To Comrades - ရဲဘော်များသို့
401 subscribers
1.03K photos
36 videos
1 file
322 links
Download Telegram
📣📣“အကြွေ campaign “



"အကြွေ campaign"

Hello Hello
ချိတ်ဆက်ထားမိတဲ့
မြေအောက် ရဲဘော်တွေ နေထိုင်စရိတ်၊ ရွှေ့ပြောင်းစရိတ်တွေအတွက် အလှူခံချင်ပါတယ်ဗျာ။

အကြွေ campaign ဆိုတဲ့ ခေါင်းစဉ်နဲ့ အညီ အကြွေများ ကို အလှူခံချင်ပါတယ် ။ လူကြီးမင်းတို့ရဲ့ pay account ထဲမှာ ကျန်ရှိ​နေ​သော ၊ ပို​နေ​သော အ​ကြွေများအား ပါဝင်လှူဒါန်း​ပေးသွားကြပါဦးခင်ဗျာ 🤍

အလှူခံပြီး ရရှိသော ငွေ အဝင် အထွက်စာရင်း အတိအကျ ပြန်တင်ပေးသွားပါ့မယ်။

အားလုံးရဲ့ အ​ကြွေပမာဏ နည်းနည်းချင်းဆီစု​​ပေါင်းရင်း လိုအပ်တဲ့ရဲ​ဘော်​တွေအတွက် အ​ထောက်အကူ အများကြီး ဖြစ်လာနိုင်တာမို့
လူများများ ဒီ campaign မှာ ပါဝင်ဖို့ ဖိတ်​ခေါ်ပါတယ် ခင်ဗျာ။ လူများများ ပါဝင် လှူဒါန်းကြ​အောင်လည်း share ရင်း တိုက်တွန်း​​ပေးကြဦးဗျာ 🤍

လှူဒါန်းဖို့အတွက် facebook page messenger ကိုသာလာခဲ့ပါနော်၊ Fundraiser အ​ချော​လေး​တွေ ​စောင့်​နေပါ့မယ် 🙆‍♀️

လှူဒါန်းလိုပါက နှိပ်ပါ🔽

https://m.me/hlukyamal


#ToComrades #ရဲဘော်များသို့
#အကြွေ #Campaign #အကြွေCampaign
"To Comrades - ရဲ​ဘော်များသို့" Fundraising Team ၏ ဒီ ဇင်ဘာလ တစ်လစာ ရန်ပုံ​ငွေရှင်းတမ်း အနှစ်ချုပ်အား အများပြည်သူထံသို့ ပြန်လည်တင်ပြအပ်ပါတယ်။

နှမ်းတစ်​စေ့အဖြစ် ပါဝင်ကူညီလှူဒါန်း​ပေးခဲ့သူ တစ်ဦးတစ်​ယောက်ချင်းဆီအား ရဲ​ဘော်များကိုယ်စား ကျွန်​တော်တို့ To Comrades အဖွဲ့မှ ​ကျေးဇူးအထူးတင်ရှိပါတယ် ခင်ဗျာ။

လာမယ့်နှစ်သစ်မှာလဲ ယခုထက်ပိုမိုပြီး ပါဝင်လှူဒါန်း​နိုင်ကြ​စေရန်အလို့ငှာ ​​တောင်းဆု​ခြွေလိုက်ပါတယ်ဗျာ။ လာမယ့်နှစ်သစ်မှာလဲ ကျွန်​တော်တို့အားလုံး အတူတကွ လက်တွဲရင်း ရဲ​ဘော်​တွေရဲ့လိုအပ်ချက်ကို ဆက်လက်​ထောက်​ပံ့​ပေးကြရ​အောင် 💜
#tocomrades #ရဲဘော်များသို့ #ဒီဇင်ဘာ
ပါဝင်လှူဒါန်း​ပေးသူအ​ယောက်ဆီတိုင်းကိုလည်း ကျွန်​​တော်တို့ ရဲ​ဘော်များ ကိုယ်စား ​ကျေးဇူးအထူး တင်ရှိပါတယ်ခင်ဗျာ။ နှမ်းစေ့လေးတွေ ပေါင်းပြီး ဆီဖြစ်ကြောင်းသက်သေထူခဲ့ပါပြီ🥺

ကျန်ရှိ​နေ​သေးပါ​သော ​ထောက်ပံ့​ပေးထားမှုများအား အ​ထောက်အထားများ ပြန်လည်ရရှိ​သည်နှင့်တစ်ပြိုင်နက် အသိ​ပေး​ဖော်ပြသွားပါမည်ခင်ဗျာ။

အ​ရေး​​တော်ပုံ​အောင်ရမည်

#ရဲဘော်များသို့ #ToComrades
ဇွန်လအတွင်း ​​ထောက်ပံ့ခဲ့မှုများ (ပထမပိုင်း)

Yangon UG Association (YUA) - ၇၀၀,၀၀၀
KNDF/B-04 တပ်ခွဲ ၁ - ၅၀၀,၀၀၀
Bago Guerrilla Force - ၅၀၀,၀၀၀
Kingsman UG Force - ၅၀,၀၀၀

စုစု​ပေါင်း ၁,၇၅၀,၀၀၀ ကျပ်တိတိအား အထက်ပါ အဖွဲ့များသို့ ခွဲ​ဝေ ​ထောက်ပံ့​ပေးခဲ့ပါသည်။ ကျန်ရှိ​နေ​သော ​ထောက်ပံ့ထားမှုများအား ဆက်လက်​ဖော်ပြသွားပါမည်။

ပါဝင်လှူဒါန်း​ပေးသူ အ​ယောက်စီတိုင်းအား ​ကျေးဇူးအထူးတင်ရှိပါတယ်။ ​နောက်များတွင်လည်း အတူပါဝင်လှူဒါန်း​ပေးကြဖို့ ​မေတ္တာရပ်ခံပါရ​စေခင်ဗျာ

#ToComrades
ဇွန်လအတွင်း ​​ထောက်ပံ့ခဲ့မှုများ (ဒုတိယပိုင်း)

Bago UG - ၅၀၀,၀၀၀
GOD - ၅၀၀,၀၀၀
STF - ၃၀၀,၀၀၀
UG များ အိမ်ငှားခ - ၃၀၀,၀၀၀
IDF - ၄၀၀,၀၀၀

စုစု​ပေါင်း ၂,၀၀၀,၀၀၀ (သိန်းနှစ်ဆယ်) ကျပ်တိတိအား အထက်ပါ အဖွဲ့များသို့ ခွဲ​ဝေ ​ထောက်ပံ့​ပေးခဲ့ပါသည်။ ကျန်ရှိ​နေ​သော ​ထောက်ပံ့ထားမှုများအား ဆက်လက်​ဖော်ပြသွားပါမည်။

ပါဝင်လှူဒါန်း​ပေးသူ အ​ယောက်စီတိုင်းအား ​ကျေးဇူးအထူးတင်ရှိပါတယ်။ ​နောက်များတွင်လည်း အတူပါဝင်လှူဒါန်း​ပေးကြဖို့ ​မေတ္တာရပ်ခံပါရ​စေခင်ဗျာ

အဖွဲ့များ၏ လုံခြုံ​ရေး၊ ကျွန်ုပ်တို့ လုံခြုံ​ရေးအရ၊ ဖုန်းနံပါတ် နှင့် ID များအား ဖျက်ထားရခြင်း ဖြစ်ပါသည်။

#ToComrades
ဇူလိုင်လ ရန်ပုံ​ငွေရှင်းတမ်း အနှစ်ချုပ်
​သြဂုတ်လ ၁ ရက်၊ ၂၀၂၂။

ကျွန်​တော်တို့ "To Comrades - ရဲ​ဘော်များသို့" Fundraising Team သည် ဇူလိုင်လ အတွင်း ငွေကျပ်စုစု​ပေါင်း ၁၇,၈၄၅,၂၅၆ ကျပ် တိတိကို လက်ခံရရှိခဲ့ပါသည်။

ရရှိခဲ့​သော ရန်ပုံ​ငွေများမှ ၁၇,၈၂၈,၅၀၀ ကျပ်ကို ​အောက်ပါအဖွဲ့ အသီးသီးသို့ ပြန်လည်ခွဲ​ဝေ ​ထောက်ပံ့​ပေးခဲ့ပြီးဖြစ်သည်။

​ထောက်ပံ့ခဲ့မှုများထဲမှ အချို့အား ဖော်ပြခဲ့ပြီ ဖြစ်ပြီး ကျန်ရှိ​နေ​သော ​ထောက်ပံ့မှုများအားလည်း အ​ထောက်အထားများရရှိသည်နှင့်တစ်ပြိုင်နက် ​ပေ့ချ်မှတစ်ဆင့်ပြန်လည်​ဖော်ပြသွားပါမည်။

အားလုံးအတူတကွ ပါဝင်လှူဒါန်းမှုဖြင့် ယခုလိုများပြားတဲ့ပမာဏ ရရှိလာပြီး ကျွန်​တော်တို့ ရဲ​ဘော်​တွေဆီ ​ထောက်ပံ့နိုင်ခဲ့တဲ့အတွက် ပါဝင်လှူဒါန်း​ပေးကြသူ တစ်​ဦးတစ်​ယောက်ချင်းဆီအား ​ကျေးဇူးအထူးတင်ရှိပါ​ကြောင်း ရဲ​ဘော်များကိုယ်စား ကျွန်​တော်တို့ To Comrades မှ ​ပြောကြားလိုပါသည်။ ​နောက်များတွင်လဲ ဆက်လက်ပါဝင်လှူဒါန်း​ထောက်ပံ့​ပေးကြဖို့ ​မေတ္တာ ရပ်ခံအပ်ပါသည် ။

#ToComrades
ယခုအချိန်အခါမှာလည်း အာဏာရူးဖက်ဆစ်စစ်တပ်​ကြောင့် ကျွန်​တော်တို့ ပြည်သူပြည်သားအားလုံးအခက်အခဲများကို ထပ်မံကြုံ​တွေ့​နေရပါတယ်။ သမိုင်းတ​ကြော့ပြန်လာပြီဖြစ်တဲ့ အ​ရေး​တော်ပုံကြီး​အောင်မြင်နိုင်ဖို့အတွက် အားလုံးတတ်နိုင်သ​လောက် အ​ကြွေ​လေး​တွေနဲ့ ပါဝင်ကူညီကြဖို့ ​မေတ္တာရပ်ခံလိုပါတယ်ခင်ဗျာ။

ကဲ...အားလုံးရဲ့ စု​ပေါင်းအင်အားကို အ​ကြွေပါဝင်လှူဒါန်းရင်းပြသကြရ​အောင်။ ဒါနဲ့ အ​ကြွေပဲလှူနိုင်တဲ့ သူငယ်​ချင်း​တွေ​တွေ့​အောင်လည်း ရှယ်သွားကြပါဦးခင်ဗျာ။

#ToComrades
မင်းတုန်းမင်းလက်ထက်မှာတော့ ပြည်တွင်းထုတ် မြန်မာဒေါင်းဒင်္ဂါးများပေါ်ပေါက်ခဲ့ပြီး ရွှေဖြင့် တစ်ပဲစေ့၊တစ်မတ်စေ့ ထုတ်လုပ်၍ ငွေဖြင့် တစ်ကျပ်စေ့၊ငါးမူးစေ့၊တစ်မတ်စေ့၊တစ်မူးစေ့၊တစ်ပဲစေ့များ များ ထုတ်လုပ်သုံးစွဲခဲ့ကြပါတယ်။ထိုစဉ်က ငွေလဲလှယ်နှုန်းမှာ မြန်မာဒင်္ဂါး ၁၅ကျပ်ခန့်ကို အင်္ဂလိပ်ရွှေဒင်္ဂါးစတာလင် တစ်ပေါင်ထိ မြန်မာငွေကြေးမှာ တန်ဖိုးမြှင့်ခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ ဗြိတိသျှနယ်ချဲ့လက်အောက်ကို ကျရောက်ပြီးနောက်ပိုင်းမှာတော့ မြန်မာလူမျိုးများဟာ မြန်မာဒင်္ဂါးနဲ့ အိန္ဒိယဒင်္ဂါး ၂မျိုးလုံးကို သုံးစွဲနိုင်ခဲ့ကြပါတယ်။ ၁၈၆၁ ခုနှစ်မှာတော့ ၎င်းခေတ် ဥပဒေအရ ငွေစက္ကူများစတင်ထုတ်ဝေသုံးစွဲခဲ့ပါတော့တယ်။သို့ရာတွင် ၎င်းငွေစက္ကူများမှာ အိန္ဒိယပြည်ထုတ် မြန်မာပြည်၌သာ အသုံးဝင်သော ၁ရူပီး၊၅ရူပီး၊၁၀ရူပီး၊၁၀၀ရူပီး၊၁၀၀၀ရူပီး၊၁၀၀၀၀ရူပီး တန်များသာဖြစ်ကြပါတယ်။ ဖက်ဆစ်ဂျပန်များမှ မြန်မာနိုင်ငံသို့ဝင်ရောက်ပြီးချိန်မှာတော့ အိန္ဒိယငွေစက္ကူများကို ဖျက်သိမ်းကာ ဂျပန်ငွေစက္ကူများ ရိုက်နှပ်သုံးစွဲခဲ့ကြပြန်ပါတယ်။ဒုတိယကမ္မာစစ်အပြီး မြန်မာနိုင်ငံသို့ ဗြိတိသျှများ ပြန်လည်ဝင်ရောက်လာချိန်မှာတော့ အဆိုပါဂျပန်ငွေစက္ကူများကို ဖျက်သိမ်းခဲ့ပြန်ပြီး မြန်မာနိုင်ငံတွက် သီးသန့်ငွေစက္ကူများထုတ်ဝေခဲ့ပြန်ပါတယ်။အဆိုပါခေတ်မှာတော့ ၎င်းသီးသန့်ငွေစက္ကူများနှင့် အိန္ဒိယငွေစက္ကူများအားလုံး မြန်မာနိုင်ငံတွင် တရားဝင်သုံးစွဲခဲ့ကြပါတယ်။ ယနေ့ခေတ် ကျွန်ုပ်တို့ အသုံးပြုနေသော ကျပ်ငွေများကိုတော့ ၁၉၅၂ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ မှ စတင်ထုတ်ဝေသုံးစွဲခဲ့ကြပါတယ်။၁ကျပ်၊၅ကျပ်၊၁၀ကျပ်၊၅၀ကျပ်နဲ့၁၀၀ကျပ်တန်များထုတ်ဝေပြီး 1985ခုနှစ်အောက်တိုဘာလအထိ သုံးစွဲခဲ့ကြပါတယ်။ ၁၉၈၅ ခုနှစ် နိုဝင်ဘာလမှာတော့ အာဏာရှင်နေဝင်းရဲ့ အမိန့်နဲ့ ၅၀ကျပ်တန်နှင့် ၁၀၀ကျပ်တန် ငွေစက္ကူများကို အကြောင်းပြချက်မရှိ ဖျက်သိမ်းခဲ့ပြီး နိုဝင်ဘာ ၁၀ရက်နေ့မှာ ၇၅ကျပ်တန် ၁၉၈၆ ခုနှစ် ဩဂုတ်လမှာတော့ ၁၅ကျပ်တန်နှင့် ၃၅ကျပ်တန်များ ထုတ်ဝေသုံးစွဲခဲ့ကြပါတော့တယ် ။ 1987 ခုနှစ်မှာတော့ ၂၅/၃၅ နှင့် ၇၅ ကျပ်တန်များကို ပြည်သူလူထုအား အသိပေးချက် တစ်စုံတစ်ရာမရှိပဲ ဖျက်သိမ်းခဲ့ပါတယ်။အဆိုပါ ဖျက်သိမ်းမှုများကြောင့် နိုင်ငံတွင်း ငွေကြေးရိုက်ခတ်မှုမှာ ကြီးမားခဲ့ပြီး စီးပွါးရေးမှာလည်း အဆမတန် ဆုတ်လျော့ခဲ့ရပါတယ်။ သုံးကြိမ်ထက်မနည်း ငွေမဲခဲ့ပြီး ၈၈၈၈ အရေးအခင်းကြီးပါ ဖြစ်ပေါ်ခဲ့ပါတယ် ။ ယနေ့ခေတ် သုံးစွဲရာငွေကြေးကျပ်တန်များကိုတော့ ၁၉၉၀ ခုနှစ်မှစ၍ စတင်ထုတ်ဝေခဲ့ပါတယ်။ယနေ့ခေတ်မှာတော့ ၅၀/၁၀၀/၂၀၀/၅၀၀/၁၀၀၀/၅၀၀၀ နဲ့ ၁၀၀၀၀ကျပ်တန်များဟာ မြန်မာလူထုရဲ့ အဓိကသုံးစွဲရာ ငွေကြေးကျပ်တန်များပဲ ဖြစ်ပါတယ်။ ကိုးကား-မြန်မာ့ငွေကြေးဆိုင်ရာဆောင်းပါးများကိုကိုးကားထားပါသည် ။#retromonth#ToComrades
တစ်ယောက်လာမေးထားတာလေးပါ

မဟုတ်ပါဘူးဗျ။ လူတိုင်းကူနိုင်ပါတယ်။အဓိက က ကိုယ် ယုံကြည်စိတ်ချရတဲ့သူတွေကိုပဲ ရောင်းဖို့ပါ၊ဒီကာလမှာ လုံခြုံရေးက အလွန်အရေးကြီးပါတယ်။

မိုးဗြဲက ကိစ္စတွေ အားလုံးကြားသိကြမှာပါ။ လေကြောင်းပါပါလာပြီး ရဲဘော်တွေ ကျည်လိုအပ်နေပါပြီ။
ကျွန်တော်တို့လည်း အဲ့ဒေသက အဖွဲ့တွေကို လက်ရှိ ရှိသလောက် ထောက်ပံ့ထားပါတယ်။
လိုအပ်ချက်တွေရှိနေသေးတာမို့ မဲလာဝယ်ကြပါဦး ကူရောင်းပေးကြပါဦးဗျာ💪

#ခေတ်လေးခေတ်သိန်းလေးရာ #ToComrades
အခုဆို မိုးဗြဲမြို့မှာ စစ်ရေးအခြေအနေ အရမ်းတင်းမာနေကြောင်းသတင်းများကို သိရှိပြီးဖြစ်မယ်လို့ထင်ပါတယ်။စကစဘက်ကနေ တရကြမ်းထိုးစစ်ဆင်နေတာဟာ ယနေ့ဆို ၄ရက်ရှိနေပါပြီ ။ အစပိုင်းမှာ မြေပြင်အခြေအနေအရ ပြည်သူ့ဘက်သားရဲဘော်တွေဟာ အခြေအနေသာခဲ့တဲ့အတွက် စကစဘက်ကနေ ဝေဟင်ထိုးစစ် ၊လက်နတ်ကြီး ရှိသမျှနည်းပေါင်းစုံနဲ့ တရကြမ်း ထိုးစစ်ဆက်လက်ဆင်နွှဲနေတာဖြစ်ပါတယ် ။
  အခုဆို မနေ့ညက အပြစ်မရှိတဲ့ကလေး၂ယောက်နဲ့ ပြည်သူ့ရဲဘော်တစ်ယောက်ရဲ့ အသက်ကိုပေးဆပ်ခဲ့ရပါပြီ။ဒါတောင် ကျွန်တော်တို့လက်လှမ်းမီလိုက်တဲ့သတင်းလေးပဲဖြစ်ပါတယ်။ စကစဘက်မှ အယောက် ၃၀ ကျော် ကျဆုံးပြီးလက်နက်များ ရရှိထားကြောင်း တရားဝင်သတင်းထုတ်ပြန်ချက်ကြောင့် အားတက်ရသလို ကျွန်တော်တို့ရဲဘော်တွေဘက်မှလည်း စကစဘက်မှ လက်နက်ကြီးနှင့် လေကြောင်းပစ်ကူများကြောင့် သေဆုံးသူရဲဘော်ရှိလာပြီး ဒဏ်ရာရရှိသူများအလွန်များပြားနေပြီဖြစ်ကြောင်း သတိကပ်ရပါမယ်။ တိုက်ပွဲကလည်း မရပ်မနားဆက်ဖြစ်နေတဲ့အတွက် နှစ်ဘက်လုံးလည်းပန်းနေကြပါပြီ။ အဲ့ထဲမှာမှ တန်ဖိုးရှိတဲ့အသက်တွေထပ်မဆုံးရှုံးရပဲ ပြည်သူ့ဘက်တော်သားတွေ အရေးသာဖို့အတွက် ကျွန်တော်တို့ပြည်သူတွေ တတ်နိုင်သလောက် ထောက်ပံ့ပေးရပါမယ်။တိုက်ပွဲသတင်းတွေကိုလည်း မှန်ကန်တိကျတဲ့ရင်းမြစ်တွေကို အဆက်မပြတ်စောင့်ကြည့်ပြီး ကိုယ်တတ်နိုင်ရာကို ဖြည့်ဆည်းပေးကြရပါမယ်။
  Page cb မှာ Payment method  များလာရောက်တောင်းယူနိုင်ပါတယ်။
#ToComrades
ရန်ပုံငွေသုံးစွဲပုံ
_____

KNDF ဗဟို - ၄၅ သိန်း
DMO PDF ဗဟို - ၁၀ သိန်း
DMO PDF (B) - ၅ သိန်း
DMO PDF (C) - ၁၀ သိန်း
မိုးဗြဲ MBDF - ၁၀ သိန်း
Karenni Army - ၅ သိန်း
ကနောင် PDF - ၃ သိန်း
လိပ်ဆင်းတောင် LDF - ၅ သိန်း ၄ သောင်း
အနော် ရထာ (၉) LDF -
Aung San Monya - ၃ သိန်း
ရေစကြို Pheonix defence force - 6 သိန်း

Gurdian UG - ၃ သိန်း
Kingsman UG - ၄ သိန်း
ကိုအာလူး UG - ၅ သိန်း
Bago UG - ၅ သိန်း
EYUSU - ၅ သိန်း
STF UG - ၅ သိန်း
MDY Revolution- ၄ သိန်း
Tiger 5 UG - ၅ သိန်း ၅ သောင်း

CDM support- ၂ သိန်း
ရဲဘော်သုံးဦး လမ်းစရိတ် - ၁ သိန်း
ငွေပေးချေမှုအကောင့်များဝယ်ယူခြင်းနှင့် ရဲဘော်များနေစရိတ် အထွေထွေ - ၆ သိန်း ၈ သောင်း ၁ ထောင်
#ToComrades #လချုပ်
မင်္ဂလာပါခင်ဗျာ။ ကျွန်တော်တို့ TC fundraising family ကနေ ပြည်သူများမှတစ်ဆင့် မြေအောက်ရဲဘော်များအတွက် မြို့ပြတွင်း ပွဲလှလှကနိုင်ရန် စရိတ်စုမည့် အစီအစဉ်မှကြိုဆိုလိုက်ပါတယ်။
ဒီပွဲကမယ့် အစီအစဉ်ကတော့ ရန်ကုန်တိုင်းပြည်သူ့တပ်မဟာအဖြစ် ဖွဲ့စည်းထားသော မြေအောက်တော်လှန်ရဲဘော်အဖွဲ့ ၁၉ဖွဲ့ စုပေါင်းပြီး ပွဲကမယ့်အစီအစဉ်ပဲဖြစ်ပါတယ်။ ၁၉ ဖွဲ့ဖြစ်တာနဲ့အညီ ပွဲကမယ့် အစီအစဉ်များဟာလည်း များပြားတာနဲ့အမျှ စရိတ်စကမှာတော့ အတော်လေးကို ကုန်ကျမယ့်အခြေအနေပါခင်ဗျာ။ ကုန်ကျစရိတ်အလိုက် ပြည်သူ့အတွက် စိတ်ကျေနပ်မှုရရှိစေမယ့် ပွဲများဖြစ်ကြောင်းကိုတော့ အာမခံပါတယ်ခင်ဗျာ။ပွဲအသေးစိတ်နဲ့ မိဘပြည်သူများဘက်မှ ကူညီဖြည့်ဆည်းပေးဖို့ လိုအပ်တာတွေကိုတော့ ပုံတစ်ပုံချင်းစီမှာဖတ်ရှုပေးကြပါဦးခင်ဗျာ။
ဒီအစီအစဉ်အတွက် ယခုညမှစပြီး ရဲဘော်များဆီသို့ ပြည်သူ့များဘက်မှ တတ်နိုင်သလောက် စရိတ်များကို ကျွန်တော်တို့ page ဆီသို လာရောက်ထောက်ပံ့နိုင်ပါပြီခင်ဗျာ။ ပုံမှန်ထောက်ပံ့နေကြ ပြည်တွင်း/ပြည်ပ payment method များသာမက NUG pay၊ Crypto တို့နှင့်ပါ လာရောက်တောင်းယူထောက်ပံ့နိုင်ပြီဖြစ်တဲ့အတွက် ရဲဘော်တို့ရဲ့ပွဲများအတွက် အားဖြည့်ပေးကြပါဦးခင်ဗျာ။

#tocomrades
သဘောက တောင်ပေါ်တွေ ပိုအေးပါပြီ
ရဲဘော်တွေ ၊စစ်ဘေးရှောင်တွေ အတွက် အနွေးထည်၊စောင်၊ရိက္ခာ အစရှိသည်တို့လည်းပိုလိုလာပါပြီ။
ကျွန်တော်တို့ TC ကနေ မနက်ဖြန်ကစပြီး ရဲဘော်တွေ အတွက် ဆောင်းစရိတ်စစုပါတော့မယ် ။ အထည်တွေ ရရင်ရသလိုပို့ပါတော့မယ်။ ဒီလိုတွေ လုပ်နိုင်ဖို့ဟာ မိဘပြည်သူတို့၊ကျွန်တော်တို့ ရဲ့ စုပေါင်းအားတွေပေါ်မှာအများကြီးမူတည်နေပါတယ်ဗျာ။
ကျွန်တော်တို့ ဆောင်းစရိတ်စုပွဲကြီးမှာ ပါဝင်အားဖြည့်ပေးကြပါဦး။

#ToComrades #winter #ဆောင်းစရိတ်
မိဘပြည်သူများ သိရှိတဲ့အတိုင်း ဆောင်းရာသီဝင်တာနဲ့အမျှ အအေးဒဏ်ကို အံတုဖို့ အနွေးထည်/အထည်ထူထူများ၊ ရံဖန်ရံခါ ဖြစ်ပေါ်လာနိုင်သော အခြေအနေများအတွက် လုံလောက်သော အစားအစာများ၊ ဆောင်းရာသီအတွင်း ကျန်းမာရေးပြဿနာများအတွက် ဆေးဝါးများ စတဲ့ အဓိကလိုအပ်ချက် ၃ ခုရှိပါတယ်။ ကျွန်တော်တို့ TC family ကနေ အဆိုပါ ရဲဘော်များရဲ့ လိုအပ်ချက် ၃ခုအတွက် ဆောင်းစရိတ်ကြိုတင် အလှူခံလိုပါတယ်ခင်ဗျာ။ ပြည်သူများမှတစ်ဆင့် ရရှိလာတဲ့ ဆောင်းစရိတ်ကိုလည်း ငွေပမာဏအလိုက် အဓိကလိုအပ်တဲ့ နေရာဒေသများကို ခွဲဝေထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။
ထပ်ဆင့်ပြောကြားလိုတာကတော့ မိဘပြည်သူများမှ ကျွန်တော်တို့ fundraising family ကနေ ဆောင်းစရိတ်ကို လိုအပ်ချက် ၃ ခု ခွဲထားတဲ့အထဲ မိမိထောက်ပံ့ချင်တဲ့ လိုအပ်ချက်အလိုက် နည်း/များ မဆို ထောက်ပံ့နိုင်ပါတယ်။ဆိုလိုချက်ကတော့ အဝတ်အထည်အတွက် ဘယ်လောက် ၊ စားစရိတ်တွက် ဘယ်လောက်၊ ဆေးဝါးအတွက် ဘယ်လောက် ဆိုပြီးလာလှူလို့ရတာကို ပြောတာပါခင်ဗျာ။ အကုန်လုံးအတွက်ဆိုပြီး လှူချင်လည်းရပါတယ်နော်။ ကျွန်တော်တို့ စာရင်းအရ ၃ ခုကို ၃ယောက် တာဝန်ခွဲယူထားလို့ပါခင်ဗျ။
ဒီလိုဆိုရင်တော့ အကုန်လုံး နားလည်သဘောပေါက်လောက်ပြီထင်ပါတယ်ခင်ဗျာ။ ဆောင်းရာသီကိုလည်း အံတုပြီး အာဏာရှင်စနစ်ကို တော်လှန်ကြဦးမယ့် ရဲဘော်များအတွက် တတ်နိုင်သလောက် လာရောက်ထောက်ပံ့ပေးကြပါဦးခင်ဗျာ ။ Payment method များကို page chatbox တွင် လာရောက်တောင်းယူနိုင်ပါပြီခင်ဗျာ ။
စကားချပ်အနေနဲ့ ကျွန်တော်တို့မနှစ်ကလို မိဘပြည်သူများမှ ပစ္စည်းထောက်ပံ့ပေးတာကိုလိုက်လံမကောက်ယူနိုင်တာ အဓိကက ကျွန်တော်တို့နဲ့လှူမယ့်ပြည်သူများရဲ့ လခရအခြေအနေကြောင့်ပါခင်ဗျာ။ တစ်ခုချင်းစီလိုက်ကောက်လိုက်ယူမှုအပေါ် စောင့်ကြည့်မှုများ များပြားလာနိုင်ပြီး တင်ပို့မှုမှာလည်း အခက်အခဲတွေ ရှိလာနိုင်လို့ပါခင်ဗျာ။ကျန်တာတော့ မိဘပြည်သူများနားလည်မှာပါခင်ဗျ။ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ။

#ဆောင်းစရိတ်
#ToComrades
ဒီစကားတွေဟာ ပုံပြင်မဟုတ်သလို အကွက်ကျကျ စီစဥ်ထားသော ဇာတ်လမ်းလည်းမဟုတ်ပါဘူး။ ဇွန်လ ၂၆ ရက်နေ့က ဆားလင်းကြီးမြို့နယ် ကျောက်မော်ကျွေးရွာမှာ ဖြစ်ပွားခဲ့တဲ့ဖြစ်စဥ်တစ်ခုပဲဖြစ်ပါတယ်။
သွေးစည်းကြသလိူ သွေးလည်းရဲကြတဲ့ အညာသူအညာသားတွေကို ကြောက်ရွံ့နေတဲ့ စစ်အုပ်စုဟာ အညာ​ဒေသတွေကိုမကြာခဏဆိုသလိုဝင်ရောက်စီးနှင်းပြီး ရွာသားတွေကို ဖမ်းဆီးညှင်းဆဲရုံမက
အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ပြီ လူမဆန်တဲ့လုပ်ရပ်များစွာကိုအတိုင်းအဆမဲ့ ကျူးလွန်လျက်ရှိပါတယ်။ ဆားလင်းကြီးမြို့နယ်ဖြစ်စဥ်မှာလည်း စစ်ကောင်စီမှရွာထဲသို့ဝင်ရောက်စီးနင်းစဥ် လေဖြတ်ထားပြီးမပြေးနိုင်တဲ့ အသက်၈၀ ကျော်အရွယ်အဘိုးအိုတစ်ဦးနဲ့ အသက်၂၉ နှစ်အရွယ်ရှိတဲ့ လူလတ်ပိုင်းတစ်ဦးကို အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့ပါသေးတယ်။ မှတ်တမ်း video မှာလည်း မိသားစုဝင်တွေရဲ့စကားသံကို ဝင်ရောက်ကြည့်ရှူနိုင်ပါတယ် ။

https://fb.watch/gArO-KOcAr/

ဒီဖြစ်စဥ်တွေကိုကြည့်ခြင်းဖြင့် ရန်သူစစ်ကောင်စီဟာ အတိုင်းအဆမဲ့ယုတ်မာနေသလို နောက်ဆုတ်ရန်မရှိတဲ့ လမ်းကိုလျှောက်နေတာအသေအချာပါပဲ။ လူ့မိစ္ဆာတွေကို နှိမ်နင်းပြီး ပြည်သူတွေကို ကာကွယ်ပေးနေကြတဲ့ဆားလင်းကြီးကရဲဘော်တွေကို ပိုမိုထောက်ပံ့ပေးဖို့လိုအပ်လာတာမျက်မြင်ပါပဲ။ လိုအပ်ချက်တွေကိုဖြည့်ဆည်းဖို့ ပြည်သူ့အင်အားလိုအပ်ပါတယ်။မိဘ ပြည်သူတွေအနေနဲ့လည်း နိုင်ငံအနှံအပြားမှာ ဒီလိုမျိုးဖြစ်စဉ်တွေရှိနေဆဲဆိုတာကို သတိကပ်ပြီးတော်လှန်ရေးမှာ ပါဝင်နေကြဖို့လိုအပ်ပါတယ်။

အကယ်၍ဆားလင်းကြီးကိုထောက်ပံ့ချင်တယ်ဆိုရင်တော့ Operation Chindwin campaign လေးမှာပါဝင်နိုင်ပါတယ်ခင်ဗျာ။

အသေးစိတ် -
https://m.facebook.com/story.php?story_fbid=pfbid0XaHh6fFXjsjSGvHRBAjXktgrddZqSzdMvyQEs8o5XWpqghptvQRCgc9K2YV9igjbl&id=108274398171698

#OperationChindwin #tocomrades
မိဘပြည်သူများခင်ဗျား ဒီပုံကတော့ မနှစ်က ဆောင်းရာသီအတွက် စစ်ဘေးရှောင်ဒေသတွေနဲ့ ရဲဘော်တွေဆီကိုပို့ပေးတဲ့ အနွေးထည်ပုံစံပဲဖြစ်ပါတယ်။ ကျွန်တော်တို့ admin team မှ တစ်ယောက်က ဝတ်ပြထားတာပါ။ ဒီနှစ်ကိုလည်း လိုအပ်နေတဲ့ဒေသများဆီ မိဘပြည်သူများရဲ့ထောက်ပံ့မှုအပေါ်မူတည်ပြီး ဒီလိုအနွေးထည်များကို ပို့ပေးဖို့ လုပ်နေပါတယ်။
အနွေးထည်အစီအစဉ်ဟာ လက်ရှိဆောင်းစရိတ် campaign မှာ ပါဝင်ပါတယ်ခင်ဗျာ ။ ဒေသလည်းများ၊ရဲဘော်လည်းများနေတဲ့အတွက် တတ်နိုင်သလောက် အနွေးထည်များ လာရောက်ထောက်ပံ့ပေးကြပါဦးခင်ဗျာ။
#tocomrades