🇲🇲🇲🇲Myanmar News Zone🇲🇲🇲🇲
1.14K subscribers
12.1K photos
964 videos
4 files
684 links
သတင်း ရင်းမြစ်အားလုံးကို Creditပေးပါတယ်ခင်ဗျာ☺️☺️
Download Telegram
မိမိ ရပ်ရွာအနီးမှာ PDFတွေရှိနေရင် ရွာနာတယ်
PDFတွေရှိတော့ တပ်ကစစ်ကြောင်းထိုးတယ် တိုက်ပွဲဖြစ်တယ် ဒေသခံပြည်သူတွေက အိုးပြစ် အိမ်ပြစ်ထွက်ပြေးရတယ် ရွာတွေမီးလောင်တယ်
PDFတွေရှိနေသမျှကာလပတ်လုံး အဲ့ဒေသဟာ ငြိမ်းချမ်းမှာမဟုတ်ဘူး
ပြည်သူတွေအနေဖြင့် မိမိရပ်ရွာ အေးချမ်းသာယာပြီး ငြိမ်းငြိမ်းချမ်းချမ်းနေချင်ရင် အစိုးရနဲ့ ပူးပေါင်းဖို့လိုတယ်
ဘယ်လိုပူးပေါင်းရမလဲဆိုတာကလဲ လွယ်ပါတယ် မိမိရပ်ရွာအနီးမှာရှိတဲ့ အကြမ်းဖက် PDFတွေရဲ့သတင်းကို သက်ဆိုင်ရာကို တိုးတိုးတိတ်တိတ် သတင်းပေးယုံပါပဲ ဘယ်သူမှမသိအောင် သတင်းပေးရုံနဲ့ မိမိဒေသ ဖွံ့ဖြိုးတိုးတတ်အောင်ဆောင်ရွက်ကြပါလို့ တိုက်တွန်းပါရစေ


Videos တွေကတော့ PDFအကြမ်းဖက်တွေရဲ့ လုပ်ရပ်တွေပါပဲ

#မန္တလေး
#စစ်ကိုင်း
#မုံရွာ
#ရွှေဘို
#အကြမ်းဖက်
#Pdf


https://t.me/myanmarnewszone
( သြဂုတ်-၇၊ ၂၀၂၃) မာရဝိဇယ ရုပ်ပွားတော်ကြီးကို စောနိုင်သမျှ များများ ရှာဖွေခြင်းဖြင့် ကုသိုလ်ပါ၀င် ကြပါရန်
===
မာရဝိဇယ ရုပ်ပွားတော်ကြီးနဲ့ ပါတ်သက်လို့ နာမည်အမှန်ကို ဝိုင်းပြင်နေကြရာမှာ သတိထားစရာလေး တစ်ချက်ကို ထောက်ပြပါရစေ။
.
အဲ့ဒါကတော့ Map မှာ ရှာတဲ့အခါ “ Smiling buddah “ လို့ လက်ရှိနာမည်အမှန်နဲ့သာ ရှာဖွေကြဖို့ပါ။

အဲဒီ နာမည်အမှန်ကို မတွေ့ရင် နေပြည်တော်ကို အရင်ဆုံးရှာပြီးမှ နေပြည်တော်အထဲ ရုပ်ပွားတော်ကြီး တည်နေရာ Location ကို ရှာပါ။
.
ဘာလို့လည်းဆိုတော့ Crying နဲ့ ရှာတဲ့အခါ အဲ့ဒီ စကားလုံးသုံးပြီး ရှာသူ များလာလျင် ဒီနေရာဟာ
ဒီ စကားလုံးကို သုံးပြီး ရှာဖွေသူ ဘယ်လောက် များလာတယ်ဆိုတာ Google AI က မှတ်တမ်းတင်လေ့ရှိလိုပါ
.
ဆိုလိုတာ Google map အသုံးပြုသူများက
.
၁. #နေပြည်တော်ကို #အရင်ရှာပြီး #ရုပ်ပွားတော်ကြီး #location #ကို #ရှာကြရန်
.
သို့မဟုတ်
.
၂. #Smiling_buddha #လို့ #Google_map #search_box #မှာ #ရိုက်ထည့်ပြီး
.
#များများ_ရှာပေးကြဖို့ပါ
.
၃. #လူတစ်ဦးလျှင် #ရက်ကာလနဲ့ #ကြိမ်ရေ #ကန့်သတ်ချက် #မရှိ
.
၄. #စောလေ_ကြိမ်ရေများလေ_ထိရောက်လေပါ
.
.
Credit:
#MNZ
Aug 7

ဗန်းမောက်တွင် KIA၊ PDF စစ်ရှုံး၍ ဆုတ်ခွာစဉ် ပြည်သူနေအိမ်များကို မီးရှို့ဖျက်ဆီး
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၅
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဗန်းမောက်မြို့နယ်အတွင်း ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၎င်း၏ လက်အောက်ခံတပ် (PDF) တို့ တိုက်ပွဲဖြစ်ပွားပြီး KIA, PDF တို့ စစ်ရှံး၍ ပြန်လည်ဆုတ်ခွာစဉ် ပြည်သူနေအိမ်များကို မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။
ယခင်က SNA ၏ လှုပ်ရှားရာဒေသအတွင်း KIA, PDF အင်အားအလုံးအရင်းဖြင့် ထိုးဖောက် ဝင်ရောက်လာခဲ့ကြောင်း၊ ထို့နောက် SNA မှ ပြန်လည်တိုက်ခိုက်ရာတွင် ပြန်လည်ဆုတ်ခွာသွားသော KIA, PDF တို့မှ ရှမ်းနီကျေးရွာဖြစ်သော ကြောင်လည်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံများက ပြောသည်။
ဒေသခံ တစ်ဦးက “သူတို့က (KIA, PDF) ပထမဦးဆုံးကနဦးစဆိုလို့ရှိရင် သူတို့က ပြည်သူဖက်ကို ဆိုတဲ့အခါကြတော့ ပြောင်းဖျားတောင်မလှည့်ဘူးဆိုပြီးမှ အခုကြတော့ ပြည်သူကို မကဘူးလေ၊ ဒုက္ခပေးသွားတာ အိမ်ကို မီးရှို့နေပြီလေ၊ အခုဖြစ်ပုံက” ဟု ပြောသည်။
ပြီးခဲ့သည့် ဇူလိုင် လကုန်ပိုင်းက မီးရှို့ခဲ့ခြင်းဖြစ်ပြီး နေအိမ် ၃၀ ကျော်ကို KIA, PDF တို့မှ မီးရှို့ဖျက်ဆီးသွားသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
KIA သည် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များကို အသုံးချက စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ထိုးဖောက်ဝင်ရောက်နေကြောင်း၊ ထို့အတူ နာဂလက်နက်ကိုင်တပ်ဖို့များကိုလည်း လက်နက်တပ်ဆင်ပေးလျှက် နာဂဒေသသို့ ဝင်ရောက်လှုပ်ရှားလာနိုင်သည်ဟု နိုင်ငံရေးသမားတစ်ဦးက သုံးသပ်သည်။

#အကြမ်းဖက်
#မီးရှို့
#MNZ