🇲🇲🇲🇲Myanmar News Zone🇲🇲🇲🇲
1.13K subscribers
12.1K photos
966 videos
4 files
686 links
သတင်း ရင်းမြစ်အားလုံးကို Creditပေးပါတယ်ခင်ဗျာ☺️☺️
Download Telegram
အရာတော်မြို့နယ် ငွေတွင်းကျေးရွာမှ စစ်ရှောင်သူ သာမန်ပြည်သူ ၁၄ ဦးနှင့် ကိုရင် ၁ ပါးအား ပျုစောထီးဟု စွပ်စွဲကာ PDF များက ဝင်ရောက်သ-တ်ဖြတ်မှု ယနေ့ဖြစ်ပွား

၅.၇. ၂၀၂၃
Written by Nay Moe

စစ်ကိုင်းတိုင်းဒေသကြီး အရာတော်မြို့နယ် ငွေတွင်းကျေးရွာမှ စစ်ရှောင်သူများနှင့် သာမန်ပြည်သူ ၁၄ ဦးအပါအဝင် ကိုရင် ၁ ပါးအား ပျုစောထီးဟု စွပ်စွဲကာ PDF များက အစုလိုက်အပြုံလိုက် ဝင်ရောက်သ-တ်ဖြတ်မှု ယနေ့နံနက် အစောပိုင်းက ဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံမှ ကနဦးသတင်းများအရ သိရသည်။

အရာတော်မြို့နယ် ငွေတွင်းရွာသည် PDF များက ပျုရွာဟု သတ်မှတ်ထားသောရွာဖြစ်ပြီး ပြီးခဲ့သည့်ဧပြီကလည်း မြောင် CDSOM PDF အဖွဲ့က သင်္ကြန်မဏ္ဍပ်ကို မိုင်းခွဲ၍ လခရအချို့ထိခိုက်သေဆုံးခဲ့သလို ပြီးခဲ့သော ဇွန် ၂၀ ရက်ကလည်း ကျောက်ဆည်ခရိုင် တပ်ရင်း(၁) ဦးဆောင်သော PDF ပူးပေါင်းတပ်ဖွဲ့က လခရများနှင့် ပြည်သူ့စစ်များအစည်းအဝေးပြုလုပ်နေချိန် ဝင်ရောက်တိုက်ခိုက်ရာ လခရ ၁၇ ဦးခန့်သေဆုံးခဲ့သည်ဟုလည်း ထို PDF များက ထုတ်ပြန်ခဲ့ဖူးသည်။ ထိုတိုက်ခိုက်မှုကို ကျောက်ဆည်ခရိုင်တပ်ရင်း-၁ (နဂါးနီတပ်ရင်း) ၊ ကျောက်ဆည်ခရိုင်ဒရုန်းတပ်ဖွဲ့၊ မြင်းခြံခရိုင်တပ်ရင်း - ၇ (Zeroပြောက်ကျား)၊ ရွှေဘိုခရိုင်တပ်ရင်း - ၁၅ နှင့် ဆားတောင်မိုးကြိုး(Local PDF)၊ MRTF၊ Danger Force(Local PDF)၊ NDRF၊ အောင်သပြေညီနောင်(မြင်းမူ Local PDF) တို့က တိုက်ခိုက်ခဲ့သည်ဟုလည်း ထုတ်ပြန်ဖူးသည်။

ထို PDF ပူးပေါင်းအဖွဲ့များက ဧပြီ ၄ ရက်ည( ဧပြီ ၅ ရက် နံနက် ၂ နာရီခန့်) အရုဏ်မတက်မီအချိန်တွင် ငွေတွင်းကျေးရွာသို့ ဝင်လာခဲ့ပြီး ငွေတွင်းရွာအတွင်းမှ ပျုစောထီးဟု ယင်းတို့အဖွဲ့များ သတ်မှတ်ထားသူ လေးဦးနှင့် ငွေတွင်းရွာဘုန်းကြီးကျောင်းမှ အသက် ၁၂ ခန့်အရွယ်မှ အသက် ၅၀ အကြားရှိ စစ်ရှောင်သာမန်ပြည်သူ ၁၀ ဦးအပြင် ကိုရင်တစ်ပါးကို ဦးခေါင်းများအား သေနတ်ဖြင့်ပစ်ကာ အစုလိုက်အပြုံလိုက်သ-တ်ဖြတ်ခဲ့သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။

ထိုဖြစ်စဥ်တွင် ဦးလေးအရင်းနှင့် ညီအရင်း သ-တ်ဖြတ်ခံရပြီး PDF သ-တ်ဖြတ်မှုကြောင့် သေဆုံးရရှာသည့် အသက် ၁၅ နှစ်ခန့်ကလေးငယ်တစ်ဦး၏ အကိုဖြစ်သူကလည်း ငွေတွင်းရွာမှ သာမန်ကလေးငယ်များကို PDF များက ဝင်ရောက်သ-တ်ဖြတ်သွားကြောင်း ရေးသားထားကာ "ပျူတွေရှိတယ်ဆိုပြီး သတင်းပေးမှုကြောင့် ရွာက ဘုန်းကြီးကျောင်းထဲမှာ ကြောက်လို့လာအိပ်ကြတဲ့ ယောက်ျားလေးရော မိန်းကလေးရော အကုန်လုံးကိုကြိုးတုပ်ပြီး ယောက်ျားအားလုံးကို သေနတ်နဲ့ ပစ်သ-တ်သွားကြတာ။ ဘယ်လောက်တောင် ကြောက်နေကြရှာမလဲကွာ။ အားလုံး ၁၁ ယောက် အသ-တ်ခံလိုက်ရတယ်( ပို့စ်တစ်ခုတွင် Edited - ၁၅ ယောက်ပါဟု အသိပေးထား) ဦးလေးအရင်းနဲ့ ညီအရင်း ၂ယောက်စလုံး ပါသွားတယ်။ တော်ကြပါတော့ကွာ။ ကြားထဲက အပြစ်မရှိတဲ့သူတွေ အသ-တ်ခံရတာ များပြီ။ ဘယ်တော့များမှ ပြီးမှာလဲကွာ"ဟု ရေးသားထားသည်။

MT News သတင်းဌာနအနေဖြင့် အဆိုပါဖြစ်စဥ်ကိုဆက်လက်စုံစမ်းနေပြီး အသေးစိတ်သိရှိရသည်များ ထပ်မံဖော်ပြပေးသွားမည်ဖြစ်သည်။

"ဇွန်လဆန်းနဲ့ ဒီလပိုင်းထဲမှာ PDF ရွာတွေအကုန်လုံးကို လခရက မနက်ပိုင်းတွေလိုက်စီးနင်းတာ PDF ၅၀ ကျော် သေသွားတယ်။ အဲဒီတော့ သူတို့ပျုရွာလို့သတ်မှတ်ထားတဲ့ရွာတွေကို လက်စားချေတဲ့သဘောပဲ။ ငွေတွင်းရွာက အရင်ကလည်း သူတို့ခဏခဏလာတိုက်နေတာ။ ဒီတစ်ခါတော့ ရွာသူရွာသားတွေ ပစ်မှတ်ထားတိုက်ခိုက်တဲ့သဘောပေါ့"ဟု လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

#အရာတော် #ငွေတွင်း #NUG #PDF #ပကဖ

(ဆက်စပ်ဓာတ်ပုံများကို အောက်ပါပိုစ့်တွင်ကြည့်ပါ)
July 16

မောရဝတီစခန်းကုန်းသိမ်းတိုက်ပွဲမှာ ဒေါနစစ်ကြောင်းက PDF စနိုက်ပါတစ်ဦးသေဆုံးပြီး အလောင်းပြန်မရ ဟု ဆို
====================================================
၁၆. ၇. ၂၀၂၃
Written by Nay Moe

တပ်မတော်ရဲ့ စခန်းကုန်းတစ်ခုဖြစ်တဲ့ မောရဝတီစခန်းကုန်းကို တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲအမှတ်(၃)က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ဒေါနစစ်ကြောင်းနဲ့ PDF ပူးပေါင်းတပ်တွေက ဇူလိုင် ၁၄ ရက်မှာ သွားရောက်တိုက်ခိုက်ချိန် Sniper Myoma SC တပ်ခွဲက PDF စနိုက်ပါ လင်းပင်အောင် သေဆုံးပြီး အလောင်းပြန်မရဘဲ ဆုတ်ခွာခဲ့ရသလို အဲဒီတိုက်ပွဲမှာ PDF စစ်ကြောင်းတွေ အထိနာခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေမှာ PDF တွေ သေဆုံးမှုကို သတင်းထုတ်ပြန်လေ့မရှိဘဲ ရံဖန်ရံခါမှာလည်း သေဆုံးတဲ့ PDF တွေဟာ အရပ်သားလို့ ပုံစံပြောင်းသွားတတ်သလို Sniper Myoma SC တပ်ခွဲက PDF စနိုက်ပါ လင်းပင်အောင် တိုက်ပွဲမှာသေဆုံးပြီး အလောင်းပြန်မရကြောင်းကို သူအသုံးပြုတဲ့ Linn Pinn Aung အကောင့်မှာ "ဒီ Acc ပိုင်ရှင် ရဲဘော်ကြီး ၁၄.၇.၂၀၂၃ စခန်းသိမ်းတိုက်ပွဲတွင် မြင့်မြတ်စွာအသက်ပေးလှူသွားခဲ့ပါပြီ။ DB လဲပြန်မရ။စိတ်တွေအရမ်းထိခိုက်နေလို့ တော်လှန်ရေးနယ်ပယ်အတွင်းမှ ညီအကိုမောင်နှမများကိုသာ စာပြန်ပါ့မယ်။နောက်ဘဝသူပြောသလိုပဲ ဒီနိုင်ငံမှာ လူလာမဖြစ်ပါစေနဲ့လို့ဆုတောင်းပေးပါတယ်"လို့ အသိပေးထားပါတယ်။

လင်းပင်အောင်ဟာ ဇူလိုင် ၁၄ ရက်နေ့က ယောဒေသဘက်မှာ ဖြစ်ပွားခဲ့တဲ့ ဆောမြို့နယ် လောင်းရှည်မြို့ဟောင်း ရင်းကဲရွာတိုက်ပွဲဖြစ်စဥ်အတွင်း သေဆုံးခဲ့တဲ့ PDF ငါးဦးအနက် သေဆုံးခဲ့ရသူတစ်ဦးဖြစ်တယ်လို့လည်းဆို​ပြီး NUG ရဲ့ ဒေါနစစ်ကြောင်းက ပေးအပ်တဲ့ တာဝန်အရ ချင်းပြည်နယ်၊ ကန်ပက်လက်သို့ သွားရောက်မဲ့ လခရ စစ်ကြောင်းကို မကွေးတိုင်း၊ ဆောမြို့နယ်၊ လောင်းရှည်မြို့ဟောင်း၊ ရင်းကဲရွာမှာ ကြားဖြတ်တိုက်ခိုက်မဲ့ PDF စစ်ကြောင်းတွေနဲ့ သွားရောက်စစ်ကြောင်းဖြန့်ပူးပေါင်း တိုက်ခိုက်မှုအတွင်း သေဆုံးရတာလို့လည်း Linn Pinn Aung ကို Tag တွဲပြီး ဝမ်းနည်းစကားဆိုထားသူတွေ ဖြေထားတာ တွေ့ရပါတယ်။

ဒါ့အပြင် PDF တစ်ဦးဖြစ်တဲ့ Ko Dinn Gar အကောင့်ပိုင်ရှင်ကလည်း "မနက်စောစောသတင်းဆိုးပါပဲ။ ကိုလင်းပင်ရေ ငြိမ်းအေးရာကို သွားပါတော့။ အကိုပြောနေကျ စကားလိုပဲ။ နောင်ဘဝဒီနိုင်ငံမှာ လူပြန်မဖြစ်ပါစေနဲ့ဗျာ။ လင်းပင်အောင်(14.7.2023) မောရဝတီစခန်းကုန်းသိမ်းပွဲတွင် မြင့်မြတ်စွာကျဆုံးသည်" လို့ Linn Pinn Aung အကောင့်ကို Tag တွဲ ရေးထားသလို သေတဲ့သတင်းကို လင်းပင်အောင်ရဲ့ အမျိုးသမီးက အတည်ပြုပေးတာပါလို့လည်း ဖြေထားပါသေးတယ်။

ဒါ့အပြင် Linn Pinn Aung ရဲ့အကောင့်ကို လက်ရှိသုံးစွဲနေတဲ့ သူ့အမျိုးသမီးဖြစ်သူကလည်း လင်းပင်အောင်သေတဲ့သတင်းကို တော်လှန်ရေးနယ်ပယ်ကလူတွေပဲဖြေမယ်လို့ မနေ့က ပို့စ်တင်ထားသလို သိပ်မကြာခင်မှာပဲ My Day မှာ ထပ်လာမမေးတော့ဖို့ မေတ္တာရပ်ခံထားပါတယ်။

PDF စနိုက်ပါ လင်းပင်အောင် တိုက်ပွဲမှာသေပြီး အလောင်းပြန်မရသေးတဲ့သတင်းနဲ့ပတ်သက်လို့တော့ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲအမှတ်(၃) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ဒေါနစစ်ကြောင်း၊ Sniper Myoma SC တပ်ခွဲနဲ့ သူသွားပြီးပူးပေါင်းတိုက်ခိုက်တယ်ဆိုတဲ့ မကွေးနဲ့ ချင်းနယ်စပ် PDF အဖွဲ့တွေအားလုံးက အခုအချိန်အထိ တရားဝင်သတင်းထုတ်ပြန်တာ မတွေ့ရသေးသလို အတည်ပြုထုတ်ပြန်လာချိန်မှာ ဆက်လက်ဖော်ပြပေးပါ့မယ်။

#ချင်း #မကွေး #ယော #ဆော #PDF #NUG #ပကဖ
#mtnews #myanmar_transparency_news
Aug 22

ဆိုင်ကယ်နှင့်စျေးဝယ်သွားသော လုံခြုံရေးတပ်ဖွဲ့ဝင်နှစ်ဦးကိုလူတစ်ဦးမှ သေနတ်ဖြင့်ပစ်ခတ်၍ ဆိုင်ကယ်မောင်းနှင်သူ လုံခြုံရေးတပ်ဖွဲ့ဝင် ကျည်ထိမှန်ကာ စိုးရိမ်ဒဏ်ရာရရှိမှု ရေနံချောင်းတွင်ဖြစ်ပွား
====================================================

၂၂. ၈. ၂၀၂၃
Written by Min Mahar

ဆိုင်ကယ်နှင့်စျေးဝယ်သွားသော လုံခြုံရေးတပ်ဖွဲ့ဝင်နှစ်ဦးကို အမည်မသိလူတစ်ဦးမှ သေနတ်ဖြင့် ၃ ချက်ပစ်ခတ်သွားသည့်အတွက် ဆိုင်ကယ်မောင်းနှင်သူ လုံခြုံရေးတပ်ဖွဲ့ဝင်အား ကျည်ထိမှန်ကာ ဒဏ်ရာများရရှိမှု ရေနံချောင်းမြို့တွင် ယမန်နေ့ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်ထံများမှ သိရသည်။

ဖြစ်စဉ်မှာ -

ယမန်နေ့(ဩဂုတ် ၂၁ ရက်)ညနေ ၄ နာရီ ၄၅ မိနစ်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့၊ မြို့မတောင်ရပ်ကွက်၊ ဂုဏ်မသိမ်လမ်းမ၊ စနေနံဘုရားလမ်းထောင့်တွင် KENBO 125 ဆိုင်ကယ်တစ်စီးဖြင့် စျေးဝယ်ရန်ထွက်လာသော လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးအား စနေနံလမ်းထောင့်ဘက်မှ အမည်မသိလူငယ် ၁ ဦးက သေနတ်ဖြင့် ၃ ချက်ခန့်ပစ်ခတ်သွားမှုကြောင့် ဆိုင်ကယ်မောင်းနှင်သည့် ဒုတိယတပ်ကြပ်အဆင့်ရှိသူ လုံခြုံရေးတပ်ဖွဲ့ဝင်အား ထိမှန်၍ ၎င်းတွင် ယာဘက်နားထင်ကို ဖောက်ဝင်သွားသည့်ဒဏ်ရာ ၁ ချက်နှင့် ဝဲဘက်ဖျက်ခုံးပါ ဖောက်ထွက်ဒဏ်ရာ ၁ ချက်(စိုးရိမ်ရ)တို့ရရှိခဲ့သဖြင့် ညနေ ၅ နာရီ ၅ မိနစ်ခန့်တွင် ဒဏ်ရာရရှိသူအား ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် ရေနံချောင်းပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်ဖြစ်ပွားခဲ့သည့်နေရာကို သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များမှ ရောက်ရှိလာကာ မြို့ပေါ်ရပ်ကွက်အတွင်း ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး အခင်းဖြစ်သည့်နေရာမှ Luger ၉ မမ ကျည်ကြေးရောင် ၂ ခု၊ အနက်ရောင် ၁ ခု၊ စုစုပေါင်း ၃ ခုအား တွေ့ရှိ၍ သိမ်းဆည်းသွားကြောင်း နယ်မြေခံရဲတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူ တစ်ဦးထံမှ သိရသည်။

#ရေနံချောင်း #NUG #PDF #ပကဖ
#mtnews #myanmar_transparency_news