🇲🇲🇲🇲Myanmar News Zone🇲🇲🇲🇲
1.14K subscribers
12.1K photos
961 videos
4 files
679 links
သတင်း ရင်းမြစ်အားလုံးကို Creditပေးပါတယ်ခင်ဗျာ☺️☺️
Download Telegram
Fact Check
^^^^^^^^^^^
စစ်ကိုင်းတိုင်း၊ မုံရွာစီးပွားရေးတက္ကသိုလ် မတ်လ ၂၇ ရက်နေ့မနက်အစောပိုင်းက လက်လုပ်စိန်ပြောင်းနဲ့ ပစ်ခတ်ခံရတယ်လို့ သိရကြောင်းDVB Page က တင်ထားပါတယ်။

(ဖြစ်စဉ်မှာ -) 👇👇👇
#ဖြစ်စဉ်မှန်ပါတယ်။
#PDF များဟာ မုံရွာစီးပွားရေးတက္ကသိုလ်အား လက်လုပ်စိန်ပြောင်းဖြင့် အကြောင်းမဲ့ ပစ်ခတ်သွားခြင်းဖြစ်ပြီး ထိခိုက်ပျက်စီမှုအား အသေးစိတ်မသိရှိရသေးကြောင်းသိရပါတယ်။
#PDF များဟာ စကစ ကို တိုက်ခိုက်နိုင်စွမ်းမရှိတော့တဲ့အတွက် ၎င်းတို့အား ဘာမှ မပြုလုပ်နိုင်သည့် စာသင်ဆောင်များကိုသာ တစ်စိတ်ရှိတိုင်း လိုက်လံပစ်ခတ်ဖျက်စီးနေခြင်းအား မကြာခဏဆိုသလို တွေ့ရှိပါတယ်။

#FCMm
Fact Check
^^^^^^^^^^^
မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်ထဲက ယုန်ထောင်ဆရာတော်နဲ့ ကပ္ပိယတို့ကို အမည်မသိ လူတချို့က မတ် ၂၅ ရက်နေ့က သတ်ဖြတ်ပြီး မီးရှို့သွားတယ်လို့ ဒေသခံတွေဆီက သိရကြောင်း DVB Page က တင်ထားပါတယ်။

(ဖြစ်စဉ်မှာ -) 👇👇👇
#ဖြစ်စဉ်မှန်ပါတယ်။
# ယုန်ထောင်ဆရာတော်ဟာ တရားဘာဝနာအားထုတ်နေစဉ် တူမီးသေနတ်ကိုင်ထားသည့် အကြမ်းဖက်သမားများရောက်ရှိလာပြီး ဆရာတော်နှင့်ကပ္ပိယ တို့အားအကြမ်းဖက်သတ်ဖြတ်ပြီး မီးရှို့သွားကြောင်းသိရပါတယ်။
#PDF များဟာလဲ စကစ နှင့်တိုက်ခိုက်ရာတွင် တူမီးသေနတ်များအား အဓိကသုံပြီးတိုက်နေကြာင်းသိရပါတယ်။

#FCMm
Fact Check
^^^^^^^^^^^
ကယားပြည်နယ်၊ ဖရူဆိုအခြေစိုက် ခမရ(၄၂၈)အခြေစိုက်စခန်းကို ဒီကနေ့နေ့ခင်းပိုင်းမှာ ဒေသခံကာကွယ် ရေးတပ်တွေက သွားရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားတွေ သေဆုံးမှုရှိနိုင်တယ်လို့ သိရကြောင်း Khit Thit Page က တင်ထားပါတယ်။

(ဖြစ်စဉ်မှာ -) 👇👇👇
#တိုက်ပွဲဖြစ်စဉ်မှန်ပါတယ်။
# ဖရူဆိုအခြေစိုက် ခမရ(၄၂၈)အခြေစိုက်စခန်းကို PDF များမှ လာရောက်တိုက်ခိုက်ခြင်းမဟုတ်ပါ။ ချောင်းပစ်ပြီးထွက်ပြေးခြင်းသာဖြစ်ပြီး တိုက်ပွဲကြီးဖြစ်သလို ပုံဖော်ခြင်းသာဖြစ်ပါတယ်။
#pdf များချောင်းပစ်တဲ့ဖြစ်စဉ်တွင် စကစ အဖွဲ့များ ထိခိုက်ကျဆုံးမှုမရှိကြောင်းသိရပါတယ်။

#FCMm
နွားထိုး PDF စခန်းကို တပ်က ဝင်စီး

နွားထိုးကြီး၊ ဇူလိုင် ၆

မန္တလေးတိုင်း၊ နွားထိုးကြီးမြိုနယ်ထဲမှာရှိတဲ့ Natogyi People Defence Force လိုအမည်ပေးထားတဲ့ စခန်းတစ်ခုကိုတပ်မတော်စစ်ကြောင်းက ဒီကနေ့ ဇူလိုင် ၃ ရက်နေ့ မနက်ပိုင်းက ရှင်းလင်းလိုက်တယ်လို သိရပါတယ်။

"ရွာထဲကိုမကြာမကြာလာတယ်။ ရိက္ခာလာတောင်းတယ်။ ငွေတောင်းတာလည်းရှိတယ်၊ ခြိမ်းခြောက်တာတွေ ပစ်ခတ်တာတွေလည်းရှိတယ်" လို ဒေသခံတွေက ပြောပါတယ်။

Natogyi People Defence Force လိုအမည်ပေးထားတဲ့စခန်းကို ရှင်းလင်းရာမှာ ထမင်းချက်နေတဲ့ PDF တစ်ဦးဖမ်းဆီးခံရပြီး လက်နက်၊ ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လိုလည်း သိရပါတယ်။

#myanma_gone
#PDF
Forwarded from Ba Nyunt
This media is not supported in your browser
VIEW IN TELEGRAM
PDFတွေကို
ရှေ့တန်းအတင်းပို့ပြီး စစ်တိုက်ခိုင်းနေကြကြောင်း
ရုန်းမရအောင် မိသားစုတွေနဲ့ခြိမ်းချောက်အကြပ်ကိုင်ခံနေရကြောင်း
နှုတ်ထွက်စာတင်ထားကြသူတွေများနေပေမယ့် နှုတ်ထွက်ခွင့်မပြုတဲ့အပြင် နှိပ်စက်ပါခံနေကြရကြောင်း တွေကို ဖွင့်ချလိုက်တဲ့
PDFမှထွက်ပြေးလာတဲ့ အလီ၊ ကျော်ဇင်အောင် နှင့် ဇေယျာဝင်းတို့က ဖွင့်ချလိုက်ပါတယ်။

ငါပြောသားပဲ အသုံးချခံpdfစောက်ပိန်းလေးတွေရဲ့ ဇာတ်သိမ်းက သေရင်သေ မသေရင်အဖမ်းခံထိ။
တအားကံကောင်းလွန်းရင် သူတို့ပြောတဲ့ထဲကလို ထွက်လည်းပြေးလို့မရဘဲ နေ့တိုင်းနှိပ်စက်ခံနေကြရမှာပဲ။

ငါတို့ပြောရင် ဝါဒမှိုင်းတိုက်တယ်ထင်ကြအုံးမယ်။ အခုက မခံနိုင်တော့လို့ထွက်ပြေးလာတဲ့pdfကောင်တွေက ပြောတာနော် နီပိန်းတို့ အမြင်မှန်ရသင့်နေပြီ။

*အရေးတော်ပုံ ထွက်ပြေးနေကြပြီ*
#PDF
#TGN
#!Banyunt
မိမိ ရပ်ရွာအနီးမှာ PDFတွေရှိနေရင် ရွာနာတယ်
PDFတွေရှိတော့ တပ်ကစစ်ကြောင်းထိုးတယ် တိုက်ပွဲဖြစ်တယ် ဒေသခံပြည်သူတွေက အိုးပြစ် အိမ်ပြစ်ထွက်ပြေးရတယ် ရွာတွေမီးလောင်တယ်
PDFတွေရှိနေသမျှကာလပတ်လုံး အဲ့ဒေသဟာ ငြိမ်းချမ်းမှာမဟုတ်ဘူး
ပြည်သူတွေအနေဖြင့် မိမိရပ်ရွာ အေးချမ်းသာယာပြီး ငြိမ်းငြိမ်းချမ်းချမ်းနေချင်ရင် အစိုးရနဲ့ ပူးပေါင်းဖို့လိုတယ်
ဘယ်လိုပူးပေါင်းရမလဲဆိုတာကလဲ လွယ်ပါတယ် မိမိရပ်ရွာအနီးမှာရှိတဲ့ အကြမ်းဖက် PDFတွေရဲ့သတင်းကို သက်ဆိုင်ရာကို တိုးတိုးတိတ်တိတ် သတင်းပေးယုံပါပဲ ဘယ်သူမှမသိအောင် သတင်းပေးရုံနဲ့ မိမိဒေသ ဖွံ့ဖြိုးတိုးတတ်အောင်ဆောင်ရွက်ကြပါလို့ တိုက်တွန်းပါရစေ


Videos တွေကတော့ PDFအကြမ်းဖက်တွေရဲ့ လုပ်ရပ်တွေပါပဲ

#မန္တလေး
#စစ်ကိုင်း
#မုံရွာ
#ရွှေဘို
#အကြမ်းဖက်
#Pdf


https://t.me/myanmarnewszone
သပြေညိုသတင်းလွှာအတွက် အလှူငွေကောက်ခံသူ ၂ ဦးနဲ့ စစ်ရေးသတင်းပေးပို့သူ ၄ ဦး ဖမ်းဆီးခံရ
====================================================

၂၉. ၆. ၂၀၂၃
Written by Nay Moe

မန္တလေးမြို့အခြေစိုက်ပြီး လခရတွေရဲ့ မြေပြင်လှုပ်ရှားမှုသတင်းကို စုစည်းဖော်ပြပေးနေတဲ့ သပြေညို သတင်းလွှာ Facebook Page အတွက် အလှုငွေကောက်ခံပေးသူ ၂ ဦးနဲ့ လခရတပ်တွေရဲ့ နယ်မြေလှုပ်ရှားမှုသတင်းတွေ ​ပေးပို့နေတဲ့ ၄ ဦး စုစုပေါင်း ၆ ဦးကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

လက်ရှိဖမ်းဆီးခံထားရတဲ့ တရားခံ ၆ ဦးမှာ အလှူငွေကောက်ခံပေးသူ တရားခံ ၂ ဦးက သဲနုဆွေ (၂၂ နှစ်) နဲ့ အေးသုခ (၂၇ နှစ်) တို့ပါ။ လခရတပ်တွေရဲ့ နယ်မြေလှုပ်ရှားမှုကို သတင်းထောက်ပို့လုပ်တဲ့ ဖမ်းဆီးခံ PDF Scout ၄ ယောက်က နွယ်ဝါအောင် (၄၅ နှစ်)၊ ဇင်မာဦး (၄၁ နှစ်)၊ အောင်သူရိန် (၄၃ နှစ်)နဲ့ သာထက်ကျော်(သာထက်ကျော်(၂၉ နှစ်) တို့ဖြစ်တယ်လို့ လူမှုကွန်ရက်မှာ ပျံ့နှံ့လာတဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

ဒီ ၆ ယောက်ကို လက်ရှိမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတွေနဲ့ အရေးယူထားသလို သူတို့နဲ့ ချိတ်ဆက်နေတဲ့ မန္တလေး UG တွေကို ဆက်လက်ဖမ်းဆီးဖို့ဆောင်ရွက်နေတယ်လို့လည်း ဒီနေ့ ၂၉ ရက်က လူမှုကွန်ရက်မှာပျံ့နှံ့လာနေတဲ့ စာရွက်စာတမ်းတွေမှာ ဖော်ပြထားပါတယ်။

သပြေညို သတင်းလွှာ Page ဟာ ပြီးခဲ့တဲ့ မေလထဲကတည်းက လခရတွေလက်ထဲ ရောက်နေခဲ့တာဖြစ်ပြီး လက်ရှိမှာ PDF ထောက်ပို့တွေနဲ့ PDF Scout တွေကို ဆက်လက်ဖော်ထုတ်ဖမ်းဆီးနေတယ်လို့လည်း မန္တလေးအခြေစိုက် PDF ထောက်ပို့တစ်ဦးက ပြောပါတယ်။

#သပြေညို #မန္တလေး #pdf #NUG #underground
#mtnews #myanmar_transparency_news
အရာတော်မြို့နယ် ငွေတွင်းကျေးရွာမှ စစ်ရှောင်သူ သာမန်ပြည်သူ ၁၄ ဦးနှင့် ကိုရင် ၁ ပါးအား ပျုစောထီးဟု စွပ်စွဲကာ PDF များက ဝင်ရောက်သ-တ်ဖြတ်မှု ယနေ့ဖြစ်ပွား

၅.၇. ၂၀၂၃
Written by Nay Moe

စစ်ကိုင်းတိုင်းဒေသကြီး အရာတော်မြို့နယ် ငွေတွင်းကျေးရွာမှ စစ်ရှောင်သူများနှင့် သာမန်ပြည်သူ ၁၄ ဦးအပါအဝင် ကိုရင် ၁ ပါးအား ပျုစောထီးဟု စွပ်စွဲကာ PDF များက အစုလိုက်အပြုံလိုက် ဝင်ရောက်သ-တ်ဖြတ်မှု ယနေ့နံနက် အစောပိုင်းက ဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံမှ ကနဦးသတင်းများအရ သိရသည်။

အရာတော်မြို့နယ် ငွေတွင်းရွာသည် PDF များက ပျုရွာဟု သတ်မှတ်ထားသောရွာဖြစ်ပြီး ပြီးခဲ့သည့်ဧပြီကလည်း မြောင် CDSOM PDF အဖွဲ့က သင်္ကြန်မဏ္ဍပ်ကို မိုင်းခွဲ၍ လခရအချို့ထိခိုက်သေဆုံးခဲ့သလို ပြီးခဲ့သော ဇွန် ၂၀ ရက်ကလည်း ကျောက်ဆည်ခရိုင် တပ်ရင်း(၁) ဦးဆောင်သော PDF ပူးပေါင်းတပ်ဖွဲ့က လခရများနှင့် ပြည်သူ့စစ်များအစည်းအဝေးပြုလုပ်နေချိန် ဝင်ရောက်တိုက်ခိုက်ရာ လခရ ၁၇ ဦးခန့်သေဆုံးခဲ့သည်ဟုလည်း ထို PDF များက ထုတ်ပြန်ခဲ့ဖူးသည်။ ထိုတိုက်ခိုက်မှုကို ကျောက်ဆည်ခရိုင်တပ်ရင်း-၁ (နဂါးနီတပ်ရင်း) ၊ ကျောက်ဆည်ခရိုင်ဒရုန်းတပ်ဖွဲ့၊ မြင်းခြံခရိုင်တပ်ရင်း - ၇ (Zeroပြောက်ကျား)၊ ရွှေဘိုခရိုင်တပ်ရင်း - ၁၅ နှင့် ဆားတောင်မိုးကြိုး(Local PDF)၊ MRTF၊ Danger Force(Local PDF)၊ NDRF၊ အောင်သပြေညီနောင်(မြင်းမူ Local PDF) တို့က တိုက်ခိုက်ခဲ့သည်ဟုလည်း ထုတ်ပြန်ဖူးသည်။

ထို PDF ပူးပေါင်းအဖွဲ့များက ဧပြီ ၄ ရက်ည( ဧပြီ ၅ ရက် နံနက် ၂ နာရီခန့်) အရုဏ်မတက်မီအချိန်တွင် ငွေတွင်းကျေးရွာသို့ ဝင်လာခဲ့ပြီး ငွေတွင်းရွာအတွင်းမှ ပျုစောထီးဟု ယင်းတို့အဖွဲ့များ သတ်မှတ်ထားသူ လေးဦးနှင့် ငွေတွင်းရွာဘုန်းကြီးကျောင်းမှ အသက် ၁၂ ခန့်အရွယ်မှ အသက် ၅၀ အကြားရှိ စစ်ရှောင်သာမန်ပြည်သူ ၁၀ ဦးအပြင် ကိုရင်တစ်ပါးကို ဦးခေါင်းများအား သေနတ်ဖြင့်ပစ်ကာ အစုလိုက်အပြုံလိုက်သ-တ်ဖြတ်ခဲ့သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။

ထိုဖြစ်စဥ်တွင် ဦးလေးအရင်းနှင့် ညီအရင်း သ-တ်ဖြတ်ခံရပြီး PDF သ-တ်ဖြတ်မှုကြောင့် သေဆုံးရရှာသည့် အသက် ၁၅ နှစ်ခန့်ကလေးငယ်တစ်ဦး၏ အကိုဖြစ်သူကလည်း ငွေတွင်းရွာမှ သာမန်ကလေးငယ်များကို PDF များက ဝင်ရောက်သ-တ်ဖြတ်သွားကြောင်း ရေးသားထားကာ "ပျူတွေရှိတယ်ဆိုပြီး သတင်းပေးမှုကြောင့် ရွာက ဘုန်းကြီးကျောင်းထဲမှာ ကြောက်လို့လာအိပ်ကြတဲ့ ယောက်ျားလေးရော မိန်းကလေးရော အကုန်လုံးကိုကြိုးတုပ်ပြီး ယောက်ျားအားလုံးကို သေနတ်နဲ့ ပစ်သ-တ်သွားကြတာ။ ဘယ်လောက်တောင် ကြောက်နေကြရှာမလဲကွာ။ အားလုံး ၁၁ ယောက် အသ-တ်ခံလိုက်ရတယ်( ပို့စ်တစ်ခုတွင် Edited - ၁၅ ယောက်ပါဟု အသိပေးထား) ဦးလေးအရင်းနဲ့ ညီအရင်း ၂ယောက်စလုံး ပါသွားတယ်။ တော်ကြပါတော့ကွာ။ ကြားထဲက အပြစ်မရှိတဲ့သူတွေ အသ-တ်ခံရတာ များပြီ။ ဘယ်တော့များမှ ပြီးမှာလဲကွာ"ဟု ရေးသားထားသည်။

MT News သတင်းဌာနအနေဖြင့် အဆိုပါဖြစ်စဥ်ကိုဆက်လက်စုံစမ်းနေပြီး အသေးစိတ်သိရှိရသည်များ ထပ်မံဖော်ပြပေးသွားမည်ဖြစ်သည်။

"ဇွန်လဆန်းနဲ့ ဒီလပိုင်းထဲမှာ PDF ရွာတွေအကုန်လုံးကို လခရက မနက်ပိုင်းတွေလိုက်စီးနင်းတာ PDF ၅၀ ကျော် သေသွားတယ်။ အဲဒီတော့ သူတို့ပျုရွာလို့သတ်မှတ်ထားတဲ့ရွာတွေကို လက်စားချေတဲ့သဘောပဲ။ ငွေတွင်းရွာက အရင်ကလည်း သူတို့ခဏခဏလာတိုက်နေတာ။ ဒီတစ်ခါတော့ ရွာသူရွာသားတွေ ပစ်မှတ်ထားတိုက်ခိုက်တဲ့သဘောပေါ့"ဟု လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

#အရာတော် #ငွေတွင်း #NUG #PDF #ပကဖ

(ဆက်စပ်ဓာတ်ပုံများကို အောက်ပါပိုစ့်တွင်ကြည့်ပါ)
ဆိုင်ကယ်ဖြင့် ဘုရားသွားသော မူလတန်းကျောင်းအုပ်ဆရာမကြီး၏ ဖခင်အား PDF များက “ဒလန်မိသားစုကို အရှင်မထားဘူး”ဟု ပြောဆိုကာ ပစ်သ-တ်သွားမှု ရွှေဘိုမြို့တွင် ဖြစ်ပွား

၁၄. ၇. ၂၀၂၃
Written by Min Mahar

ဆိုင်ကယ်ဖြင့် ဘုရားသို့သွားသော မူလတန်းကျောင်းအုပ်ဆရာမကြီး၏ဖခင်ဖြစ်သူအား PDF များက “ဒလန်မိသားစုကိုအရှင်မထားဘူး” ဟု ပြောဆိုကာ သေနတ်ဖြင့် ပစ်သ-တ်သွားမှု ယမန်နေ့ညနေပိုင်းက ရွှေဘိုမြို့တွင် ဖြစ်ပွားခဲ့ကြောင်း မြို့ခံများ၏ ပြောပြချက်အရ သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင်လ ၁၃ ရက်(ယမန်နေ့) ညနေ ၃ နာရီ ၁၀ မိနစ်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ်(၆)ရပ်ကွက်တွင်နေထိုင်သည့် မူလတန်း ကျောင်းအုပ်ဆရာမကြီး၏ အသက် ၆၀ ခန့် အရွယ်ရှိသော ဖခင်ဖြစ်သူသည် အမှတ်(၇)ရပ်ကွက်ရှိ အောင်မြေဘုရားသို့ 125 ဆိုင်ကယ်အမျိုးစားဖြင့် တစ်ဦးတည်းထွက်လာ.....

ဆက်လက်ဖတ်ရှုရန် ⏩⏩⏩
https://www.mtnewstoday.com/?p=28321
#PDF #ရွှေဘို
#myanmar_transparency_news #mtnews
July 16

မောရဝတီစခန်းကုန်းသိမ်းတိုက်ပွဲမှာ ဒေါနစစ်ကြောင်းက PDF စနိုက်ပါတစ်ဦးသေဆုံးပြီး အလောင်းပြန်မရ ဟု ဆို
====================================================
၁၆. ၇. ၂၀၂၃
Written by Nay Moe

တပ်မတော်ရဲ့ စခန်းကုန်းတစ်ခုဖြစ်တဲ့ မောရဝတီစခန်းကုန်းကို တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲအမှတ်(၃)က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ဒေါနစစ်ကြောင်းနဲ့ PDF ပူးပေါင်းတပ်တွေက ဇူလိုင် ၁၄ ရက်မှာ သွားရောက်တိုက်ခိုက်ချိန် Sniper Myoma SC တပ်ခွဲက PDF စနိုက်ပါ လင်းပင်အောင် သေဆုံးပြီး အလောင်းပြန်မရဘဲ ဆုတ်ခွာခဲ့ရသလို အဲဒီတိုက်ပွဲမှာ PDF စစ်ကြောင်းတွေ အထိနာခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေမှာ PDF တွေ သေဆုံးမှုကို သတင်းထုတ်ပြန်လေ့မရှိဘဲ ရံဖန်ရံခါမှာလည်း သေဆုံးတဲ့ PDF တွေဟာ အရပ်သားလို့ ပုံစံပြောင်းသွားတတ်သလို Sniper Myoma SC တပ်ခွဲက PDF စနိုက်ပါ လင်းပင်အောင် တိုက်ပွဲမှာသေဆုံးပြီး အလောင်းပြန်မရကြောင်းကို သူအသုံးပြုတဲ့ Linn Pinn Aung အကောင့်မှာ "ဒီ Acc ပိုင်ရှင် ရဲဘော်ကြီး ၁၄.၇.၂၀၂၃ စခန်းသိမ်းတိုက်ပွဲတွင် မြင့်မြတ်စွာအသက်ပေးလှူသွားခဲ့ပါပြီ။ DB လဲပြန်မရ။စိတ်တွေအရမ်းထိခိုက်နေလို့ တော်လှန်ရေးနယ်ပယ်အတွင်းမှ ညီအကိုမောင်နှမများကိုသာ စာပြန်ပါ့မယ်။နောက်ဘဝသူပြောသလိုပဲ ဒီနိုင်ငံမှာ လူလာမဖြစ်ပါစေနဲ့လို့ဆုတောင်းပေးပါတယ်"လို့ အသိပေးထားပါတယ်။

လင်းပင်အောင်ဟာ ဇူလိုင် ၁၄ ရက်နေ့က ယောဒေသဘက်မှာ ဖြစ်ပွားခဲ့တဲ့ ဆောမြို့နယ် လောင်းရှည်မြို့ဟောင်း ရင်းကဲရွာတိုက်ပွဲဖြစ်စဥ်အတွင်း သေဆုံးခဲ့တဲ့ PDF ငါးဦးအနက် သေဆုံးခဲ့ရသူတစ်ဦးဖြစ်တယ်လို့လည်းဆို​ပြီး NUG ရဲ့ ဒေါနစစ်ကြောင်းက ပေးအပ်တဲ့ တာဝန်အရ ချင်းပြည်နယ်၊ ကန်ပက်လက်သို့ သွားရောက်မဲ့ လခရ စစ်ကြောင်းကို မကွေးတိုင်း၊ ဆောမြို့နယ်၊ လောင်းရှည်မြို့ဟောင်း၊ ရင်းကဲရွာမှာ ကြားဖြတ်တိုက်ခိုက်မဲ့ PDF စစ်ကြောင်းတွေနဲ့ သွားရောက်စစ်ကြောင်းဖြန့်ပူးပေါင်း တိုက်ခိုက်မှုအတွင်း သေဆုံးရတာလို့လည်း Linn Pinn Aung ကို Tag တွဲပြီး ဝမ်းနည်းစကားဆိုထားသူတွေ ဖြေထားတာ တွေ့ရပါတယ်။

ဒါ့အပြင် PDF တစ်ဦးဖြစ်တဲ့ Ko Dinn Gar အကောင့်ပိုင်ရှင်ကလည်း "မနက်စောစောသတင်းဆိုးပါပဲ။ ကိုလင်းပင်ရေ ငြိမ်းအေးရာကို သွားပါတော့။ အကိုပြောနေကျ စကားလိုပဲ။ နောင်ဘဝဒီနိုင်ငံမှာ လူပြန်မဖြစ်ပါစေနဲ့ဗျာ။ လင်းပင်အောင်(14.7.2023) မောရဝတီစခန်းကုန်းသိမ်းပွဲတွင် မြင့်မြတ်စွာကျဆုံးသည်" လို့ Linn Pinn Aung အကောင့်ကို Tag တွဲ ရေးထားသလို သေတဲ့သတင်းကို လင်းပင်အောင်ရဲ့ အမျိုးသမီးက အတည်ပြုပေးတာပါလို့လည်း ဖြေထားပါသေးတယ်။

ဒါ့အပြင် Linn Pinn Aung ရဲ့အကောင့်ကို လက်ရှိသုံးစွဲနေတဲ့ သူ့အမျိုးသမီးဖြစ်သူကလည်း လင်းပင်အောင်သေတဲ့သတင်းကို တော်လှန်ရေးနယ်ပယ်ကလူတွေပဲဖြေမယ်လို့ မနေ့က ပို့စ်တင်ထားသလို သိပ်မကြာခင်မှာပဲ My Day မှာ ထပ်လာမမေးတော့ဖို့ မေတ္တာရပ်ခံထားပါတယ်။

PDF စနိုက်ပါ လင်းပင်အောင် တိုက်ပွဲမှာသေပြီး အလောင်းပြန်မရသေးတဲ့သတင်းနဲ့ပတ်သက်လို့တော့ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲအမှတ်(၃) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ဒေါနစစ်ကြောင်း၊ Sniper Myoma SC တပ်ခွဲနဲ့ သူသွားပြီးပူးပေါင်းတိုက်ခိုက်တယ်ဆိုတဲ့ မကွေးနဲ့ ချင်းနယ်စပ် PDF အဖွဲ့တွေအားလုံးက အခုအချိန်အထိ တရားဝင်သတင်းထုတ်ပြန်တာ မတွေ့ရသေးသလို အတည်ပြုထုတ်ပြန်လာချိန်မှာ ဆက်လက်ဖော်ပြပေးပါ့မယ်။

#ချင်း #မကွေး #ယော #ဆော #PDF #NUG #ပကဖ
#mtnews #myanmar_transparency_news
NUGနဲ့PDFတွေက
သူခိုးဂျပိုးနဲ့ မုဒိန်းကောင်တွေချည်းပါပဲလား

ကာမနှောင့်ယှက် လူသ-တ်မှု ၂၀ ကျော်ကျုးလွန်မှုနဲ့ အစဖျောက်ခံရပြန်တဲ့ ယော PDF

၁၅. ၈. ၂၀၂၃
Written by Nay Moe



NUG ဩဇာခံဖြစ်တဲ့ မြင်းခြံခရိုင် တပ်ရင်း (၅) PDF တွေဖြစ်တဲ့ MG6 ပြောက်ကျားတပ်ရဲ့ လူသတ်လုယက်မှု ၁၀၀ ကျော်၊ ချောင်းဦးပကဖလေးဦးက အမျိုးသမီးနဲ့ ကလေးငယ် ၇ ဦးကို မုဒိမ်းလူသ-တ်မှုကျုးလွန်ခဲ့တာ၊ ဆော PDF ၈ ယောက်က အသက် ၂၂ နှစ်အရွယ် အမျိုးသမီးငယ်ကို အကြိမ်ကြိမ်အုပ်စုဖွဲ့ မုဒိမ်းကျင့်တာ၊ မုံရွာမှာ မွေးဖွားလုနီး ကိုယ်ဝန်ဆောင်သည် မအေးငြိမ်းသူကို ဓားပြတိုက်ရင်း သ-တ်-ဖြ-တ်လိုက်တဲ့ Monywa Force PDF အဖွဲ့တွေရဲ့ လုပ်ရပ်အပြီးမှာ ကာမနှောင့်ယှက်မှုတွေနဲ့ လူသ-တ်မှု ၂၀ ကျော် ကျုးလွန်ထားတဲ့ ယော PDF အဖွဲ့ကလည်း နာမည်ပျက်နဲ့ ထွက်ပေါ်လာပြန်ပါတယ်။

PDF တွေရဲ့ လက်နက်အားကိုးနဲ့ မုဒိမ်းလူသ-တ်မှုတွေ စည်းလွတ်ဘောင်လွတ်လုပ်နေတာတွေ ဆက်တိုက်ထွက်ပေါ်လာနေချိန်မှာ သူ့ထက်သူ မသူတော် PDF တစ်ဖွဲ့ကလည်း ကာမနှောင့်ယှက် လူသ-တ်မှု ၂၀ ကျော်ကျုးလွန်ထားမှုနဲ့ ဖမ်းဆီးခံရတာဖြစ်...

ဆက်လက်ဖတ်ရှုရန် ⏩⏩⏩
https://www.mtnewstoday.com/?p=32395
#NUG#PDF
#myanmar_transparency_news
#mtnews
Aug 22

ဆိုင်ကယ်နှင့်စျေးဝယ်သွားသော လုံခြုံရေးတပ်ဖွဲ့ဝင်နှစ်ဦးကိုလူတစ်ဦးမှ သေနတ်ဖြင့်ပစ်ခတ်၍ ဆိုင်ကယ်မောင်းနှင်သူ လုံခြုံရေးတပ်ဖွဲ့ဝင် ကျည်ထိမှန်ကာ စိုးရိမ်ဒဏ်ရာရရှိမှု ရေနံချောင်းတွင်ဖြစ်ပွား
====================================================

၂၂. ၈. ၂၀၂၃
Written by Min Mahar

ဆိုင်ကယ်နှင့်စျေးဝယ်သွားသော လုံခြုံရေးတပ်ဖွဲ့ဝင်နှစ်ဦးကို အမည်မသိလူတစ်ဦးမှ သေနတ်ဖြင့် ၃ ချက်ပစ်ခတ်သွားသည့်အတွက် ဆိုင်ကယ်မောင်းနှင်သူ လုံခြုံရေးတပ်ဖွဲ့ဝင်အား ကျည်ထိမှန်ကာ ဒဏ်ရာများရရှိမှု ရေနံချောင်းမြို့တွင် ယမန်နေ့ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်ထံများမှ သိရသည်။

ဖြစ်စဉ်မှာ -

ယမန်နေ့(ဩဂုတ် ၂၁ ရက်)ညနေ ၄ နာရီ ၄၅ မိနစ်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့၊ မြို့မတောင်ရပ်ကွက်၊ ဂုဏ်မသိမ်လမ်းမ၊ စနေနံဘုရားလမ်းထောင့်တွင် KENBO 125 ဆိုင်ကယ်တစ်စီးဖြင့် စျေးဝယ်ရန်ထွက်လာသော လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးအား စနေနံလမ်းထောင့်ဘက်မှ အမည်မသိလူငယ် ၁ ဦးက သေနတ်ဖြင့် ၃ ချက်ခန့်ပစ်ခတ်သွားမှုကြောင့် ဆိုင်ကယ်မောင်းနှင်သည့် ဒုတိယတပ်ကြပ်အဆင့်ရှိသူ လုံခြုံရေးတပ်ဖွဲ့ဝင်အား ထိမှန်၍ ၎င်းတွင် ယာဘက်နားထင်ကို ဖောက်ဝင်သွားသည့်ဒဏ်ရာ ၁ ချက်နှင့် ဝဲဘက်ဖျက်ခုံးပါ ဖောက်ထွက်ဒဏ်ရာ ၁ ချက်(စိုးရိမ်ရ)တို့ရရှိခဲ့သဖြင့် ညနေ ၅ နာရီ ၅ မိနစ်ခန့်တွင် ဒဏ်ရာရရှိသူအား ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် ရေနံချောင်းပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်ဖြစ်ပွားခဲ့သည့်နေရာကို သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များမှ ရောက်ရှိလာကာ မြို့ပေါ်ရပ်ကွက်အတွင်း ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး အခင်းဖြစ်သည့်နေရာမှ Luger ၉ မမ ကျည်ကြေးရောင် ၂ ခု၊ အနက်ရောင် ၁ ခု၊ စုစုပေါင်း ၃ ခုအား တွေ့ရှိ၍ သိမ်းဆည်းသွားကြောင်း နယ်မြေခံရဲတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူ တစ်ဦးထံမှ သိရသည်။

#ရေနံချောင်း #NUG #PDF #ပကဖ
#mtnews #myanmar_transparency_news
FED ဒရုန်းတပ်ဖွဲ့မှ ဆရာဝန်နှစ်ဦး ထွက်ပြေးကာ SAC ထံ အလင်းဝင်

◾️ထွက်ပြေးသော ဆရာဝန်နှစ်ဦးကို “ဖောက်ပြန်ရေး သမား၊ သစ္စာဖောက်”ဟု တံဆိပ်ကပ်ကာ နာမည်ပျက် စာရင်းသွင်း၍ ထုတ်ပယ်ကြောင်း ကြေညာ

၂၄. ၈. ၂၀၂၃
Written by Nay Moe

NUG နှင့် KNLA တို့ဖြင့်ပူးပေါင်းကာ Drone သင်တန်းများ ပို့ချပေးပြီး တ်ိုက်ပွဲများဆင်နွှဲနေသော FED ဒရုန်းတပ်မှ တပ်ဖွဲ့ဝင် ဆရာဝန်နှစ်ဦး ထွက်ပြေးမှုဖြစ်ပွားခဲ့ပြီး ထိုဆရာဝန်နှစ်ဦးကို “ဖောက်ပြန်ရေးသမား၊ သစ္စာဖောက်”ဟု တံဆိပ်ကပ်ကာ နာမည်ပျက်စာရင်းသွင်း၍ ထုတ်ပယ်ကြောင်း FED (Force For Federal Democracy) အဖွဲ့က ကြေညာထားသည်။

SAC ထံ အလင်းဝင်သွားသည်ဟု သိရှိရသော ထိုဆရာဝန်နှစ်ဦးသည် ဩဂုတ် ၂၁ ရက်နေ့တွင် FFD တပ်ဖွဲ့ မှ ထွက်ပြေးခဲ့ခြင်းဖြစ်သည်ဟုလည်း ကနဦးသတင်းများအရ သိရ...

ဆက်လက်ဖတ်ရှုရန် ⏩⏩⏩
https://www.mtnewstoday.com/?p=33545
#FED #PDF #NUG #sac
#myanmar_transparency_news #mtnews
Aug 25

ဆေးရုံက ဆရာဝန်တွေ ဆရာ ဆရာမတွေဆိုတာ ပြည်သူ့ဝန်ထမ်းတွေပါ
ဆရာဝန်တွေ ဆရာမမတွေမရှိရင် အဲ့ဒေသက လူတွေ နာမကျန်းဖြစ်ရင် ဘယ်သွားကုကြရမှာလဲ

Aug 25

ကျိုက်ထိုမြို့နယ် ဆေးရုံအုပ်ကြီးအား အေးမင်းထွန်းဦးဆောင်သည့် KRF က ခြိမ်း​ခြောက်စာထုတ်၍ ပြင်းပြင်းထန်ထန်အရေးယူမည်ဟု သတိပေး
============================================
၂၅. ၈. ၂၀၂၃
Written by Nay Moe

ကျိုက်ထိုမြို့နယ် ဆေးရုံအုပ်ကြီးအား အေးမင်းထွန်းဦးဆောင်သည့် KRF (Kyaikhto Revolution Force) အဖွဲ့က ခြိမ်း​ခြောက်စာထုတ်၍ ပြင်းပြင်းထန်ထန်အရေးယူမည်ဟု သတိပေးချက် ယနေ့ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပြည်သူဆေးရုံတွင် တာဝန်ထမ်းဆောင်နေသော ဆေးရုံအုပ်ဖြစ်သူ ဦးခွန်မောင်အိုးသည် မိမိ ရာထူးတာဝန်၏ လုပ်ပိုင်ခွင့်အား အလွဲသုံးစားလုပ်ခြင်း၊ တိုင်ကြားစာအများအပြားကို KRF မှလက်ခံရရှိထားခြင်း စသည်ဖြင့် KRF က စွပ်စွဲထားပြီး ထိုလုပ်ရပ်များကို ရပ်တန်းကရပ်တန့်ရန် လိုအပ်...

ဆက်လက်ဖတ်ရှုရန် ⏩⏩⏩
https://www.mtnewstoday.com/?p=33711
#ကျိုက်ထို #KRF #ဆေးရုံ #KNU #PDF
#mtnews #myanmar_transparency_news
Media is too big
VIEW IN TELEGRAM
ရွှေဘိုမြို့နယ် ထွေအုပ်ရုံးမှ လက်နက်မဲ့အငယ်တန်းစာရေးအမျိုးသမီးကြီးတစ်ဦးကို ရွှေဘို PDF ၆ ဖွဲ့ပေါင်းပြီး ဖမ်းဆီးသတ်ဖြတ်

၂၅. ၃. ၂၀၂၄
Written by Nay Moe

ရွှေဘိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးက လက်နက်မဲ့အငယ်တန်းစာရေးအမျိုးသမီးကြီးတစ်ဦးကို စစ်မှုထမ်းဖို့ကူညီလုပ်ဆောင်ပေးတယ်စွပ်စွဲချက်နဲ့ ရွှေဘို PDF ၆ ဖွဲ့ပေါင်းပြီး ဖမ်းဆီးသတ်ဖြတ်လိုက်ပါတယ်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ အမှတ် (၇)ရပ်ကွက်က အသက် ၅၃ နှစ်အရွယ် ထွေအုပ်အငယ်တန်းစာရေး ဒေါ်မြမြညိမ်းဆိုတဲ့အမျိုးသမီးကြီးဟာ ရပ်ကွက်ထဲမှာ စစ်မှုထမ်းဖို့စာရင်းလိုက်ကောက်နေသလို PDF တွေ သတင်းစုံစမ်းနေတာကြောင့် မတ်လ ၂၄ ရက် ည ၁၂ နာရီကျော်မှာ ဝင်ရောက် ဖမ်းဆီးသတ်ဖြတ်လိုက်တာလို့လည်း ကျုးလွန်တဲ့ ရွှေဘို PDF ၆ ဖွဲ့က ​ပြောပါတယ်။

MT News က တွေ့ရှိရတဲ့ရုပ်သံမှာလည်း ရွှေဘို PDF တွေက လက်နက်မဲ့ အသက် ၅၃ နှစ်အရွယ် အမျိုးသမီးကြီးဒေါ်မြမြငြိမ်းကို လက်ပြန်ကြိုးတုပ်ဖမ်းဆီး ထိုင်ခိုင်းပြီး ဦးခေါင်းကိုသေနတ်နဲ့ပစ်သတ်လိုက်တာ တွေ့မြင်ရပါတယ်။

NUG က ပြီးခဲ့တဲ့ရက်ပိုင်းက PDF တွေ လိုက်နာဖို့လမ်းညွှန်ချက်မှာ ဒီလိုမျိုး လုပ်ရပ်တွေက စစ်ရာဇဝတ်မှုကျုးလွန်တာလို့ပြောထားပေမဲ့ PDF တွေကတော့ လိုက်နာမှုမရှိတဲ့အပြင် ဒီလိုစစ်ရာဇဝတ်မှုကျုးလွန်နေတာကိုပါ တရားဝင်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

လက်နက်မဲ့ နိုင်ငံ့ဝန်ထမ်းအမျိုးသမီးတစ်ယောက်ကို PDF ၆ ဖွဲ့ပေါင်းပြီး ဖမ်းဆီးကြိုးတုပ် ပစ်သတ်ပြီး စစ်ရာဇဝတ်မှုကျုးလွန်ခဲ့တဲ့ PDF အဖွဲ့တွေက သိင်္ခအားမာန်၊ ရွှေဘိုအားမာန် ၊ Shwebo Crocodile နဲ့ သူတို့ရဲ့ မဟာမိတ်ဖြစ်တဲ့ ရှင်းရှင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ဗိုလ်လင်းရောင်(ဒပယ)၊ ဇာမဏီဒေါင်း(ဒပယ) တန (၂) တပ်ပေါင်းစုတို့က ကျူးလွန်ခဲ့တာလို့သိရပါတယ်။

◾ Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=58285

#ရွှေဘို #PDF #NUG #သိင်္ခအားမာန် #ရွှေဘိုအားမာန် #Shwebo #Shwebo_Crocodile #ရှင်းရှင်း #ဗိုလ်လင်းရောင် #ဇာမဏီဒေါင်း #ပွင့်လင်းမြန်မာ #mtnews #myanmar_transparency_news