တပ်ကြပ်ကြီးဖိုးကွန်း
22.5K subscribers
10.3K photos
1.05K videos
673 links
Download Telegram
တိုင်းဆူပြည်ဖျက် Burma Act

မြန်မာနိုင်ငံက အကြမ်းဖက်အဖွဲ့လို့သတ်မှတ်ကြေညာထားတဲ့ NUCC,NUG, PDFကို အကူအညီပေးမယ်လို့ တရားဝင်ဥပဒေပြဌာန်းခြင်းဟာ နိုင်ငံရဲ့အချုပ် အခြာအာဏာကို စော်ကားခြင်းဖြစ်ပါတယ်။

လွတ်လပ်ရေးနေ့ ပြည်ထောင်စုနေ့များမှာ လူစုလူဝေးနေရာများမသွားဖို့ အမေရိကန်သံရုံးကထုတ်ပြန်ချက်ဟာ တည်ငြိမ်အေးချမ်းရေးပျက်ပြားအောင်လှုံ့ဆော်မှုဖြစ်ပါတယ်။ (ခရစ်စမတ်နေ့၊နှစ်သစ်ကူးနေ့တွေ ကိုသတိမပေးတာကလည်းထူးခြားပါတယ်)

တည်ငြိမ်အေးချမ်းရေးပျက်ပြားအောင်လုပ်နေသူတွေကတည်ငြိမ်အေးချမ်းရေးပျက်ပြားနေလို့ ရွေးကောက်ပွဲမလုပ်သင့်ဘူးဆိုတော့ လည်းမခက်ပေဘူးလား။

Burma Act မှာလက်နက်မဟုတ်သော နည်းပညာများ၊လူသားချင်းစာနာမှုအကူ အညီများ လို့ စကားလုံးလှလှတွေသုံးထားပေမယ့် ကူညီထောက်ပံ့မှုတွေဟာ မြန်မာပြည်တည်ငြိမ်အေးချမ်းမှုပျက်ပြားရေး ဆူပူအကြမ်းဖက်ရေးများအတွက်ဆိုတာ အလိုလို နားလည်ကြပြီးသားဖြစ်ပါတယ်။

အိုစမာဘင်လာဒင် အယ်ကိုင်ဒါအကြမ်း ဖက်အဖွဲ့၊ISအကြမ်းဖက်အဖွဲ့တွေ မွေးထုတ်ပေးခဲ့တာ အမေရိကန် CIAဖြစ်ပါတယ်။ကမ္ဘာအနှံ့စစ်စခန်းတွေဆောက်ပြီး ကမ္ဘာ့စစ်အင်အားအကြီးဆုံးစစ်တပ်နဲ့ကမ္ဘာ့ စစ်အာဏာရှင်စနစ်တည်ဆောက်နေတဲ့အမေရိကန်က

မြန်မာနိုင်ငံ လိုနိုင်ငံလေးရဲ့ပြည်တွင်းရေးကိုဝင်နှောင့်ယှက်ဖို့ စစ်အာဏာရှင်ကျဆုံးရေး ဒီမိုကရေစီပေါ်ပေါက်ရေးဆိုပြီး အကြမ်းဖက်အဖွဲ့တွေမွေးထုတ် ကူညီထောက်ပံ့အားပေးနေတာတော်တော်အရှက်ကင်းမဲ့တဲ့လုပ်ရပ်ဖြစ်ပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်ချပြီး၊အမေရိကန်သမ္မတက Burma Act ကိုအတည်ပြုလက်မှတ်ထိုးပြီ ဆိုပြီး R2Pဝင်တော့မလို ၊ USတပ်တွေဝင်တော့မလို ဝိုင်းဖွကြလို့ တောထဲကPDF တွေလည်း မနက်ဖန်သဘက်ခါ အောင်ပွဲခံတော့မလိုစိတ်ဓာတ်တွေတက်ကြွလာပြန်ပါတယ်။

ဒီလိုမျှော်လင့်ချက်အမှားတွေနဲ့ လက်နက်ကိုင်တော်လှန်ရေးကိုဆွဲဆန့်နေသူတွေက ကျည်လွတ်မြေကနေ အနေအစားမပျက် ဇိမ်ကျနေသူတွေ ဖြစ်ပါတယ်။

လုံခြုံရေးကောင်စီဆုံးဖြတ်ချက်ဆိုတာ တရုပ်ရုရှားကဗီတိုအာဏာမသုံးအောင်စိတ်ကြိုက်စကားလုံးအသုံးအနှုံးတွေပြင် ဆင်တာခံရပြီးမှထွက်လာဖြစ်လို့ ကုလ သမဂ္ဂပဋိညဉ်နဲ့မညီတဲ့ ပြည်တွင်းရေးဝင်စွက်ဖက်မှုထက်မပိုတဲ့ဆုံးဖြတ်ချက်သာဖြစ်ပါတယ်။

R2Pဝင်ဖို့ ခွင့် ပြုတဲ့အထိတရုပ်ရုရှားကမိုက်မဲမှာ မ ဟုတ်တဲ့အတွက် မဖြစ်နိုင်သလို Burma Act ကလည်းခြေကုန်လက်ပမ်းကျလာတဲ့ ဒီမိုကရေစီဖက်ဒရယ်အမည်ခံ ပြည်ဖျက်အဖွဲ့တွေ အသက်ဆက်နိုင်အောင်ကူညီတဲ့အဆင့်သာဖြစ်လို့ တိုင်းပြည်ဆူဆူပူပူနဲ့ တည်ငြိမ်အေးချမ်းမှုမရှိအောင်လုပ်တဲ့အဆင့်သာဖြစ်ပါတယ်။

Buma Act ကြောင့်တည်ငြိမ်အေးချမ်းမှုပျက်ပြား၊လူထုဒုက္ခရောက်စရာသာရှိပြီးနစက ဘဝပျက်စရာအကြောင်းမရှိဘဲ တော်လှန်ရေးကြီးအောင်တော့မယ်လို့ လက်နက်ကိုင်တိုက်ပွဲဝင်တဲ့ PDF GZ တွေသာ ဘဝပျက်ကြရအုံးမှာဖြစ်ပါတယ်။

#SitNyein
ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး

ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံး ဖြတ်ချက်မှာ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးပါပေမယ့် ဒီဆုံးဖြတ်ချက်မတိုင်မီကတည်းက ဒေါ်အောင်ဆန်းစုကြည် အမှုတွေအားလုံးစစ်ဆေးအမိန့်ချပြီးသွားတဲ့အခါ ညှိနှိုင်းမှုတွေအဆင်ပြေရင် လွတ်မြောက်နိုင်ဖွယ်ရှိကြောင်းသုံးသပ်ချက်သတင်းတွေ ထွက်ပေါ်နေခဲ့ ပြီးဖြစ်ပါတယ်။

ဒီဇင်ဘာ၃၀မှာ နောက်ဆုံးလက်ကျန်အမှုဖြစ်တဲ့ရဟတ်ယာဥ်ငှားရမ်းမှု၊ဝယ်ယူမှုအဂတိမှုများကို စီရင်ချက်ချလိုက်ပြီဖြစ်လို့ စစ်ဆေးဆဲအမှုများအားလုံးပြီးပြတ်သွားပြီဖြစ်ပါတယ်။

အဓိကအမှုကြီးဖြစ်တဲ့အရေးပေါ်အခြေအနေကြေညာပြီးအာဏာထိန်းရတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၄၁၇ နိုင်ငံတော်၏ အချုပ် အခြာအာဏာ ကို အဓမ္မနည်းနဲ့ ရယူရန်ကြိုးပမ်းအားထုတ်ခြင်းကြောင့် လို့ တရားဝင်ကြေညာခဲ့ပေမယ့် ဒီပြစ်မှုနဲ့တရားစွဲဆို အရေး ယူမှု မတွေ့ခဲ့ရတာကလည်း ထူးခြားချက်ဖြစ်ပါတယ်။

ပါတီဆက်လက်ရပ်တည်ခွင့်ဥပဒေနဲ့ငြိစွန်းနေတဲ့NLDပါတီကိုမဖျက်သိမ်းဘဲ ဆက်လက်တည်ရှိခွင့်ပြုထားခြင်း၊အာဏာရှိစဥ်က ဒေါ်အောင်ဆန်းစုကြည်ကျူးလွန်ခဲ့တဲ့ အခြားအမှုများကိုဆက်လက်တရား စွဲဆို မှုမပြုတော့ဘဲ လက်ရှိ နောက်ဆုံးအမှုကိုသာ အပြီးသတ်စစ်ဆေးနေခြင်းများကြောင့် အများသုံးသပ်နေကြတဲ့အတိုင်း ညှိနှိုင်းလို့အဆင်ပြေရင် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်နိုင်သလို NLD လည်းရွေး ကောက်ပွဲဝင်လာနိုင်စရာရှိကောင်းရှိလာနိုင်ပါတယ်။

ဆန့်ကျင်ဘက်အဖွဲ့များက တော့ လွှတ်ပေးလိုက်ရင် ကုလသမဂ္ဂဖိအားအမေရိကန်ဖိအားတွေကြောက်လို့ ပြန်လွှတ်တာလို့ပြောကြမှာဖြစ်ပြီးပြန်မလွှတ်ရင်လည်း စစ်ကောင်စီက ဘယ်သူ့မှဂရုမစိုက်ဘဲသူလုပ်ချင်ရာလုပ်တယ်လို့ ပြောကြမှာဖြစ်ပါတယ်။

ဒါက နစက လက်ထဲမှာသာ အခြေအနေဖန်တီးနိုင်ခွင့်အပြည့်အဝရှိနေတာဖြစ်လို့ ညှိနှိုင်းမှုတွေအဆင်ပြေရင်လွတ်နိုင်သလို အဆင်မပြေရင် လည်းလွတ်လမ်းမမြင်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးနဲ့NLD ရွေး ကောက်ပွဲဝင်မဝင်ကိစ္စကလည်း စိတ်ဝင်စားစရာကောင်းနေပါတယ်။

ဒါပေမယ့် ရှောင်တာနယ်ကိုလွှတ်ပေးလိုက်သလို ဘာအပေးအယူ ညှိနှိုင်းမှုမှမရှိဘဲ နှစ်နိုင်ငံ ဆက်ဆံရေးအဆင်ပြေစေလိုတဲ့ရည်ရွယ်ချက်နဲ့လွှတ်ပေးတယ် ဆိုသလိုပဲ ညှိနှိုင်းသဘောတူချက်ဘာမှမရှိဘဲ ပြန်လည်ရင်ကြားစေ့ရေးရည်ရွယ်ချက်နဲ့ပြန်လွှတ်လိုက်တယ်ဆိုတာလည်းဖြစ်ကောင်း ဖြစ်သွားနိုင်တဲ့အတွက် နစကဆုံးဖြတ် ချက်အပေါ်မှာသာ မူတည်နေတဲ့ အနေအထား ဖြစ်နေပါတယ်။

#SitNyein
ထာဝရငြိမ်းချမ်းရေး ယာယီငြိမ်းချမ်းရေး

ထာဝရငြိမ်းချမ်းရေးဆိုတာအလွန်ကောင်းမွန်မြင့်မြတ်တဲ့ အရာ ဖြစ်ပေမယ့် "အကောင်းဆုံးကအကောင်းဆုံးပေါ့၊တန်ရာကတန်ရာပေါ့ "ဆိုသလိုပဲ အလွန်ခက်ခဲတဲ့ကိစ္စ ဖြစ်ပါတယ်။

လတ်တလောလိုအပ်ချက် လက်တွေ့ လုပ်ဖို့ကတစ်ရက်သေနတ်သံတိတ်ရင်တစ်ရက်ငြိမ်းချမ်းတယ်ဆိုတဲ့ ယာယီငြိမ်းချမ်းရေးဖြစ်ပါတယ်။(လက်ရှိAAနဲ့ လုပ်ထားသလို)

ယာယီငြိမ်းချမ်းရေးကို ခိုင်ခိုင်မာမာတည်ဆောက်ပြီးမှသာ ထာဝရငြိမ်းချမ်းရေးဆီ ဆက်တက်လှမ်းနိုင်မှာဖြစ်တဲ့အတွက်EAOများနဲ့ ယာယီငြိမ်းချမ်းရေးရဖို့အရင်ဆုံးလိုအပ်ပါတယ်။

NCAဟာယာယီငြိမ်းချမ်းရေးကနေ ထာဝရငြိမ်းချမ်းရေးဆီ သွားဖို့ လမ်း ကြောင်းဖြစ်ပေမယ့် NCAထဲမပါတဲ့ UWSAလိုEAOနဲ့ ငြိမ်းချမ်းရေးရနေပြီး NCA ထိပ်သီး KNUနဲ့ မငြိမ်းချမ်းဘူး ဖြစ်နေတာကလည်း ကမောက်ကမ တလွဲ တချော်ဖြစ်စဥ် တွေ ဖြစ်နေပါတယ်။

NCA သဘောတူထားတဲ့ KNUက ရည်ရွယ်ချက်ရှိရှိ ကြိုတင်စီမံချက်နဲ့ တပ်စခန်းများတပ်ရင်းဌာနချုပ်များကို အကြိမ်ကြိမ် လာရောက်တိုက်ခိုက်နေခြင်းအပေါ်တိကျပြတ်သားတဲ့ အရေးယူဆောင်ရွက်မှု မရှိရင်NCAတန်ဖိုးမဲ့သွားမှာ ဖြစ်ပါတယ်။

ယာယီအပစ်ရပ်ငြိမ်းချမ်းရေးအတွက် နှစ်ဘက်သဘောထားကြီးစွာ နားလည်မှုယူပြီး ရယူခြင်း၊တစ်ဘက်ဘက်က စစ်ရေးဖိအားအသာစီးယူပြီး ရယူခြင်းနည်းလမ်းနှစ်မျိုးရှိရာမှာ နဝတ/နယကခေတ်က တစ်နိုင်ငံလုံးအပစ်ရပ်ငြိမ်းချမ်းရေးရယူနိုင်ခဲ့ခြင်းဟာ စစ်ရေးဖိအားပေးပြီး(ကိုးကန့်၊ဝ ကလွဲလို့) ရယူခဲ့ခြင်းဖြစ်ပါတယ်။

၂၀၂၃ မှာ တစ်နိုင်ငံလုံးအကြားအလပ်မရှိ ဆိုတာထက် အတိုင်းအတာတစ်ခုအထိ အောင် မြင်တဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့အတွက်EAOများနဲ့ ယာယီအပစ်ရပ်ငြိမ်းချမ်းရေးရဖို့လိုအပ်နေတဲ့အတွက်ယာယီငြိမ်းချမ်းရေးကို ရတဲ့နည်းနဲ့ လုပ်ဖို့လိုအပ်နေတဲ့အချိန်ကာလဖြစ်ပါတယ်။

နဝတ/နယက ခေတ်လို တစ်နိုင်ငံလုံးနေ့ည မဟူ ၂၄နာရီ ပတ်လုံး သွားလာနိုင်တဲ့ ယာယီငြိမ်းချမ်းရေးအဆင့် မျိုးပြန်ရရင်ကို အောင်မြင်တယ်လို့ ဆိုရမှာဖြစ်တဲ့အတွက် လက်တွေ့မဖြစ်နိုင်သေးတဲ့ထာဝရငြိမ်းချမ်းရေးထက်ယာယီအပစ်ရပ်ငြိမ်းချမ်းရေးကိုသာ ရတဲ့နည်းနဲ့တည်ဆောက်ဖို့ လိုအပ်နေပါတယ်။

#Sitnyein
တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များရဲ့ အားကိုယူဖို့ NUCCဆိုပြီး ဖွဲ့စည်းခဲ့ ပေမယ့်ထိထိရောက်ရောက်မစုစည်းနိုင်လို့ မအောင်မြင်ခဲ့သလို NUG က EAO တွေ
အားလုံးနဲ့ထိတွေ့ဆက်ဆံနေတယ် ၊ NUGနဲ့ EAOအားလုံး ပူးပေါင်းလုပ်ဆောင်နေတဲ့အတွက် တော်လှန်ရေးအောင်မြင်မှာသေချာတယ်လို့ သံတမန်ရေးဆန်ဆန်စကားတွေ ပြောနေပေမယ့် NUGနဲ့ EAOအားလုံး ပူးပေါင်းဖို့ မပြောနဲ့၊လူမျိုးတူEAOအချင်းချင်းတောင် အပြန်အလှန်တိုက်ခိုက်နေကြတဲ့ လက်ရှိမြေပြင်အနေအထားတွေအရ လက်တွေ့မဖြစ်နိုင်တဲ့ စိတ်ကူးယဥ်စကားတွေ ဖြစ်နေပါတယ်။

EAOများဟာဝါဒရေးသူပုန်များမဟုတ်ဘဲ လူမျိုးရေးသူပုန်များဖြစ်တဲ့အတွက် လူမျိုးရေးတန်းတူအခွင့်အရေးမရဘူးဆိုတဲ့ ခံယူချက်နဲ့ ပုန်ကန်ကြတာဖြစ်လို့ မူရင်း
တော်လှန်ရေးကစစ်အာဏာရှင်ကိုတော်လှန်တာမဟုတ်ဘဲဗမာလူမျိုးကြီးကိုတော်လှန်တာဖြစ်လို့ NUGကိုလည်း ယုံကြည်မှုမရှိဘူးဆိုတာ မဆန်းပါဘူး။

EAOများထဲမှာအင်အာအကြီးမားဆုံးဖြစ်တဲ့ UWSPက "ဗမာအချင်းချင်းပြဿနာကြားမပါဘူး"လို့ ရှင်းရှင်း ဖွင့်ပြောသလို အင်အားကြီးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့SSPPကလည်း"ရွေးကောက်ပွဲ လုပ်တယ်ဆိုတာကောင်းတာပေါ့၊ရွေးကောက်ပွဲလုပ်တယ်ဆိုတာ ဒီမိုကရေစီစံချိန်စံနှုန်းဒီမိုကရေစီနည်းလမ်းကိုသွားနေတဲ့ အခြေခံအဆင့်တစ်ခုပဲ။ရွေးကောက်ပွဲဆိုတာကျွန်တော်တို့ SSPP/SSAနယ်မြေမှာ ဘယ်တော့မှဆန့်ကျင်တာ မရှိဘူး"လို့ ပြောတဲ့အတွက် EAOများအားလုံးက NUGနဲ့ပူးပေါင်းဆောင်ရွက်နေတယ်ဆိုတဲ့ စကားတွေကမဟုတ်မမှန် ဝါဒဖြန့်မှုတွေဖြစ်ကြောင်းထင်ရှားနေပါတယ်။(RCSSကတော့ PDF တွေ ဟာ ဓားပြတွေ ဖြစ်လာမယ်လို့ ကြိုဟောကိန်းထုတ်ထားခဲ့ပြီးသားဖြစ်ပါတယ်)

လက်တွေ့မှာလည်း NUGနဲ့ပေါင်းတဲ့EAO နယ်မြေတွေသာ စစ်ဘေးဒုက္ခဒဏ်ဒေသခံတွေခံကြရတာဖြစ်ပြီး NUGနဲ့မပေါင်းတဲ့EAOနယ်တွေ ငြိမ်းချမ်းနေတာဖြစ်ပါတယ်။

မျောက်ပြဆန်တောင်းသလို အသုံးချရုံပေါင်းနေတဲ့ EAO တွေနဲ့ ကိုယ်ပိုင်နယ်မြေမရှိ၊ကိုယ်ပိုင်အရည် အချင်းမရှိလို့ EAOလက်ထဲPDF တွေ ထိုးအပ်ပြီးEAOနယ်မြေကိုNUGနယ်မြေလိုပုံမှားရိုက် အမြတ်ထုတ်ဖို့ပေါင်းတဲ့ NUGတို့ရဲ့ ပူးပေါင်းမှုဟာ ရေရှည် တည်မြဲစရာအကြောင်းမရှိတဲ့အတွက် NUGနဲ့EAOအားလုံးပေါင်းပြီး စစ်အာဏာ ရှင်ကိုတော်လှန်ရင် အောင်မြင်ပြီ ဆိုတာလက်တွေ့နဲ့ ကင်းကွာလွန်းတဲ့ စိတ်ကူးယဥ် အိပ်မက် ဖြစ် နေပါတယ်။

NUGနဲ့EAOများအားလုံးပေါင်းပြီးလက်နက်ကိုင်တော်လှန်ရေးနဲ့ အာဏာသိမ်းမယ်ဆိုတာ ဘယ်လိုမှ လက်တွေ့မဖြစ်နိုင်တဲ့အတွက် ရွေးကောက်ပွဲကျင်းပ အာဏာပြန်လွှဲ ဆိုတဲ့ လမ်းကြောင်းတစ်ခုတည်းသာ ဒီမိုကရေစီလမ်းပေါ်ပြန်ရောက်ဖို့ရှိပါတယ်။

NUG+EAO တွေအနေနဲ့ တော်လှန်ရေးအော်ပြီးလက်တွေ့မြေပြင်မှာ ဒေသခံပြည်သူလူထု အတိဒုက္ခရောက်ရုံသာရှိတဲ့ မအောင်မြင်နိုင်တဲ့လက်နက်ကိုင်တော်လှန်ရေးလမ်းကို ပြင်ဆင်ဖို့ လိုအပ်နေပြီဖြစ်ပါတယ်။

တစ်နှစ်အတွင်းအဆုံးသတ်တိုက်ပွဲအော်ပြီးစစ်ကြောင်းဝင်လာရင်ပြေးနေရတဲ့ PDF ၊လေယာဥ်ဗုံးကြဲရင် အသံကုန်အော်ရုံကလွဲ ပြီး ဘာမှ မလှုပ်နိုင်တဲ့ EAOနဲ့ ဘယ်လို အဆုံးသတ်တိုက်ပွဲ နွှဲမှာလဲ စဥ်းစားသင့်ပါတယ်။

#SitNyein
၂၀၂၃ ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကောက်ယူမှုကိုဇန်နဝါရီ၉ရက်ကနေ၃၁အထိ ၂၃ရက် အတွင်းတစ်နိုင်ငံလုံးစာရင်းကောက်ယူမှုပြုလုပ်နေရာမှာ တစ်ပတ်အတွင်း ၁၀ကြိမ်ထက်မနည်း တိုက်ခိုက်ခံခဲ့ရပြီး ငါးဦးသေဆုံးခဲ့ရပြီးဖြစ်သလို စစ်ကိုင်းတိုင်းမြောင်မြို့နယ်မှာစာရင်းကောက်ယူတဲ့ဝန်ထမ်း(၄)ဦးဖမ်းဆီးခံရခဲ့ပါတယ်။

လူဦးရေစာရင်းကောက်ယူခြင်းဟာ ထွေအုပ်၊လဝက တွေမှာရှိပြီးသားစာရင်းတွေနဲ့မြေပြင်တိုက်ဆိုင်စစ်ဆေးတာဖြစ်လို့ မဲစာရင်းမှန်ကန်ရေးအတွက် အရေး ကြီးတဲ့လုပ်ငန်းစဥ်တစ်ခုဖြစ်ပေမယ့် မြေပြင်စာရင်းကောက်ယူမှု ကိုနှောင့်ယှက်ဖျက်ဆီး ဟန့်တားရုံနဲ့ ရွေးကောက်ပွဲပျက်မှာ မဟုတ်ဘူးဆိုတာ မသိရှာတဲ့ NUG ရဲ့ညွှန်ကြားချက်အရ မြေပြင်PDF တွေကလူTတ်လိုင်စင်ရသလို Tတ်ဖြတ်လာတာ တွေ့မြင်လာရပါတယ်။

အခုအTတ်ခံကြရဖမ်းဆီးခံကြရတဲ့ ဝန်ထမ်းတွေ ဟာအောက်ခြေအဆင့် ဝန်ထမ်းငယ်တွေသာဖြစ်ပြီး ဘယ်အစိုးရတက်တက် နိုင်ငံ့တာဝန်ထမ်းဆောင်နေကြရတဲ့ဝန်ထမ်းတွေ ဖြစ်ပါတယ်။NLDအစိုးရဖြစ်လို့ စစ်အစိုးရဖြစ်လို့ ဆိုပြီး ရွေးချယ်လို့မရဘဲ ဘယ်အစိုးရတက်တက် မိမိဌာနတာဝန်ထမ်းဆောင်ကြရသူတွေသာ ဖြစ်ပါတယ်။NUG တရားဝင်အစိုးရဖြစ်လာရင်လည်းNUG အစိုးရညွှန်ကြားချက်တွေကိုလိုက်နာအကောင်အထည်ဖော်လုပ်ဆောင်ရမယ့်ဝန်ထမ်းတွေ ဖြစ်ပါတယ်။

လက်ရှိဒီဝန်ထမ်းတွေရဲ့နိုင်ငံ့တာဝန်ထမ်းဆောင်မှုကို အသိအမှတ်ပြုပြီး မိသားစုစားဝတ်နေရေး လစာစရိတ်ကို နစက အစိုးရက တာဝန်ယူဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။

NUGက ဘာမှတာဝန်မယူနိုင်ဘဲ CDM လုပ်ရမယ်၊နစက လက်အောက်မှာမလုပ်ရဘူး၊လူဦးရေစာရင်းမကောက်ရဘူး၊ကောက်ရင်အရေးယူမယ်Tတ်မယ်ဖြတ်မယ် ဆိုတာတွေဟာ "ငါ့အလိုမလိုက်ရင် Tတ်ပစ်မယ် "လို့ ခြိမ်းခြောက်တဲ့မုဒိန်းသမားလို ဖြစ်နေတဲ့အတွက် လူဦးရေစာရင်းကောက် ယူတဲ့ဝန်ထမ်းတွေ ကို NUGက မုဒိန်းကျင့်ဖို့ကြံစီနေတာနဲ့အတူတူပဲ ဖြစ်ပါတယ်။

လူဦးရေစာရင်းကောက်ယူခြင်းဟာ ရွေးကောက်ပွဲအတွက်သာမဟုတ်ဘဲ အခြေခံအချက် အလက်အမှန်တွေရတဲ့အတွက်ဘယ်အစိုးရတက်တက် တိုင်းပြည်တိုးတက်ရေးလုပ်ငန်းများအတွက်အထောက်အကူအများကြီးရတဲ့ကိစ္စဖြစ်လို့ Tတ်ဖြတ်ဖမ်းဆီး ရလောက်တဲ့အထိ ကြီးမားတဲ့ပြစ်မှုမဟုတ်တာကို အကြီးအကျယ် ပြဿနာလုပ်နေတာကလည်း ထူးဆန်းနေပါတယ်။

လူဦးရေစာရင်းကောက်တာကိုလိုက်Tတ်နေလို့ ဘယ်နှစ်ယောက်အထိTတ်မှာလဲ၊ဒီလိုTတ်လိုက်လို့ ကော ရွေးကောက်ပွဲပျက်သွားမှာလား၊ကိုယ်ကဘာမှ တာဝန်ယူစောင့်ရှောက်မှု မလုပ်နိုင်တဲ့ ဝန်ထမ်းငယ်တွေ မိသားစုဘဝပျက် သွားကြရအောင်Tတ်ဖြတ်ဖမ်းဆီး လုပ်တာဟာ ဒီမိုကရေစီလားဆိုတာတွေမစဥ်းစားတတ်တဲ့ NUG က ဦးဆောင်တဲ့ တော်လှန်ရေးဟာ အကြမ်း ဖက် လူသတ်အဖွဲ့ကြီးအဖြစ်သာ သမိုင်းတွင်ကျန်ရစ်မှာ ဖြစ်ပါတယ်။

#SitNyein
အမေရိကန်က ဘာမှမစရသေးဘဲအခုမှလူဦးရေစာရင်းကောက်ရုံအဆင့်သာရှိသေးတဲ့ရွေးကောက် ပွဲကို စစ်ကောင်စီကကျင်းပတာဖြစ်လို့အတုအယောင်ရွေးကောက်ပွဲ လို့ အတိအကျ သတ်မှတ်လိုက်ပြီး မသမာမှုတွေ အချက်အလက်အထောက်အထား အတိအကျ များစွာနဲ့ ဖုံးကွယ်မရအောင်ပေါ်လွင်ခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲကို လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲလို့ ဆိုလာပြန်ပါတယ်။

နယ်မြေထိန်းချုပ်နိုင်မှု၊တည်ငြိမ်အေးချမ်းမှုမရှိလို့ ရွေးကောက်ပွဲလုပ်ဖို့မသင့်သေးဘူးလို့လည်းဆိုပါတယ်။နယ်မြေမတည်ငြိမ်အောင်ထိန်းချုပ်လို့မရအောင် ကူညီထောက်ပံ့မီးထိုးပေးနေတာ အမေရိကန်ဖြစ်ပါတယ်။

ဆူပူသောင်းကျန်းမှုတွေကို ထိထိရောက်ရောက် နှိမ်နှင်းရင် စစ်ရာဇဝတ်မှု၊ဂျီနိုဆိုက် ၊လူ့အခွင့်အရေး၊လူသားချင်းစာနာမှုဆိုတဲ့ခေါင်းစဥ်တွေမျိုးစုံတပ်ပြီး ကာကွယ်ပေးနေတာလည်းအမေရိကန် ဖြစ်ပါတယ်။

နယ်မြေထိန်းချူပ် ရေးပျက်ပြားအောင်၊တည်ငြိမ်အေးချမ်းရေးပျက်ပြားအောင်စီစဥ်ဖန်တီးနေတဲ့အမေရိကန်က နယ်မြေထိန်းချုပ်ရေးနဲ့တည်ငြိမ်အေးချမ်းရေးပျက်ပြားနေတယ်လို့ အ ကြောင်းပြပါတယ်။

နစကအနေနဲ့ အာဏာထိန်းအစိုးရအဖြစ် ဆူပူအကြမ်းဖက်မှုများကိုပြင်းပြင်းထန်ထန် နှိမ်နှင်းမှုမလုပ်ခြင်း၊ဖမ်းဆီးရမိသူများကိုဖြေလျော့ပေးခြင်းများနဲ့ပျော့ပျောင်းစွာကိုင်တွယ်ခဲ့ပေမယ့် "နင်မဟုတ်နင်အဖေပဲ"လို့ ပြဿနာရှာဖို့ဆုံးဖြတ်ထားပြီးသားဖြစ်တဲ့အမေရိကန်အနောက်အုပ်စု ကအာဏာသိမ်းအကြမ်း ဖက်စစ်ကောင်စီလို့ သတ်မှတ်ထားပြီးဖြစ်ပါတယ်။

အကျိုးဆက်အဖြစ် ၂နှစ်ကြာတဲ့အထိ နိုင်ငံကိုတည်ငြိမ်အောင်မထိန်းနိုင်ဘဲ ထိန်းချုပ်နိုင်တဲ့နယ်မြေတွေဆုံးရှုံးလာတယ်လို့ ထပ် အပြစ်တင်ခံရပြန်ပါတယ်။

စစ်အစိုးရအုပ်ချုပ်လို့မရစေရဘူးဆိုပြီး အုပ်ချုပ်ရေးပျက်ပြားအောင် လူတွေကို ကြက်ကလေးငှက်ကလေးတွေသတ်သလို လိုက်သတ်နေတာကို ထိထိရောက်ရောက်ကာကွယ်မပေးနိုင်ခြင်းဟာ နစက ရဲ့ အား နည်းချက် ဖြစ်နေပါတယ်။

NUG,PDFဘက်က သူတို့ လုပ်ရပ်တွေကိုမတားဆီးနိုင်ဘူးလို့ပိုသွေးကြွလာစေသလို တည်ငြိမ်အေးချမ်းစွာနေလိုကြတဲ့ပြည်သူတွေကလည်း ယုံကြည်အားကိုးမှုတွေလျော့နည်းလာကြမှာဖြစ်တဲ့အတွက် ဒီအားနည်းချက်ကို အမြန်ဆုံးပြင်ဆင် လုပ်ဆောင်နိုင်ဖို့ အရေးတကြီးလိုအပ်နေပြီဖြစ်ပါတယ်။

#SitNyein
NUGနဲ့NLD

NUGဆိုတာNLDကပေါ်ပေါက်လာတာဖြစ်လို့ NLDကိုယ်ပွားလို့ပြောလို့ရပါတယ်။

NUG ခေါင်းဆောင်တွေဆိုတာ NLD မှာဆရာကြီးအဆင့် မဟုတ်ကြတဲ့အတွက် NLDဆရာကြီးတွေအာဏာရခဲ့တဲ့ ငါးနှစ် သက်တမ်းအတွင်းမှာ တောင်တိုင်းရင်းသားပါတီများ၊EAOများနဲ့အဆင်မပြေခဲ့တာကို အခု NUGနဲ့ တိုင်းရင်းသားပါတီများ၊EAOများ ပူးပေါင်းပြီးဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ထောင်မယ်ဆိုတာ ဖြစ်နိုင်မဖြစ်နိုင်ချင့်ယုံကြဖို့လိုပါတယ်။

NLDအာဏာရငါးနှစ်မှာဘယ်တိုင်းရင်းသားပါတီတွေဘယ်EAOတွေနဲ့ အဆင်ပြေအောင်ဆက်ဆံနိုင်ခဲ့သလဲဆိုတာ ရှာမရခဲ့တာ သမိုင်းမှန်ဖြစ်ပါတယ်။

အာဏာရလာချိန်မှာ ၈၈ကတည်းက မဟာမိတ်ပါတီဖြစ်ခဲ့တဲ့SNLD ရှမ်းပါတီနဲ့ အဆင်မပြေတော့သလို မွန်ပါတီနဲ့တွေ့ဆုံဖို့ သွားတဲ့ ဒေါက်တာအောင်မိုးညို NLDကိုယ်စားလှယ်အဖွဲ့ က ငါတို့ချိန်းတဲ့နေရာမလာရင် မဆွေးနွေးနိုင်ဘူးဆိုပြီးပြန်တပ်ခေါက်သွားပါတယ်။ရခိုင်ပါတီခေါင်းဆောင်ဒေါက်တာအေးမောင်ကိုထောင်ဒဏ်နှစ်ရှည်ချ လိုက်ပြီး ဆက်ဆံရေးအဆိုဝါးဆုံးဖြစ်သွားစေခဲ့ပါတယ်။

KIA ဂွမ်မော်က NLDရဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များအပေါ်အမြဲလှောင်ပြောင်နေခဲ့ပြီး NLDဒေါက်တာတင်မျိုးဝင်းဦးဆောင်တဲ့ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ကို နားရွက်သာပါပြီးပါးစပ်မပါသောသူများလို့ လှောင်ပြောင်သရော်ခဲ့ပါတယ်။

KNUနဲ့ဆက် ဆံရေးမှာလည်း နော်စီဖိုးရာစိန်က "ဒေါ်စုလည်း ဗမာလူမျိုးပဲလေ"လို့ပြောတဲ့အထိ ဖြစ်ခဲ့ပါတယ်။UWSP နယ်ထဲသွားခဲ့တဲ့ NLD ကိုယ်စားလှယ်အဖွဲ့ကိုလည်း ဝ ခေါင်းဆောင်များက ဗိုလ်ချုပ်ကြီးခင်ညွှန့်ကို သတိရကြောင်းပြောပေးပါ ဆိုတဲ့အမှာစကားနဲ့ ပြန်လွှတ်လိုက်ပါတယ်။

ဒီတော့ NLDက ဆရာကြီးတွေကိုယ်တိုင်ဦးဆောင်လှုပ်ရှားခဲ့တဲ့ အာဏာရငါးနှစ်အတွင်းဘယ်တိုင်းရင်းသားပါတီ၊ဘယ်EAOနဲ့မှ စည်းရုံးရေးမအောင်မြင်ခဲ့တာကို အခု NLD ဆရာကြီးတွေ လောက်အဆင့်မရှိကြတဲ့ NUG ခေါင်းဆောင်တွေက တိုင်းရင်းသားပါတီတွေEAO တွေနဲ့မဟာမိတ်ဖွဲ့ပူးပေါင်းပြီးဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ထောင်မယ်ဆိုတာ NUGက NLDထက်လက်ဇောင်းထက်နေလို့လား၊ဒူဝါလရှီလက ဒေါ်အောင်ဆန်းစုကြည်ထက်ပိုတော်နေလို့လား မေးရမလို ဖြစ်နေပါတယ်။

#SitNyein
ရွေးကောက်ပွဲကြာလေ တိုင်းပြည်နာလေ

လက်ရှိမြန်မာ့နိုင်ငံရေးထွက်ပေါက်ဟာ ရွေးကောက်ပွဲကျင်းပ၊ရွေးကောက်ခံအစိုးရသစ်တစ်ရပ်ပေါ်ပေါက်လာပြီး ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်သွားဆိုတဲ့ ထွက်ပါက်တစ်ခုသာရှိပါတယ်။

လက်နက်ကိုင်တော်လှန်ရေးအမည်ခံ အကြမ်းဖက် မှုတွေနဲ့ ဒီမိုကရေစီဆိုတာ တခြားစီဖြစ်နေတဲ့အပြင် လက်နက်ကိုင်တော်လှန်ရေးနဲ့ အာဏာမရနိုင်ဘူးဆိုတာ ထင်ရှားနေတဲ့အတွက် လက်နက်ကိုင်လမ်းစဥ်ကြာလေ တိုင်းပြည်လူထုနစ်နာလေသာ ဖြစ်ပါတယ်။

အမေရိကန်အလိုကျ NUG, PDFက ရွေးကောက်ပွဲ ပျက်အောင်ဖျက်ဖို့ တည်ငြိမ်အေးချမ်းရေးပျက်ပြားအောင်နည်းမျိုးစုံလုပ် နေမှာ ဖြစ်သလို တည်ငြိမ်အေးချမ်းရေးအမြန်ဆုံးရပြီး ရွေးကောက်ပွဲအမြန်ဆုံးကျင်းပနိုင်ရေး လုပ်ဖို့ နစက မှာ တာဝန်ရှိနေပါ တယ်။

ပုဒ်မ၄၂၅အရ သာမန်မဟုတ်သောအခြေအနေအရဆိုပြီး ခြောက်လသက်တမ်းတိုးပြီးနောက်သာမန်အခြေအနေမရောက်သေးရင် နောက်ထပ်ခြောက်လလည်းထပ်တိုးလို့ရနေတဲ့အတွက် ၂၀၂၄ ဇန်နဝါရီလကုန်အထိ သက်တမ်းတိုးလို့ရတဲ့အနေအထားဖြစ်နေပါတယ်။

လူဦးရေသန်းခေါင်စာရင်းကို ၂၀၁၄ အောက်တိုဘာမှာကောက်ယူမယ်လို့လည်း ပြောကြားထားတဲ့အတွက် ရွေးကောက်ပွဲဟာ၂၀၂၄ နိုဝင်ဘာမှာလုပ်မှာလား လို့ တွေးမြင်ချက်တွေလည်းရှိလာပါတယ်။

နစက ပြောကြားချက်များအရလည်း တည်ငြိမ်အေးချမ်းမှုအပြည့်အဝရမှသာ ရွေးကောက်ပွဲကို တစ်နိုင်ငံလုံးအကြား အလပ်မရှိ ကျင်းပမယ်ဆိုတဲ့သဘောထား ဖြစ်တဲ့အတွက် တည်ငြိမ်အေးချမ်းရေးဘယ်တော့ရမလဲ ဆိုတာပြောနိုင်မှ ရွေးကောက်ပွဲဘယ်တော့လုပ်နိုင်မလဲ ပြောနိုင်မယ့်သဘောဖြစ်နေပါတယ်။

တစ်ဘက်မှာလည်း အခြေခံဥပဒေနဲ့အညီ လို့ ဆိုထားတဲ့အတွက် အချိန်ကာလ ကန့်သတ်ချက်ဘောင် နဲ့ တည်ငြိမ်အေး ချမ်းရေးကိုဘယ်လိုထိန်းကျောင်းမလဲဆိုတာ စဥ်းစားစရာဖြစ်ပါတယ်။

အမေရိကန်လက်ပါးစေဖြစ်နေပြီဖြစ်တဲ့ NUG က တော့ မထူးဇာတ်ခင်းပြီးရှေ့ဆက်တိုးတော့မှာဖြစ်တဲ့အတွက် တည်ငြိမ်အေးချမ်းရေးအမြန်ဆုံးရပြီး ရွေးကောက်ပွဲအမြန်ဆုံးကျင်းပနိုင်အောင် လုပ်ဖို့တာဝန်ရှိသူများကသာ တိုင်းပြည်နဲ့လူထု အကျိုးအတွက် ပြတ် ပြတ်သားသားလုပ်ဆောင်သွားကြဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။

#SitNyein
NLDပါတီ ဖျက်သိမ်းခံရခြင်း

ရက်ပေါင်း၆၀အတွင်းပြန်လည်မှတ်ပုံတင်ရမယ်ဆိုတဲ့ ဥပဒေ အရ ပြန်လည်မှတ်ပုံတင်ခြင်းမပြုတဲ့ NLDအပါအဝင်ပါတီ(၄၀)ကို မတ်လ၂၈ ရက်နေ့မှာ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများစာရင်းကပယ်ဖျက်လိုက်ပြီးဖျက်သိမ်းလိုက်ပါတယ်။

NLDပါတီအနေနဲ့ အကြမ်းဖက်အဖွဲ့များကိုဆက်သွယ်အားပေးကူညီမှု၊ပါတီငွေစာရင်းအစစ်ဆေးမခံနိုင်မှုများနဲ့ ဖျက်သိမ်းခံရနိုင်ပေမယ့် မိမိသဘောအလျောက် ပြန်လည်မှတ်ပုံမတင်လို့ ဖျက်သိမ်းခံရတယ်ဆိုတဲ့ အတွက် အကြမ်းဖက်မှုတွေငွေကြေးဆိုင်ရာတွေနဲ့လွတ်ကင်းသွားတဲ့သဘော ဖြစ်လို့ နစက ရဲ့သက်ညှာမှု လို့ ဆိုရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အခုဖျက်သိမ်းခံရတဲ့ပါတီ(၄၀)ဟာ ပြန်လည်မှတ်ပုံမတင်လို့ ဥပဒေအရ ဖျက်သိမ်းခံရတာ ဖြစ်ပေမယ့် နိုင်ငံရေးပါတီအသစ်လျှောက်ထားလိုသူတွေဟာ ဆက်လက် လျှောက်ထားခွင့်ရှိတယ် လို့ လည်း လမ်းဖွင့်ပေးထားတဲ့အတွက် NLDပါတီဝင်တွေက အခြားပါတီနာမည်အသစ်တစ်ခုနဲ့ ပြန်လျှောက်ထားခွင့်ရှိနေပြန်ပါတယ်။

ဒါဟာ လက်နက်ကိုင်အကြမ်းဖက်လမ်းစဥ် ကိုမလိုက်ဘဲ တည်ငြိမ်အေးချမ်းစွာ ဥပဒေဘောင်အတွင်းနိုင်ငံရေးလုပ်လိုတဲ့NLDပါတီဝင်များကို ဆက်လက်ရှင်သန်ခွင့်ပေးတာဖြစ်လို့ ဒီအခွင့်အရေးကိုအမိအရဆုပ်ကိုင်နိုင်ရင် NLD အမည်မဟုတ်တဲ့ NLDပါတီအဖြစ်ဆက်လက်ရှင်သန်ခွင့်ရနိုင်တဲ့အခွင့်အရေးဖြစ်ပါတယ်။

မတ်၂၈ရက်နေ့အထိ ပြန်လည်မှတ်ပုံတင်တဲ့ပါတီ(၅၀)၊အသစ်လျှောက်ထားတဲ့ပါတီ(၁၃)ပါတီ ရှိနေပြီဖြစ်လို့ NLDပါမပါ အရေးမပါတော့ဘဲ၊ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ဝင်ပြိုင်မယ့်နိုင်ငံရေးပါတီများ အခိုင်အမာပေါ်ပေါက်လာပြီဖြစ်တဲ့အတွက် ပါတီအသစ်အဖြစ်ဆက်လက်လျှောက်မလျှောက် ဆိုတာကိုယ့်ကြမ္မာကိုယ်ဖန်တီးဖို့သာ ဖြစ်ပါတယ်။

NLDပါတီဖျက်သိမ်းခံရခြင်းဟာ ပြစ်ချက်များနဲ့
အရေးယူဖျက်သိမ်းခြင်းမဟုတ်ဘဲ မိမိဆန္ဒအရပြန်လည်မှတ်ပုံမတင်လို့သာ ဖျက်သိမ်းခံရတာဖြစ်သလို ပါတီအသစ်အဖြစ်လျှောက် ထားခွင့်အခွင့်အရေးလည်း ရနေတဲ့အတွက် နစက က NLDကို အမြစ်ပြတ်ရှင်းနေပြီလို့ အော်နေတဲ့သူတွေကို နစကအနေနဲ့ NLDအပေါ်ဒိထက်ပိုပြီး ဘာတွေကောင်းပေးရအုံးမှာလဲ လို့ပြန်မေးခွန်းထုတ်ဖို့သာ ရှိပါတော့တယ်။

#SitNyein
ရိုးရှင်းတဲ့ဇာတ်ညွှန်းတစ်ပုဒ်

အခုဖြစ်ပေါ်နေတဲ့ ဘင်္ဂါလီဒုက္ခသည်ပြဿနာဟာ အမေရိကန်အနောက် အုပ်စု OIC တို့ NLDအစိုးရ နဲ့ကိုဖီအာနန်ကို ပွဲထုတ်ပြီး သူတို့လိုချင်တဲ့ အနေအထားရအောင် ဒီမိုကရေစီလူ့အခွင့်အရေးအကြောင်းပြ ဇာတ်ညွှန်းအတိုင်းလုပ်ဆောင် သွားတယ်ဆိုတာ ရိုးရိုးရှင်းရှင်းမြင်တွေ့နိုင်ပါတယ်။

ပထမဒီမိုကရေစီသက်တမ်းပြည်ခိုင်ဖြိုးအစိုးရလက်ထက်မှာ NLDဥက္ကဌဒေါ်အောင်ဆန်းစုကြည် က
"၁၉၈၂ခုနှစ် မြန်မာနိုင်ငံသားဥပဒေကို နိုင်ငံတကာစံနှုံးများနဲ့ ကိုက်ညီစေရန်ပြန် လည်ဆန်းစစ်သင့်တယ်"လို့လူသိထင်ရှားပြောကြားခဲ့ပါတယ်။

၂၀၁၆ခု နှစ်NLDအာဏာရတာနဲ့ အရင်ဆုံးလုပ်တဲ့အလုပ်က ကိုဖီအာနန် ကော်မရှင်ကိုဖွဲ့တဲ့အလုပ်ဖြစ်ပါတယ်။ ၂၀၁၇မှာထွက်လာတဲ့ ကိုဖီအာနန်ကော်မရှင်အကြံပြုချက် (၈၈)ချက်ရဲ့ အနှစ်ချုပ်ကလည်း "နိုင်ငံ တကာစံနှုံးနဲ့ညီတဲ့နိုင်ငံသားဥပဒေပြင်ဆင်ရေး"ပါပဲ။

ဒေါ်အောင်ဆန်းစုကြည်အာဏာမရမီကမ္ဘာပတ်ပြောကြားခဲ့တဲ့ အချက်နဲ့ ကိုဖီအာနန်အကြံပြုချက်တစ်ထပ်တည်းကျနေတာ ဖြစ်လို့ နောက်ကွယ်က ကြိုးကိုင်ဆရာ ကြီးဟာ အတူတူပဲ ဆိုတာ သိသာနေပါတယ်။

၂၀၁၇ အစီရင်ခံစာတင်တဲ့နေ့မှာပဲကိုဖီအာနန်က သူ့အကြံပြုချက်တွေကိုလက်မခံရင် အခြေအနေတွေပိုဆိုးကုန်မယ်လို့ အကြံပြုသလိုလို ခြိမ်းခြောက်သလိုလို ပြောကြားခဲ့ တဲ့ တပြိုင်တည်းမှာပဲရခိုင်ပြည်နယ်ရဲစခန်း(၃၀)နဲ့တပ်ရင်းဌာနချုပ်တစ်ခုကို ဘင်္ဂါလီအကြမ်းဖက်တွေက ဝင်တိုက်တယ်။

စခန်း(၃၀)ကျော်ကိုတစ်ချိန်တည်းတပြိုင်တည်းဝင်တိုက်ဖို့ဆိုတာ လက်နက်ကိုင်တော်လှန်ရေးဘိုးအေ ဗကပ၊KNUတို့တောင်မလုပ်နိုင်တဲ့စစ်ဆင်ရေးဖြစ်လို့ ဘင်္ဂါလီအကြမ်းဖက်အဖွဲ့(ARSA)ဟာ ဘယ်လောက်အထိ စနစ်တကျအချိန်ယူ ပြင်ဆင်ဖွဲ့စည်းတည်ဆောက်ခဲ့သလဲ သိနိုင်ပါတယ်။

၂၀၁၆ခု နှစ် အောက်တိုဘာမောင်တောရဲကွပ်ကဲမှုဌာနချုပ် တိုက်ခိုက်ချိန်မတိုင်မီကာလထည့်မတွက်ဘဲ ဒီဘက် တစ်နှစ်အတွင်း ကြည့်ရင်ကို ARSAလှုပ်ရှားမှုတွေကို အစိုးရဘက်က ဘာမှမတားဆီးနိုင်ဘဲ စိတ်ကြိုက်လုပ်ခွင့်ပေးထားတဲ့သဘောဖြစ်နေလို့ ဘင်္ဂါလီရွာများအားလုံးကို သွေးဆောင်ဖြားယောင်းခြင်း၊ခြိမ်းခြောက်အကြပ်ကိုင်ခြင်းနည်းမျိုးစုံနဲ့ စည်းရုံးဦးဆောင်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်။

၂၀၁၆အောက်တိုဘာကနေ၂၀၁၇သြဂုတ်အထိတစ်နှစ်အတွင်း ARSAကသူတို့သြဇာမခံတဲ့ ဆယ်အိမ်မှုးရာအိမ်မှုးများကိုTတ်ပြခြင်း၊ဘင်္ဂါလီရွာတိုင်းမှာARSAပြည်သူ့ စစ်သင်တန်းများပေးခြင်း၊မိုင်းသင်တန်း များပေးခြင်း၊ARSA ပြည်သူ့ စစ်ဖွဲ့စည်းခြင်းများ ကိုဗြောင်ကျကျလုပ်လာပြီးတိုင်းရင်းသားရွာများကိုတိုက်ခိုက်ခြင်း၊နေရပ်စွန့်ခွာရမည်ကိုကြိုသိသည့်ဘင်္ဂါလီများ မိုးစပါးစိုက်ပျိုးမှုများမပြုတော့ခြင်း ဆိုတဲ့သတင်းအချက်အလက်တွေဟာ ပြင်ပမှာပြန့်နှံ့နေတာဖြစ်လို့ အစိုးရအာဏာပိုင်များ မကြားမသိစရာအကြောင်းမရှိပေမယ့် ထိထိရောက်ရောက်နှိမ်နင်းမှုမရှိဘဲ ကြီးထွားခွင့်ပေးခဲ့တဲ့အတွက် ကိုဖီအာနန်အစီရင်ခံစာတင်ချိန်မှာတစ်ချိန်တည်းတပြိုင်တည်း ရဲစခန်း(၃၀)နဲ့တပ်ရင်းဌာနချုပ်တစ်ခု ဝင်တိုက်နိုင်တဲ့အထိစိတ်ကြိုက် လုပ်ဆောင်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီအချိန်မှာတပ်မတော်က မဖြစ်မနေဝင်ရှင်းရပြီ ဖြစ်လို့ ARSAက ကြိုတင်ဇာတ်တိုက်ထားတဲ့အတိုင်း လူမျိုးတုံးTတ်နေပါပြီ၊ရွာတွေမီးရှို့နေပါပြီ အော်ပြီးဘင်္ဂါလီတွေ ဘင်္ဂလားနယ်စပ်ဆီ ထွက်ခွာကြရတာဖြစ်ပါတယ်။

ဘင်္ဂါလီအကြမ်းဖက်တွေ ကရခိုင်၊မြိုဒေသခံတိုင်းရင်းသားများနဲ့ ဟိန္ဒူတစ်ရာကျော်Tတ်ဖြတ်ခဲ့မှု ကို ထိန်ချန်ထားလိုက်ပြီး တပ်မတော်ကနယ်မြေလုံခြုံရေးဝင်ရောက်ရှင်းလင်းရာမှာ တော့ လူမျိုးသုဥ်းTတ်ဖြတ်မှုဆိုပြီး ICJ အပြည်ပြည်ဆိုင်ရာတရားရုံးမှာရင်ဆိုင်နေရပြီဖြစ်ပါတယ်။(ICJ ရောက်ရခြင်းကလည်းOIC လက်ချက်ဆိုတာ အခုဘင်္ဂလားဒေ့ရ်ရောက်OICအကြီးအကဲပြောကြားချက် အရ ထင်ရှားနေပါတယ်)

ဒီတော့ ဒီဖြစ်စဥ်တွေဟာ ပရမ်းပတာဖြစ်စဥ်တွေမဟုတ်ဘဲ
NLDအစိုးရတက်လာ၊ဒီမိုကရေစီလူ့အခွင့်အရေးအကြောင်းပြ ဘင်္ဂါလီပြဿနာကို နိုင်ငံတကာပြဿနာဖြစ်အောင်ဖွ၊နိုင်ငံသားဖြစ်ရေးအကြပ်ကိုင်၊ဘူးသီးတောင်မောင်တောရခိုင်မြောက်ပိုင်းကို တရားဝင် ဘင်္ဂါလီသီးခြားနယ်မြေထူထောင် အစ္စလာမ်မိုက်ဇေးရှင်းအတွက်အမာခံခြေကုပ်ယူသွားဖို့ စနစ်တကျရေးဆွဲထားတဲ့ ဇာတ်ညွှန်းအတိုင်းသွားနေတယ်ဆိုတာရှင်းနေ ပြီဖြစ်ပါတယ်။

#SitNyein
NLDလား အကြမ်းဖက်လား

NLDပါတီဝင်တွေ ရာဇဝတ်မှုကျူးလွန်လို့ ဥပဒေချိုးဖောက်လို့ အစိုးရက ဖမ်းရင် အပြစ်မဲ့NLDပါတီဝင်အဖမ်းခံရသလိုပြည်ပြေးမီဒီယာ ပြည်ဖျက်မီဒီယာတွေက ကြေညာပါတယ်။

NLDပါတီဝင်ဖြစ်လို့ ဖမ်းရင် ပါတီဝင်သန်းနဲ့ချီအဖမ်းခံရမှာဖြစ်သလိုဥပဒေမချိုးဖောက်တဲ့ NLD CEC CC တွေ ရန်ကုန် မန္တလေးမြိုကြီးတွေမှာ လွတ်လပ်စွာနေထိုင်နေကြတာဖြစ်လို့ NLDပါတီဝင်ကိုဖမ်းတာမဟုတ်ဘဲ ဥပဒေချိုးဖောက်သူကိုဖမ်းတာ ဖြစ်ကြောင်းထင်ရှားနေပါတယ်။

အကြမ်းဖက်ဥပဒေနဲ့ငြိတဲ့ NLD ပါတီဝင်အိမ်ချိတ်ပိတ်ခံရခြင်းဟာ NLD ဖြစ်လို့မဟုတ်ဘဲ အကြမ်းဖက် ဖြစ်လို့ ဖြစ်ပါတယ်။

မီဒီယာများက NLDကိုနစက က အမြစ်ပြတ်ချေမှုန်းနေတယ်လို့ အကြီး အကျယ် ဖွ နေကြပေမယ့် NLD အသက် ဆက်ရှင်သန်နိုင်အောင် နည်းမျိုးစုံကူညီဆောင် ရွက်ပေးနေတာ နစက ဖြစ်ပါတယ်။

နိုင်ငံရေးပါတီများ ဘဏ္ဍာရေးအပါအဝင်စာရင်းဇယားများစစ်ဆေးခံဖို့ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်ရဲ့ညွှန်ကြားချက်ကို NLDက မလိုက်နာပေမယ့် ဘာမှအရေးမယူခဲ့ပါဘူး။

နိုင်ငံတော်ကအကြမ်းဖက်အဖွဲ့အစည်းအဖြစ်ကြေညာထားတဲ့NUG မှာ NLDဥက္ကဌဒေါ်အောင်ဆန်းစုကြည်နဲ့ဒုဥက္ကဌ ဦးဝင်းမြင့်တို့ပုံတွေ ချိတ်ဆွဲထားပေမယ့် ပါတီကိုအကြမ်းဖက်အဖွဲ့နဲ့ပတ်သက်တယ်ဆိုပြီးမဖျက်သိမ်းခဲ့ပါဘူး။

နိုင်ငံတော်အာဏာကိုအဓမ္မရယူရန်လုပ်ဆောင်မှုဆိုတာ နိုင်ငံတော်ပုန်ကန်မှုဖြစ်ပါတယ်။နစက အာဏာထိန်းရတဲ့အကြောင်းရင်းဟာ နိုင်ငံတော်အာဏာကို အဓမ္မရယူရန်လုပ်ဆောင်မှုကြောင့် ဖြစ်ပေမယ့် ဒီလိုလုပ်ဆောင်ခဲ့သူတွေကို နိုင်ငံတော်အဓမ္မရယူရန်လုပ်ဆောင်မှုနဲ့ တရားစွဲအရေးယူတာ မလုပ်ခဲ့ပါဘူး။

NLDဥက္ကဌနဲ့ NLD အစိုးရကာလဥပဒေချိုးဖောက်မှုများအလုံးစုံကို ဖော်ထုတ်အရေး ယူခြင်းမပြုလုပ်ခဲ့တာလည်း တွေ့ရပါတယ်။

NLDက ပါတီပြန်လည်မှတ်ပုံတင်တာမလုပ်တော့ဘဲ ပါတီဖျက်သိမ်းခံဖို့ အတင်းလည်စင်းပေးလာတာကိုတောင်မှ နောက်ဆုံးထွက်ပေါက်အနေနဲ့ ပါတီအသက်ဆက်လိုတဲ့ပါတီဝင်တွေကိုပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးခဲ့ပါသေးတယ်။

ပါတီဥက္ကဌ က ဘာမှမညွှန်ကြားလို့ ပါတီမှတ်ပုံမတင်နိုင်ဘဲ နိုင်ငံရေးပါတီအဖြစ်ကအလိုလို ပယ်ပျက်သွားရခြင်းဟာ နစက ကဖျက်တာမဟုတ်ဘဲ NLDဥက္ကဌက ဖျက်တာဖြစ်ပါတယ်။

#SitNyein
သံလျင်သဘာဝတရားရိပ်သာဆရာတော် က ဦးတင်ဦးထံသွားရောက်တွေ့ဆုံပြီး နောက်ပြည်ဖျက်မီဒီယာများမှာ ဗိုလ်ချုပ်ကြီး (၃)ဦးက ဒေါ်အောင်ဆန်းစုကြည်ထံသွားရောက်တွေ့ဆုံခြင်းဆိုတဲ့လုပ်ကြံ ဖွသတင်းများနဲ့ လူထုစိတ်ဝင်စားအောင် လှုံ့ဆော်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အချိန်ကိုက် သားဖြစ်သူကင်အဲရစ်အင်တာဗျုးဆိုပြီး ဂရုဏာသက်ဖွယ် တင်ဆက်လာကြပြန်ပါတယ်။(ဇာတ်ညွှန်းရေးပေးသူကဇာတ်နာအောင်ရေးပေးတဲ့အတိုင်း သူ့မိခင်ကိုအခြားအကျဥ်းသားတွေနဲ့အတူမထားဘဲ တစ်ဦးတည်းသီးခြားထားတာဟာ တိုက်ပိတ်ထားသလို ဖြစ်နေတယ်လို့ ကင်အဲရစ်ကပြောတဲ့အတွက် အခြားအကျဥ်းသားတွေနဲ့အတူထားပေးရမလို ဖြစ်နေလို့ ဂရုဏာရသဖော်ညွှန်းတာက ဟာသရသ ဖြစ်သွားပါတယ်)

မွေးနေ့မှာ ပန်းပန်ကြ၊ ပန်းသပိတ်ဆင်နွဲဲကြဖို့နိုင်ငံတော်ကအကြမ်း ဖက်အဖွဲ့အစည်းလို့သတ်မှတ်ထားခံရတဲ့အဖွဲ့တွေကလှုံ့ဆော် ကြပြီး ဖမ်းဆီးမှုတွေ ရှိလာတဲ့အခါ "ပန်းပန်တာတောင်ဖမ်းတဲ့စစ်အာဏာရှင်"လို့ တပ်မုန်းဝါဒကိုမြိုင်မြိုင်ဆိုင်ဆိုင် ရိုက်သွင်းကြပါတယ်။ဒေါ်အောင်ဆန်းစုကြည်ကိုချစ်လွန်းလို့ဆိုပြီးမွေးနေ့ကျင်းလိုတာမဟုတ်ဘဲ မွေးနေ့အကြောင်းပြု တပ်မတော်နဲ့ပြည်သူလူထု သွေးခွဲရေးလှုပ်ရှားမှု အသုံးချဖို့သက်သက်သာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို မရှိမဖြစ်နိုင်ငံရေးခေါင်းဆောင်လို့ မြှင့်တင်ပေးလိုတာထက် နစက အစိုးရဒုက္ခရောက်နေပြီလို့မြင်လာကြအောင်၊ဂရုဏာသက်တာထက် နစက အစိုးရ ရက်စက်တယ်လို့မြင်လာအောင် ဖွဲ့နွဲ့တင်ဆက်နေတာ ဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည်ဟာ အသုံးချခံ ခေါင်းဆောင်သက် သက်သာ ဖြစ်နေပါတယ်။

ဗိုလ်ချုပ်ကြီး(၃)ဦးက ဒေါ်အောင်ဆန်းစုကြည်ထံသွားတွေ့ကြောင်းမဟုတ်မမှန်လုပ်ကြံတင်ဆက်မှု၊ကင်အဲရစ်ရဲ့မိခင်ချစ်ခြင်းမေတ္တာဖွဲ့အရေးပေါ်ခါတော်မီတင်ဆက်မှု၊ပန်းပန်ရင်အဖမ်းခံဖို့ပန်းသပိတ်ဆင်နွှဲမှုတွေ အားလုံးဟာနစက(တပ်မတော်) အစိုးရကို မုန်းတီးရေးတပ်မုန်းဝါဒဖြန့်ချိရေးလှုပ်ရှား မှုများသာဖြစ်ပါတယ်။

တပ်မတော်ကိုပြည်သူလူထုက မုန်းတီးလာပြီး ဆန့်ကျင်မှုတွေများလာတဲ့အခါ တပ်မတော်ပြိုလဲသွားရင်တိုင်းပြည်ပြိုကွဲသွားမှာဖြစ်တဲ့အတွက် ဒီလုပ်ရပ်တွေဟာ တိုင်းပြည်ပြိုကွဲပျက်စီးရေးလုပ်ဆောင်ချက်တွေ ဖြစ်ပါတယ်။

#SitNyein
NUG အကွဲအပြဲ

တစ်သံတည်းညီ တစ်ချီတည်းရုန်း၊ဘုံရန်သူစစ်အာဏာရှင်ကိုအားလုံးပူးပေါင်းတော်လှန်ကြ ဆိုတဲ့ NUG.PDF နဲ့EAO တွေ အမျိုး အစားပေါင်းတစ်ဒါဇင်လောက် လှည့်ပတ်မဟာမိတ်ဖွဲ့နေကြပေမယ့် အတွင်းသရုပ်မှန်က NUGနဲ့ PDF၊PDFနဲ့ပကဖအာဏာလုပွဲများပြင်းထန်နေသလိုလူမျိုးမတူEAOမဟုတ်ဘဲလူမျိုးတူEAO အချင်းချင်းထချနေကြတာ လက်ရှိအရှိတရားဖြစ်ပါတယ်။

NUGလက်အောက်ခံပကဖ၊ပအဖ နဲ့ NUGလက်အောက်ခံမဟုတ်တဲ့PDF များ အပြန်အလှန်ဖမ်းဆီးသတ် ဖြတ် မှုတွေကိုNUGက ဘာမှ ဖြေရှင်းမပေးနိုင်တဲ့အနေအထားဖြစ်ပါတယ်။

NUGဆီ အားကိုးတကြီးတိုင်ကြားကြတဲ့အမှုအားလုံးဟာ စုံစမ်းစစ်ဆေးအရေးယူပါမယ် ဆိုတဲ့ပြန်ကြားချက်ကလွဲပြီးဘာမှ အဖြေထွက်မလာတော့တဲ့အတွက် NUGရဲ့ဦးဆောင်မှုအခန်းကဏ္ဍက နေရာပျောက်လာပြီး တစ်ရွာတစ်နယ်တစ်မင်းစစ်ဘုရင်ဝါဒတွေကြီးစိုးလာပြီဖြစ်ပါတယ်။

စစ်ကိုင်းဖိုရမ်ဟာ NUGကိုအာခံပြီး NUG လက် အောက်မဟုတ်တဲ့ သီးခြားအာဏာပိုင်အဖွဲ့တစ်ခုတည်ထောင်ဖို့ ခြေလှမ်းအဖြစ် NUGက ရှုမြင်လို့ မပါဝင်ခဲ့သလို စစ်ကိုင်းဖိုရမ်တက်ရောက်ခဲ့တဲ့မြို့နယ် ပကဖ အဖွဲ့ဝင်တွေကို တာဝန်ကရပ်စဲခဲ့ပါတယ်။

အာဏာရှင်ကိုတော်လှန်တဲ့မည်သည့်အဖွဲ့အစည်းနဲ့မဆိုပူးပေါင်းလုပ်ဆောင်မယ်ဆိုတဲ့ NUGဟာ သူ့အာဏာကိုဖဲ့ယူလာမယ့်စစ်ကိုင်းဖိုရမ်ကိုမပူးပေါင်းတဲ့အတွက် လက်တွေ့လုပ်ရပ်ကစစ်အာဏာရှင်တိုက်ဖျက်ရေးမဟုတ်ဘဲ NUGအာဏာရရေးဖြစ်ကြောင်းသိသာထင်ရှားနေပါတယ်။

ဒီမိုကရေစီရရေးလက်နက်ကိုင်တော်လှန်တယ်ဆိုတဲ့ NUGဟာ မိမိယုံကြည်ချက်အရ လက်နက်ကိုင်လမ်းစဥ်ကိုမလိုက်ဘဲနိုင်ငံ ရေးနည်းလမ်းအရသာကြိုးစားနေကြတဲ့ NLDဗဟိုကော်မီတီဝင်တွေကိုတောင်ရန်ရှာလာပါတယ်။

ဇွန်လ(၈)ရက်နေ့က NLDဗဟိုကော်မီတီဝင်ဦးဝင်းမြင့်အောင်ကို NUGအမိန့်အရ PDF တွေကဖမ်းဆီးလိုက်ပါတယ်။ဒီကနေ့အထိဘယ်လိုတရားစီရင်ပြီးဘာဖြစ်နေတယ်ဆိုတာ ဘယ်သူမှ မသိနိုင်တဲ့အခြေ အနေဖြစ်ပါတယ်။

ဒေါ်စန္ဒာမင်း၊ဦးတိုးလွင်၊ဦးဝင်းမြင့်အောင်တို့ဟာ NLDပါတီဆက် လက်ရှင်သန်ရပ်တည်ခွင့်ရရေး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ကြိုးစားတဲ့အပေါ် စစ်ကောင်စီနဲ့ပူးပေါင်းတယ်ဆိုပြီး NUGကစွဲချက်တင်ထားတာဖြစ်ပါတယ်။

NUGရဲ့သူလျိုဒလန်မူအရ နစကနဲ့သွားစကားပြောရင်လည်း သူလျိုဒလန်ဖြစ်တဲ့အတွက် ဒီမိုကရေစီနဲ့ဘာမှမဆိုင်တဲ့ အလွန်ကြောက်စရာကောင်းတဲ့တဇောက်ကန်းလုပ်ရပ်တွေဖြစ်ပါတယ်။

#SitNyein
စစ်အာဏာရှင်ကျဆုံးရေးဆိုပြီး
တပ်မတော်ပြိုကွဲရေး လုပ်ဆောင်
တာဟာ

တိုင်းပြည်ပြိုကွဲရေးလုပ်ဆောင်ချက်
သာဖြစ်ပါတယ်..

တပ်မတော်အင်အားချိနဲ့ ယိုင်လဲသွား
တာနဲ့

ပြည်ပလက်နက်ကိုင်အဖွဲ့တွေတောင်
မလိုဘဲ

ဖက်ဒရယ်အရေး၊လူမျိုးရေး၊ဝါဒရေး
ခေါင်းစဉ်မျိုးစုံနဲ့ တည်ရှိနေကြတဲ့

ပြည်တွင်းလက်နက်ကိုင်အဖွဲ့ပေါင်းစုံ
အုံကြွမှုနဲ့တင်

တိုင်းပြည် အစိတ်စိတ်အမွှာမွှာ ပြိုကွဲ
သွားမှာဖြစ်ပါတယ်..

လွတ်လပ်ရေးရချိန်က စပြီး ယနေ့
အချိန်အထိ

အချုပ်အခြာအာဏာပိုင်ပြည်ထောင်
စု နိုင်ငံတစ်ခုအဖြစ် ရပ်တည်ရှင်သန်
နေခြင်းဟာ

တပ်မတော်ရဲ့မာကျောကျစ်လစ်တဲ့
စစ်စွမ်းရည်ထက်မြက်မှုကြောင့်သာ
ဖြစ်တယ်ဆိုတာ

ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်
စေ

ငြင်းလို့မရတဲ့အရှိတရားဖြစ်ပါတယ်

ဒါကိုကောင်းကောင်းသဘောပေါက်
ထားတဲ့

OIC, CIA,ဂျော့ဆိုးရော့စ် တို့က သူတို့
စီမံချက်ဖြစ်တဲ့

မြန်မာပြည် အစိတ်စိတ်အမွှာမွှာပြိုကွဲ
ရေးလမ်းကြောင်းမှာ

အဓိကအတားအဆီးကြီးဖြစ်နေတဲ့
တပ်မတော်ပြိုကွဲရေးကို

တစိုက်မတ်မတ် အားထည့်လုပ်ကိုင်
နေကြတာ ဖြစ်ပါတယ်

တပ်မတော်ပြိုကွဲရေးကိုစစ်အာဏာ
ရှင်ကျဆုံးရေး တံဆိပ်တပ်ပြီး

ဒီမိုကရေစီလူ့အခွင့်အရေးမျက်နှာဖုံး
နဲ့တိုင်းပြည်ဖျက်ဆီးရေး ကို

အိမ်ကြက်ချင်းအိုးမဲသုတ်ခွပ်ခိုင်းနေ
တာ ဖြစ်ပါတယ်

လူမျိုးစုမတူတာကို စုစည်းဖို့ မပြောနဲ့

လူမျိုးတူတိုင်းရင်းသားလက်နက်ကိုင်
အဖွဲ့အချင်းချင်းတောင် တိုက်ခိုက်နေ
ကြတဲ့

လက်နက်ကိုင်အဖွဲ့ပေါင်းစုံ ရှိနေတဲ့
တိုင်းပြည်တစ်ခုမှာ

ခိုင်မာတောင့်တင်းတဲ့ တပ်မတော်မရှိ
တာနဲ့

ပြည်ထောင်စုအစိုးရမရှိနိုင်တော့ဘူး
ဆိုတဲ့

အခြေခံနိုင်ငံရေးအသိလောက်ရှိဖို့
တော့လိုအပ်ပါတယ်..

NLDအစိုးရငါးနှစ် ပြည်ထောင်စု
အစိုးရတာဝန်ထမ်းဆောင်သွားနိုင်
ခြင်းဟာ

လက်နက်ကိုင်အဖွဲ့ပေါင်းစုံက NLD
ကို အားကိုးယုံကြည်လို့လား

တပ်မတော်က ကာကွယ်ပေးထားလို့
လားဆိုတာ ပြန်စဉ်းစားကြည့်ရင် သိ
နိုင်ပါတယ်..

ဒီကနေ့တပ်မတော်ပြိုကွဲတာနဲ့

မနက်ဖန်တိုင်းပြည်ပြိုကွဲမယ် ဆိုတဲ့
စကားဟာ

စကားအဖြစ်မဟုတ်ဘဲလက်တွေ့
ဖြစ်လာမှာဖြစ်တဲ့အတွက်

အင်အားတောင့်တင်းခိုင်မာတဲ့
တပ်မတော် မရှိတာနဲ့

တိုင်းပြည်လည်းအစိတ်စိတ်အမွှာမွှာ
ပြိုကွဲသွားမှာ ဖြစ်ပါတယ်..

လက်ရှိတပ်မတော်ကိုဘုံရန်သူအဖြစ်
သတ်မှတ်ချေမှုန်းပြီး

တပ်မတော်ကျရှုံးသွားတဲ့အခါ

PDFဦးဆောင်တဲ့ ဖက်ဒရယ်အာမီ
တည်ထောင်မယ်ဆိုတဲ့

NUG ရဲ့အတွေးအခေါ်ဟာစိတ်ကူး
ယဉ်ဆန်လွန်းနေပါတယ်

လက်ရှိအခြေအနေမှာတောင် PDF
တွေဟာ

လူမျိုးစုလက်နက်ကိုင်တပ်တွေရဲ့
တပည့်တွေအဖြစ်ရှေ့ကအသေခံ
တိုက်နေကြရ

ထားရာနေစေရာသွားခိုင်းတာလုပ်
ဘဝဖြစ်နေတော့

လူမျိုးရေးအမြင်ကျဉ်းမြောင်းပြီးဗမာ
လူမျိုးကြီးဝါဒအမြင်ရှိနေကြတဲ့

အကွဲကွဲအပြားပြားဖြစ်နေတဲ့ဒီလူမျိုး
စုသူပုန်တွေကို

PDFကဦးဆောင်တဲ့ဖက်ဒရယ်အာမီ
တည်ထောင်မယ်ဆိုတာ

တော်ရုံ ရူးရုံနဲ့ စိတ်ကူးလို့မရနိုင်တဲ့
ကိစ္စဖြစ်ပါတယ်။

#SitNyein
😎တာတီးလိုလူတွေ😎

တပ်မတော်ကအာဏာသိမ်းမှုအာဏာထိန်းမှုတွေဟာ အကြောင်းမဲ့ မဟုတ်ဘဲ နိုင်ငံရေးသမားများက ဖန်တီးမှုကြောင့်သာ ပေါ်ပေါက်လာတာဖြစ်ပါတယ်။

အာဏာသိမ်း/ထိန်းမခံချင်ရင်အာဏာသိမ်း/ထိန်းဖို့ဖြစ်လာနိုင်တဲ့အကြောင်းတရားတွေပေါ်မလာအောင်ပိတ်ဆို့ရမှာဖြစ်ပေမယ့် အာဏာမသိမ်း/မထိန်းရင်မဖြစ်တော့တဲ့အခြေအနေရောက်အောင်ဖန်တီးလမ်းဖွင့်ပေးနေတာလည်း နိုင်ငံရေးသမားတွေ ဖြစ်နေပါတယ်။

အကြောင်းကြောင့်အကျိုးဖြစ်ဆိုတာကိုနားမလည်ဘဲအကြောင်းတရားတွေဖန်တီးပြီးအကျိုးဖြစ်လာမှ "စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ပစ်"ဆိုတာဟာ "ပန်းမြိုင်လယ်ကဥယျာဥ်မှုး"ရုပ်ရှင်ဇာတ်ကားထဲမှာ သူ့အဖေထန်း ပင်ပေါ်ကပြုတ်ကျသေရတာ ထန်းပင်ကြောင့်ဆိုပြီး ထန်းပင်ကို ခုတ်ဖြတ်နေတဲ့ တာတီး(ကျော်ဟိန်း)လို လူတွေ ဖြစ်ပါတယ်။

စစ်အာဏာရှင်ပေါ်လာတာတပ်မတော် ကြောင့်ဆိုပြီး တပ်မတော်ကိုအမြစ်ဖြတ်မယ်ဆိုတာ သူ့အဖေထန်းပင်ပေါ်ကပြုတ်ကျသေတာထန်းပင်ကြောင့်ဆိုတဲ့တာတီးအတွေးအခေါ်ဖြစ်ပါတယ်။

တာတီးလိုလူတွေ ရှိနေသမျှ အာဏာ သိမ်းမှု/ထိန်းမှုတွေ ပေါ်ပေါက်နေအုံးမှာသာဖြစ်တဲ့အတွက် စစ်အာဏာရှင်လို့ဆိုနေကြတဲ့ အာဏာသိမ်းမှု/ထိန်းမှုတွေအမှန်တကယ် အမြစ်ပြတ်ဖို့ဆိုရင် တာတီးလိုလူတွေ ကိုအရင်ဆုံးအမြစ်ဖြတ်ပစ်မှသာရမှာ ဖြစ်ပါကြောင်း။

#SitNyein
ဗိုလ်နဂါးရဲ့ BNRA

စက်တင်ဘာ၉ရက်နေ့က သူစစ်ဦးစီးချုပ်လုပ်ပြီးဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA)ကိုတည်ထောင်လိုက်ပြီဖြစ်ကြောင်း Local PDFဗိုလ်နဂါးကထုတ် ပြန်ကြေညာချက်အပေါ် စင်ပြိုင်လုပ်တာလို့NUGက အမြင်မကြည်တဲ့အတွက်NUGနဲ့ဗိုလ်နဂါး အကွဲအပြဲက ပို ကြီးမားလာပါတယ်။

Local PDF တွေကိုလိမ္မာပါးနပ်စွာ မိမိကွပ်ကဲမှုအောက်ရအောင်မယူနိုင်ဘဲ ငါတို့အောက်မဝင်ရင်ရန်သူပဲ လို့ သွားလုပ်တဲ့အတွက် အခုလို Local PDF တွေက တစ်စင်ထောင်လာခြင်းဟာအင်အားကြီးမားလာရင်NUGနေရာပျောက်သွားနိုင်ပါတယ်။

အစိုးရတစ်ရပ်လို့နာမည်ခံယူထားပြီး အစိုးရမဟုတ်တဲ့ Local PDF တွေကိုလိမ္မာပါးနပ်စွာမစည်းရုံးနိုင်တဲ့အပြင်အခု BNRAတည်ထောင်မှုကို မလိုလားတဲ့ သဘောထားကြေညာချက်ထုတ်ပြန်ချက်ကြောင့် NUGဘက်ထောက်ခံမှုတွေကျဆင်းသွားပါတယ်။

Local PDFကိုစည်းရုံးဖို့ထက် မိမိ အကဖ၊ပအဖအဖွဲ့အချို့ က NUGအောက်ကထွက်ပြီးသီးခြားရပ်တည်ကြောင်းကြေညာလာတာတွေ ရှိလာတဲ့အတွက် ရေခြားမြေခြားနိုင်ငံခြားက နေ ဦးဆောင်နေတဲ့NUGရဲ့ခေါင်းဆောင်မှု နဲ့မြေပြင်တပ်တွေ ကင်းကွာလာပါတယ်။

Chain of Comom (COC)လို့ပါးစပ်ကအမြှုပ်ထွက်အောင်ရွတ်ရင်း မိမိဖွဲ့စည်းမှုအောက်ဆိုတဲ့ ပကဖ၊ပအဖ ကိုတောင်မနိုင်တော့တဲ့အနေအထားဖြစ်လာပြီးပကဖ၊ပအဖ မဟုတ်တာလုပ်တာတွေ ဖုံးမရဖိမရပေါ်လာတဲ့အခါ စုံစမ်းအရေးယူမယ်လို့ လူကြားကောင်းအောင်ပြောရုံကလွဲလို့ ဘာမှ အရေးယူမပြနိုင်တဲ့အတွက NUGရဲ့ ဦးဆောင်မှုဟာ ပေါချာချာ ဖြစ်လာပြီး ခွဲထွက်လာကြတာဖြစ်ပါတယ်။

၂၀၂၁ခုနှစ်ကဖြစ်ပျက်ခဲ့တဲ့ ယင်းမာပင်လူသတ်မှုနဲ့ပတ်သက်ပြီး NUGက၂၀၂၂စက်တင်ဘာ၁၂ရက်နေ့က ပြစ်မှုကျူးလွန်သူတွေကိုအရေးယူမယ်၊ကျန်ရစ်သူမိသားစုကိုထောက်ပံ့မယ်လို့ အစီရင်ခံစာထုတ်ပြန်ခဲ့ပေမယ့်အခုတစ်နှစ်ကြာတဲ့အထိဘာမှအရေးယူတာမရှိသလိုထောက်ပံ့တာလည်းမရှိဘူးလို့ ကာယကံရှင်မိသားစုက ဗီဒီယိုဖိုင်တင်ထားပါတယ်။

NUGက စုံစမ်းစစ်ဆေးအရေးယူမယ်ဆိုတဲ့လူသတ်မှု၊မုဒိန်းမှုတွေမှာ ဘာတစ်မှုမှ ဘယ်လိုအရေးယူပြီးကြောင်းထုတ်ပြန်တာမတွေ့ရတဲ့အတွက် NUGရဲ့ဦးဆောင်မှုဟာကြာလေကျဆင်းလာလေ ဖြစ်နေပြီဖြစ်ပါတယ်။

#SitNyein
ဝါဒဖြန့်ချိရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး

စစ်အောင်နိုင်ရေးမှာဝါဒဖြန့်ချိရေးနဲ့စိတ်ဓာတ်စစ်ဆင်ရေး ကို ရှေးအစဥ်အဆက် ကတည်းက အသုံးပြုခဲ့ကြရာက အခုလိုITခေတ်မှာ အဓိကလက်နက်များအဖြစ် အကျယ်ပြန့်ဆုံး သုံးနေကြပြီ ဖြစ်ပါတယ်။

ရောင်စုံသူပုန်တွေ လုပ်နေကျ က မြို့ရွာထဲဝင်ပစ်ခတ်မယ်၊တပ်မတော်ကပြန်လည်ပစ်ခတ်ရင် အရပ်သားတွေထိမှန်သေကုန်ပြီ၊စာသင်ကျောင်းတွေ ဘာသာရေးအဆောက်အဦတွေပျက်ကုန်ပြီ၊စစ်ဘေးဒုက္ခကြောင့်စစ်ရှောင်ပြည်သူတွေ ငတ်ပြတ်ကုန်ပြီ လို့ ပြည်ဖျက်မီဒီယာပေါင်းစုံကနေ တပြိုင်တည်းဝါဒဖြန့် အော်ကြမယ် ဆိုတာ လုပ်နေကျပုံသေနည်းဖြစ်ပါတယ်။

ဒီဖြစ်စဥ်တွေကသူတို့စတင်တိုက်ခိုက်လာလို့ဖြစ်ရတဲ့ကိစ္စတွေဖြစ်ပေမယ့် သူတို့ပစ်ရင်အရပ်သားပြည်သူတစ်ယောက်မှမထိ တပ်ကပစ်ရင်အရပ်သားတွေပဲထိ လို့သဘာဝမကျယုတ္တိမရှိ ပေမယ့်မီဒီယာပေါင်းစုံကတပြိုင်တည်းဝိုင်း အော်ကြတဲ့အပေါ်(မိမိဘက်ကလည်း ထိထိရောက်ရောက်တန်ပြန်ဝါဒမဖြန့်နိုင်တဲ့အတွက်)အယုံသွင်းခံလာကြရပြီး တပ်မတော်ကို အကြမ်းဖက်စစ်ရာဇဝတ်မှုကျူးလွန်သူများအဖြစ် ဝါဒဖြန့်ခံနေရပါတယ်။

ပြည်ဖျက်မီဒီယာတွေကလည်း NUG,PDFအကြမ်းဖက်သတ်ဖြတ်မှုတွေ ဗွီဒီယိုအထောက်အထားအတိအကျပေါ်ထွက်လာတာတွေကိုမသိချင်ယောင်ဆောင်နေကြပြီးတပ်မတော်ဘက်ကအကြမ်းဖက်မှုတွေကိုပဲအထောက်အထားမရှိပြောချင်ရာပြောကြပြီး သီးခြားအတည်မပြုနိုင်သေးပါဘူးလို့ လုပ်ချလိုက်ကြပါတယ်။

သူပုန်ဘက်က ဓာတ်ပုံဗွီဒီယို တွေနဲ့ ဝါဒဖြန့်စိတ်ဓာတ်စစ်ဆင်ရေးတွေမြိုင်မြိုင်ဆိုင်ဆိုင်ဆင်နွှဲနေချိန်မှာမိမိဘက်က တန်ပြန် မဆင်နွှဲနိုင်ခြင်းဟာအားနည်းချက်ဖြစ်နေပါတယ်။

၁၉၇၈ ရှမ်းအရှေ့မြောက်ကပွိုင့်၆၀၄၁ တိုက်ပွဲဟာ ရန်သူကို(၇)ရက်ကြာခံစစ်ဆင်ရန်သူအများအပြားကျဆုံးစေပြီးစနစ် တကျခွာစစ်ဆင်ခဲ့တဲ့အပေါ် "အမိမြေမှသားကောင်းများ"ဖြစ်ရပ်မှန်ရုပ်ရှင်ရိုက်ပြ နိုင်ခဲ့တဲ့အတွက် တပ်တွင်းတပ်ပြင် စိတ်ဓာတ်စစ်ဆင်ရေး ထိရောက်အောင်မြင်ခဲ့သလို ဒီရုပ်ရှင်ကြောင့်တပ်မတော်ထဲဝင်လာသူလူငယ်အများအပြား ရှိခဲ့ကြပါတယ်။

တကယ်တော့ ဒီတိုက်ပွဲဟာ မိမိဘက်ကခံစစ်စခန်းကို စွန့်လွှတ်ဆုတ်ခွာရတဲ့တိုက်ပွဲပါပဲ။ဒါပေမယ့် ဝါဒဖြန့်ချိရေးနဲ့စိတ်ဓာတ်စစ် ဆင်ရေးကိုထိထိရောက်ရောက်မှန်မှန်ကန်ကန် အသုံးချလိုက်နိုင်တဲ့အတွက် လူထုထောက်ခံအားပေးမှုနဲ့စစ်သည်များစိတ်ဓာတ်မြှင့်တင်မှုကိုအများကြီးစွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

အခုITခေတ်မှာသတင်းစီးဆင်းဖြန့်ဝေမှုတွေကနည်းလမ်းမျိုးစုံနဲ့အလွန်လျင်မြန်လွန်းတဲ့အတွက် မိမိဘက်ကခံစစ်စခန်းစွန့်လွှတ်မှု တွေကို သတင်းမထုတ်ပြန်တာတစ်ခုတည်းနဲ့သတင်းဖုံးကွယ်ထားလို့ မရနိုင်ပါဘူး။သတင်းမှန်ကိုဖုံးကွယ်တာနဲ့အမျှမိမိသတင်းဌာနကိုအယုံအကြည်မဲ့လာကြမှာ ဖြစ်ပါတယ်။

ခံစစ်စခန်းစွန့်လွှတ်ဆုတ်ခွာ မှုတွေမှာရန်သူအများအပြားကျဆုံးအောင်ချေမှုန်းတိုက်ခိုက်ပြီးစနစ်တကျခွာစစ်ဆင်တဲ့ဖြစ်စဥ်တွေကို ပွိုင့် ၆၀၄၁ စခန်းတိုက်ပွဲလို သတင်းထုတ်ပြန်နိုင်ရင် ပိုအကျိုးမရှိနိုင်ဘူးလားဆိုတာမျိုးလည်း စဥ်းစားသင့်တယ်လို့ ထင်ပါတယ်။

#SitNyein
တရုပ်မြန်မာဆက်ဆံရေး

သမိုင်းကြောင်းထောင်ချီကြာမြင့်ခဲ့ပြီဖြစ်တဲ့တရုပ်မြန်မာဆက်ဆံရေးဟာ ရန်ဖြစ်လိုက်ပြန်ချစ်လိုက်ဆိုသလို ကောင်းလိုက်ဆိုးလိုက် ရှိခဲ့ကြပေမယ့် ဆွေမျိုး ပေါက် ဖော်ဆက်ဆံရေးမူကိုနှစ်ဘက်စလုံးက ကိုင်ဆွဲထားကြပြီး နှစ်နိုင်ငံချစ်ကြည်ရင်းနှီးရေးကို ကြိုးစားတည်ဆောက်ခဲ့ကြပါတယ်။

လွတ်လပ်ရေးရပြီးမကြာမီ ချန်ကေရှိတ်တရုပ်ဖြူကူမင်တန်တပ်များကမြန်မာပြည်ကိုခြေကုပ်ယူပြီး ယူနန်နယ်ပြန်သိမ်းပိုက်ရေးလုပ်လာတဲ့အတွက် တရုပ်မြန်မာဆက်ဆံရေးထိခိုက်ခဲ့ရသလို ဗမာပြည်ကွန်မြူနစ်ပါတီကိုတရုပ်ပြည်ထဲမွေးထားပြီးလူလက်နက်ခဲယမ်းရိက္ခါအလုံးစုံထောက်ပံ့မှုနဲ့ထိုးစစ်ကြီးတွေဆင်နွှဲခဲ့တဲ့အတွက် ဆက်ဆံရေးပျက်ခဲ့တာတွေရှိခဲ့ပေမယ့် ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကမပျက်ခဲ့ပါဘူး။

နဝတ နယက ခေတ်မှာ တရုပ်မြန်မာဆက်ဆံရေးအထူးကောင်းမွန်ခဲ့ပြီး ဒီမိုကရေစီခေတ် အကူးအပြောင်း ပထမအစိုးရလက်ထက် မြစ်ဆုံစီမံကိန်း ရုတ် တရက် ရပ်ဆိုင်းလိုက်ချိန်ကစလို့ပြန် ဆုတ်ယုတ်လာပါတယ်။

ရုရှားကသူ့နယ်နမိတ် လုံခြုံရေးအတွက် ယူကရိန်းကိုနေတိုးထဲဝင်ခွင့်မပြုသလို တရုပ်ကလည်းသူ့နယ်နမိတ်လုံခြုံရေးအတွက် အမေရိကန်ဘက်အလုံးစုံရပ်တည်မယ့် မြန်မာအစိုးရပေါ်ပေါက်တာလက်ခံမှာ မဟုတ်ပါဘူး။

အမေရိကန်ကိုဘုံရန်သူလိုဖြစ်နေလို့သာ တရုပ်ရုရှား မဟာမိတ်ဖြစ်နေပေမယ့် သမိုင်း ကြောင်းအရကော အနာဂတ်မှာပါအင်အားကြီးနိုင်ငံနှစ်ခုအဖြစ်ပြိုင်ဘက်ဖြစ်လာကြအုံးမှာဖြစ်လို့ တရုပ်ကိုခြေကန်ပြီးရုရှားကိုအလုံးစုံအားကိုးတဲ့ပုံစံနဲ့အစိုးရမျိုးဆိုလည်းတရုပ်နဲ့အဆင်မပြေနိုင်ဘူးဆိုတာသတိပြုကြရမှာဖြစ်ပါတယ်။

မြန်မာပြည်တည်ငြိမ်အေးချမ်းရေးရဖို့ အိမ်နီးချင်းအင်အားကြီးတရုပ်နိုင်ငံနဲ့ဆက်ဆံရေးအဆင်ပြေဖို့လိုပါတယ်။အဆင်ပြေဖို့အတွက် လက်ဝေခံကို လိုနီနယ်တစ်ခုလို မဟုတ်ဘဲ အချုပ် အခြာအာဏာပိုင်နိုင်ငံချင်း တန်းတူဆက်ဆံရေးနဲ့နှစ်ဖက်စလုံးအကျိုးရှိတဲ့ ဆွေမျိုး ပေါက် ဖော်ဆက်ဆံရေး ဖြစ်အောင်ထိန်းထားနိုင်ဖို့ဆိုတာကတက်လာတဲ့အစိုးရအဆက်ဆက် ရဲ့နိုင်ငံရေးအရ လိမ်မာပါးနပ်ကျွမ်းကျင်စွာဆက်ဆံနိုင်မှု အပေါ်မှာသာမူတည်ပါတယ်။

#SitNyein
လောက်ကိုင်တိုက်ပွဲ

အခုရက်ပိုင်းအတွင်းမှာ လောက်ကိုင်တိုက်ပွဲသတင်းတွေ မျိုးစုံထွက်ပေါ်နေပါတယ်။အစိုးရဘက်က တရားဝင်ထုတ်ပြန်ချက် မရှိတဲ့အတွက် လည်း ရသမျှသတင်းတွေလိုက်ယူရကြတဲ့အတွက် သတင်းအမှန်အမှား ရောထွေးနေပါတယ်။

မိမိဘက်ကစစ်သတင်းလုံးဝအမှောင်ချထားခြင်းဟာရန်သူဘက်က မီဒီယာဝါဒဖြန့်ချိမှု တစ်ဖက်သတ်စိတ်ကြိုက်လုပ်ခွင့်ရအောင် လမ်းဖွင့်ပေးထားသလိုဖြစ်နေပါတယ်။

အောက်တို ဘာ၂၇ ချင်းရွှေဟော်စအတိုက်ခံရကတည်းက ကိုးကန့်ဒေသ အဆုံးအဖြတ်တိုက်ပွဲဟာ လောက်ကိုင်တိုက်ပွဲ ဖြစ်ကြောင်း သုံးသပ်ပြခဲ့တဲ့အတိုင်း အခု နောက်ဆုံးအဆုံးအဖြတ်တိုက်ပွဲ ဆီရောက်လာပြီဖြစ်ပါတယ်။

လောက်ကိုင်ကိုလက်လွှတ်လိုက်ရရင် ကိုးကန့်နယ်တစ်ခုလုံး MNDAAလက်ထဲရောက်သွားပြီဖြစ်လို့ ပြန်လည်သိမ်းပိုက်ရရှိဖို့ အရင်းအနှီးပေါင်းများစွာ ပေးဆပ်ပြီးမှသာပြန်ရနိုင်တော့မှာဖြစ်ပါတယ်။

ဇန်နဝါရီ၅ရက်နေ့ညမှာတော့ လောက်ကိုင်ဒကစဌာနချုပ်မှာနိုင်ငံတော် အလံဖြုတ်ချပြီးMNDAAအလံလွှင့်ထူနေတဲ့ ဗွီဒီယို ပုံတွေတက်လာတဲ့အတွက် ကိုးကန့်ဒေသတစ်ခုလုံးMNDAA အောက်ရောက်သွားပြီလို့ သတ်မှတ်ရတော့မှာဖြစ်ပါတယ်။

ကိုးကန့်ဒေသ နဲ့မပြီးဘဲနမ့်ဆန်မန်တုံအပြင်ကျောက်မဲအနီးကမိုင်းငေါ့မြို့ပါကျသွားသလို နောင်ချိုမြို့နယ် မန္တလေးတိုင်းနယ်စပ်အထိစစ်မီးကူးစက်လာပြီး ရှမ်းမြောက်မြို့တော်လားရှိူးပါ ခြိမ်းခြောက်ခံလာရပြီဖြစ်လို့ စိုးရိမ်စရာ အကောင်းဆုံးအခြေအနေဆီရောက်လာနေပြီဖြစ်ပါတယ်။

ခြုံသုံးသပ်ရရင်အောက်တို ဘာ၂၇ကစ တဲ့ စစ်ပွဲနှစ်လကျော်ကြာကာလအတွင်းမိမိဘက်က မြို့ရွာစခန်းတွေတစ်ခုပြီးတစ်ခုလက်လွှတ်ခဲ့ရပြီးခံစစ်အနေအထားနဲ့သာခုခံနေရပြီး တန်ပြန်ထိုးစစ် မဆင်နိုင်သေးတဲ့အခြေ အနေ ဖြစ်ပါတယ်။

တိုင်းပြည်ရဲ့အချုပ် အခြာအာဏာထိပါးလာတဲ့ဒီစစ်ရေးကျူးကျော်မှုမှာ စစ်ရေးအရတန်ပြန်အနိုင်ရအောင်လုပ်ဖို့ကလွဲလို့အခြားနည်းလမ်းမရှိဘူးဆိုတာရှင်းရှင်းလင်း လင်းမြင်ပြီး ဘယ်လိုနည်းနဲ့ဖြစ်ဖြစ်ဘယ်လောက်ပဲပေးဆပ်ရပေးဆပ်ရ ၊ရတဲ့နည်းနဲ့ အနိုင်တိုက်မယ်ဆိုတဲ့ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချ ပြီး ပြတ်ပြတ်သားသားတိုက်ပွဲဝင်ရမယ့်အချိန်ရောက်နေပြီဖြစ်ပါတယ်။

#SitNyein
ရှမ်းတောင် စစ်မီးကူးစက်လာခြင်း

ဇန်နဝါရီ၂၀ရက်နေ့ညရှမ်းပြည်နယ်တောင်ပိုင်းဟိုပုံးမြို့နယ် စံဖူးကျေးရွာကိုရောက်ရှိလာတဲ့PNLO ယူနီဖောင်းဝတ်ထားသူတွေပါတဲ့ကားငါးစီးကိုလုံခြုံရေးတပ်ဖွဲ့ကစစ်ဆေးရာမှာ PNLO ယူနီဖောင်းဝတ်အဖွဲ့ကစတင်ပစ်ခတ်လို့ လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

PNLOဟာ NCAလက်မှတ်ထိုးထားတဲ့အဖွဲ့ဖြစ်လို့ ညှိနှိုင်းဆွေးနွေးနေစဥ် PNLOယူနီဖောင်းဝတ်တွေက ကားတွေမီးရှို့ထွက်ပြေးတဲ့အတွက် လက်နက်မျိုးစုံ၅၀၄လက်အပါ အဝင်လက်နက်ခဲယမ်းများမီးလောင်ပျက်စီးသွားပြီးနေအိမ်၂၇လုံးမီးလောင်ဆုံးရှုံးသွားပါတယ်။

ဒီလက်နက်ခဲယမ်းတွေဟာယာဥ်လမ်းကြောင်းအရ ကယား ပြည်နယ်ဆီ ပို့မယ့်လက်နက်တွေ ဖြစ်လို့ PNLOက KNPP,KNDFဆီပို့တာလား သံသယဖြစ်စရာ ရှိလာပါတယ်။

NCAလက်မှတ်ထိုးအဖွဲ့ဖြစ်လို့ အစိုးရဘက်က PNLOလို့မသုံးဘဲ PNLOယူနီ ဖောင်းဝတ်ထားသူများလို့သာ သုံးပြီးလိုအပ်တဲ့စစ်ဆေးမှုတွေလုပ်ခဲ့ပေမယ့် ဇန်၂၄ရက်နေ့မှာPNLO,KNDFနဲ့ PDFပူး ပေါင်းပြီးပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင်ရဒေသဆီဆိုင်မြို့ကိုဝင်ရောက်တိုက်ခိုက်ပြလိုက်တဲ့အတွက် ယာဥ်တန်းလက်နက်သယ်ယူမှုဟာ စစ်ဆေးစရာမလိုတော့ဘဲသူတို့လက်ချက်ဖြစ်ကြောင်း အဖြေထုတ်ပေးခဲ့ပြီဖြစ်ပါတယ်။

PNLOနဲ့KNDFတိုက်ခိုက်မှုကြောင့် ဆီဆိုင်မြို့လူထု တောင်ကြီးဟိုပုံး ဆီစစ်ရှောင်ကြရတဲ့စစ်ဘေးဒုက္ခ သည်ဘဝ ဆီ ချက်ခြင်းရောက်သွားကြရပါတယ်။

ပအို့ဝ်က်ုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(ပင်လောင်း၊ဆီဆိုင်၊ဟိုပုံး)မှာအထူးဒေသ၆ကနေအသွင်ပြောင်းထားတဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ရဲ့ ပအိုဝ်းပြည်သူ့စစ် (PNA)အဖွဲ့ရှိနေပါတယ်။
( ဦးအောင်ခမ်းထီရဲ့PNO/PNAကို ပအို့ဝ်ဖြူ၊ခွန်ဥက္ကာရဲ့PNLO/PNLAကို ပအို့ဝ်နီလို့ အလွယ်တကူကွဲပြားအောင်ခေါ်ကြပါတယ်)

ပအိုဝ်းအဖွဲ့ချင်းတိုက်ခိုက်ဖို့ NCAလက်မှတ်ထိုးထားတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)က လုပ်လာတာဖြစ်ပြီး
ကယားKNDFနဲ့အတူ ကယား ပြည်နယ် ကနေ ရှမ်းတောင်ဒေသဆီစစ်မီးကူးစက်လာအောင်ဖန်တီးလာပါတယ်။

NCAလက်မှတ်ထိုးအဖွဲ့၁၀ဖွဲ့ရှိရာမှာ KNU,ABSDFနဲ့ CNF က ဆက်မတက်တော့တဲ့အတွက်၇ ဖွဲ့ပဲကျန်ရာမှာ အခုPNLO အဖွဲ့ ပြဿနာထပ်တက်လာတာဖြစ်ပါတယ်။

#SitNyein