တပ်ကြပ်ကြီးဖိုးကွန်း
22.4K subscribers
10.3K photos
1.05K videos
678 links
Download Telegram
Forwarded from Fossil News
ကူးစက်မြန် ကိုဗစ်မျိုးစိတ်သစ်

Kraken လို့နာမည်ပေးထားတဲ့ ဒီပိုးသစ်ဟာ XBB.1.5 အမျိုးအစားဖြစ်ကာ တရုတ်၊ အိန္ဒိယ အပါအဝင်ကမ္ဘာတဝှမ်းနိုင်ငံပေါင်း ၃၁ နိုင်ငံမှာ ကူးစက်ခံထား ရကြောင်း စစ်ဆေးတွေ့ရှိထားပါတယ်။

ဒီပိုးဟာ လူတွေ ဘယ်လိုရောဂါလက္ခဏာ ပြင်းပြင်းထန်ထန်ခံစားရကာ အသက်ဆုံးရှုံးကြရသလဲဆိုတာသိဖို့ WHO အဖွဲ့ကြီးဟာ လေ့လာစုံစမ်းနေကြရဆဲဖြစ်ပါတယ်။

#fossilnews
Forwarded from KO CHIT (MDY) (Chit KO KO MDY)
KIA+PDF အဖွဲ့၏ လူဝတ်လဲ ချုပ်နှောင်ခြင်းခံထားရတဲ့ သံဃာတော်များရှိနေ

ဗန်းမောက်မြို့နယ် ဆင်ခြေတိုင်ကျေးရွာ ဘုန်းတော်ကြီး ဦးတေဇောဘာသ အပါအဝင် အခြားသံဃာတော် ၄ ပါးအား လူဝတ်လဲပြီး KIA+PDF များက ပင်းခါးကျေးရွာအနီး ထုံးတောင်အနီး အကျဉ်းထောင်တွင် ဖမ်းဆီးချုပ်နှောင်ထားကြောင်း တယ်လို့ဆိုပါတယ်။

ဆင်ခြေတိုင်ဘုန်းတော်ကြီး တစ်ပါးသာ အတည်ပြုနိုင်ပြီး ကျန် ၄ ပါးမှာ ဘယ်ဒေသက သံဃာတွေမှန်း မသိရှိရသေးပါဘူး။

ပုဂ္ဂိုလ်ရေး မကျေနပ်ချက်တွေရှိတာကို SNA နဲ့ပတ်သတ်တယ်လို့ စွပ်စွဲပြီး ဖမ်းဆီးခဲ့တာဖြစ်ပြီး ဆရာတော်ဟာ သက်တော် ၄၂ ဝါတော် ၂၂ ရှိပြီဖြစ်ကြောင်း သိရသည်။

ဒါ့အပြင် အခြားဒေသခံပြည်သူ ၄၀ ကျော်ကိုလည်း နမ့်နစ်ချောက်ဟု ခေါ်သော ပင်းခါးကျေးရွာ ထုံးတောင်အနီးတွင် ဖမ်းဆီးချုပ်နှောင်ထားကြောင်း သိရသည်။

KIA အဖွဲ့တွေဟာ စစ်ကိုင်းတိုင်းအထက်ပိုင်းမှာရှိတဲ့ ရှမ်းနီလူမျိုးများကို ခေတ်အဆက်ဆက် နှိပ်ကွပ်ခဲ့ပြီး ယခုလည်း PDF နဲ့ပေါင်းကာ နိုင်ငံရေးနဲ့ရောချပြီး ရည်ရွယ်ချက်ရှိရှိ ရှမ်းနီလူမျိုးများကို မကြာခဏ အနိုင်ကျင့် သတ်ဖြတ်တဲ့ ဖြစ်စဉ်သာဓက များစွာရှိခဲ့ပါတယ်။

၂၀၂၂ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့ကလည်း နောင်ပါတ်ဆရာတော် ဦးဂန္ဓမာအား KIA+PDF များက ဖမ်းဆီး သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်။

ဒါ့အပြင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့ကလည်း အနောက်တောကျေးရွာရှိ အောင်သိဒ္ဓိစေတီငွေဘုရား တည်ရန် ထိန်းသိမ်းထားသည့် စုဆောင်ငွေ ၁၅ သိန်းထဲမှ ၁၀ သိန်းကျပ်ကို ဂေါပကများထံမှ KIA+PDF ယူနီဖောင်းနှင့် လက်နက်အပြည့်အစုံပါလာသည့် လူငါးဦးမှ လာရောက်ယူဆောင်သွားသည့် ဖြစ်ရပ် ဖြစ်ပွားခဲ့ပါသေးတယ်။

#fossilnews
လေယာဉ်ပေါ်မှာ ယက်ဗနီပရီဂိုဇင်နာမည်နဲ့ခရီးသည်တော့ပါသွားပေမဲ့ ဝက်ဂ်နာအဖွဲ့ခေါင်းဆောင်ဟုတ်မဟုတ်ဆိုတာတော့အတည်ပြုနိုင်ခြင်း မရှိသေးဟု ရုရှားအရာရှိများဆို။

ပရီဂိုဇင်ဟာ ဩဂုတ်လ 21 ရက်နေ့ တနင်္လာနေ့ကပဲ အာဖရိကနိုင်ငံတစ်ခုမှာလို့ ယူဆလို့ရတဲ့ ဓာတ်ပုံတစ်ပုံ ဆိုရှယ်မီဒီယာမှာ တင်ခဲ့သေးတယ်လို့ ဆိုပါတယ်။

#fossilnews
မျောက် ၃ ကောင်လို့ နာမည်တွင်တဲ့ မြောက်ပိုင်း ၃ ဖွဲ့ဟာ ဒီကနေ့ မနက်အစောပိုင်းကစလို့ ရှမ်းပြည်မြောက်ပိုင်းက တစ်ချို့နေရာတွေမှာ တပ်မတော်နဲ့ ပြည်သူစစ် စခန်းတွေ ဂိတ်တွေကို စတင်တိုက်ခိုက်ပြီး စစ်ကြေညာလာပါတယ်။

တပ်မတော်က ငြိမ်းချမ်းရေးနဲ့ အမျိုးသားရေးကို ရှေးရှုပြီး ရေရှည်ကိုမျှော်တွေးကာ ပြည်ထောင်စုဖွား တိုင်းရင်းသားတွေဆိုတဲ့ အချက်ကို အခြေခံပြီး ထိန်းထိန်းသိမ်းသိမ်းပဲ ဆောင်ရွက်ခဲ့ပေမဲ့ တစ်ဘက်အဖွဲ့အစည်းတွေဟာ အမြဲတမ်း အလစ်အငိုက်ကို စောင့်ကာ အခွင့်ကောင်းယူလေ့ရှိပါတယ်။

ဒီအဖွဲ့တွေဟာ လူမျိုးကို အခြေခံပြီး ပေါ်ပေါက်လာခဲ့တဲ့ အဖွဲ့တွေဆိုပေမဲ့ မိမိတို့ လူမျိုးကောင်းစားရေးထက် သူတို့ခေါင်းဆောင်ပိုင်းရဲ့ အကျိုးစီးပွားအတွက်သာ အလုပ်လုပ်လေ့ရှိပါတယ်။ အခု ရှမ်းပြည်မြောက်ပိုင်းကို တိုက်ခိုက်တဲ့အတွက် ကုန်စည်စီးဆင်းမှုတွေ အထိုက်အလျောက်ရပ်တန့်ခဲ့ရသလို ဒေသခံ ပြည်သူလူထုရဲ့ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး တွေထိခိုက်နစ်နာကြရပါတယ်။

ဒါ့အပြင် အကြမ်းဖက်အဖွဲ့တွေဟာ မြို့တွေ၊ ရွာတွေထဲကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ကြတာ ဖြစ်တဲ့အတွက် ပြည်သူတွေ ထိခိုက်သေဆုံးမှုဖြစ်ပေါ်ခဲ့ရပါတယ်။ လူမျိုးကောင်းစားရေး၊ ဒေသကောင်းစားရေးလို့ အော်နေပေမဲ့ လူမျိုးနဲ့ ဒေသ ပျက်စီးရာ ပျက်စီးကြောင်းကိုပဲ လုပ်နေတဲ့ ဒီအဖွဲ့တွေရဲ့ ရပ်တည်ချက်နဲ့ ရည်ရွယ်ချက်ဟာ မေးခွန်းထုတ်စရာဖြစ်နေပါတယ်။

#fossilnews