Kyimyindaing Scout Channel
204 subscribers
394 photos
46 videos
274 links
Download Telegram
Forwarded from Scout Fighter [Z-F]
⚠️ YGN-ကြည့်မြင်တိုင် ⚠️

⛔️နေရာ- ကြည့်မြင်တိုင်

⛔️အချိန်- Feb 16, 2022[ 4:18PM ]

⛔️စခအခြေအနေ -ဆင်မလိုက်ပွိုင့်မရောက်ခင် စကိတ်ကွင်းရှေ့[ရွှာမကွေ့ဘက်မှအလာ] စခ dc 1စီးရခ dc 1စီး မီးတန်းကားတစ်စီး အင်အား ၂၀ခန့် မသင်္ကာတဲ့ကားတွေတားစစ်နေ။

💌သတင်းပေးရန်- @zscout_bot

Source-Z Informer [ CJ ]

@zscoutfighter
#z_fighter
Forwarded from Z Fighter News [︎]
Warning

ရန်ကုန်မြို့ရှိ ဘီယာဆိုင်နှင့် တည်းခိုခန်းများတွင် စကစမှ ထောက်လှမ်းစစ်ဆေးမှုများ လုပ်ဆောင်နေပါသောကြောင့် သက်ဆိုင်သူများအနေဖြင့် အထူးသတိထား ဂရုစိုက်ကြပါရန် အသိပေးအပ်ပါသည်။

#z_fighter
Forwarded from Z Fighter News [︎]
ကြည့်မြင်တိုင်၊ သရက်တော ၅ လမ်း အုပ်ကြီး မြင့်ထွေး နေအိမ်နှင့် ကားကို YUG ပြောက်ကျားအဖွဲ့က ဖောက်ခွဲသတိပေး

📌Z Fighter March 16📌

ရန်ကုန်၊ ကြည့်မြင်တိုင်မြို့နယ်၊ သရက်တော ၅ လမ်းရှိ အကြမ်းဖက်စစ်ကောင်စီလက်ပါးစေ အုပ်ချုပ်ရေးမှူး မြင့်ထွေး၏ နေအိမ်နှင့် ကားကို YUG မြို့ပြပြောက်ကျားအဖွဲ့က ယနေ့နံနက်တွင် ဖောက်ခွဲတိုက်ခိုက်လိုက်ကြောင်း သတင်းရရှိသည်။

အကြမ်းဖက်စစ်တပ်ထောက်တိုင် အုပ်ချုပ်ရေးမှူး မြင့်ထွေး၏ နေအိမ်အတွင်း လက်ပစ်ဗုံးပစ်သွင်းတိုက်ခိုက်ခဲ့ပြီး၊ ၎င်း၏ ကားကိုပါ ချိန်ကိုက်မိုင်းတပ်ဆင် ဖောက်ခွဲခဲ့ကြောင်း၊ လူထိခိုက်မှု မရှိကြောင်း YUG အဖွဲ့က ဆိုသည်။

မြင့်ထွေးသည် သပိတ်လူငယ်များအား ဖမ်းဆီးရာတွင်ပါဝင်ခြင်း၊ စစ်ကောင်စီကို သတင်းပေးခြင်းများ ပြုလုပ်နေခြင်းကြောင့် ၎င်း၏နေအိမ်နှင့် ကားကို သတိပေးဖောက်ခွဲခဲ့ကြောင်း သိရှိရသည်။[KhitThitMedia][Z-F]

ဓါတ်ပုံ - အကြမ်းဖက်စစ်ကောင်စီလက်ပါးစေ မြင့်ထွေး

#Adm_2
#z_fighter
Forwarded from Scout Fighter [Z-F]
⚠️ YGN-ကြည့်မြင်တိုင် ⚠️

⛔️နေရာ-ကြည့်မြင်တိုင် ‌အောက်ကမ်းနားလမ်း

⛔️အချိန်-Mar 28 , 2022[ 9:18AM ]

⛔️စခအခြေအနေ - ကြည့်မြင့်တိုင် အောက်ကမ်းနားလမ်းမှာ ပွိုင့်ကား1စီး DC2စီး FAWကား1စီး အင်အားပေါင်း12 ခန့်ဖြင့်ရှိနေ။

💌သတင်းပေးရန်- @zscout_bot

Source-Z Informer [ CJ ]

@zscoutfighter
#z_fighter
Forwarded from Z Fighter News [︎]
ကြည့်မြင်တိုင်မြို့နယ် အရိုးကုဆေးရုံအပေါ်လမ်း CNG ဂတ်(စ်) ဆိုင်နား ဗုံးပေါက်

🔴Z Fighter March 31🔴

ကြည့်မြင်တိုင်မြို့နယ် အရိုးကုဆေးရုံ အပေါ်လမ်းရှိ CNG ဂတ်(စ်) ဆိုင်နားတွင် ယနေ့ည ၇ နာရီ ၁၀မိနစ်ခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ရပ်ကွက်နေသူများကပြောသည်။

"ဗုံးသံကအကျယ်ကြီးပဲ ကြားလိုက်ရတယ်။ ဘာမှတော့မဖြစ်ကြဘူး။ အသံဗုံးလို့တော့ ယူဆရတယ်"ဟု အနီးအ နား ရပ်ကွက်နေပြည်သူတစ်ဦးက လူငယ့်ခေတ်သို့ပြောသည်။
[Lungekhit][Z-F]

https://telegra.ph/Z-F-074-Info--K-03-31-4

#Adm_15
#z_fighter
Forwarded from Z Fighter News [︎]
‼️‼️Attention Please ‼️‼️

https://www.facebook.com/Yangon-Federal-Army-YFA-100297588874991/

အဆိုပါ pageဟာ ယခင်က YFA နမည်ဖြင့် Page အတုထောင်ကာ အများပြည်သူများဆီမှ အလှူငွေလိမ်လည်ကောက်ခံခဲ့ပြီး ယခုတွင်မူ YRFU ဆိုသည့်နမည်ဖြင့် ထပ်မံ၍ အလှူငွေလိမ်စားနေကြောင်းသိရပါသည်။

[ အများပြည်သူများ သတိထား ရှောင်ရှားမိကြစေရန် အသိပေးဖော်ပြအပ်ပါသည်။]

#yfa
#z_fighter
Forwarded from Z Fighter News [︎]
​​‼️‼️ လှိုင်မြို့နယ် အင်းစိန်လမ်းနှင့် ပါရမီလမ်းထောင့် ဘုရားလမ်းမှတ်တိုင်အနီးရှိ KBZ ATM စက်ပေါက်ကွဲမှုတွင် ပြည်သူတစ်ဦး ထိခိုက်သေဆုံးမှုရှိခဲ့တယ်ဟုဆိုပြီး စစ်ကောင်စီဘက်မှ မဟုတ်မမှန်လိမ်လည်ဝါဒဖြန့်ရန် ကြိုးစားနေ

📌 Z Fighter June 9 📌
📡https://t.me/zfighternews

By Z Fighter

ဇွန်လ ၈ရက် ဒီကနေ့ည ၈:၄၄ အချိန်ခန့်က လှိုင်မြို့နယ် အင်းစိန်လမ်းနှင့် ပါရမီလမ်းထောင့် ဘုရားလမ်းမှတ်တိုင်အနီးရှိ KBZ ATM စက်ပေါက်ကွဲမှုတွင် ပြည်သူတစ်ဦး ထိခိုက်သေဆုံးမှုရှိခဲ့တယ်ဟုဆိုပြီး စစ်ကောင်စီဘက်မှ မဟုတ်မမှန်လိမ်လည်ကာ ဝါဒဖြန့်ရန်အတွက် ကြိုးစားနေကြောင်းသိရပါသည်။

လုပ်ကြံသတင်းထွက်​ပေါ်လာပြီး​နောက်ပိုင်း ​မြေပြင်မှတကယ့်အဖြစ်မှန်နှင့်ကွာခြားချက်များရှိခဲ့တာ​ကြောင့် တကယ့်​မြေပြင်တွင်​ တွေ့မြင်ရမှုများအား အ​သေးစိပ်လေ့လာစုံစမ်းခဲ့ရာတွင် အဖြစ်မှန်များကိုသိရှိလာရသည့်အတွက် ပြည်သူများအား အသေးစိတ်ရှင်းလင်း တင်ပြအပ်ပါသည်။

"" ဒီနေ့ည လှိုင်ပေါက်ကွဲမှုမှာ လူသေဆုံးတယ်ဆိုပြီး သတင်းတွေတက်လာတယ်။​ပေါက်ကွဲမှုဖြစ်ပွားချိန်က ၈း၄၄ ပါ။ ကျ​​နော်တို့ဆက်တိုက်ရရှိတဲ့သတင်း​တွေအရ ၈း၅၅ မှာ စစ် DC ၂ စီး ရဲ DC ၁ စီး​ရောက်လာပြီး ပါရမီလမ်း​ပေါ် ​ရွှေကံ့​ကော်ဆိုင်​ရှေ့ရပ်တယ်။၈း၅၈ မှာ ​ပေါက်ကွဲမှုဖြစ်တဲ့​နေရာကိုလမ်းပိတ်ပြီး အစစ်အ​ဆေးလုပ်တယ်။ မိနစ် ၂၀ ​လောက်​နေ​တော့ စစ်​ဆေးတာ​တွေရပ်လိုက်တယ်လို့သတင်းထပ်ရတယ်။ဒါ​ပေမဲ့ ​ရောက်​နေတဲ့ စခ ၊ ရခ ​တွေပြန်မသွားပဲဒီအတိုင်းဆက်ရှိတယ်...။ ""

"" ၉း၃၀ ​လောက်မှာ အ​ရေး​ပေါ်ကားသံကြားလိုက်တယ်ဆိုပြီး သတင်းတစ်ခုရတယ်။ပြီး​တော့မကြာဘူး...ကား​တွေပုံမှန်အတိုင်းသွားခွင့်ပြုလိုက်တယ်။ ၁၀း၀၃ မှာသတင်းတက်လာတာက ဘာသာခြားတစ်​ယောက် လမ်း​မ​ပေါ်မှာ ​မှောက်လျက်အ​နေအထားနဲ့ အူ​တွေထွက်ကျပြီး​သေ​နေတယ် ဆိုတဲ့သတင်းတွေ တက်လာတယ်ဗျ။

အဲဒီအ​လောင်းကိုလူ​တွေတမင်မြင်​​အောင် အခင်းဖြစ်​နေရာ လမ်း​ပေါ်မှာပုံမှန်သွားလာခွင့်ပြုထားပုံရတယ်။ပုံ​တော့ရိုက်ခွင့်မပြုဘူး။၁၀း၀၆ မှာ ဘာတံဆိပ်မှမပါတဲ့ Alphard အဖြူ​ရောင် ကားတစ်စီး​ရောက်လာပြီး အ​လောင်းကိုတင်တယ်။

၁၀း၁၉ မှာ​တော့ အဲဒီ alphard ကိုအလယ်မှာထားပြီး ​ရှေ့နဲ့​နောက်မှာ စခ DC ၂ စီးညှပ်ပြီးထွက်သွားတယ်။ လူသေဆုံးမှုနဲ့ ပေါက်ကွဲမှုဖြစ်စဉ်က လွဲနေတာ သေချာပါတယ် " ဟု လှိုင်မြို့နယ်မှ အမည်မဖော်လိုသူ နယ်မြေခံကင်း​ထောက်ရဲဘော်မှ Z Fighterသို့ ပြောဆိုသည်။

တစ်ဖက်မှ ပေါက်ကွဲမှုမစ်ရှင်တာဝန်ရှိသူမှလည်း " ပစ္စည်းချချိန်ကနေ ခွဲပြီးတဲ့အထိ ဘယ်သူမှ မရှိဘူးဗျ။ လူ လုံးဝရှင်းနေတယ်။ ဗုံးကွဲပြီးမှ ကျွန်တော်တို့ back လာတာပါ။ ကျွန်တော်တို့တော့ ဘာမှမတွေ့လို့ ခွဲတာပါ ။ လူရှိရင် ခွဲမှာမဟုတ်ပါဘူး ။ ပစ္စည်းကလဲ ချိန်ကိုက်မဟုတ်ဘူး။ ဒီအခြေနေအရပြောရရင် ကျွန်တော်တို့ကြောင့် ထိခိုက်တာမျိုးမရှိဘူးလို့ ပိုသေချာအောင်ပြောချင်ပါတယ် ။ ( ဒီနေရာမှ ကျွန်တော်တို့က ကျွန်တော်တို့ကြောင့်ထိရင် တာဝန်ယူမှု တာဝန်ခံမှု အပြည့်အမြဲထားတာကို ဦးစွာသိစေလိုပါတယ် ) " ဟု Z Fighterသို့ ထပ်မံပြောဆိုသည်။

ယခုဖြစ်စဉ်သည် စစ်ကောင်စီဘက်မှ မြို့နေလူထုနှင့် ရန်ကုန်​ပြောက်ကျားရဲဘော်များအား ရည်ရွယ်ချက်ရှိရှိဖြင့် စနစ်တကျအကွက်ဆင် တိုက်ခိုက်ခြင်းဖြစ်ကြောင်း သုံးသပ်ရပါသည်။ဤဖြစ်စဉ်ပုံစံမျိုးအား ယခင်ထဲက စစ်ကောင်စီဘက်မှ ဖန်တီးခဲ့မည်ဟု ယူဆရပါသည်။မြို့နေလူထုများအနေဖြင့် စစ်ကောင်စီဘက်မှ ရည်ရွယ်ချက်ရှိရှိ စနစ်တကျလုပ်ကြံဖန်တီးထားသော သတင်းများအား သတိထားဖတ်ရှုကြဖို့နှင့် မြို့ပြ​ပြောက်ကျားရဲဘော်များအား ဝိုင်းဝန်းပံ့ပိုး ကူညီပေးကြဖို့ အသိပေးနှိုးဆော်ပါသည်။Z-F

#z_fighter
Forwarded from Scout Fighter [Z-F]
⚠️YGN - ကြည့်မြင်တိုင်⚠️

နေရာ - ရန်ကုန်၊ ကြည့်မြင်တိုင်

အချိန် - 11:55AM, June 23

စခအခြေအနေ - ပန်းလှိုင်လမ်း×ကြည့်မြင်တိုင်ကမ်းနားလမ်းထောင့်က နှစ်ထပ်ဘန်ကာအပေါ်ထပ် စခ နှစ်ကောင်ရှိ

⛑️Source - Z Informer [012]

📮သတင်းပေးပို့ရန် - @zscout_bot
#z_fighter
Forwarded from Z Fighter News [︎]
🙋🏻‍♂️ မိဘပြည်သူများခင်ဗျာ...

ကျွန်တော်တို့ Z Fighter Facebook Page အဟောင်းအားပြန်လည်ဆယ်ယူရန် မဖြစ်နိုင်တော့သောကြောင့် ဝမ်းနည်းစွာဖြင့် လက်လွှတ်ရတော့မှာဖြစ်တဲ့အတွက် Report စတင်ထုနိုင်ပြီဖြစ်ကြောင်း အသိပေးအပ်ပါတယ်ခင်ဗျာ။

↪️ Report ထုရန်

report guide - Nudity or Sexual Content >> Sexual activity

Page အဟောင်း
- https://www.facebook.com/zfighter2021

ကျွန်တော်တို့ရဲ့ Facebook Page အသစ်လေးကို‌ Like And Share လေးလုပ်ပြီး Z Fighter များမှလည်း ပြည်သူတွေသတင်းအလျင်အမြန်သိရစေရန် ပြန်လည်ကြိုးစားဆောင်ရွက်သွားမှာဖြစ်တဲ့အတွက် Page အသစ်လေးကနေ ကျွန်တော်တို့ရဲ့ Fighter တွေကို စောင့်မျှော်နေပါမယ်‌နော်။

↪️ Facebook Page အသစ် - https://www.facebook.com/zfighter2022

#z_fighter
Forwarded from Z Fighter News [︎]
​​💥💥 သီတင်းကျွတ်လပြည့်နေ့ ညတစ်ည.. မြို့ပြရဲ့အစွန်ကျကျ မြစ်ကမ်းနားက ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှာ အချိန်ကာလ အားဖြင့် အာဏာရှင် သန်းရွှေ ခေတ်ကာလ ဖြစ်သည့် လပြည့်ည ၏ လရောင်သာရှိသော ခပ်လှမ်းလှမ်းရှိ အမှာင်ထုထဲတွင် မီးအလင်းရောင် မှိန်ပြပြ ဖြင့် ဖွင့်လှစ်ထားသော အိမ်ဆိုင်လေးတစ်ဆိုင်ရှိ နေသည် ။

လပြည့်နေ့ တွင် ဆိုင်အများစု ပိတ်ထားသော်လည်း အမှောင်ထုကိုအံတုလျက် မီးရောင်မှိန်ပြပြ လေးဖြင့်ဖွင့်ထားသော ဆိုင် .......လပြည့်ညရဲ့ တစ်ခုထဲသော ဆိုင် .... ''လပြည့်နေ့မှာဖွင့်တဲ့ မြို့ပြတော်လှန်ရေးဆိုင်''

ဟုတ်ပါတယ် X တို့အနေနဲ့ မြိုပြ ရဲဘော် ( UG) တွေအတွက် သီတင်းကျွတ် လပြည့်အစီအစဥ်တစ်ခု အနေဖြင့် မြို့ပြတော်လှန်ရေးဆိုင် လေး တစ်ရက် ဖွင့်ပါမယ်။

မြို့ပြတော်လှန်ရေးဆိုင် လေးမှာ
ဝယ်ယူရရှိနိုင်တာတွေကတော့ -

1. ဆီမီး - ၁၀၀၀ ကျပ်
2. မီးပုံး - ၂၀၀၀ ကျပ်
3.ဗြောက် - ၃၀၀၀ ကျပ် တို့ဖြင့်

အသီးသီးဝယ်ယူပြီး မြို့ပြရဲဘော် ( UG) များ အတွက် သီတင်းကျွတ်မုန့်ဖိုး ထောက်ပို့နိုင်မှာဖြစ်ပါတယ်

မြို့ပြတော်လှန်ရေးဆိုင် ကို လပြည့်နေ့တစ်ရက်သာ ဖွင့်လှစ်ရောင်းချသွားမှာဖြစ်ပြီး ဝယ်ယူအားပေးကြသူများကို UG ရဲဘော်တွေကပေးပို့တဲ့ သီတင်းကျွတ်လပြည့်နေ့ ဆုမွန်ကောင်း ပေးစာလေးကို ပြန်လည်ပေးပို့သွားပါမယ်ဗျာ။

'' လပြည့်နေ့မြို့ပြ တော်လှန်ရေးဆိုင် '' မှ မည်သည့် ပစ္စည်းမဆို ဝယ်ယူအားပေးတဲ့သူများသာ
မြို့ပြရဲဘော်တွေရဲ့ သီတင်းကျွတ် ဆုမွန်ကောင်းပေးစာကို ဖတ်ခွင့်ရမှာဖြစ်ပါတယ် 🙏

မြိုပြတော်လှန်ရေးဆိုင်မှ ပစ္စည်း များကို Wave / NUGpay / KPAY တို့ဖြင့်ဝယ်ယူအားပေးနိုင်ပါတယ် 🙏

‼️ Page link- https://m.facebook.com/story.php?story_fbid=pfbid02kLArU3eqnnTeMwFWrcovq6nLxLk7rDdwbLGzsxZiHwwAHySTeNNEos4ig7Su99yfl&id=100078572297927

#Supporter_X
#z_fighter