တပ်ကြပ်ကြီးဖိုးကွန်း
22.5K subscribers
10.3K photos
1.05K videos
673 links
Download Telegram
မြန်မာမပါတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို အာဆီယံအဖွဲ့ အလှည့်ကျ ဥက္ကဌ ကမ္ဘောဒီးယားနိုင်ငံမှာ သြဂုတ်လ (၃) ရက်နေ့က စတင်ကျင်းပနေပါတယ်။

အစည်းအဝေးအဖွင့်မိန့်ခွန်းမှာအာဆီယံအလှည့်ကျဥက္ကဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က မြန်မာနိုင်ငံ မှာသေဒဏ်စီရင်မှုတွေကြောင့် မြန်မာ့အရေးဖြေရှင်းရာမှာသဘောတူညီထားတဲ့ အာဆီယံဘုံသဘောတူညီချက်(၅)ရပ်ကို အာဆီယံဘက်ကပြန်လည် စဥ်းစားသုံးသပ်လာနိုင်ခြေရှိတယ်လို့ ပြောကြားသွားပါတယ်။

အာဆီယံအဖွဲ့ ဝင်နိုင်ငံများရဲ့ အခြေခံစည်းမျဥ်း( ၆)ရပ်မှာ "တစ်နိုင်ငံ၏ပြည်တွင်းရေးကိုအခြားနိုင်ငံများမှ ဝင်ရောက် စွက်ဖက်ခြင်းမပြုလုပ်ရ"ဆိုတဲ့အချက်ပါဝင်ပါတယ်။

မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ နိုင်ငံရေးဖြစ်စဥ်များဟာ ပြည်တွင်းရေးကိစ္စများ သာ​ဖြစ်ပြီး သေဒဏ်စီရင်မှု ဆိုတာဟာလည်း နိုင်ငံမှာရှိနေတဲ့ တည်ဆဲဥပဒေများနဲ့အညီစီရင်တာဖြစ်လို့ နိုင်ငံရဲ့တရားစီရင်ရေး အချုပ်အခြာအာဏာ ကို ဝင်ရောက်စွက်ဖက်နေတာလည်း ​ဖြစ်
ပါတယ်။

အာဆီယံအလှည့်ကျဥက္ကဌဟာ လူသားချင်းစာနာမှုအရ သေဒဏ်စီရင်မှုကို မပြုလုပ်ဖို့ မေတ္တာရပ်ခံ ခွင့်ရှိပေမယ့် "ငါ ပြောတဲ့အတိုင်းမလုပ်လို့ အရေးယူဆောင်ရွက်မှုလုပ်မယ်"ဆိုတဲ့ သဘော ပြောဆိုမှုကတော့ အချုပ်အခြာအာဏာကို ထိပါးစော်ကားတာ ဖြစ်တဲ့အတွက် လက်ခံလိုက်နာလို့မရတဲ့ ကိစ္စဖြစ်ပါတယ်။

အဖွဲ့အစည်းတစ်ခုလိုက်နာဖို့ သတ်မှတ်ထားတဲ့ စည်းမျဥ်းစည်းကမ်းကို မလိုက်နာဘဲ ဖောက်ဖျက်လုပ်ဆောင်တဲ့အဖွဲ့ ဟာ ဂုဏ်သိက္ခာမရှိတဲ့ အဖွဲ့ဖြစ်လို့ အာဆီယံဟာ ရှက်စရာအဖွဲ့ကြီးဖြစ်လာနေပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာအာဆီယံသြဇာခံ နိုင်ငံတစ်ခုမဟုတ်တဲ့အတွက် ပြည်တွင်းရေးဝင်ရောက်စွက်ဖက်ခြင်း၊အချုပ် အခြာအာဏာထိပါးစော်ကားခြင်း၊အပြုသဘော အကြံပြုတာ မဟုတ်ဘဲ အမိန့်ပေးညွှန်ကြားသလို ခြိမ်းခြောက်သလို ပြုမူမှုတွေကို ပြင်းပြင်းထန်ထန် ဆန့်ကျင်တုံ့ပြန်ဖို့လိုအပ်နေပြီး ဆက်လက် လုပ်ဆောင်လာရင်ဂုဏ်သိက္ခါမရှိတဲ့ အာဆီယံအဖွဲ့က ထွက်သည်အထိ တုံ့ပြန်ဖို့လိုအပ်လာရင် တန်ပြန်တုံ့ပြန်ရင်ဆိုင်သွား ဖို့လိုအပ်ပါတယ်။

#SitNyein
အနာဂတ်မှာ
ဘာဆက်ဖြစ်အုံးမလဲဆိုပြီး
စိတ်​တွေ​ လေးမ​နေလိုက်ပါနဲ့ ။

မ​ရောက်​သေးတဲ့အရာဆိုတာ
ဘာ မှမ​သေချာသေးသလို
ဖြစ်ချင်မှလည်း ဖြစ်လာကြမှာပါ ။

လက်ရှိအ​နေထား​လေးမှာ
ကုသိုလ်​တွေ အသင့်ပြုထားပြီး
စိတ်​ကောင်း​​​လေး​တွေ​မွေးပါ ။

​မေတ္တာကို များ​စေပြီး​တော့
သစ္စာ​တွေလည်း မြဲ​​စေလိုက်ပါ ။

ကိုယ်​ကောင်းတယ်ဆိုရင်
ကိုယ့်ဘက်မှာလည်း​​
ကောင်းတဲ့အရာတွေဟာရှိ​နေမှာပါ ။

မနက်ဖြန်တိုင်းရဲ့
အဆင်​ပြေခြင်းမ​ပြေခြင်း​တွေဟာ

ဒီ​နေ့ ပြုလုပ်​နေတဲ့ကံ​တွေနဲ့
တိုက်ရိုက်ဆက်စပ်​နေတာဖြစ်လို့

လက်ရှိ ပစ္စုပ္ပန်ဘ၀မှာပဲ
​ကောင်း​အောင်ကြိုးစားမယ်ဆိုရင်

ကိုယ့်ရဲ့အနာဂတ်ဘ၀တွေဟာ
သာယာလှပ ချောမွေ့နေမှာပါ ။

🙏🙏🙏သာရ ဂ ​​ဝေ သီ🙏🙏🙏

💚#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည် 💚
အကြောင်းအရာ။ ဘာသာကူးပြောင်းဗုဒ္ဓအဆုံးအမ ဩဝါဒခံယူပွဲ အခမ်းအနား ကျင်းပပြုလုပ်
၁။ ၂၀၂၂ခုနှစ် ဩဂုတ်လ၄ရက်၁၃၀၀အချိန်တွင်ခန္တီးမြို့၊ပေါမိုင်းရပ်ကွက်ရှိ ထေရဝါဒဗုဒ္ဓသာ သနာပြုဗဟိုကျောင်းတိုက်ဓမ္မာရုံ၌ ခရစ်ယာန်ဘာသာမှ ဗုဒ္ဓဘာသာသို့ ကူးပြောင်း၍ ဗုဒ္ဓအဆုံးအမ ဩဝါဒ ခံယူပွဲ အခမ်းအနားကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ဗဟိုသာသနာပြုဆရာတော် ဥူးဝိစိတ္တရ ဆရာတော်အပါအဝင် သံဃာတော်(၁၀)ပါး ၊မြို့နယ်စီမံဥက္ကဌ ဦးသက်ဦးဆွေ နှင့်ဌာနဆိုင်ရာများ ဘာသာ ကူးပြောင်းသူ ကျေးရွာ(၁၀)ရွာတို့မှ လူဦးရေ၄၃ဦးနှင့် ဒေသခံပြည်သူများစုစုပေါင်း၁၅၀ဦးခန့် တက်ရောက်ခဲ့ကြောင်း ၊အခမ်းအနားတွင် နမောတဿ၃ကြိမ်ရွတ်ဆို၍ အခမ်းအနား ဖွင့်လှစ်ခြင်း ရှစ်ပါးသီလခံယူခြင်း ၊ ဗဟိုသာသနာပြုဆရာတော် ဉီူးဝိစိတ္တရထံမှ ဩဝါဒခံယူခြင်း၊ လှူဖွယ်ပစ္စည်း များအား ဆရာတော်အား ဆက်ကပ်လှူဒါန်းခြင်း ၊ခရစ်ယာန်ဘာသာမှ ဗုဒ္ဓဘာသာသို့ ကူးပြောင်းသူ ၄၃ဦးအား တစ်ဦးလျှင်ညဏ်တော်၉လက်မရှိ ဗုဒ္ဓရုပ်ပွားဆင်းတုတော်တစ်ဆူ၊ ဆန်၁၂ပြည်၊ ဆီ၁ပိဿာ၊ ပုဂံပြား/လုံး၁စုံ ၊ဓာတ်ဘူး၁လုံး၊ငွေ၂သောင်းတို့အား ပေးအပ်ခဲ့ပြီး အခမ်းအနားအား ဗုဒ္ဓံသာသနံ စိရံတိဌတု၃ကြိမ်ရွတ်ဆို၍ အခမ်းအနားအား ၁၄၃၀အချိန်တွင် ပြီးဆုံးခဲ့ကြောင်း သိရှိရပါသည်။
၂။ အဆိုပါခရစ်ယာန်ဘာသာမှ ဗုဒ္ဓဘာသာသို့ ကူးပြောင်းလာသူ၄၃ဦးမှာ ဖောင်ဆိုင်းကျေးရွာ၊ လက်ပံသာ ကျေးရွာ၊ညောင်တုန်းကျေးရွာ၊မှန်ပင်ကျေးရွာ ၊ဆင်သေကျေးရွာ၊ ရွှေပြည်သာကျေးရွာ ၊ ဖောင်းပြင်သရောင်းကျေးရွာ၊မြကျွန်းသာကျေးရွာ၊ နန်ဖာကျေးရွာ ၊ကောင်းမူကျေးရွာ၊ လောင်ဆောက် ကြီးကျေးရွာ တို့မှဖြစ်ပြီး ခရစ်ယာန်ဘာသာမှ ဗုဒ္ဓဘာသာသို့ ကူးပြောင်းရန် အနီးအနားရှိ ကျေးရွာများမှလည်း စိတ်ဝင်စားလျှက်ရှိကြောင်း သိရှိရပါသည်။
Forwarded from Nay Zin Latt We Love (sansan htay)
.
#အစွယ်လိုသူမိဘုရား

ပလိုစီက မီးရှို့သွားတယ်
အပျိုကြီးက ဒုက္ခပင်လယ်ဝေကျန်ခဲ့တယ်
အားပေးတဲ့ ဂျပန် ကသူ့စီးပွားရေးဇုံအပေါ်
ဒုံးပျံကျလာပါသတဲ့၊

Targeted military action လုပ်မယ်လို့
ရေးသူလဲ (၃) ရက်အဘန်းခံလိုက်ရတယ်၊

ထိုင်ဝမ်ဟာ
တိုက်စရာတောင်မလိုဘူး
ဒုံးပျံလေးပစ်ပြလိုက်တာနဲ့
Supply chain "ထောက်ပံ့ဆက်ကွင်း"
တခုလုံး ဖြတ်ပြီးသားဖြစ်လို့
အစိုးရ အလိုလိုပြုတ်ကျလိမ့်မယ်လို့
ရေးခဲ့တာတော့ ဖြစ်လာပြီနော်၊

ပလိုစီက လူလယ်မကြီး
နောက်သက်တမ်း ထပ်အရွေးခံရအောင်
ထိုင်ဝမ်ကို ရက်ရက်စက်စက်
အသုံးချသွားခဲ့တယ်၊

#NayZinLatt ( 5.8.22 ) 🤒
မုံရွာ တိုင်းရင်းဆေးရုံ အိန်ဂျယ် စားသောက်ဆိုင်တွင် ဖော်ထုတ်ဖမ်းမိ KIAသင်တန်းဆင်း ပဒက်နှစ်ကောင်
အမွေစံ နဲ့ သင်ဇာဝင့်ဖော်....သူတို့၂ယောက်အကြောင်းစောင့်မျှော်ကြပါ၊..နောက်ဆိုသူတို့ရဲ့ ပိုင်ဆိုင်မှု့အတွင်းပစ္စည်းတွေ လိုင်းပေါ် မှာတွေ့ချင်မှတွေ့ရတော့မယ်😂😂😂
Forwarded from Han Nyein Oo
​မျိုးချစ်​ မြန်မာရဟန်းတော် များသမဂ္ဂ (မန္တလေး)မှ အကြမ်းဖက်ရှုံ့ချရေး
ဆန္ဒထုတ်ဖော်
======================
မန္တလေးမြို့ မျိုးချစ်သမဂ္ဂမှ အကြမ်းဖက်လူသတ် အစွန်းရောက် လုပ်ရပ်များ လုပ်ဆောင်နေကြတဲ့ PDF အကြမ်းဖက်အဖွဲ့အား ဆန့်ကျင်ကြ..... အပြစ်မဲ့သံဃာနှင့် ပြည်သူများအပေါ် ယုတ်မာ ကောက်ကျစ်မှုများ အလိုမရှိ... အကြမ်းဖက်သမားများနှင့် အကြမ်းဖက်အားပေးထောက်ခံသူများ ဆန့်ကျင်ကြ... ဘုရားသားတော် သံဃာများအား
သတ်ဖြတ်သူများ သေဒဏ်ပေးပါ... စာသားပါ ဆိုင်းဘုတ်များ ကိုင်ဆောင်..ကြွေးကြော်ဆန္ဒ ထုတ်ဖော်ခဲ့ကြကြောင်းသိရပါတယ်.....
ဝန်အသစ်တွေ ဘာတွေ ခန့်အုံးမလားမသိဘူး..ဒီညသတင်းစောင့်ကြည့်ရမှာဘဲ😛🤔🤔🤔
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် August 5 ရက်နေ့မှ စတင်ကာ ပြည်တွင်းဒေါ်လာရည်ညွန်းစျေးကို ယခင် 1850 Kyat မှ 2100 Kyat သို့ တရား၀င်ပြောင်းလဲသတ်မှတ်လိုက်သည်။ 😢😢😢
ရုရှားနိုင်ငံခြားရေးဝန်ကြီးမြန်မာနိုင်ငံသို့သွားခြင်းသည် အာဆီယံကို မထီမဲ့မြင်ပြုခြင်းဖြစ်ပြီး နန်စီပလိုစီထိုင်ဝမ်သွားခြင်းသည် ငြိမ်းချမ်းစွာသွားခြင်းဖြစ်သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကဖနွမ်ပင်၌သတင်းထောက်များအား ပြောကြားခဲ့သည်။😂😂😂
စွမ်းအင်သီးသန့်ဝန်ကြီးဖြစ်ပါပြီ
Forwarded from Snow Queen #SQ🇲🇲🇲🇲🇲🇲 (Snow Queen)
Aug 5

ထက်၊လယ်၊မူ ကျောင်းအုပ်ကြီးများ
အုပ်ချူပ်မှုစရိတ် မူရင်းလစာ၏ (10)% ရရှိမည်ဟု သိရှိရပါသည်

#SQ
https://t.me/snowqueen1245