ပုလဲမြေ
9.95K subscribers
24.8K photos
2.06K videos
7 files
7.08K links
မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူအောင်စိတ်ကိုထား
Download Telegram
Forwarded from Kyaw Swar
အကြမ်းဖက်သမား ဗိုလ်စသန်နိုင်ကြောင့် မေလ ၉ ရက်နေ့က ဖြစ်ပွားခဲ့သော ဖားဆောင်းတိုက်ပွဲအတွင်း ကရင်နီပြည်ဝံပုလွေစစ်ကြောင်း PDF အကြမ်းဖက်သမားအများအပြား ကျည်ထိမှန် သေဆုံးခဲ့တယ်လို့ KSWC ရဲဘော် ထူးယံက ပြောcrd

ဖားဆောင်း၊ မေ ၁၀

https://t.me/kyawswar49111
Forwarded from Ko Thet
အကြမ်းဖက်သမားတွေက ဆုံရွာကို ဘာကြောင့် ယုတ်မာလဲ?

မေလ (၉)ရက်နေ့ မနက်ပိုင်း မြင်းခြံမြို့နယ်၊ ဆုံရွာမှာဖြစ်ခဲ့တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုက အကြောင်းမဲ့တော့ မဟုတ်နေခဲ့ဘူး။
-
မြင်းခြံ၊ ဆီမီးခုံနယ်ထဲက ဒေသခံအချို့ကို ဆက်သွယ်မေးမြန်းကြည့်တဲ့အခါမှာ-
"ဆုံရွာက ရွာသူ၊ ရွာသားတွေဟာ နေပြည်တော်မှာ တည်ထားကိုးကွယ်မယ့် မာရဝိဇယကျောက်တုံး တော်ကြီးကို ဆီးမီးခုံဆိပ်ကမ်းကနေ အစစအရာအရာ လုပ်အားပေးကူညီထောက်ပံ့ပေးခဲ့ကြတာ ပြီးဆုံးတဲ့ အထိပဲ၊ အဲ့နားကတခြား ကျန်တဲ့ရွာတွေက တစ်ရွာမှ မကူညီကြဘူး။ အဲ့ဒီအငြိုးနဲ့ စစ်တပ်ထောက်ခံ ပျူရွာဆိုပြီး တစ်ရွာလုံးမီးရှို့ပြီး သတ်ခံလိုကြရတာပါပဲ။ အခုလည်း အဲ့ရွာနဲ့ အဲ့ရွာကိုလာမယ့် စစ်ကြောင်းကို တိုက်ဖို့ အင်အားစုနေကြတယ်" လို့ ဆိုပါတယ်။ ဆက်လက်ဖတ်ရှုနိုင်ပါရန်»
Forwarded from Kyaw Swar
ယနေ့ နံနက်အစောပိုင်းက ဘီးလင်းမြို့နယ်အတွင်းရှိ ရန်ကုန်-မော်လမြိုင် လမ်းပေါ်က ဘီးလင်းတံတားကို အကြမ်းဖက်အဖွဲ့များ မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့တာကြောင့် လုံး၀ သုံးမရအောင် ပျက်စီးသွားပါတယ်...အကြမ်းဖက်အဖွဲ့တွေက ပြည်သူတွေ သွားရေးလာရေး ခက်ခဲမှုတွေရှိအောင် တော်လှန်ရေးဆိုတာနဲ့ ဘာမှမသက်ဆိုင်ဘဲ လမ်းတံတားတွေ...ရထားသံလမ်းတွေကို အခုလို မိုင်းထောင်ဖောက်ခွဲနေကြတာဟာ ပြည်သူတွေကို ဒုက္ခရောက်အောင်ပြုလုပ်နေကြသလို...နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျအောင် ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်နေကြတာပဲဖြစ်ပါတယ်။

https://t.me/kyawswar49111
Forwarded from Kyaw Swar
11.5.2024 မော်လိုက်မြို့နယ် အော်ဇီးခုန် ရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းလင်း၏သား အောင်တိုး အသက် (27)နှစ် အား အကြမ်းဖက် PDF များ က 10.5.2024 ရက် မနက် (7)နာရီအချိန်တွင် အောင်တိုး မှရွာအနီး လယ်ထဲသို့ ကျွဲ၊နွား သွားကြောင်းရာ အကြမ်းဖက် PDF များက ဖမ်းဆီး၍သတ်လိုက်ပြီဟု သိရှိရပါသည်။

https://t.me/kyawswar49111
Forwarded from Kyaw Swar
ကချင်ပြည်နယ် သတင်းများ

(၁၀/၅/၂၀၂၄)ရ က်နေ့ နံနက်ပိုင်းတွင်ကချင်ပြည်နယ်၊ မံစီမြို့နယ်က တပ်မတော်ရှေ့တန်းစခန်းကုန်းတစ်ခုကို ကချင်အကြမ်းဖက်KIA PDF တို့ က အင်အားအလုံးအရင်းဖြင့် ပိတ်ဆို့တိုက်ခိုက်နေသဖြင့် မံစီမြို့တွင်းအခြေအနေအရ စစ်ရေးဆက်လက်တင်းမာနေ၍ တိုက်ပွဲများဆက်ဖြစ်လာနိုင်ကြောင်း မြေပြင်သတင်းရင်းမြစ်တစ်ဦးထံက ယနေ့ သတင်းပေးပို့လာပါသည်။

မြို့ကျမသွားစေရေး တပ်မတော်ဘက်က လူအင်အားဖြည့်ပြီး ခုခံနေရသကဲ့သို့ မြို့ပြင်ရှိ ခမရ ၆၀၁၊ ၆၀၂ နှင့် လက်နက်ကြီးတပ်အပြင် ဗန်းမာ်ဘက်မှ နေပြီး လက်နက်ကြီးပစ်ကူပေးနေရကြောင်း၊တိုက်ပွဲ ပြင်းထန်နေသည့်အတွက် နှစ်ဖက် တပ်တို့က လက်နက်ကြီးများဖြင့်အပြန်အလှန်ပစ်ခတ်မှုများရှိနေ
ပါသည်၊မံစီမြို့အတွင်း၌ စစ်ရေးဆက်လက် တင်းမာနေသည့် အခြေအနေတွင်ရှိနေကြောင်း ဒေသခံများထံကသိရှိရပါသည်။


(၁၀/၅/၂၀၂၄)ရက်နေ့ နံနက်ပိုင်းတွင်
ကချင်ပြည်နယ်၊ဆွမ်ပရာဘွမ်မြို့နယ် ၊တန်ဂျာကျေးရွာအတွင်းသို့ တပ်မတော်မှစစ်ကြောင်းထိုးဝင်ရောက်နေကြောင်း ၊ ထိုစစ်ကြောင်းကို ကချင်အကြမ်းဖက် KIA PDF တို့က လမ်းခုလပ်နေရာများ၌ စောင့်ကြိုကာ ကြားဖြတ် တိုက်ခိုက်နေကြောင်း၊အလားတူပင် ( ၉ /၅/၂၀၂၄)ရက်နေ့ နံနက်(၀၇း၃၀)နာရီချိန်ခန့်က ပူတာအိုမြို့နယ်ရှိ ကျေးရွာအုပ်စုအချို့နှင့် ဆွမ်ပီယန်ကျေးရွာဘက်သို့ ဦးတည်ထွက်လာသည့်တပ်မတော်စစ်ကြောင်းကိုလည်းအကြမ်းဖက် KIA PDF တို့က လမ်းခုလပ်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း တန်ဂျာဒေသခံများထံက သိရှိရပါသည်။

၁၀-၅-၂၀၂၄ ရက်နေ့တွင် မိုးမောက်
မြို့ကို တိုက်ခိုက်ဖျက်စီးနေသော
အကြမ်းဖက် kia ပဒက် အုပ်စုကို
တပ်မတော် လေ က ဗုံးကြဲ တိုက်ခိုက် ခြင်းကြောင့် kia ပဒက်
များ အသေအပျောက်များခဲ့သည်။
အကြမ်းဖက် kia အုပ်စုသည် ၉ရက်
နေ့က စစ်ကိုင်းပဒက်များကို ကား၁၀စီးဖြင့်
ခေါ်ဆောင်လာပြီး မြတောင် တွင်
ဆင်းပြီး မံစီဘက်သို့ ဆက်လက်ထွက်ခွာခဲ့ကြောင်း ဒေသခံများထံ
မှ သိရသည်။

အလားတူ kia ရင်း ၃ ဝရာကောင်
စခန်းမှ kiaပဒက်များသည် ဝိုင်းမော်ဘက်သို့ ဆိုင်ကယ်များဖြင့်
ဆင်းလာပြီး ဂါးရာယန် ကျေးရွာအနီး ရောက်ရှိခဲ့ကြောင်း ဒေသခံ
ပြည်သူများ စစ်ရှောင်ရာမှ ပြောကြားပါသည်။

ကချင်ပြည်နယ်အတွင်း Kia လှုပ်ရှားမှုများ အဖွဲ့လိုက်ရွှေ့ပြောင်း
မှုများ များပြားနေပြီ ကားများကို
အသုံးပြုနေကြခြင်းဖြစ်ရာ လေကြောင်း ကင်းထောက်ပြီး
kia ပဒက်များ ချီတက်နေသောလမ်းကြောင်းများကို လေကြောင်း
မှ ပစ်ခတ်ရှင်းလင်းသင့်ပါကြောင်း
တင်ပြအပ်ပါသည်။

https://t.me/kyawswar49111
Forwarded from Kyaw Swar
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) သတင်း
Forwarded from Kyaw Swar
၂၀၂၄ မေ( ၉ ) ရက်ပါတီဌာနချုပ်ညီလာခံခန်းမကြီးမှာ၊ပါတီရဲ့ဒုတိယအကြိမ်မြောက်စုပေါင်း ရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ်၊ နားသမင်္ဂလာအခမ်းအနားကျင်းပခဲ့ပါတယ်။

ပါတီဝင်/ မိသားစုနဲ့ ပြည်ထောင်စုနယ်မြေက အလှူပူးပေါင်းပါဝင်လိုသူ ပြင်ပမိသားစုတွေအပါ ရဟန်း (၁၅)ပါး၊ ရှင်လောင်း (၆၁) ပါး၊ သီလရှင်(၂၈)ပါး၊ နားသ ( ၄ )ယောက် အပါအဝင် (၁၀၈ ) ပါးရှိပါတယ်။

ရှင်လောင်းလှည့်/နတ်ပြရာလမ်းတစ်လျှောက်သာသနာ့အလံတွေတလူလူနဲ့၊ ပါတီရှေ့ပြေးဆိုင်ကယ်ယာဉ်တန်း ၊ အလှပြယာဉ်၊ ဆင်အက၊ ရှမ်းရိုးရာအိုးစည်ဝိုင်း၊ ဓါးသိုင်းအကတွေကြောင့် စည်ကားမြိုင်ဆိုင်လှပါတယ်။

လယ်ဝေးမြို့၊ ပေါက်မြိုင်ပရိယတ္တိစာသင်တိုက်ဦးစီးပဓာန နာယက ဆရာတော်ကြီး အဘိဓဇမဟာရဋ္ဌဂုရုဘဒ္ဒန္တဇနိဒ္ဒမထေရ်မြတ်အမှူးပြုတဲ့ပင့်သံဃာ (၁၀ ) ပါး ဆွမ်းကပ်၊ လှူဖွယ်ဝတ္ထုအစုစုကပ်လှူပြီးရေစက်ချအမျှပေးဝေခဲ့ပါတယ်။

ဒီအလှူပွဲကိုပါတီဝင်တွေ၊ မိသားစုတွေ၊အခြားပါတီတွေကနိုင်ငံရေးမိတ်ဆွေတွေ၊ ဆန္ဒအလျောက်ပါဝင်လာကြတဲ့ပြင်ပအလှူရှင်တွေ၊ ရုရှား-မြန်မာ ချစ်ကြည်အသင်းကမိတ်ဆွေတွေ၊ နေပြည်တော်အခြေစိုက် NGOs တွေအပါအဝင်၊ အင်အား (၉၀၀) ကျော်နီးပါးရှိလို့ကြိုးပမ်းခဲ့ရတဲ့ဒါနကုသိုလ်အတွက် မိသားစုဝင်တွေလည်းဝမ်းသာကြည်နူးဖြစ်ကြမှာပါ။

ဒီအလှူပွဲမှာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက မြန်မာ့ဆိုင်းဝိုင်းကြီးနဲ့၊ အဆို၊ အကပညာရှင်တွေကအနုပညာသဘာပြည့်ဝလှသလိုရိုးရာအစဉ်အလာရှိလှတဲ့ဘိတ်သိတ်ဆရာနဲ့ မေ (၈) ရက်အလှူဝင်ညမှာယဉ်ကျေးမှုဦးစီးဌာနကမြန်မာ့ဆိုင်းဝိုင်းကြီးနဲ့ အငြိမ့်သဘင်တွဲဖက် ဖျော်ဖြေမှုတွေကြောင့်လည်းမိသားစုနဲ့ပရိတ်သတ်တွေသောကတွေပြေပျောက်၊ အပျော်တွေရောက်နေကြတာမြင်ရလို့ဝမ်းသာ၊ ပီတိဖြစ်ရပြန်ပါတယ်။

မနှစ်ကအတွေ့အကြုံကိုအခြေခံ၊ အချိန်ယူကြိုတင်စီစဉ်ခဲ့တာဖြစ်ပြီး၊ကဏ္ဍအသီးသီးမှာ စေတနာအပြည့်နဲ့အပင်ပန်းခံဦးဆောင်ခဲ့ကြသူအားလုံးကိုလည်းမှတ်တမ်းပြု၊ ကျေးဇူးတင်ရပါတယ်။

အခြေအနေအခွင့်အခါသင့်ချိန်မိသားစုတွေအားလုံးလွှမ်းခြုံနိုင်အောင်လည်း
တစ်ဆင့်တက်ကြိုးပမ်းရဦးမှာပါခင်ဗျာ။

ပြုခဲ့ပြီးသော ကုသိုလ်ဒါနအတွက် ရပ်ဝေးရပ်နီးမှ ပါတီဝင်များ/ မိသားစုများ/ မိတ်ဆွေများ/ ချစ်သူ /မချစ်သူ အားလုံးကိုကုသိုလ်ဒါနမျှဝေနိုင်ဖို့ မှတ်တမ်းဓါတ်ပုံများကိုပါတင်ပြအပ်ပါတယ်။

“ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးအဓွန့်ရှည်တည်တံ့ခိုင်မြဲပါစေ”

စာပြီးချိန်
၂၀၂၄ မေ ၁၀ ၂၁၁၀ နာရီ

ဦးခင်ရီ
Forwarded from Kyaw Swar
ဆုံရွာက ကလေး/လူကြီးတွေကို ရက်ရက်စက်စက် သတ်ဖြတ်သွားတဲ့ အကြမ်းဖက်သမား ငြိမ်းရာဇာ (ခ) မိုက်ခဲ 😡

https://t.me/kyawswar49111
Forwarded from Kyaw Swar
ဒါက သွေးထွက်အောင် မှန်သော အမှန်တရားပဲ ။

တိုင်းရင်းသားနယ်မြေဆိုတာက သောင်းကျန်းသူအားကောင်းရင် သောင်းကျန်းသူက သိမ်းလိုက်

တပ်မတော်အားကောင်းရင်
တပ်မတော် က ပြန်သိမ်းလိုက်ပဲ၊

ဘယ်ဘက်ကိုမှ အပြုတ်တိုက်လို့ မရဘူး ၊ တိုင်းရင်းသားအခွင့်အရေးဆိုတာ ရှိနေတယ်။

ဗမာပဒက်ဆိုတာ သေလမ်းပဲ ရှိတယ် ဘာအခွင့်အရေးမှ မရှိဘူး။

https://t.me/kyawswar49111