To Comrades - ရဲဘော်များသို့
401 subscribers
1.03K photos
36 videos
1 file
322 links
Download Telegram
တစ်ခေတ်တစ်ခါက မြန်မာ့ငွေကြေးများ ယခုခေတ် မြန်မာလူမျိုးများသည် ၎င်းတို့အသုံးပြုရာ ငွေကြေးများကို ငွေဟုလည်းကောင်း၊ပိုက်ဆံဟုလည်းကောင်းခေါ်ဝေါ်တတ်ကြပါတယ်။ငွေကျပ်မှာမူ မြန်မာစကားလုံးဖြစ်သောလည်း ပိုက်ဆံမှာမူ အိန္ဒိယဘာသာမှ မွေးစားစကားလုံးဖြစ်ပါတယ်။ ရှေးတစ်ခေတ်တစ်ခါက မြန်မာလူမျိုးများ၏ စတင်သုံးစွဲရာငွေကြေးမှာ ကျပ်စေ့၊မူးစေ့၊မတ်စေ့များဖြစ်ကြပါတယ်။အဆိုပါ ကျပ်စေ့၊မူးစေ့၊မတ်စေ့များမှအစပြု၍ ခေတ်အဆက်ဆက်ပြောင်းလဲလာတာနဲ့အမျှ ယနေ့ခေတ် သုံးစွဲသော ငွေကြေးများဖြစ်တဲ့ ငွေစက္ကူကျပ်တန်များထိပြောင်းလဲခဲ့ပါတယ်။ယခုခေတ် အမြင့်ဆုံးငွေကျပ်မှာတော့ ၁သောင်း ကျပ်တန်ပဲ ဖြစ်ပါတယ်။ သမိုင်းကြောင်းအရကြည့်ပါက ပျူခေတ်မှစ၍သရေခေတ္တရာခေတ်ထိ ကျပ်စေ့၊မူးစေ့၊မတ်စေ့ စသည်ဖြင့် ရခိုင်င်္ဒဂါးနှင့်မွန်င်္ဒဂါးများကိုသုံးစွဲခဲ့ပြီး ပုဂံခေတ်မှာတော့ ငွေတုံးငွေခဲများကို တစ်ဆယ်သား၊နှစ်ဆယ်သား၊အစိတ်သား စသည်ဖြင့်အဓိကသုံးစွဲခဲ့ကြပါတယ်။ကုန်းဘောင်ခေတ်မှာတော့ ပြည်ပထုတ် မြန်မာ့ဒင်္ဂါးများပါပေါ်ပေါက်ခဲ့ပြီး မြန်မာ/ရခိုင်/ဝေသာလီ/ကုလား စသည့် ဒင်္ဂါးလေးမျိုးကို အဓိကငွေကြေးအနေနဲ့ သုံးစွဲခဲ့ကြပါတယ်။
မင်းတုန်းမင်းလက်ထက်မှာတော့ ပြည်တွင်းထုတ် မြန်မာဒေါင်းဒင်္ဂါးများပေါ်ပေါက်ခဲ့ပြီး ရွှေဖြင့် တစ်ပဲစေ့၊တစ်မတ်စေ့ ထုတ်လုပ်၍ ငွေဖြင့် တစ်ကျပ်စေ့၊ငါးမူးစေ့၊တစ်မတ်စေ့၊တစ်မူးစေ့၊တစ်ပဲစေ့များ များ ထုတ်လုပ်သုံးစွဲခဲ့ကြပါတယ်။ထိုစဉ်က ငွေလဲလှယ်နှုန်းမှာ မြန်မာဒင်္ဂါး ၁၅ကျပ်ခန့်ကို အင်္ဂလိပ်ရွှေဒင်္ဂါးစတာလင် တစ်ပေါင်ထိ မြန်မာငွေကြေးမှာ တန်ဖိုးမြှင့်ခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ ဗြိတိသျှနယ်ချဲ့လက်အောက်ကို ကျရောက်ပြီးနောက်ပိုင်းမှာတော့ မြန်မာလူမျိုးများဟာ မြန်မာဒင်္ဂါးနဲ့ အိန္ဒိယဒင်္ဂါး ၂မျိုးလုံးကို သုံးစွဲနိုင်ခဲ့ကြပါတယ်။ ၁၈၆၁ ခုနှစ်မှာတော့ ၎င်းခေတ် ဥပဒေအရ ငွေစက္ကူများစတင်ထုတ်ဝေသုံးစွဲခဲ့ပါတော့တယ်။သို့ရာတွင် ၎င်းငွေစက္ကူများမှာ အိန္ဒိယပြည်ထုတ် မြန်မာပြည်၌သာ အသုံးဝင်သော ၁ရူပီး၊၅ရူပီး၊၁၀ရူပီး၊၁၀၀ရူပီး၊၁၀၀၀ရူပီး၊၁၀၀၀၀ရူပီး တန်များသာဖြစ်ကြပါတယ်။ ဖက်ဆစ်ဂျပန်များမှ မြန်မာနိုင်ငံသို့ဝင်ရောက်ပြီးချိန်မှာတော့ အိန္ဒိယငွေစက္ကူများကို ဖျက်သိမ်းကာ ဂျပန်ငွေစက္ကူများ ရိုက်နှပ်သုံးစွဲခဲ့ကြပြန်ပါတယ်။ဒုတိယကမ္မာစစ်အပြီး မြန်မာနိုင်ငံသို့ ဗြိတိသျှများ ပြန်လည်ဝင်ရောက်လာချိန်မှာတော့ အဆိုပါဂျပန်ငွေစက္ကူများကို ဖျက်သိမ်းခဲ့ပြန်ပြီး မြန်မာနိုင်ငံတွက် သီးသန့်ငွေစက္ကူများထုတ်ဝေခဲ့ပြန်ပါတယ်။အဆိုပါခေတ်မှာတော့ ၎င်းသီးသန့်ငွေစက္ကူများနှင့် အိန္ဒိယငွေစက္ကူများအားလုံး မြန်မာနိုင်ငံတွင် တရားဝင်သုံးစွဲခဲ့ကြပါတယ်။ ယနေ့ခေတ် ကျွန်ုပ်တို့ အသုံးပြုနေသော ကျပ်ငွေများကိုတော့ ၁၉၅၂ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ မှ စတင်ထုတ်ဝေသုံးစွဲခဲ့ကြပါတယ်။၁ကျပ်၊၅ကျပ်၊၁၀ကျပ်၊၅၀ကျပ်နဲ့၁၀၀ကျပ်တန်များထုတ်ဝေပြီး 1985ခုနှစ်အောက်တိုဘာလအထိ သုံးစွဲခဲ့ကြပါတယ်။ ၁၉၈၅ ခုနှစ် နိုဝင်ဘာလမှာတော့ အာဏာရှင်နေဝင်းရဲ့ အမိန့်နဲ့ ၅၀ကျပ်တန်နှင့် ၁၀၀ကျပ်တန် ငွေစက္ကူများကို အကြောင်းပြချက်မရှိ ဖျက်သိမ်းခဲ့ပြီး နိုဝင်ဘာ ၁၀ရက်နေ့မှာ ၇၅ကျပ်တန် ၁၉၈၆ ခုနှစ် ဩဂုတ်လမှာတော့ ၁၅ကျပ်တန်နှင့် ၃၅ကျပ်တန်များ ထုတ်ဝေသုံးစွဲခဲ့ကြပါတော့တယ် ။ 1987 ခုနှစ်မှာတော့ ၂၅/၃၅ နှင့် ၇၅ ကျပ်တန်များကို ပြည်သူလူထုအား အသိပေးချက် တစ်စုံတစ်ရာမရှိပဲ ဖျက်သိမ်းခဲ့ပါတယ်။အဆိုပါ ဖျက်သိမ်းမှုများကြောင့် နိုင်ငံတွင်း ငွေကြေးရိုက်ခတ်မှုမှာ ကြီးမားခဲ့ပြီး စီးပွါးရေးမှာလည်း အဆမတန် ဆုတ်လျော့ခဲ့ရပါတယ်။ သုံးကြိမ်ထက်မနည်း ငွေမဲခဲ့ပြီး ၈၈၈၈ အရေးအခင်းကြီးပါ ဖြစ်ပေါ်ခဲ့ပါတယ် ။ ယနေ့ခေတ် သုံးစွဲရာငွေကြေးကျပ်တန်များကိုတော့ ၁၉၉၀ ခုနှစ်မှစ၍ စတင်ထုတ်ဝေခဲ့ပါတယ်။ယနေ့ခေတ်မှာတော့ ၅၀/၁၀၀/၂၀၀/၅၀၀/၁၀၀၀/၅၀၀၀ နဲ့ ၁၀၀၀၀ကျပ်တန်များဟာ မြန်မာလူထုရဲ့ အဓိကသုံးစွဲရာ ငွေကြေးကျပ်တန်များပဲ ဖြစ်ပါတယ်။ ကိုးကား-မြန်မာ့ငွေကြေးဆိုင်ရာဆောင်းပါးများကိုကိုးကားထားပါသည် ။#retromonth#ToComrades
"တော်လှန်​ရေးအတွက်ကူ ရထားခရီးစဥ်ယူ"
ရထားလက်မှတ် တစ်​စောင် ၃၀၀၀ ကျပ်။

​တော်လှန်ရဲ​ဘော်​တွေအတွက် ​ထောက်ပို့ရင်းနဲ့ ရထားနဲ့ခရီးသွားခွင့်ရမယ်ဆိုရင်​ရော စိတ်ဝင်စားကြလား? ဒါဆိုရင်​တော့ ကျွန်​တော်တို့ TC က​နေ ယခုပြုလုပ်မယ့် Project မှာ ပါဝင်အားဖြည့်လိုက်ပါ။

​တော်လှန်​ရေးခရီး ဆုံးခန်းတိုင်​အောင် အတူ​လျှောက်လှမ်းမယ့် ကျွန်​တော်တို့ ​တော်လှန်သူအ​တွေအတွက် ရထားလက်မှတ်​လေး​ရောင်းချင်ပါတယ်။ ​တော်လှန်သူ​တွေပဲ လိုက်ပါစီးနင်းလို့ရမယ့် "တော်လှန်​ရထားကြီး" ပါ။ ရထားလက်မှတ် တစ်​စောင် ၃၀၀၀ ကျပ် ကျသင့်မှာပါ။

လက်မှတ်တစ်​စောင်ဝယ်ယူတိုင်း ကျွန်​တော်တို့ To Comrades က​နေပြီး မီးရထားလက်မှတ်တစ်​စောင် ပြန်​ပေးသွားမှာဖြစ်ပါတယ်။

မီးရထားလက်မှတ် ပိုင်ရှင်များစွာထဲကမှ ကံထူးရှင်တစ်ဦးကို​ရွေးချယ်ပြီး ​"တော်လှန်​ရေးကာလအလွန်" မှာ အရင်​ခေတ်ကလို မီးရထားနဲ့ခရီးသွားတဲ့ အရသာ​လေးခံစမိနိုင်​စေဖို့အတွက် တကယ့်မီးရထားအစစ်နဲ့သွားရမယ့် ပုဂံခရီးစဥ်တခု ပို့​ဆောင်​ပေးမှာဖြစ်ပါတယ်။
‼️ခရီးစဥ်ထဲဘာ​တွေပါဝင်မလဲဆို​ရင်


▪️Couple ​တွေဆိုလျှင် ချစ်ရသူနဲ့အတူ ခရီးထွက်နိုင်​အောင်၊ Single ​တွေဆိုရင်လည်း သူငယ်ချင်း (သို့) မိသားစုနဲ့ အတူဒိုးနိုင်ဖို့အတွက် ရန်ကုန်နှင့် ပုဂံ မီးရထားလက်မှတ်(အထူးတန်း) အသွား ၂ ​စောင်၊ အပြန် ၂ ​စောင်။

▪️ပုဂံရှိ ​ဟော်တယ်တခုတွင် ၂ ဦးစာ အခမဲ့ ၃ ရက်တိတိ​နေထိုင်ခွင့် တို့ပဲ ဖြစ်ပါတယ်။

👉(၃) ရက်ထက် ပို​နေလိုသည်ဖြစ်​စေ လူထပ်​ခေါ်လိုသည်ဖြစ်​စေ အနည်းငယ်အိတ်စိုက်ပြီး ခရီးထွက်လို့ရ​အောင်လည်း စီစဥ်​​ပေးပါ့မယ်ခင်ဗျာ။

ပ​ရောဂျက် ရရှိ​ငွေများထဲမှ ၅၀% ကို တော်လှန်ရဲ​ဘော်​တွေအတွက် ရိက္ခာဖိုး ပါဝင်အားဖြည့်ကူညီသွားမှာပါ။ ကျန်တဲ့ ၅၀% တိတိကို ယခုထိ ကြံ့ကြံ့ခံပြီး CDM လုပ်​ပေး​နေတဲ့ မီးရထား CDM ဝန်ထမ်း​​​တွေကို ​​ကျေးဇူးဆပ်သွားမှာဖြစ်တဲ့အတွက် လက်မှတ် ဝယ်လိုက်ရုံနဲ့ကို သင်တို့ပါ, ပါဝင်​ထောက်ပံ့ပြီးသားဖြစ်မှာ။

ဆို​တော့ လို​နေတဲ့​နေရာအတွက်​ထောက်ပို့ရင်း ၊ မီးရထား​လေးနဲ့ ပုဂံ လည်ပတ်နိုင်မယ့် အခွင့်အ​ရေး​လေးပါ ရရှိနိုင်မှာမို့ ယခုပဲ မီးရထားလက်မှတ်လာဝယ်ကြ​နော် 😉🤭
ပထမတခုက မန္တလေးက UGအဖွဲ့တခုကို အတိုတလက်ကူပေးထားခြင်းဖြစ်ပါတယ်ဗျ။

ဒုတိယတခုက WOURရဲ့ မြို့ပြလောင်ချာ projectတွင် ကူညီပံ့ပိုးခဲ့ခြင်းဖြစ်ပါသည်။

အရေးတော်ပုံအောင်ရမည်
တော်လှန်ရထားခရီး လက်မှတ်တွေကို အမြန်ဆုံးလုပ်ပြီး ပြန်ပေးဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်။

ပို့ပေးရာမှာ Business Suite Error တက်ခြင်း
အဖွဲ့ဝင်များ ၏ နေရာများအလိုက် အင်တာနက်လိုင်းအခက်အခဲများရှိခြင်းတို့ကြောင့် အနည်းငယ် ကြန့်ကြာနိုင်ပါတယ်။ ဒါ​ကြောင့်မို့မရမှာကို စိတ်မပူကြဖို့၊အနည်းငယ်စောင့်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်ဗျာ🥺🖤

အရောင်းပိတ်ခါနီးမှာလည်း လက်မှတ် မရပဲ မကျန်ခဲ့အောင် သတိပေး post လေးတွေ တင်ပေးသွားပါမယ်ဗျာ။

ကျွန်တော်တို့ဘက်က အခက်အခဲလေးတွေကိုနားလည်ပေးကြဖို့မျှော်လင့်ပါတယ်။ ကံထူးကြပါစေ

Project အကြောင်း - https://www.facebook.com/108274398171698/posts/362024392796696/
ဒီနေ့နောက်ဆုံးပဲမို့ မြန်မြန်လာဝယ်မှ
တော်ကာကြမယ်နော်🙄

ရထားလက်မှတ်ဝယ်ရင်း
မီးရထားCDMနဲ့ရဲဘော်တွေကို ကူလိုက်ပါ🥰

https://www.facebook.com/108274398171698/posts/362024392796696/
"အထူးသတိ"

ရန်သူဟာ ရန်သူ့အလုပ်ရန်သူလုပ်​နေပါတယ်။ အဘက်ဘက်က​နေ စုံစမ်း၊ ဝရမ်းထုတ်၊ ဖမ်းဆီး​နေတဲ့ ကာလဖြစ်တဲ့အတွက် လုံခြုံ​ရေးကို အထူးသတိပြုကြဖို့ မှာလိုပါတယ်။

​တော်လှန်သူများရဲ့ Fri Only ဖြင့် တင်ထား​သော ပို့စ်များ အ​ကောင့်များ ကအစ ​ဘောမဒလန်ချန်နယ်လ်များမှာ ပါလာတာ​မျိုး​တွေကိုပါ​တွေ့​နေရပါတယ်။ ထို့အပြင် Kpay/ Wavepay အစရှိတဲ့ Mobile Banking Account​ တွေ ​ရေခဲရိုက်ခံရမှု​တွေ ရှိ​​နေပါ​သေးတယ် ခင်ဗျာ။

ထို့အတွက် မဆုံးရှုံးသင့်တာ မဆုံးရှုံးရ​အောင်၊ မထိခိုက်သင့်တာ​ မထိခိုက်ရ​အောင် အစစအရာရာ သတိချပ်ကြဖို့၊ သတိထားကြဖို့အတွက် ထပ်​လောင်းသတိ​​ပေးလိုပါတယ်။

တော်လှန်​ရေး​မောင်နှများအားလုံး လုံခြုံ​ရေးကိစ္စအဝဝကို အထူးဂရုစိုက်ကြဖို့ သတိ​ပေးရင်းဖြင့် အားလုံး​ဘေးအန္တရာယ်ကင်းရှင်းစွာ ဆက်လက်​တော်လှန်နိုင်ကြပါ​စေလို့ ကျွန်​တော်တို့ TC Family က​နေလည်း ဆု​တောင်း​နေပါတယ်ခင်ဗျာ။

U all be safe 🖤
"UG ဇာတ်ပွဲ ဖျာဝယ်ရင်းအတူနွှဲ"

UG ​တွေရဲ့ ဇာတ်ပွဲကတာကို ခမ်းခမ်းနားနားကြည့်ရှုနိုင်ဖို့အတွက် ပွဲကြည့်ဖျာ​တွေ လာဝယ်​ကြပါဦးဗျို့

Single set ဖျာတစ်ချပ် - ၂၀၀၀ ကျပ်၊

Couple set ဖျာတစ်ချပ် - ၃၀၀၀ ကျပ်၊

Family set ဖျာတစ်ချပ် - ၅၀၀၀ကျပ်။

ကျွန်​တော်တို့ TC က ဒီ​နောက်ပိုင်း UG ​တွေကို အဓိက ​ထောက်ပံ့မှုပြုဖြစ်​နေတာ အားလုံး​တွေ့ကြမှာပါ။ ဒီတစ်ခါလည်း UG ​တွေ ပွဲကဖို့ အ​ထောက်အကူ​တွေဖြစ်ဖို့အတွက် "ဇာတ်ပွဲကြည့်ဖို့ ဖျာဝယ်ကြစို့" ပ​ရောဂျက်​လေး လုပ်ထားပါတယ်ခင်ဗျာ။

ဇာတ်ပွဲက​တော့ မြို့ပြ​တွေမှာ ကပြသွားမှာပဲဖြစ်ပါတယ်။ ယခင်က UG ​တွေ ဖမ်းဆီးခံရခြင်းနဲ့အတူ လ-က် န-က် နှင့် ​ဖော-က် ခွဲ​ရေး ပစ္စည်းအချို့ပါထားတဲ့အတွက် ​ကောင်းမွန်စွာ ပွဲကနိုင်ဖို့ ပစ္စည်းလိုအပ်ချက်​တွေရှိ​နေပါတယ်ခင်ဗျာ။

ဇာတ်ပွဲ​အောင်မြင်စွာပြီးဆုံးဖို့၊ ကျွန်​တော်တို့ UG မင်းသားကြီး​တွေ ​ကောင်းမွန်စွာ ပွဲကနိုင်ဖို့အတွက် ဖျာ​လေး​တွေလာဝယ်ပြီး ပွဲကြည့်​ပေးကြပါဦး။
ဖျာတစ်ချပ်ကို လူတစ်​ယောက်ပဲ ထိုင်လို့ရပါမယ်ခင်ဗျာ။

နှစ်ယောက်ထိုင်ချင်ရင် ပေါင်ပေါ် တက်ထိုင်လို့လဲ မရပါဘူး၊ ၂ ချပ်ဝယ်ကိုဝယ်ရပါမယ်😾

စျေးလည်းမ​လျှော့​ပေးပါဘူးခင်ဗျာ။

ဖျာ​စျေး​လေး​တွေက​တော့

Single set ဖျာတစ်ချပ် - ၂၀၀၀ ကျပ်၊

Couple set ဖျာတစ်ချပ် - ၃၀၀၀ ကျပ်၊

Family set ဖျာတစ်ချပ် - ၅၀၀၀ကျပ်ပါ

ကဲကဲ ပွဲကြည့်ဖို့ဖျာဝယ်ရင်းနဲ့ UG ​တွေကို ဝိုင်းကူ​ပေးကြပါဦးဗျို့၊ ဝယ်မယ်ဆို Chatbox လာကြ​နော် 🤭 ဘာနဲ့ဝယ်ချင်လဲ​ပြော အကုန်ရှိတယ် 😛💙
ပွဲတွေကျ အလုအယက် ဖျာသွားခင်းနေကြပြီး
TCမှာ ဖျာရောင်းတော့မှ လာမခင်းရင်တော့
ဟင်းဟင်းနော်😒

UGတွေအတွက် ဖျာတွေ လာဝယ်ကြပါဦး။
ပိစိလေးပဲရသေးလို့🤧
https://www.facebook.com/108274398171698/posts/372772771721858/