🇲🇲🇲🇲Myanmar News Zone🇲🇲🇲🇲
1.14K subscribers
12.1K photos
964 videos
4 files
684 links
သတင်း ရင်းမြစ်အားလုံးကို Creditပေးပါတယ်ခင်ဗျာ☺️☺️
Download Telegram
Forwarded from 𝗠𝗶𝗻 𝗗𝗶𝗻 🇲🇲
#ကဲ_တာဝန်ရှိသူတွေဘာလုပ်မှာလဲ??

မှော်ဘီ 4 လမ်းဆုံစစ်ဆေးဂိတ်မှာလည်း မော်တော်ပီကယ်ကို တထောင် ရဲကိုတထောင် စစ်တပ်ကိုတထောင် ဆင်ပေးရင် ကားကိုလုံးဝမစစ်ပါ အဲစစ်ဆေးဂိတ်ကိုဖြတ်ရင် ၃၀၀၀ ကုန်ပါတယ်

အသန်း
. #ကံ_ပုံဝါဒ
Fatalism.

1️⃣
ဗုဒ္ဓက ကကိုမပုံခိုင်းခဲ့ပါ
ကံဆိုတာ အကြောင်းတရားကြောင့်
ဖြစ်လာတဲ့အကျိုးတရားသာပါ
ဘာမှ မလုပ်ပဲ၊ ဘာတွေဖြစ်ဖြစ်
ကကြောင့်လို့ တရားသေမှတ်ယူခြင်းဟာ
ကုံပုံ ဝါဒ Fatalism သက်သက်သာဖြစ်လို့
အစွန်းတရား တပါးသာဖြစ်ပါတယ်၊
အထူးသဖြင့် ဖန်ဆင်းရှင်ဝါဒနဲ့
ဘုရားသခင်အလိုတော်ကျအတိုင်း ဆိုတဲ့ဝါဒဟာ
ကံပုံ ဝါဒတွေသာဖြစ်ကြပါတယ်၊

2️⃣
လက်တွေ့စမ်းသပ်လို့ရတာတွေ
လောကမှာ အများကြီးပါ၊ ထိုင်နေကြည့်ပါ
မိုးပေါ်က အစားအသောက်တွေ
အလိုအလျောကကျမလာပါဘူး၊
လူတွေမှာ ဆင်းရဲချမ်းသာ အကွာအခြား
ရှိနေတာဟာ အတိတ်ကံရယ်
ပစ္စုပ္ပန် အလုပ်ရယ်ကြောင့် သာဖြစ်ပါတယ်၊

3️⃣
လက်ဝါးပေါ်က မြေမှုံလေးလောက်သာ
သုဂတိ ဘုံသားတွေဖြစ်ပြီး၊ ကမ္ဘာမြေလောက
ပမာဏကြီးက ဒုဂ္ဂတိဘုံ ( အပ္ပါယ်လေးဘုံသား)
တွေဖြစ်တယ်လို့ ဘုရားကသတိပေးထားတာ
အလကားမဟုတ်ပါဘူး၊

ရှေ့ဘဝက စုတိစိတ်ရဲ့ အကုသိုလ်စိတ်က
လက်ရှိဘဝကို အကျိုးပေးသလို
ရှေ့ဘဝက ကုသိုလ်စိတ်ကလဲ လက်ရှိဘဝကို
အကျိုးပြုတယ်၊

ရှေ့ဘဝကုသိုလ်စိတ် ➡️ လက်ရှိကောင်းသောဘဝ
➡️ သာယာ ( လောဘစိတ်ဖြစ် / အကုသိုလ်စိတ် ) ➡️
➡️ နောက်ဘဝ (မကောင်း )

( ပြီးခဲ့တဲ့ဘဝစုတိစိတ်မှာ ကုသိုလ်စိတ်ကြောင့်
လက်ရှိဘဝကောင်းကို ရထားပေမဲ့ ဘဝအပေါ်
တပ်မက်တဲ့ #လောဘစိတ်ကြောင့် လက်ရှိဘဝစုတ်စိတ်
က နောက်ဘဝကို အကုသိုလ်များတဲ့ဘဝဆီ ပို့ပေး၊

ဒီအတိုင်းပဲ
ပြီးခဲ့တဲ့ဘဝ အကုသိုလ်စုတိစိတ်ကြောင့်
လက်ရှိဘဝဟာ အကုသိုလ်များတဲ့ဘဝကို ပိုင်ဆိုင်ရပြီး
အဲ့ဒီအပေါ် #ဒေါသစိတ်ကြောင့် နောက်ဘဝကို
အကုသိုလ်ပြွန်းတဲ့ဘဝ ဖြစ်စေပါတယ်၊

ရှေ့ဘဝရဲ့ စုတိစိတ်မှာ ကုသိုလ်ဖြစ်ဖြစ်
အကုသိုလဖြစ်စ်ဖြစ်၊ လက်ရှိဘဝအပေါ်
#လောဘ #ဒေါသ မဖြစ်ဖို့လိုတယ်၊
စုတိကောင်း ➡️ ဘဝကောင်း (လောဘ)➡️ ဘဝဆိုး
စုတိမကောင်း ➡️ ဘဝဆိုး ( ဒေါသ ) ➡️ ဘဝဆိုး
ဒါကြောင့် လက်ရှိဘဝမှာ လောဘနဲ့ ဒေါသကို
ဦးစားမပေးပဲ #ယောနိသောမနသီကာရ ထားနိုင်မှ
နောက်ဘဝအတွက် အကောင်းကိုရနှိုင်ပါမှာ၊

ဒါကြောင့် ( အတိတ် + ပစ္စုပ္ပါန် = အနာဂါတ် ) လို့
အလွယ်သိအောင် ရေးလေ့ရှိတယ်၊
ပစ္စပ္ပါန်ရဲ့ အလုပ် ( ပညာသိ) ဟာ ဘယ်လောက
အရေးပါသလဲ၊ မိမိရဲ့ကိုယ်ပိုင်အလုပ်
ဘုရားရှင်တွေရဲ့ ဖန်ဆင်းခြင်းမဟုတ် ဆိုတာ
ဒီနေရာမှာ ပေါ်လွင်ပါလိမ့်မယ် ။

4️⃣
#ဟေုတုပစ္စယော
(၂၄) ပစ္စည်းမှာ ဟေတု ပစ္စယောက ဦးဆုံးလာတယ်
အခြေခံအကျဆုံးမို့ပါ၊
ဟေတု ➡️ ဟိတ် ➡️ အကြောင်းတရား
လက်ရှိဖြစ်ပေါ် တွေ့ကြုံခံစားနေရတာတွေ
အားလုံးဟာ ပြုခဲ့တဲ့ အကြောင်းတရားတွေကြောင့်သာပါ

ဟိတ် (၄) မျိုး
- အဟိတ်စိတ် ( ဟိတ်လုံးဝမယှဉ်သောစိတ် ) ( ဟိတ်မယှဉ် )
- ဧကဟိတ်စိတ် ( ဟိတ် တပါးယှဉ်သောစိတ် ) ( မောဟဟိတ် )
- ဒွိဟိတ်စိတ် ( ဟိတ်နှစ်ပါးယှဉ်သောစိတ် ) ( လော၊ဒေါ၊မော)
- တိဟိတ်စိတ် ( ဟိတ်သုံးပါးယှဉ်သောစိတ် ) ( အလော၊ဒေါ၊မော)

စုတိစိတ်နဲ့ ပဋိသန္ဓေစိတ်အကူးမှာ
စုတ်စိတ်ဖက်က #ပညာယှဉ်ကုသိုလ်စိတ် ဖြစ်ရင်
ပဋိသန္ဓေစိတ်အသစ်မှာ တိဟိတ် ပုဂ္ဂိုလ်ဖြစ်တယ်
တိဟိတ်ဖြစ်မှ သောတပန်ဖြစ်ခွင့်ရှိပြီး အပ္ပါယ်ပိတ်တယ်
ဓမ္မကထိက ဖြစ်စေဦးတော့ တိဟိတ်မဟုတ်ရင်
အပ္ပါယ်မပိတ်ပါ၊ ဒါကြောင့် အရင်ဘဝစုတိစိတ်ဟာ
ဘယ်လောက်အရေးကြီးသလဲ ဆိုတာ ပေါ်လွင်လာတယ်၊

အရင်ဘဝအကျိုးကြောင့် ဒီဘဝရလာတာဆိုတဲ့
ဓမ္မဥပဒေကိုသိရင်.... ဒီဘဝစုတ်စိတ်မှာ ပညာပါတဲ့
ကုသိုလ်စိတ်ကို များများမွေးပြီး ဒီဘဝစုတ်စိတ်မှာ
ပညာယှဉ်တဲ့ စုတိစိတ်ဖြစ်အောင် ပြင်ဆင်ကြဖို့လိုတာကို
တွေ့ရပါလိမ့်မယ်၊

ဒီ Process လေးဟာ
ထေရဝါဒ ဗုဒ္ဓဘာသာရဲ့ အင်မတန်သေးငယ်တဲ့
အပိုင်းလေး တခုမျှသာရှိပါသေးတယ်၊
ဒီ Process နဲ့ Stages တွေကိုသတိထားလေ့လာရင်
ဗုဒ္ဓဘာသာဟာ
- ကံသက်သက်ဝါဒ Fatalism
မဟုတ်ဘူးဆိုတာရယ်
- အနာဂါတ်ကံဆိုတာ အတိတ်+ ပစ္စုပ္ပါန်ကြောင့်
ဆိုတာရယ်
- အရာအားလုံးဟာ ပညာယှဉ်တဲ့ လုပ်ရပ်ဆိုတာရယ်ကို

အလွယ်တကူမြင်နိုင်ကြလိမ့်မယ်လို့ ယူဆရပါတယ်၊

( ဓမ္မကုသိုလ်မျှဝေခြင်းမျှသာပါ )

Nay Zin Latt ( 19.7.23 ) 💙
( သြဂုတ်-၇၊ ၂၀၂၃) မာရဝိဇယ ရုပ်ပွားတော်ကြီးကို စောနိုင်သမျှ များများ ရှာဖွေခြင်းဖြင့် ကုသိုလ်ပါ၀င် ကြပါရန်
===
မာရဝိဇယ ရုပ်ပွားတော်ကြီးနဲ့ ပါတ်သက်လို့ နာမည်အမှန်ကို ဝိုင်းပြင်နေကြရာမှာ သတိထားစရာလေး တစ်ချကကို ထောက်ပြပါရစေ။
.
အဲ့ဒါကတော့ Map မှာ ရှာတဲ့အခါ “ Smiling buddah “ လို့ လက်ရှိနာမည်အမှန်နဲ့သာ ရှာဖွေကြဖို့ပါ။

အဲဒီ နာမည်အမှန်ကို မတွေ့ရင် နေပြည်တော်ကို အရင်ဆုံးရှာပြီးမှ နေပြည်တော်အထဲ ရုပ်ပွားတော်ကြီး တည်နေရာ Location ကို ရှာပါ။
.
ဘာလို့လည်းဆိုတော့ Crying နဲ့ ရှာတဲ့အခါ အဲ့ဒီ စကားလုံးသုံးပြီး ရှာသူ များလာလျင် ဒီနေရာဟာ
ဒီ စကားလုံးကို သုံးပြီး ရှာဖွေသူ ဘယ်လောက် များလာတယ်ဆိုတာ Google AI က မှတ်တမ်းတင်လေ့ရှိလိုပါ
.
ဆိုလိုတာ Google map အသုံးပြုသူများက
.
၁. #နေပြည်တော်ကို #အရင်ရှာပြီး #ရုပ်ပွားတော်ကြီး #location #ကို #ရှာကြရန်
.
သို့မဟုတ်
.
၂. #Smiling_buddha #လို့ #Google_map #search_box #မှာ #ရိုက်ထည့်ပြီး
.
#များများ_ရှာပေးကြဖို့ပါ
.
၃. #လူတစ်ဦးလျှင် #ရကကာလနဲ့ #ကြိမ်ရေ #ကန့်သတ်ချက#မရှိ
.
၄. #စောလေ_ကြိမ်ရေများလေ_ထိရောက်လေပါ
.
.
Credit:
#MNZ