကုန်မြို့လယ်ခေါင်နှင့် လူစည်ကားရာနေရာများတွင် ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)မှ "ရန်ကုန်မှာပြန်ဆုံမယ်" စာတန်းပါအင်္ကျီများဝတ်ဆင်၍ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့ကြသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ပေးဆွဲမှုများ၊ လူသားဒိုင်းအဖြစ်အသုံးချရန် အဓမ္မစစ်တပ်အတွင်းသို့သွတ်သွင်းမှုများကြောင့် လွတ်မြောက်ဒေသ နှင့် ကမ္ဘာ့နိုင်ငံအသီးသီးသို့ ဆန့်ကျင်တိမ်းရှောင်နေကြသူများ၊ အကျဥ်းထောင်များမှ နိုင်ငံရေးအကျဥ်းသားများ၊ မြေပေါ်မြေအောက်တော်လှန်ရေးအင်အားစုများနှင့် ရန်ကုန်တွင် အမြန်ပြန်ဆုံမည့်ရည်ရွယ်ချက်ဖြင့် ရေဘဝဲ အဖွဲ့အစည်းတည်ထောင်ခြင်း ၃ နှစ်ပြည့်လှုပ်ရှားမှုအဖြစ်ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၂၉ ရက်၊ ၂၀၂၄ ခုနှစ်

ရေဘဝဲ ဖေ့စ်ဘုတ် - https://www.facebook.com/octopusyangon?mibextid=ZbWKwL

ရေဘဝဲ တယ်လီဂရမ် - https://t.me/OCTOPUSMYANMAR

#ရန်ကုန်မှာပြန်ဆုံမယ်
#YangonStrikes #ရန်ကုန်သပိတ်
#OCTOPUS #ရေဘဝဲ
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from HTY Scout Channel
၁.၃.၂၀၂၄ ရက်နေ့၊ ၀၂ ၂၃အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ဗားကရာဆိပ်ကမ်းအနီး၊ ရန်ကုန်မြစ်အတွင်း သင်္ဘောမီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် ကြည့်မြင်တိုင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)ထွက်ခွာလျက်ရှိပါသည်၊၊

Source from Myanmar Fire Services Department
Forwarded from Y.S.D Scout Channel
အတုအပအယောင်ဆောင်အလှူခံမှုအား သတိပေးခြင်း

ယခုဖော်ပြပါ   Telegram channel ပုဂ္ဂိုလ် /အဖွဲ့အစည်းသည် ရန်ကုန်တပ်ရင်း အမည်ခံ၍ မှတ်တမ်းတုများ ပြုလုပ် အယောင်ဆောင်လိမ်လည် အလှူခံခြင်းများ ပြုလုပ်လျက်ရှိပါသည်
ဖော်ပြပါ Channel သည်  ရန်ကုန်တပ်ရင်း၊ ရန်ကုန်အလင်းစက်တို့နှင့်သက်ဆိုင်ခြင်းလုံးဝ ( လုံးဝ ) မရှိပါ။

ရန်ကုန်တပ်ရင်းသို့ ထောက်ပို့ထားပြီးသော ထောက်ပို့လိုသော အလှူရှင်/ထောက်ပို့ရဲဘော်များအနေဖြင့် မိမိတို့လှူဒါန်းမှုမှန်ကန်မှု ရှိမရှိအား ရန်ကုန်အတွက် အလင်းစက် CB တွင်လာရောက်အတည်ပြုနိုင်ပါသည်

Telegram channel တု 👇👇
https://t.me/TheHaAungOfficiall

ပုံများ

မှတ်တမ်းတု နှင့် Channel တု

#တပ်ရင်း၅၁၀၁
#ရန်ကုန်PDF
#ရန်ကုန်တိုင်းစစ်ဌာန
#ရန်ကုန်အတွက်အလင်းစက်
#YSD
Forwarded from Y.S.D Scout Channel
ရန်ကုန်တိုင်းစစ်ဌာန၊ ၅၁၀၁ တပ်ရင်း​၏ စစ်ဆင်ရေးဆောင်ရွက်ချက်အခြေအနေများအား အသိပေးထုတ်ပြန်ခြင်း
===============================
၃၁ မတ် ၂၀၂၄

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရန်ကုန်တိုင်းစစ်ဌာန၊ ၅၁၀၁ တပ်ရင်းအဖြစ် စတင်သတင်းပို့ တိုက်ပွဲဝင်သည့် ၂၀၂၃ခုနှစ်၊ ဇွန်လ ၁ ရက်နေ့မှ ၂၀၂၄ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့် ပူးပေါင်း၍ တိုက်ပွဲအကြိမ်ရေ - ၂၉ ကြိမ် ဝင်ရောက်ဆင်နွှဲတိုက်ခိုက်ခဲ့သည်။

အဆိုပါတိုက်ပွဲများအတွင်း ရန်သူအကြမ်းဖက်စစ်ကောင်စီမှ ထိခိုက်မှု - ၆၃ ဦး၊ သေဆုံးသူ - ၃၄ ဦးရှိခဲ့ကြောင်း အတိအကျ သတင်းရရှိခဲ့ပြီး တိုက်ပွဲအခြေအနေများကြောင့် အတိအကျ စုံစမ်း၍မရသော ထိခိုက်သေဆုံးမှုများလည်း ရှိခဲ့ကြောင်း သိရသည်။
၅၁၀၁ တပ်ရင်းမှ ထိခိုက်ဒဏ်ရာရှိသူ ၁၂ ဦးရှိခဲ့ပြီး ရဲဘော် ၂ ဦး မြင့်မြတ်စွာ ကျဆုံးခဲ့သည်။

ရန်ကုန်တိုင်းစစ်ဌာန၊ ၅၁၀၁ တပ်ရင်းမှ ရဲဘော်သစ်များ ခေါ်ယူစုဆောင်းကာ အဆိုပါရဲဘော်သစ်များအား အခြေခံစစ်သင်တန်းပေးနိုင်ရေး၊ ရဲဘော်များအား မွမ်းမံသင်တန်း၊ အထူးမွမ်းမံသင်တန်းများ ပေးနိုင်ရေးကို အစဉ်တစိုက်ဆောက်ရွက်လျက်ရှိပြီး ရှေ့တန်းဧရိယာများတွင်လည်း မဟာမိတ်တပ်ဖွဲ့များနှင့်ပူးပေါင်း၍ မနားမနေ တိုက်ပွဲဝင်လျက်ရှိပါကြောင်း ပြည်သူများအားလေးစားစွာ အသိပေးထုတ်ပြန်အပ်ပါသည်။

ရန်ကုန်တိုင်းစစ်ဌာန
ကာကွယ်ရေးဝန်ကြီးဌာန

#အမျိုးသားညီညွတ်ရေးအစိုးရ
#ကာကွယ်ရေးဝန်ကြီးဌာန
#ရန်ကုန်တိုင်းစစ်ဌာန


ရန်ကုန်တိုင်းစစ်ဌာန၏ facebook page 👇
https://www.facebook.com/YGNMilitaryCommand?mibextid=ZbWKwL
Forwarded from Y.S.D Scout Channel
Media is too big
VIEW IN TELEGRAM
ရန်ကုန်တိုင်းစစ်ဌာန၏ မူရင်း facebook post 👇

https://www.facebook.com/share/v/Mpt9mMqMuWGM8AfE/?mibextid=oFDknk
Forwarded from Y.S.D Scout Channel
Media is too big
VIEW IN TELEGRAM
ရန်ကုန်တိုင်းစစ်ဌာနမှ ရဲဘော်များ၏ နှစ်သစ်ဆုမွန်ကောင်း

ပြည်သူပြည်သားအပေါင်းနှင့် ရဲဘော်ရဲဘက်များအားလုံး မင်္ဂလာရှိသော နှစ်သစ်အခါသမယမှာ ဘေးဘယာဝေးကွာ၍ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံကြပါစေကြောင်း၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေကြောင်း နှစ်သစ်ဆုမွန်ကောင်း တောင်းအပ်ပါသည်။
စစ်အာဏာရှင် စနစ်ဆိုးမှ လွတ်မြောက်၍ ပြည်သူပြည်သားအားလုံး လိုချင်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးကို တည်ဆောက်နိုင်သည်အထိ ရန်ကုန်တိုင်းစစ်ဌာနမှ ရဲဘော်များက ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများ၊ တော်လှန်ရေးအင်အားစုများနှင့်အတူတကွ လက်တွဲတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ပြည်သူကို ကတိသစ္စာပြုအပ်ပါသည်။

ရန်ကုန်တိုင်းစစ်ဌာန
ကာကွယ်ရေးဝန်ကြီးဌာန

#YSD
#ရန်ကုန်တိုင်းစစ်ဌာန
#ကာကွယ်ရေးဝန်ကြီးဌာန
#အမျိုးသားညီညွတ်ရေးအစိုးရ
🟫ရေဘဝဲတွေ မွဲနေပြီ !

ရန်ကုန်မြို့အခြေစိုက် စစ်အာဏာရှင်ဆန့်ကျင်ရေး
လက်နက်မဲ့ နိုင်ငံရေးအန်တုလှုပ်ရှားမှုများ၊သပိတ်တိုက်ပွဲများ
ဆင်နွှဲနေသော ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) သည်တော်လှန်ရေးအသုံးစရိတ်များ လိုအပ်လျက်ရှိပါသည်။

မိဘပြည်သူများအနေဖြင့် ပမာဏနည်းများမဆို
NUGPay ဖြင့်တိုက်ရိုက်ဆက်သွယ် ထောက်ပို့နိုင်ပါကြောင်း မေတ္တာရပ်ခံပန်ကြားအပ်ပါသည်။

ရေဘဝဲ ဖေ့စ်ဘုတ် - https://www.facebook.com/octopusyangon?mibextid=ZbWKwL

ရေဘဝဲ တယ်လီဂရမ် - https://t.me/OCTOPUSMYANMAR

#YangonStrike #ရန်ကုန်သပိတ်
#OCTOPUS #ရေဘဝဲ
Please open Telegram to view this post
VIEW IN TELEGRAM