တပ်ကြပ်ကြီးဖိုးကွန်း
22.4K subscribers
10.3K photos
1.05K videos
678 links
Download Telegram
"ယနေ့ ဧပြီ ၂၄ ရက်တွင် Myanmar Hard Talk မှ တင်ပြခဲ့သည့် တစ်နေ့တာ ပြည်တွင်းသတင်းများ"

"တပ်မတော်ဆေးတက္ကသိုလ်၏ (၉) ကြိမ်မြောက်နှင့် (၁၀) ကြိမ်မြောက် ဘွဲ့လွန်ဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပသည့်သတင်း"

"ယခုလာမည့်စာသင်နှစ်တွင် Grade-5၊ Grade-8 နှင့် Grade-11 သင်ရိုးသစ်တန်းများ ဖွင့်လှစ်သွားမည့်သတင်း"

"ပင်လည်ဘူးမြို့တွင် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၏ ဥပဒေမဲ့ခြိမ်းခြောက်၊ လူသတ်၊ မီးရှို့၊ မိုင်းထောင် ဖောက်ခွဲမှုများကြောင့် လုံခြုံစိတ်ချရသောနေရာများတွင် နေထိုင်လျက်ရှိသော ဌာနဆိုင်ရာ ဝန်ထမ်းများကို စားသောက် ဖွယ်ရာများနှင့် ဆေးဝါးများ ထောက်ပံ့ပေးအပ်သည့်သတင်း"

"နေပြည်တော်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်များအတွက် ငွေသားအပါအဝင် ငွေကျပ် သိန်း ၅၉၀ ကျော်တန်ဖိုးရှိ ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့သည့်သတင်း"

"ဆီးဂိမ်းအတွက် စခန်းသွင်းလေ့ကျင့်နေတဲ့ မြန်မာ အမျိုးသမီးဘောလုံးအသင်း တောင်ကိုရီးယားမှာ ခြေစမ်းပွဲ ၃ ပွဲကစားသွားဖို့ရှိနေသည့်သတင်း"

"ပေါင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် လယ်ယာစိုက်ပျိုးဧက ၉၀၀၀ ကျော် အကျိုးပြုမည့် ကုန်ထုတ်လမ်း ၇ လမ်းနှင့် ကုန်ထုတ်တံတား ၁၉ စင်း ဆောင်ရွက်သွားပေးမည့်သတင်း"

"မြင်းခြံခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာ (၁၂)ရွာ၌ ရေရရှိရေးလုပ်ငန်း (၁၂)ခု ဆောင်ရွက်ရန်ရာထားသည့်သတင်း"

"စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် အထက်မြန်မာပြည်ရှိ တိုင်းဒေသကြီးနှင့် ပြည်နယ် များမှ BED ပညာရေးဘွဲ့ စာပေးစာယူသင်တန်း BED ပထမနှစ်နှင့် ဒုတိယနှစ် သင်တန်းသား၊ သင်တန်းသူစုစုပေါင်း ၃၇၀၀ ကျော်တက်ရောက်မည့်သတင်း"

"မြန်မာနိုင်ငံတွင် အနောက်နိုင်ငံ NGOs များက တရုတ်နိုင်ငံအကူအညီဖြင့် တည်ဆောက်မည့် ရေအားလျှပ်စစ်စီမံကိန်း များကို ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးပြောဆိုသည့်သတင်း"

"(၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ တတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ ပုလဲအတွဲပေါင်း (၁၁၀) ရောင်းချခဲ့ရသည့်သတင်း" အစရှိသည့်သတင်းများ အပြင် အခြားစိတ်ဝင်စားဖွယ် ပြည်တွင်းနှင့် နိုင်ငံတကာသတင်းများကို ဖော်ပြပေးခဲ့တာပဲဖြစ်ပါတယ်။
#mhtnews
G20 အစည်းအဝေးသို့ ရုရှားသမ္မတနှင့် ယူကရိန်းသမ္မတ နှစ်ဦးလုံးကို ဖိတ်ကြားထားကြောင်း အင်ဒိုနီးရှားသမ္မတ ပြောကြား"
May 1, 2022 by Myanmar Hard Talk
နိုဝင်ဘာလတွင် ပြုလုပ်မည့် G20 ထိပ်သီးအစည်းအဝေးသို့ ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင်နှင့် ယူကရိန်းနိုင်ငံ သမ္မတ Volodymyr Zelensky တို့ နှစ်ဦးလုံးကို ဖိတ်ကြားထားကြောင်း အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကို ဝီဒိုဒိုက ဧပြီ ၂၉ ရက်တွင် ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းက ဖော်ပြသည်။ 

“အင်ဒိုနီးရှားနိုင်ငံက ငြိမ်းချမ်းရေးကြိုးပမ်းမှုအတွက် ဖြည့်ဆည်းပံ့ပိုးပေးဖို့ အဆင်သင့်ပါပဲ။ အင်ဒိုနီးရှားနိုင်ငံက G20 ကို ပေါင်းစည်းစေလိုပါတယ်။ ကွဲပြဲခွင့်မပြုသင့်ပါဘူး ။ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးက ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကသော့ချက်တွေ ဖြစ်ပါတယ်။”ဟု သမ္မတ ဂျိုကို ဝီဒိုဒိုက virtual သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟုဆိုသည်။

G20 သည် ကမ္ဘာ့စီးပွားရေး ပြန်လည်နလန်ထူရာတွင် အပြောင်းအလဲ ဖြစ်စေရန် အထောက်အကူအခန်းကဏ္ဍတစ်ခုမှ ပါဝင်ကြောင်း သမ္မတ ဂျိုကို ဝီဒိုဒိုက ပြောကြားခဲ့ပြီး ၎င်းသည် ယခုအပတ်အတွင်း ရုရှားနိုင်ငံ သမ္မတ ၊ ယူကရိန်းနိုင်ငံ သမ္မတ နှစ်ဦးလုံးဖြင့် တယ်လီဖုန်းဆက်သွယ်ပြောဆိုခဲ့ကြောင်း ဖြည့်စွက်ပြောကြားခဲ့ကြောင်း သိရသည်။ 

အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကို ဝီဒိုဒို နှင့် ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင်တို့သည် ဧပြီ ၂၈ ရက် ဖုန်းပြောဆိုဆွေးနွေးမှုအတွင်း G20 လှုပ်ရှားဆောင်ရွက်မှုများ၏ ရှုထောင့်အမျိုးမျိုး နှင့် ရုရှား-အင်ဒိုနီးရှား ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များအား ဆွေးနွေးခဲ့ကြသည်။ 

အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကို ဝီဒိုဒိုက ယူကရိန်းနိုင်ငံ သမ္မတ Volodymyr Zelensky နှင့် ဆက်သွယ်ပြောဆိုမှုအတွင်း ယူကရိန်းနိုင်ငံသမ္မတ၏ လက်နက်များ တောင်းဆိုချက်အား ငြင်းပယ်ခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံအနေဖြင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်ရန် အဆင်သင့်ရှိကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။
#mhtnews