To Comrades - ရဲဘော်များသို့
437 subscribers
1.06K photos
36 videos
1 file
326 links
Download Telegram
ဒီစကားတွေဟာ ပုံပြင်မဟုတ်သလို အကွက်ကျကျ စီစဥ်ထားသော ဇာတ်လမ်းလည်းမဟုတ်ပါဘူး။ ဇွန်လ ၂၆ ရက်နေ့က ဆားလင်းကြီးမြို့နယ် ကျောက်မော်ကျွေးရွာမှာ ဖြစ်ပွားခဲ့တဲ့ဖြစ်စဥ်တစ်ခုပဲဖြစ်ပါတယ်။
သွေးစည်းကြသလိူ သွေးလည်းရဲကြတဲ့ အညာသူအညာသားတွေကို ကြောက်ရွံ့နေတဲ့ စစ်အုပ်စုဟာ အညာ​ဒေသတွေကိုမကြာခဏဆိုသလိုဝင်ရောက်စီးနှင်းပြီး ရွာသားတွေကို ဖမ်းဆီးညှင်းဆဲရုံမက
အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ပြီ လူမဆန်တဲ့လုပ်ရပ်များစွာကိုအတိုင်းအဆမဲ့ ကျူးလွန်လျက်ရှိပါတယ်။ ဆားလင်းကြီးမြို့နယ်ဖြစ်စဥ်မှာလည်း စစ်ကောင်စီမှရွာထဲသို့ဝင်ရောက်စီးနင်းစဥ် လေဖြတ်ထားပြီးမပြေးနိုင်တဲ့ အသက်၈၀ ကျော်အရွယ်အဘိုးအိုတစ်ဦးနဲ့ အသက်၂၉ နှစ်အရွယ်ရှိတဲ့ လူလတ်ပိုင်းတစ်ဦးကို အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့ပါသေးတယ်။ မှတ်တမ်း video မှာလည်း မိသားစုဝင်တွေရဲ့စကားသံကို ဝင်ရောက်ကြည့်ရှူနိုင်ပါတယ် ။

https://fb.watch/gArO-KOcAr/

ဒီဖြစ်စဥ်တွေကိုကြည့်ခြင်းဖြင့် ရန်သူစစ်ကောင်စီဟာ အတိုင်းအဆမဲ့ယုတ်မာနေသလို နောက်ဆုတ်ရန်မရှိတဲ့ လမ်းကိုလျှောက်နေတာအသေအချာပါပဲ။ လူ့မိစ္ဆာတွေကို နှိမ်နင်းပြီး ပြည်သူတွေကို ကာကွယ်ပေးနေကြတဲ့ဆားလင်းကြီးကရဲဘော်တွေကို ပိုမိုထောက်ပံ့ပေးဖို့လိုအပ်လာတာမျက်မြင်ပါပဲ။ လိုအပ်ချက်တွေကိုဖြည့်ဆည်းဖို့ ပြည်သူ့အင်အားလိုအပ်ပါတယ်။မိဘ ပြည်သူတွေအနေနဲ့လည်း နိုင်ငံအနှံအပြားမှာ ဒီလိုမျိုးဖြစ်စဉ်တွေရှိနေဆဲဆိုတာကို သတိကပ်ပြီးတော်လှန်ရေးမှာ ပါဝင်နေကြဖို့လိုအပ်ပါတယ်။

အကယ်၍ဆားလင်းကြီးကိုထောက်ပံ့ချင်တယ်ဆိုရင်တော့ Operation Chindwin campaign လေးမှာပါဝင်နိုင်ပါတယ်ခင်ဗျာ။

အသေးစိတ် -
https://m.facebook.com/story.php?story_fbid=pfbid0XaHh6fFXjsjSGvHRBAjXktgrddZqSzdMvyQEs8o5XWpqghptvQRCgc9K2YV9igjbl&id=108274398171698

#OperationChindwin #tocomrades