တပ်ကြပ်ကြီးဖိုးကွန်း
22.5K subscribers
10.3K photos
1.05K videos
673 links
Download Telegram
Forwarded from Myanmar Hard Talk
"ရွှေတိဂုံစေတီတော်ရင်ပြင်၌ (၃၉) ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲပြုလုပ်"

ယနေ့ကျရောက်သည့် ၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့် (ဗုဒ္ဓနေ့) မေလ ၁၄ ရက် နံနက်ပိုင်းတွင် ရွှေတိဂုံစေတီတော်မြတ်ကြီး၏ (၃၉) ကြိမ်မြောက် မဟာဗောဓိ ကဆုန်ညောင်ရည်သွန်းပွဲတော်ကို စေတီရင်ပြင်တော်ပေါ်ရှိ အင်္ဂါထောင့် ဗောဓိညောင်ပင်၌ ကျင်းပခဲ့ကြောင်း သိရသည်။

ယခင်နှစ်များတွင် ကိုဗစ်ကပ်ရောဂါကြောင့် အကျဉ်းချုံးသာ ကျင်းပခဲ့ရပြီး ယခုနှစ်တွင် ကိုဗစ်ရောဂါကူးစက်မှု လျော့နည်းလာပြီဖြစ်သဖြင့် စည်ကားသိုက်မြိုက်စွာ ပြန်လည်ကျင်းပလာခဲ့ခြင်းဖြစ်သည်။

ယနေ့ပြုလုပ်သည့် မဟာဗောဓိကဆုန်ညောင်ရေသွန်းပူဇော်ပွဲနှင့်အတူ ရဟန်းခံရှင်ပြု ရှင်လောင်းလှည့်လည်သူများ၊ ကဆုန်ညောင်ရေသွန်းလောင်းရန် လာရောက်သူများနှင့် ဘုရားဖူးလာရောက်သူ ပြည်သူများမှာ ရင်ပြင်တော်ပေါ်၌ တဖြည်းဖြည်း ပိုမိုများပြားလာနေကြောင်း သိရသည်။
#mhtnews
Forwarded from Myanmar Hard Talk
"နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို RCSS ဥက္ကဋ္ဌ ယွက်ဆစ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တက်ရောက်ရန် တာချီလိတ်မြို့သို့ ရောက်ရှိ"

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်ရန်အတွက် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ယွက်ဆစ်ဦးဆောင်သည့် အဖွဲ့သည် ယနေ့ (မေလ ၁၉)ရက်နေ့တွင် မြန်မာ- ထိုင်း နယ်စပ် အမှတ် (၂)ချစ်ကြည်ရေး၊တံတားမှတစ်ဆင့် ဝင်ရောက်ခဲ့ကြသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီဥက္ကဋ္ဌ (RCSS) ဗိုလ်ချုပ်ကြီး ယွက်ဆစ်ဦးဆောင်သည့်အဖွဲ့အား တာချီလိတ် အခြေချ ဗျူဟာမှူး ဗိုလ်မှုးကြီး မင်းမင်းထွန်း ဦးဆောင်သော အဖွဲ့များ၊ခရိုင်စီမံအုပ်ချုပ်ရေး ဥက္ကဌ ဦးမြင့်နိုင်နှင့် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊မြို့နယ် စီမံအုပ်ချုပ်ရေး ဥက္ကဌ ဦးတင်ဦးကျော်နှင့် အဖွဲ့ဝင်များ၊ ရှမ်း၊အခါ ၊လားဟူ ၊ဗမာ စသည့်တိုင်းရင်းသားရိုးရာယဉ်ကျေးမှုဝင်များမှ ရင်နှီးနွေးထွေးစွာ ကြိုဆိုခဲ့ကြကြောင်း သိရှိရသည်။

RCSS သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)လက်မှတ်ထိုးထားသည့် ရှမ်းလက်နက်ကိုင်အဖွဲ့ဖြစ်ပြီး တွေ့ဆုံဆွေးနွေး ညှိနှိုင်းခြင်းဖြင့် လက်ရှိ နိုင်ငံရေး အကျပ်အတည်းများအား ဖြေရှင်းခြင်းသည် အကောင်းဆုံးနည်းလမ်းဖြင့်ပြီး တွေ့ဆုံဆွေးနွေးရေးအတွက် အပြန်အလှန်ယုံကြည်မှု တည်ဆောက်ခြင်းသည်လည်း မရှိမဖြစ် လိုအပ်ပါသည်"ဟု ဆွေးနွေးပွဲ တက်ရောက်ရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တွေ့ဆုံဆွေးပွဲကို မနက်ဖြန် မေ ၂၀ ရက်တွင် စတင်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယခုပြုလုပ်လျှက်ရှိသည့် (၁၄) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။
#mhtnews
စစ်မှုထမ်းဟောင်းများ၊ မိသားစုဝင်များအတွက် အသက်အရွယ်အလိုက် လုပ်ကိုင်နိုင်မည့်လုပ်ငန်းများ လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြော"
May 27, 2022 by Myanmar Hard Talk
စစ်မှုထမ်းဟောင်းများ၊ မိသားစုဝင်များအတွက် အသက်အရွယ်အလိုက် လုပ်ကိုင်နိုင်မည့်လုပ်ငန်းများ လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်ရှိ မြန်မာ့သားကောင်း စစ်မှုထမ်းဟောင်းအိမ်ရာ (လေးထောင့်ကန်) တည်ဆောက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးစဥ် ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးက အိမ်ရာအတွင်းပြီးစီးပြီးဖြစ်သည့်အခန်းများ၌ စစ်မှုထမ်းဟောင်းများနှင့် မိသားစုဝင်များ ရောက်ရှိနေထိုင်လျက်ရှိပြီဖြစ်သော်လည်း ရောက်ရှိနေထိုင်ရန် ကျန်ရှိနေသူများအားလုံး ရောက်ရှိနေထိုင်နိုင်ရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ မြို့ပြစီမံကိန်းအသွင် ဆောင်ရွက်နေခြင်းဖြစ်သဖြင့် မိသားစုဝင်များ၏ ပညာရည်မြှင့်တင်ရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ စီမံကိန်းအတွင်း စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် လုပ်ငန်းများ၊ အသက်မွေးဝမ်းကျောင်း သင်တန်းနှင့် အလုပ်အကိုင်များ၊ စက်မှုအထက်တန်းကျောင်း၊ စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းများကို ဆောင်ရွက်ပေးနိုင်ရေး ရည်မှန်းဆောင်ရွက်လျက်ရှိသဖြင့် ပညာရည်မြှင့်တင်ရေး လုပ်ငန်းများကို အလေးထားဆောင်ရွက်ပေးရန်လိုကြောင်း ပြောကြားသည်။

အလားတူ ဗိုလ်ချုပ်မှူးကြီးက အိမ်ရာတွင် နေထိုင်သူများ လူနေမှုအဆင့်မြှင့်တင်နိုင်ရေးအတွက် စနစ်ကျနသည့် အဆင့်မီ Shopping Mall တစ်ခုကို ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ အိမ်ရာအတွင်း နေထိုင်သည့် စစ်မှုထမ်းဟောင်းများ၊ မိသားစုဝင်များအတွက် အသက်အရွယ်အလိုက် လုပ်ကိုင်နိုင်မည့်လုပ်ငန်းများ လာရောက် ရင်းနှီးမြှုပ်နှံနိုင်ရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ စီမံကိန်း ဧရိယာအတွင်း မွေးမြူရေး လုပ်ငန်းများအတွက် လိုအပ်သည့်စားကျက်မြေများ ဖြစ်ပေါ်လာစေရေး ယခုကတည်းက ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ထားရန်လိုကြောင်း၊ နေရာအကျယ် အဝန်းများစွာ မယူသည့် ခေတ်မီမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်ကြရမည်ဖြစ်ကြောင်းပြောကြားကာ လမ်းပန်းဆက်သွယ်မှုလွယ်ကူရေး၊ လမ်းများ ကောင်းမွန်ရေး တို့အတွက် လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါ မြန်မာ့သားကောင်း စစ်မှုထမ်းဟောင်းအိမ်ရာ (လေးထောင့်ကန်)ကို ၂၀၁၇ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး တပ်မတော်မှ အငြိမ်းစားယူပြီး ရန်ကုန်မြို့တွင် အခြေချ နေထိုင်လိုသူများအတွက် စစ်မှုထမ်းဟောင်းမြို့အဖြစ် ရည်ရွယ်တည်ဆောက်နေခြင်းဖြစ်သည်။

အိမ်ရာတွင် နေထိုင်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် စားဝတ်နေရေးတို့တွင် လိုအပ်နိုင်သည့် အခြေခံလိုအပ်ချက်များကို ထည့်သွင်း တွက်ချက်ပြီး မြို့ပြစီမံကိန်းအသွင် တည်ဆောက်နေခြင်းဖြစ်ပြီး ဆေးရုံ၊ စာသင်ကျောင်း၊ စာကြည်တိုက် တို့ကိုလည်း ထည့်သွင်းတည်ဆောက်ထားပြီး စစ်မှုထမ်းဟောင်းများနှင့် မိသားစုဝင်များအား နေရာချထားပေးလျက်ရှိကာ အိမ်ရာစီမံကိန်းကို ဆက်လက်အကောင်အထည်ဖော် တိုးချဲ့တည်ဆောက်လျက်ရှိကြောင်း သတင်းရရှိသည်။

#mhtnews
Forwarded from Myanmar Hard Talk
Media is too big
VIEW IN TELEGRAM
စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ သာဂရကျေးရွာမှာ PDF အဖွဲ့ထဲမဝင်တာကြောင့် မျက်စိကွယ်နေတဲ့ မိဘနှစ်ပါးနဲ့ သားနှစ်ဦးကို ဇွန် ၁ ရက်နေ့မှာ NUG သြဇာခံ PDF အကြမ်ဖက်အုပ်စုက ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဥ်နဲ့ပတ်သက်လို့ ခင်ဦးဒေသခံတစ်ဦးက ယခုလိုပဲ ပြောပြလာခဲ့ပါတယ်။
#mhtnews


<<< ZAWGYI >>>
#mhtnews
"မုံရွာ - သာစည် လမ်းမှာ NUG လက်အောက်ခံတွေက ဘုန်းကြီးကားကို မိုင်းခွဲတိုက်ခိုက်လို့ ဆရာတော် ၁ ပါး ပြင်းထန်ဒဏ်ရာရ"

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ သာစည်- အရာတော်- ရွှေဘိုကားလမ်း သာစည်ရေကျော်တံတားအနီးမှာ ဒီမနက် ၁၁ နာရီဝန်းကျင်က NUG လက်အောက်ခံ အကြမ်းဖက်အုပ်စုက ဘုန်းကြီးကားတစ်စီးကို မိုင်းခွဲတိုက်ခိုက်လိုက်လို့ ဆရာတော် ၁ ပါး မိုင်းစထိမှန် ဒဏ်ရာရခဲ့တယ်လို့ မုံရွာနယ်ခံ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။

မိုင်းစထိမှန်တဲ့ ဆရာတေယ်ဟာ သာစည်ရွာ အောင်ချမ်းသာ ကျောက်တိုက်သစ်က ကျောင်းထိုင်ဆရာတော် ဥူးဇောတိက ဖြစ်တယ်လို့သိရပြီး မုံရွာကနေ သာစည်ကို ပြန်လာရာမှာ ယခုလို တိုက်ခိုက်ခံရတာလို့ ဆိုပါတယ်။

လက်ရှိမှာ လုံခြုံရေးပူးပေါင်းတပ်ဖွဲ့တွေအနေနဲ့ အဲဒီနေရာမှာ နယ်မြေရှင်းလင်းရေးတွေ ဆောင်ရွက်နေတယ်လို့ လုံခြုံရေးအသိုင်းအဝိုင်းဆီက သိရပြီး ဒဏ်ရာရရှိတဲ့ဆရာတော်ကို ဆေးဝါးကုသမှု ဆောင်ရွက်ပေးနေတယ်လို့လည်း သိရပါတယ်။
#mhtnews
"PDF ဘေးရှောင် အိမ်ထောင်စု (၁၀၅) စုအား နေပြည်တော်တိုင်းစစ်ဌာနချုပ်မှ ထောက်ပံ့ပစ္စည်းများ ပေးအပ်"

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်အတွင်းရှိ မြို့နယ်များသို့ PDF အကြမ်းဖက်ဘေး​ရှောင်ကာ လာရောက်နေထိုင်ကြသည့် အိမ်ထောင်စု (၁၀၅)စုအတွက် စုစုပေါင်းတန်ဖိုး (၃၇၆၉၅၀၀) ကျပ်တန်ဖိုးရှိ ဆန်၊ ဆီ၊ ပဲ၊ ဆား ‌ထောက်ပံ့ ပစ္စည်းများကို နေပြည်တော်တိုင်းစစ်ဌာနချုပ်မှ ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးခန်းမတွင် ထောက်ပံ့ပေးအပ်ခဲ့သည်ဟု သိရသည်။

အခမ်းအနားသို့ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင် နှင့် တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် PDF ဘေးရှောင်ပြည်သူများ တက်ရောက်ကြသည်။

လက်ရှိတွင် NUG လက်ပါးစေ PDF အကြမ်းဖက်သမားများ၏ရန်မှ လွတ်မြောက်ရာသို့ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည့် အပြစ်မဲ့ပြည်သူပေါင်း သိန်းကျော်အထိ ရှိနေကြောင်း မြေပြင်သတင်းများအရ သိရသည်။
#mhtnews
"အာဆီယံ အထူးကိုယ်စားလှယ်နှင့် အမေရိကန်အပါအဝင် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာ သံအမတ်များ ရန်ကုန်မှာ တွေ့ဆုံ"

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန် ပရက်ဆွန်ခွန်း ဦးဆောင်သော ကိုယ်စာစလှယ်အဖွဲ့သည် ယမန်နေ့ (ဇူလိုင် ၂ ရက်)တွင် အမေရိကန်နှင့် ပြင်သစ်အပါအဝင် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာသံတမန်များနှင့် ရန်ကုန်မြို့၌ တွေ့ဆုံခဲ့ပြီး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ကမ္ဘောဒီယားနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

အဆိုပါ တွေ့ဆုံမှုအတွင်း လူသားချင်းစာနာမှု အကူအ ညီပေးရေးအပါအဝင် မြန်မာ့အရေး အာဆီယံဘုံသဘော တူညီချက် (၅) ချက်၏ တိုးတက်မှုအခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အာဆီယံ အထူးကိုယ်စားလှယ်အနေဖြင့် ပြင်သစ်၊ အမေရိကန်နှင့် ဥရောပသမဂ္ဂ(အီးယူ)တို့မှ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်များ၊ သြစတေးလျသံရုံးအကြီး အကဲနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Photo _ Ministry of Foreign Affairs and International Cooperation - Combodia
#mhtnews
Forwarded from Myanmar Hard Talk
"ဗိုလ်ချုပ်မှူးကြီး၏ ပုံတူပန်ချီကားကို ရုရှားနိုင်ငံမှ ကုလငြိမ်းချမ်း​ရေးသံအမတ် နာမည်ကျော်ပန်းချီပညာရှင်က ကိုယ်တိုင်ရေးဆွဲ၍ ဗိုလ်ချုပ်မှူးကြီးထံ လက်ဆောင်ပေး"

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ပုံတူပန်ချီကားကို ရုရှားနိုင်ငံမှ ကုလငြိမ်းချမ်း​ရေးသံအမတ် နာမည်ကျော်ပန်းချီပညာရှင် Mr. Alexander Alexandrovich Shilov က ကိုယ်တိုင်ရေးဆွဲ၍ ဗိုလ်ချုပ်မှူးကြီးထံသို့ အမှတ်တရလက်ဆောင်အဖြစ် ပေးအပ်လိုက်သည်ဟု သိရသည်။

ယမန်နေ့က ရုရှားနိုင်ငံ၊မော်စကိုမြို့၊ ရွှေစည်းခုံပုံတူစေတီတော်ကြီး ၏ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနားကျင်းပရာတွင် ပေးအပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပန်းချီဆရာသည် ၂၀၁၂ ခုနှစ်တွင် Moscow State Academic Art Institute ၏ ဒု-ပါမောက္ခချုပ်ဖြစ်လာပြီးနောက် ကုလသမဂ္ဂ၏ ငြိမ်းချမ်းရေးသံအမတ်ကြီးတစ်ဦးဖြစ်သည်။

အလားတူ အာကာသပတ်လမ်းအတွင်းရှိ အပြည်ပြည်ဆိုင်ရာအာကာသစခန်း(ISS)တွင် ကိုယ်ပိုင်ပန်းချီပြပွဲဖြင့် ပန်းချီကားများပြသထားသည့် ပန်းချီပညာရှင်အဖြစ် ဂင်းနစ်စာအုပ်၌မှတ်တမ်းဝင်ခဲ့သူဖြစ်သည်ဟု သိရသည်။
#mhtnews
Forwarded from Myanmar Hard Talk
"ပေါက်မြို့နယ်၌ အသက် ၄ နှစ်အောက် ကလေးငယ် ၄ ဦးကို PDFအကြမ်းဖက်များမှ မီးရှို့သတ်ဖြတ်"

မကွေးတိုင်းဒေသကြီး၊ ပေါက်မြိုနယ် တပ်ကုန်းကျေးရွာကို PDF အကြမ်းဖက်သမားများက ယနေ့ (ဇူလိုင် ၂၆ ရက်) နံနက်ပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ပြီး အသက် ၄ နှစ်အောက်သာရှိသေစတဲ့ ကလေးငယ် ၄ ဦးကို ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်ခဲ့ကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဆိုပါကျေးရွာ၌ ပြည်သူ့စစ်တွေရှိတယ်ဆိုပြီး အင်းအားအလုံးအရင်းနှင့် ဝင်ရောက်တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး ဖြစ်စဥ်အတွင်း ကလေးငယ် ၄ ဦးအပြင် အပြစ်မဲ့ရွာသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးလည်း သေဆုံးခဲ့ပြီး ရွာကိုပါ မီးရှို့ဖျက်ဆီးသွားခဲ့ကြသည်ဟု ဆိုသည်။

ယင်းအကြမ်းဖက်လုပ်ရပ်ကို ပေါက်တောင်ပိုင်းမှ SPGF အကြမ်းဖက်အဖွဲ့၊ YDF Saw အကြမ်းဖက်အဖွဲ့၊ Yenangyaung PDF အကြမ်းဖက်အဖွဲ့၊ PPC၊ Pauk PDF အကြမ်းဖက်အဖွဲ့၊ CAF - SPU PDF အကြမ်းဖက်အဖွဲ့နှင့် Young Revolution Fornt -YRF အကြမ်းဖက်အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#mhtnews
Forwarded from Myanmar Hard Talk
"ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ ဝါးခြံအတွင်းမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ"

ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ ဝါးခြံတစ်ခုအတွင်းမှ မြေတွင်းတူး မြှုတ်နှံထားတဲ့ လက်နက်ခဲယမ်းများကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ကွမ်းခြံကုန်းမြို့နယ်၊ ထီပါအုပ်စု၊ သံကြိုးကျေးရွာရှိ "ဒေါ်ပြုံး" ဆိုသူပိုင်ဆိုင်တဲ့ ဝါးခြံအတွင်းကို ယနေ့ (ဇူလိုင် ၂၉ ရက်) မနက် ၁ နာရီခွဲအချိန်ခန့်မှာ လုံခြုံရေးတပ်ဖွဲ့မှ သတင်းအရရှာဖွေရာကနေ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

တွေ့ရှိခဲ့တဲ့ လက်နက်၊ ခဲယမ်းတွေထဲမှာ M22 သေနတ် (၅) လက်၊ ကျည်အိမ် (၁၀) ခု၊ ကျည် ၂၅၀ တောင့် ပါဝင်ပြီး လက်ရှိမှာ မသင်္ကာဖွယ်လူတစ်ဦးကို ခေါ်ယူစစ်ဆေးနေတယ်လို့ သိရပါတယ်။
#mhtnews
Forwarded from Myanmar Hard Talk
This media is not supported in your browser
VIEW IN TELEGRAM
"မိမိကို သတ်ဖို့လာတဲ့ အကြမ်းဖက်ကို တရားဟောဖို့ကြိုးစားတဲ့ အုပ်ဖိုမြို့နယ်က ရာအိမ်မှူး ပစ်သတ်ခံရ"

ပဲခူးတိုင်းဒေသကြီး၊ အုပ်ဖိုမြို့နယ်မှာ မိမိကိုသတ်ဖို့လာတဲ့ အကြမ်းဖက်ကို တရားဟောဖို့ကြိုးစားတဲ့ ရာအိမ်မှူးတစ်ဦးကို အကြမ်းဖက်က အနီးကပ် သေနတ်နဲ့ပစ်သတ်သွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဆိုပါဖြစ်စဥ်ဟာ ဒီကနေ့ (ဇူလိုင် ၃၁ ရက်) မနက်ပိုင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးသူဟာ အုပ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာအုပ်စု၊ ကန့်နီကျေးရွာမှ ရာအိမ်မှူး ဦးခင်စိန်ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ဟိုကောင်တွေက သေနတ်ထုတ်ပြီး ခင်ဗျား ဦးခင်စိန်လားလို့ မေးနေတာကို ထွက်မပြေးဘဲ ညီလေးတို့မှားမယ် ဘာညာနဲ့ တရားပြဖို့လုပ်နေတုန်း ဟိုက ပစ်သတ်သွားတာ။ သူတို့ကတော့ ထုံးစံအတိုင်း ဒလန်ဆိုပြီး သတ်လိုက်တာပါပဲ။" လို့ လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ အကြမ်းဖက်တွေကို ဖမ်းဆီးရမိဖို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပိတ်ဆို့စစ်ဆေးမှုတွေ ပြုလုပ်နေပေမယ့် ထူးရှားမှုမရှိသေးဘဲ ပဲခူးတိုင်းအတွင်းမှာဖြစ်ပွားတဲ့ အကြမ်းဖက်မှုတော်တော်များများမှာ တရားခံတွေကို ဖမ်းဆီးရမိတာ အနည်းငယ်သာရှိတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
#mhtnews
"အမေရိကန်အနေနဲ့ ထိုင်ဝမ်သီးခြားလွတ်လပ်ရေး အင်အားစုများကို အားပေးနေတာဟာ အန္တရာယ်အလွန်ကြီးမားတဲ့ မီးကစားမှုဖြစ်ပြီး မီးကစားသူဟာ မီးဝါးခံရလိမ့်မယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်"

အမေရိကန်အနေနဲ့ ထိုင်ဝမ်ရဲ့သီးခြားလွတ်လပ်ရေး အင်အားစုများကို အားပေးနေတာဟာ အန္တရာယ် အလွန်ကြီးမားတဲ့ မီးကစားမှုဖြစ်ပြီး မီးကစားသူဟာ မီးဝါးခံရလိမ့်မယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အသိပေး ထုတ်ပြန်လိုက်ပါတယ်။

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Patricia Pelosi ရဲ့ ထိုင်ဝမ်ခရီးစဥ်နဲ့ပတ်သက်ပြီး ထုတ်ပြန်ကြေညာခဲ့တာပါ။

အမေရိကန်ဟာ “ထိုင်ဝမ်နဲ့ တရုတ်ပြည်ကို ထိန်းချုပ်ဟန့်တားရေး”ကို ဆောင်ရွက်ဖို့ ကြံစည်ပြီး တရုတ်ပြည် တစ်ပြည်တည်းသာရှိရေး မူဝါဒရဲ့ အနက်အဓိပ္ပါယ်ကို တလွဲတချော်ဖြစ်အောင် အဆက်မပြတ် ပြောဆိုဆောင်ရွက်ကာ အမေရိကန်-ထိုင်ဝမ် အကြား အစိုးရချင်း ကူးလူးဖလှယ်မှုကို တိုးမြှင့်၍ ထိုင်ဝမ်သီးခြားလွတ်လပ်ရေး အင်အားစုများကို အားပေးနေတာဟာ အန္တရာယ် အလွန်ကြီးမားတဲ့ မီးကစားမှုဖြစ်ပြီး မီးကစားသူဟာ မီးဝါးခံရလိမ့်မယ်" ဆိုပြီး ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် "တရုတ်-အမေရိကန် ပူးတွဲပြန်တမ်း ၃ရပ်ပါ သတ်မှတ်ချက်များကို စောင့်စည်းလိုက်နာပြီး အမေရိကန် ထိပ်သီးခေါင်းဆောင်မှ “မကြိုးပမ်းလိုသောအချက်လေးချက်နှင့် မလုပ်ဆောင်လိုသော အချက်တစ်ချက်”ဟူသော ကတိပြုချက်များကို ထိရောက်တိကျစွာ လက်တွေ့ဖော်ဆောင်ကာ မှားယွင်းသော အန္တရာယ်ရှိသော လမ်းကြောင်းပေါ် ဆက်လက် မလျှောက်လှမ်းရန် တည်ကြည်လေးနက်စွာ တိုက်တွန်းနှိုးဆော်သည်။" ဆိုပြီးတော့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
#mhtnews
Forwarded from Myanmar Hard Talk
"ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် SSPP ဒုဥက္ကဋ္ဌ (၁)တို့ တွေ့ဆုံ၍ ငြိမ်းချမ်းရေးဆိုင်ရာများ ဆွေးနွေး"

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် SSPP/SSA ဒုတိယ ဥက္ကဋ္ဌ (၁) ဗိုလ်ချုပ်ကြီး စဝ်ခေးတိုင်းတို့ ယနေ့ (သြဂုတ် ၄ရက်)တွင် နေပြည်တော်၌ တွေ့ဆုံ၍ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

အဆိုပါ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် မနက်ဖြန် (သြဂုတ် ၅ ရက်) ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဖြင့်လည်းတွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
#mhtnews
Forwarded from The Fighters Media (TFM) (Алинкарсит)
"လှိုင်းဘွဲ့မြို့နယ်မှာ အကြမ်းဖက် NUG လက်ပါးစေများက ရွှေဆိုင်၂ ဆိုင်ကို ဓားပြတိုက်"

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ရွှေဂွန်းရွာ၊ မြို့မရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမှာဖွင့်ထားတဲ့ "ထွန်း" ရွှေဆိုင်နဲ့ "သရဖူ" ရွှေဆိုင်တို့ကို ယမန်နေ့ (သြဂုတ် ၃၁ ရက်) မနက်ပိုင်းမှာ အကြမ်းဖက် NUG လက်ပါးစေများက ဓားပြတိုက်သွားကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အကြမ်းဖက်အုပ်စုတွေဟာ ဆိပ်ကမ်းကနေ စက်လှေနဲ့လာရောက်ပြီး သေနတ်ပစ်ဖောက်ကာ ဆိုင်ထဲက ရွှေထည့်ထားတဲ့မှန်ဘောင်ကိုရိုက်ခွဲပြီးတော့မှ ငွေကျပ် သိန်း ၆၀၀ ကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်းတွေကို လုယက်ယူဆောင်သွားတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဓားပြတိုက်သွားတဲ့ အကြမ်းဖက်အုပ်စုတွေက ရွှေဆိုင်အနီးဝန်းကျင်မှာ လက်လုပ်ဗုံးနှစ်လုံးကို ထားရှိခဲ့တယ်လို့ သိရပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပေမယ့် ဖမ်းဆီးရမိတာတော့ မရှိသေးဘူးလို့ သိရပါတယ်။
#mhtnews
"ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဋ္ဌေး၏ လွှဲပြောင်းတာဝန်ပေးအပ်မှုအရ ဦးခင်ရီမှ ပါတီဥက္ကဋ္ဌတာဝန်များကို ထမ်းဆောင်"

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ(USDP)ဥက္ကဋ္ဌ ဦးသန်းဋ္ဌေး၏ လွှဲပြောင်းတာဝန်ပေးအပ်မှုအရ ပါတီဥက္ကဋ္ဌတာဝန်များကို ဒုတိယဥက္ကဋ္ဌ(၂) ဖြစ်သည့် ဦးခင်ရီမှ ထမ်းဆောင်လျှက်ရှိကြောင်း ပြည်ထောင်စုနယ်မြေ USDP ပါတီဥက္ကဋ္ဌ ဦးမြင့်လှိုင်က ပြောသည်။

နေပြည်တော်၊ ဇမ္ဗူသီရိမြိုနယ်၊ ရွှေကြာပင်ရပ်ကွက်ရှိ USDP ပါတီရုံးတွင် စက်တင်ဘာ ၂၀ ရက်နေ့က ကျင်းပ ခဲ့သော ပါတီ၏ EC အဖွဲ့ဝင်များနှင့်တွေ့ဆုံသည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းသို ပါတီဥက္ကဋ္ဌတာဝန်များကို လွှဲပြောင်းပေးအပ်ရခြင်းမှာ ဦးသန်းဋ္ဌေးအနေဖြင့်ကျန်းမာရေး အခြေအနေအရ ခွဲစိတ်ကုသမှု ပြင်းပြင်းထန်ထန် လုပ်ထားရသည့် အခြေအနေကြောင့် ပါတီတာဝန်အရပ်ရပ်ကို အချိန်ပြည့် ထမ်းဆောင်နိုင်ခြင်းမရှိတော့သဖြင့်ဖြစ်သည်ဟု ဦးမြင့်လှိုင်ကဆိုသည်။

USDP ပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေး (၅/၂၀၂၂)ကို စက်တင်ဘာ ၁၂ ရက်မှ ၁၄ ရက်နေ့အထိ ကျင်းပခဲ့ပြီးနောက် ဦးသန်းဋ္ဌေးက ပါတီဥက္ကဋ္ဌတာဝန်ကို ဦးခင်ရီထံ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#mhtnews
"စစ်ရေးလေ့ကျင့်ဖို့ တောင်ကိုရီးယားကို ရောက်ရှိလာတဲ့ လေယာဉ်တင်သင်္ဘောနဲ့ အမေရိကန်အုပ်စုကို အလိုမရှိကြောင်း တောင်ကိုရီးယားပြည်သူတွေ ဆန္ဒပြ"

ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်ဖို့ လေယာဉ်တင်
သင်္ဘောနဲ့ ရောက်ရှိလာတဲ့ အမေရိကန်အုပ်စုကို အလိုမရှိကြောင်း တောင်ကိုရီးယားပြည်သူတွေ
က ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြတယ်
လို့ သိရပါတယ်။

အမေရိကန်နျူကလီးယားစွမ်းအင်သုံးလေယာဉ်
တင်သင်္ဘောUSS Ronald Reagan ဟာတောင်
ကိုရီးယားနိုင်ငံ ဘူဆန်ဆိပ်ကမ်းကိုသောကြာနေ့
က ရောက်ရှိလာခဲ့တာဖြစ်ပြီး

အဲဒီစစ်ရေးလေ့ကျင့်မှုဟာဒေသတွင်းတည်ငြိမ်
အေးချမ်းမှုကိုပျက်ပြားစေတာကြောင့် ယခုလို
ကန့်ကွက်ဆန္ဒပြကြတာလို့ ဆိုပါတယ်။

ယခုပြုလုပ်မယ့် စစ်ရေးလေ့ကျင့်မှုဟာ ၂၀၁၇
ခုနှစ်နောက်ပိုင်း

အမေရိကန်လေယာဉ်တင် သင်္ဘောတစ်စင်းပါ
ဝင်တဲ့ အမေရိကန်နဲ့ တောင်ကိုရီးယားရဲ့ပထမ
ဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှု ဖြစ်လာမှာဖြစ်ပြီး
မြောက်ကိုရီးယားရဲ့ခြိမ်းခြောက်မှုတွေကို တွန်း
လှန်ဖို့နဲ့ နှစ်နိုင်ငံ အင်အားကို ပြသဖို့ စီစဉ်ထား
တဲ့ စစ်ရေးလေ့ကျင့်မှုတစ်ခုလည်းဖြစ်တယ်လို့
သိရပါတယ်။

#mhtnews
Forwarded from Myanmar Hard Talk
ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်လုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်ခဲ့ပြီး ဘဏ်နှင့်‌ ရွှေဆိုင်များအား ဓားပြတိုက်လုယက်မှုများ ကျူးလွန်ရန် စီစဉ်လျက်ရှိသည့် ဒလ PDF အမည်ခံအကြမ်းဖက်အဖွဲ့ဝင်များအား လက်နက်ခဲယမ်းများနှင့်အတူဖမ်းဆီးရမိ
နေပြည်တော်၊ နိုဝင်ဘာလ ၃ ရက်
#mhtnews
Forwarded from Myanmar Hard Talk
"အမေရိကန်နိုင်ငံမှာ ရက်ပိုင်းအတွင်း အစုလိုက်ပစ်သတ်မှု ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး လူ(၁၈)ဦးအထိ သေဆုံးခဲ့"

အမေရိကန်နိုင်ငံမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက အစုလိုက်ပစ်သတ်မှု ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး အပြစ်မဲ့ပြည်သူ (၁၈)ဦးအထိ သေဆုံးခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေအရ သိရပါတယ်။

ပထမပစ်ခတ်မှုဟာ ကာလီဖိုနီးယားပြည်နယ် မွန်ထရေးပတ်ခ်မြို့မှာ ပြီးခဲ့တဲ့ စနေနေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး ပြည်သူ (၁၁)ဦးအထိသေဆုံးခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် ကာလီဖိုနီးယားပြည်နယ် မြောက်ပိုင်းက ပင်လယ်ကမ်းခြေမြို့ဖြစ်တဲ့ ဟာ့ဖ်မွန်းဘေမြို့မှာ တနင်္လာနေ့က ဒုတိယမြောက်အဖြစ် အစုလိုက်ပစ်သတ်မှု ထပ်မံဖြစ်ပွားခဲ့ပြီး လူ(၇)ဦးအထိ သေဆုံးခဲ့တာဖြစ်လို့ ပစ်ခတ်မှု ၂ ကြိမ်ပေါင်းကို လူ ၁၈ ဦးအထိ သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
#mhtnews
Forwarded from 𝐊𝐚 𝐊𝐚 𝐇𝐚𝐧✍️ (Shwe Ba)
"တိုင်းရင်းသားသင်္ကြန်နဲ့ သနပ်ခါးသင်္ကြန်တွေပါဝင်မည့် နေပြည်တော်လမ်းလျှောက်သင်္ကြန်ကို ဇုန် (၄) ဇုန်ခွဲ၍ ကျင်းပမည်"

ပြည်ထောင်စုနယ်မြေ နေပြည်တော်၌ ကျင်းပမည့် လမ်းလျှောက်သင်္ကြန်ကို ပျဉ်းမနား - တောင်ညိုလမ်းမပေါ်ရှိ နေပြည်တော်မြိုတော်ဝန် မဟာသင်္ကြန်မဏ္ဍပ်အနီးမှ စည်ပင်ဧည့်ရိပ်သာလမ်းဆုံအထိ ဇုန် (၄)ဇုန် သတ်မှတ်ကာ မဟာသင်္ကြန်အကြိုနေ့မှစတင်ဖွင့်လှစ်၍ ထူးရှားသောအစီအစဥ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို ဇုန် ၄ ဇုန် သတ်မှတ်ရာ၌ ဇုန်(၁)အတွင်း သနပ်ခါးသင်္ကြန်၊ ဇုန်(၂)အတွင်း တိုင်းရင်းသားသင်္ကြန်၊ ဇုန်(၃) အတွင်း မြန်မာမှုမပျောက်ပျက်စေရန်နှင့် နိုင်ငံတကာအဆင့်တန်းမီ အလှပြဖျော်ဖြေရေးအစီအစဉ်များနှင့် ဇုန်(၄)အတွင်း လူငယ်နှင့် ကလေးငယ်များအတွက် လူငယ်ဂိမ်းသင်္ကြန်အစီအစဉ်များ ပါဝင်မည်ဟုဆိုသည်။

သနပ်ခါးသင်္ကြန်၌ သနပ်ခါးလိမ်းခြယ်ကာ ပျော်ပါးလိုရအောင် စီစဉ်ပေးထားသလို တိုင်းရင်းသား သင်္ကြန်ဇုန်၌ တိုင်းရင်းသား ယဉ်ကျေးမှုများကို ပြသ၍ ဂိမ်းဇုန်၌ ခေတ်မီ Colour Party များ၊ ကစားရန်နေရာများ၊ Foam Party များနှင့် ဂိမ်းအစီအစဉ်များ ပါဝင်ကြောင်းလည်း သိရသည်။
#mhtnews
Forwarded from Myanmar Hard Talk
"နွားထိုးကြီးမြို့နယ်မှ အကြမ်းဖက် ၂ ဦးကို အသေပစ်ခတ်ရှင်းလင်း"


မန္တလေးတိုင်းဒေသကြီး၊ နွားထိုးမြို့နယ်မှာ ပြီးခဲ့တဲ့ သြဂုတ် ၁၁ ရက်နေ့က NUG လက်အောက်ခံ အကြမ်းဖက် ၂ ဦးကို လုံခြုံရေးတပ်ဖွဲ့က အသေပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ သိရပါတယ်။

အဆိုပါအကြမ်းဖက်တွေဟာ သြဂုတ် ၁၁ ရက်နေ့မှာပဲ နွားထိုးကြီးမြို့နယ်၊ မင်းရွာအတွင်းကိုဝင်ရောက်ပြီး အပြစ်မဲ့ အရပ်သား ၄ ဦးကို သေနတ်နဲ့ပစ်သတ်ခဲ့တဲ့အပြင် အထက်တန်းကျောင်း (ခွဲ) တစ်ခုကိုပါ မီးရှို့ဖျက်ဆီးခဲ့ပြီး ထွက်ပြေးစဥ်မှာ လုံခြုံရေးတပ်ဖွဲ့က လိုက်လံရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

၎င်းအကြမ်းဖက်တွေဆီကနေ သေနတ် ၄ လက်နဲ့ ကျည်ဆန်တွေအပြင် ဖောက်ခွဲရေးပစ္စည်းအချို့နဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
#mhtnews