တပ်ကြပ်ကြီးဖိုးကွန်း
22.5K subscribers
10.3K photos
1.05K videos
673 links
Download Telegram
နန်စီပလိုစီက တစ်ညပဲအိပ်သွားပေမယ့် ထိုင်ဝမ်ပြည်သူတွေ ညပေါင်းများစွာ ခြောက်လှန့်ခံနေရတော့မယ်။

-----------------------

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အရှေ့ပိုင်း စစ်နယ်ဝှမ်း ကွပ်ကဲမှုဌာနချုပ် (PLA Eastern Theater Command) သည် ယခင်ကြေညာထားသည့်အတိုင်း ဩဂုတ် ၄ ရက် ဒေသစံတော်ချိန် ၁၃၀၀ နာရီမှ စတင်ကာ ၄ ရက်ကြာ စစ်ရေးလေ့ကျင့်ခန်းများအား စတင်လိုက်သည်။

ပဲ့ထိန်းဒုံး အများအပြားအား တိုင်ဝမ်၏ အရှေ့မြောက်နှင့် အနောက်တောင် ကမ်းရိုးတန်းများအား ကျော်လွန် ပစ်ခတ်ခဲ့သည်။ ၎င်းပစ်ခတ်မှုများသည် ကျည်စစ်ကျည်မှန်ဖြင့် ပစ်ခတ်လေ့ကျင့်မှုများ၏ တစိတ်တပိုင်းဖြစ်ပြီး ဒေသတွင်း အကြီးမားဆုံးလေ့ကျင့်ခန်းလည်း ဖြစ်သည်။ သတ်မှတ် ပစ်မှတ်အားလုံးအား ထိမှန်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ရေပြင်နှင့် ဝေဟင် လေ့ကျင့်ခန်းနယ်မြေများအနက် အချို့မှာ တိုင်ဝမ်က ၎င်းတို့ ပိုင်နယ် ရေပြင်အဖြစ်သတ်မှတ်ထားသော ရေမိုင် ၁၂ မိုင်အတွင်း ကျရောက်နေသည်။ဤသည်မှာ တိုင်ဝမ်ကျွန်းသည် တရုတ်၏ အစိတ်အပိုင်းဖြစ်ကြောင်း တရုတ်တို့က ပြသခြင်းဟု ယူဆပါသည်။ မြေပုံအရ တိုင်ဝမ်ကျွန်းအား ရေပြင်နှင့် ဝေဟင်တို့မှ ပူးတွဲပိတ်ဆို့ခြင်းနှင့် တရုတ်ပြည်မကြီးမှ ဒုံးပျံများဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်မည့် အနေအထားဖြစ်သည်။

J-20 ရေဒါပျောက်တိုက်လေယာဉ်များနှင့် DF-17 အသံလွန်ဒုံးပျံများကဲ့သို့ တရုတ်၏ အဆင့်မြင့်ဆုံးလက်နက်များလည်း ပါဝင်လာနိုင်သည်။ သမားရိုးကျ ပဲ့ထိန်းဒုံးများအား တိုင်ဝမ်ကျွန်းပေါ် ဖြတ်ကျော် ပစ်ခတ်ခြင်းသည် ယခင်က မရှိခဲ့ဘူးပဲ၊ သမိုင်းစဉ်တစ်လျှောက် ပထမဆုံးအကြိမ်လည်း ဖြစ်သည်။

လေ့ကျင့်ခန်းများ၏ အဓိကရည်ရွယ်ချက်မှာ တိုင်ဝမ်းကျွန်းအား ရေပြင်နှင့် ဝေဟင် ပူးတွဲပိတ်ဆို့ခြင်း၊ ပင်လယ်ပြင်ပစ်မှတ်များအား ချေမှုန်းခြင်း၊ မြေပြင်ပစ်မှတ်များအား တိုက်ခိုက်ခြင်း၊ ဝေဟင်ထိန်းချုပ်မှု စစ်ဆင်ရေးနှင့် တပ်များ ပူးပေါင်းစစ်ဆင်ရေး စွမ်းရည်များ စသည်တို့အား စစ်ဆင်ရေးတွင် မည်သို့ အသုံးချနိုင်မည်ကို စမ်းသပ်ခြင်းဖြစ်သည်ဟု တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အရှေ့ပိုင်း စစ်နယ်ဝှမ်း ကွပ်ကဲမှုဌာနချုပ်က ထုတ်ပြန်ထားသည်။

လေ့ကျင့်ခန်းတွင် ပါဝင်သောတပ်များမှာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အရှေ့ပိုင်း စစ်နယ်ဝှမ်း ကွပ်ကဲမှုဌာနချုပ်အောက်ရှိ
- ရေတပ် (PLAN)
- လေတပ် (PLAAF)
- ဒုံးပျံတပ်ဖွဲ့ (Rocket Force)
- မဟာဗျူဟာ အထောက်အကူပြုတပ်ဖွဲ့ (The Strategic Support Force) (PLASSF သည် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ ပဥ္စမမြောက်လက်ရုံးတပ်ဖွဲ့ဖြစ်ပြီး အာကာသ၊ ဆိုင်ဘာနှင့် အီလက်ထရောနစ်စစ်ဆင်ရေးဆိုင်ရာ တပ်ဖွဲ့ကြီး ဖြစ်သည်။) နှင့်
- ထောက်ပံ့ပို့ဆောင်ရေးတပ်ဖွဲ့ (Logistic Support Force) တို့ ဖြစ်သည်။

အရှေ့ပိုင်း စစ်နယ်ဝှမ်း ကွပ်ကဲမှုဌာနချုပ် (PLA Eastern Theater Command) သည် တိုင်ဝမ်ကျွန်းနှင့် အနီးဆုံးတွင်ရှိသော ကွပ်ကဲမှုဌာနချုပ်ဖြစ်ပြီး အမှန်တကယ် တက်ရောက်သိမ်းပိုက်ပါက ၎င်း၏ ကွပ်ကဲမှုအောက်တပ်များက အဓိကပါဝင်မည် ဖြစ်သည်။

လေ့ကျင့်ခန်းများအပြီး ခွင့်ကြုံပစ်မှတ်အဖြစ် ဝင်ရောက်သိမ်းပိုက်ရန် ရာခိုင်နှုန်းနည်းပါးသော်လည်း ရေပြင်နှင့် ဝေဟင်ပိတ်ဆို့မှု (Joint Blockade) ဆက်လက် ပြုလုပ်နိုင်သည်ဟု သုံးသပ်ပါသည်။
နိုင်ဆွေဦး
#NaingSweOo
Source: PRC Ministry of National Defence, South China Morning Post, CNN and BBC
ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ခုနှစ်) အခန်း (၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ အခန်း၏ ပုဒ်မ ၃၆၁ တွင်
နိုင်ငံတော်သည် ဗုဒ္ဓဘာသာ သာသနာတော်ကို နိုင်ငံတော်၏ နိုင်ငံသား အများဆုံးကိုးကွယ်ရာဖြစ်သော ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံသည့် ဘာသာ သာသနာဖြစ်သည်ဟု နိုင်ငံတော်က အသိအမှတ်ပြုသည်။ ဟု သတ်မှတ်ပြဌာန်းထားပါသည်။

ထို့အပြင် ပုဒ်မ ၃၆၃ တွင် နိုင်ငံတော်သည် အသိအမှတ်ပြုထားသော ဘာသာသာသနာများကို တတ်နိုင်သမျှ ကူညီစောင့်ရှောက်မည်။ ဟု ပြဌာန်ထားပါသည်။

၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအား လေ့လာကြည့်လျှင်လည်း နိုင်ငံတော်တဝှမ်း ဗုဒ္ဓဘာသာ ယုံကြည်ကိုးကွယ်သူ ၈၇ ဒဿမ ၉ ရာခိုင်နှုန်း ရှိကြောင်း တွေ့ရှိရပါသည်။

ယနေ့မြင်လိုက်ရသည့် မြင်ကွင်းတစ်ခုကတော့ စိတ်ချမ်းသာစရာ မရှိပါ။ တိုင်းရင်းသား လက်နက်ကိုင် အမည်ခံ သူပုန်က သူပုန်ကျင့် သူပုန်ကြံ ယုတ်မာ ရိုင်းစိုင်းသည့် လုပ်ရပ်ကို လုပ်လေသည်။

ထိုအခါ ၁၉၃၅ ခုနှစ် ဒီဇင်ဘာလထုတ် အိုးဝေမဂ္ဂဇင်းပါ ဆရာဇော်ဂျီ၏ သင်သေသွားသော် ကဗျာအား အမှတ်ရမိပါသည်။

သင်သေသွားသော်

ဩော်...
လူ့ပြည်လောက၊ လူ့ဘဝကား အိုရနာရ၊ သေရဦးမည် မှန်ပေသည်တည့်။
သို့တပြီးကား၊ သင်သေသွားသော် သင်ဖွားသောမြေ၊ သင်တို့မြေသည် အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။
သင်၏မျိုးသား၊ စာစကားလည်း ကြီးပွားတက်မြင့်၊ ကျန်ကောင်းသင့်၏။
သင်ဦးချ၍ အမျှဝေရာ စေတီသာနှင့်၊ သစ္စာအရောင် ဉာဏ်တန်ဆောင်လည်း ပြောင်လျက်ဝင်းလျက် ကျန်စေသတည်း။ ။

နိုင်ငံတော်၏ အချူပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့် သာသနာတော် ထွန်းကားရေးတို့အတွက် နိုင်ငံသား အားလုံးက အပြုသဘောဆောင်ကာ မိမိတို့ တတ်နိုင်သည့်ဖက်က ဝိုင်းဝန်း ကူညီလုပ်ဆောင်သွားသင့်ပါသည်။
ဒေါက်တာနိုင်ဆွေဦး
#NaingSweOo
(၈/၁/၂၀၂၄)