Kyimyindaing Scout Channel
204 subscribers
394 photos
46 videos
274 links
Download Telegram
Forwarded from Y.S.D Scout Channel
This media is not supported in your browser
VIEW IN TELEGRAM
မရမ်းကုန်းမြို့နယ်အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(မရမ်းကုန်း-အကလ)မှ ဝါဒမှိုင်းတိုက်ခြင်းမြင့်တက်နေသည့် အ.ထ.က(၂)မရမ်းကုန်းတွင်

"လူရူးကိုကျွန်ပြု ကျွန်ပညာအံတု"

ဟူသည့်စာသားပါဝင်သည့်ဘန်နာအား အစစ်အဆေးများကြားမှချိတ်ဆွဲလျက် ဆေးနီပတ်ဖြန်းကာ Youth Scout For Democracy(YSD)၏ကင်းထောက်ပံ့ပိုးလှုပ်ရှားမှူဖြင့်စစ်အာဏာရှင်ဆန့်ကျင်ရေးနှင့်ဝါဒမှိုင်းတိုက်မှုရှုန့်ချရေးတစ်ရပ်ပြုလုပ်ခဲ့ကြသည်။

#YSD
#မရမ်းကုန်းမြို့နယ်အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး
#လူရူးကိုကျွန်ပြုကျွန်ပညာအံတု

@YSDinformer
Forwarded from Sanchaung Scout Channel
🔴ကြည့်မြင်တိုင်
*
ရခ ၃ ကောင်/ ဘဲဥ ၁လုံး
*
သီရိမင်္ဂလာဈေးရှေ့ ရခ3ကောင် ဘဲဉ၁လုံး ကားတားပီး လ်ုက်စစ်နေ
*
11:24 AM
@SanchaungScout
ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)
ဥက္ကဋ္ဌ မှ အနုပညာရှင်၊အတတ်ပညာရှင်များသို့
တိုက်တွန်းနှိုးဆော်လွှာ

ချစ်ခင်လေးစားအပ်ပါသော အနုပညာရှင်၊အတတ်ပညာရှင်များခင်ဗျာ

၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီ(၁) ရက်နေ့ အကြမ်းဖက်သူပုန်စစ်တပ် မတရားအာဏာသိမ်းပြီးသည့်အချိန်မှစ၍ ယခုနွေဦးတော်လှန်ရေးအချိန်ကာလ (၁)နှစ်ကျော်သည်အထိ ပြည်သူလူထုနှင့်အတူ အမှန်တရားဘက်မှရပ်တည်လျက်ရှိသော အနုပညာရှင်၊အတတ်ပညာရှင်များအားလုံးကို ကျေးဇူးတင်ဂုဏ်ပြုအပ်ပါကြောင်း ဦးစွာပြောကြားလိုပါသည်။

အနုပညာရှင်၊အတတ်ပညာရှင်ဟူသည် နိုင်ငံတော်ရှိ ပြည်သူလူထု၏ အမြင်နှင့်အသည်းနှလုံးတို့ကိုကိုင်လှုပ်နိုင်သည်နှင့်အညီ တော်လှန်ရေးအရှိန်မြင့်လာသည်နှင့်အမျှ ပြည်သူလူထုအား စစ်အာဏာရှင်စနစ်၏ပုံရိပ်၊ နွေဦးတော်လှန်ရေးခေတ်၏ဟန်ပန်တို့ကို သိမ်မွေ့သောစွမ်းအားဖြင့် ယခင်ကထက်ပို၍ပုံဖော်တင်ဆက်ရန်လိုအပ်ပါသည်။ထိုသို့ပုံဖော်ရာတွင် တော်လှန်ရေးစကားဝိုင်းများ၊ထောက်ပို့တာဝန်များတွင်သာမက မိမိတို့၏အထူးပြု ကျွမ်းကျင်ရာလိမ္မာရာဖြစ်သော အနုပညာ၊အတတ်ပညာ စွမ်းပကားတို့ကို လက်တွေ့အသုံးချ၍ ပြည်သူလူထုအားဖျော်ဖြေတင်ဆက်ရင်း အသိပညာပေးခြင်းသည် အဓိကကျသည်ဟုယုံကြည်ပါသည်။

အကြမ်းဖက်သူပုန်စစ်တပ်၏ မတရားအုပ်ချုပ်မှုပြင်ပ လွတ်မြောက်ရာနေရာများတွင်ရှိနေသော အနုပညာရှင်၊အတတ်ပညာရှင်များအနေဖြင့် မိမိတို့၏ အနုပညာ၊အတတ်ပညာစွမ်းပကားတို့ဖြင့် ခေတ်ကိုထင်ဟပ်စေနိုင်သကဲ့သို့၊ အကြမ်းဖက်သူပုန်စစ်တပ်၏ မတရားအုပ်ချုပ်မှု၊စောင့်ကြည့်မှုအတွင်း မလွတ်မြောက်ရာနေရာများရှိနေသော အနုပညာရှင်၊အတတ်ပညာရှင်အနေဖြင့် ပြည်သူလူထုအား ပေးချင်သောသတင်းစကားများကို Easter Eggs များ (ဝါ) ဝင်္ကဝုတ္တိဝှက်သင်္ကေတများအသုံးပြု၍ ပြည်သူလူထုအတွက်လုံခြုံစွာ တော်လှန်ပုံဖော်တင်ဆက်နိုင်မည်ဖြစ်ကြောင်း ပြောကြားလိုပါသည်။

နိဂုံးချုပ်ဆိုရသော် “အနုပညာရှင်တွေဟာ ပြည်သူလူထုကို ဆွဲဆောင်တဲ့နေရာမှာ အင်မတန်မှ ထိရောက်တယ်။ နိုင်ငံရေးဆိုတာ ငါတို့နဲ့မဆိုင်ဘူးဆိုတဲ့ ပုံစံနဲ့ မနေအောင် လုပ်ပေးဖို့ဆိုတာဟာ လွယ်တာမဟုတ်ပါဘူး အင်မတန်မှ ကျွန်မတို့ကြိုးစားရတယ်။ အနုပညာရှင်တွေ လုပ်လိုက်တဲ့အရာတွေဟာ တော်တော်ထိရောက်တယ်၊ဒါကြောင့် ကျေးဇူးတင်ပါတယ်” ဟုဒေါ်အောင်ဆန်းစုကြည်၏အဆိုအမိန့်အတိုင်း အနုပညာရှင်၊အတတ်ပညာရှင်များအနေဖြင့် မိမိတို့၏ အနုပညာ၊အတတ်ပညာမီးရှူးးဖြင့် ပြည်သူလူထုအား အမှန်တရားအလင်းဆောင်ကာ နွေဦးတော်လှန်ရေးပန်းတိုင်သို့ ဦးဆောင်လှမ်းနိုင်ပါစေကြောင်း တိုက်တွန်းနှိုးဆော်အပ်ပါသည်ခင်ဗျာ။

ပြည်သူ့အရေးတော်ပုံ မုချအောင်မြင်ရမည်။

ဥက္ကဋ္ဌ
ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)

#OCTOPUS #ရေဘဝဲ
ယာဉ်အစစ်အဆေး‼️‼️

ကြည့်မြင်တိုင် ကမ်းနားလမ်းပန်းခြံရှေ့ ကားလမ်း ၂ ဖက်လုံး ဘဲဥ ၅ ကောင်၊ ရခ ၄ ကောင်ခန့် ယာဉ်အစစ်အဆေးပြုလုပ်နေ။

4:01 PM

@YSDinformer

သတင်းပေးရန်
Channel photo updated
ကြည့်မြင်တိုင် ယာဉ်အစစ်အဆေး‼️‼️

ကမ်းနားလမ်း၊ညဈေး မှတ်တိုင်‌အကျော်မှာ ကားကြီး၊ကားလေး၊ဘဲဥ အပါ 20ခန့် လက်နက်အပြည့်အစုံဖြင့် အိမ်စီး၊တက်စီ အကုန် တားစစ်နေ။

4:12PM

@YSDinformer

သတင်းပေးရန်
သူရဲကောင်းအာဇာနည်တို့ ကောင်းရာသုဂတိလားပါစေ။
မတရားပြစ်ဒဏ်စီရင်ချက်အပေါ် ရန်ကုန်မြို့ရှိ Scout Channel များ၏ သဘောထားထုတ်ပြန်ကြေညာချက်

#KyimyindaingScoutChannel

@YSDinformer
Forwarded from Check us for Safety (Ahlone)
ကြည့်မြင်တိုင်

ကြည့်မြင်တိုင် ဘက် သို့ အလုံဘက်ကနေ
မီးတန်း ဒဘယ်ကတ်၂စီး ဝင်သွား ရဝတရုံး ( သီတာရပ်ကွက်ရုံး ) သို့ဖြစ်နိုင် ။

9: 35 PM
သတင်းများပေးပို့ကူညီရန် - @ahlonebot
#CUFS
အထက်ကြည့်မြင်တိုင်လမ်းနဲ့ ဟံသာဝတီလမ်း (အရိုးကု​ဆေးရုံ​ထောင့်) လမ်းဆုံအနီးတွင် ရခအင်အားအများအပြားဖြင့် အစစ်အ​ဆေးများပြုလုပ်​​နေကြောင်းသတင်းရရှိ။

11:40 AM

@YSDinformer
Forwarded from Sanchaung Scout Channel
ကြည့်မြင်တိုင်
*
DC စခ အပြည့် ၁စီး
DC ရခ အပြည့် ၁စီး
*
ဗားကရာဘက်မှ ညဈေးဘက် သွား
*
7:59 AM
@SanchaungScout
ဒေါက်..ဒေါက်...ဒေါက် အိမ်ရှင်တို့ရှင် 🙏
ပြည်သူ့အသဲ ရေဘဝဲတွေအတွက်
အလှူခံလာပါပြီရှင် 🐙

ရန်ကုန်မြို့ရဲ့ အကြမ်းမဖက် အာဏာဖီဆန် စစ်အာဏာရှင်ဆန်ကျင်ရေးလှုပ်ရှားမှုတွေကို ပြည်သူလူထုနဲ့အတူ ရပ်တည်တော်လှန်နေတဲ့ ညီမတို့ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)အတွက် လကုန် ၅၀၀၀ ကျပ် အလှူခံအစီအစဉ်လေးရောက်ရှိလာခဲ့ပါပြီရှင် 💸

ညီမတို့ရဲ့မိဘပြည်သူတွေအနေနဲ့ အခုလိုလစာထုတ်ရက်လေးမှာ ကိုယ့်ရဲ့ဝင်ငွေအချို့ကို တော်လှန်ရေး မှာပါဝင်နေတဲ့ မြေပြင်အဖွဲ့အစည်းတွေအတွက် တိုက်ရိုက်လှူဒါန်းမယ်စိတ်ကူးထားရင် ညီမတို့ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) ကိုလည်းသတိရပေးပါလို့မေတ္တာရပ်ခံချင်ပါတယ်ရှင် 🙏

ဆက်သွယ်ရန် 💌

OCTOPUS Facebook Page Chat Box
https://www.facebook.com/octopusyangon/

#OCTOPUS #ရေဘဝဲ
Forwarded from Sanchaung Scout Channel
🚨 ကြည့်မြင်တိုင် မြိုနယ် ဈေးကြီးအနောက်ရပ်ကွက် နေ ပြည်သူကို နီးစပ်သူများ အချိန်မှီ သတိပေးပေးပါ။

https://t.me/Uhan96999/5522?single
Forwarded from Sanchaung Scout Channel
ကြည့်မြင်တိုင်
*
ရခမီးတန်းsaloon(1)စီး
စခDc(1)စီး
*
ချောက်ထဲမှ အထက်ကြည့်မြင်တိုင်လမ်းအတိုင်း ဟံသာဝတီဘက်
*
1:57PM
@SanchaungScout
Kyimyindaing Scout Channel
Photo
“မပြီးဆုံးသေးတဲ့ ၈ လေးလုံး

လူထုလွတ်မြောက်ရေး ဒို့အတူရုန်း”
▬▬▬▬▬▬▬▬▬▬▬▬▬▬▬

ယခုလာမယ့် ဩဂုတ်လ (၈) ရက်ဟာ မြန်မာ့နိုင်ငံရေးသမိုင်းမှာ အထင်ကရ နေ့ရက်တစ်ခုဖြစ်တဲ့ ရှစ်လေးလုံး (၈၈၈၈) လူထုအရေးတော်ပုံကြီး (၃၄) နှစ်ပြည့် နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။

မြန်မာ့နိုင်ငံရေးမှာ ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ အခန်းကဏ္ဍက လေးနက်စွာ မှတ်တမ်းတင်ထားရမယ့် လူထုသမိုင်းမှတ်တိုင်ကြီးလည်း ဖြစ်ပါတယ်။ ဒီအရေးတော်ပုံကြီးအတွင်းမှာ လူထုတိုက်ပွဲအင်အားကြောင့် အာဏာရှင် သမ္မတဆိုး (၃) ယောက်ဆက်တိုက် ပြုတ်ကြတဲ့အထိ လှုပ်ရှားနိုင်ခဲ့ပြီး တစ်ပါတီအာဏာရှင်စနစ်ကို အဆုံးသတ်နိုင်ခဲ့ပါတယ်။

ဒီရှစ်လေးလုံးအရေးတော်ပုံကြီး (၃၄) နှစ်ပြည့်မြောက်တဲ့ အချိန်ကာလမှာလည်း ပြည်သူလူထုဟာ သမိုင်းတကျော့ပြန်အနေနဲ့ စစ်အာဏာရှင်စနစ်ကို တွန်းလှန် တိုက်ပွဲဝင်နေကြရပြန်ပါတယ်။ ယခု နွေဦးတော်လှန်ရေးကြီးမှာတော့ အာဏာရှင်စနစ်ပေါင်းစုံကို တွန်းလှန်ကြတဲ့နေရာမှာ အဆုံးသတ်တိုက်ပွဲအဖြစ် မှတ်ယူပြီး (၈၈) က မပြီးဆုံးသေးတဲ့ တိုက်ပွဲအလံတော်ကို ဆက်လက် သယ်ဆောင်နေကြခြင်း၊ လွှင့်ထူနေကြခြင်းလည်း ဖြစ်ပါတယ်။

ဒါကြောင့် ဒီသမိုင်းဝင် ရှစ်လေးလုံးအရေးတော်ပုံကြီး (၃၄) နှစ်ပြည့်အခါသမယမှာ ပြည်သူလူထုတစ်ရပ်လုံးအနေနဲ့ (၈၈၈၈) အရေးတော်ပုံရဲ့ တိုက်ပွဲဝင် စိတ်ဓာတ်တွေကို ထုံမွှမ်းရယူ၊ လက်ဆင့်ကမ်း သယ်ဆောင်ပြီး စစ်အာဏာရှင်စနစ်ဆိုးကို အမြစ်ကနေ တွန်းလှန်လို့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်တစ်ရပ်ကို ပုံဖော်ထုဆစ်ကြဖို့၊ တော်လှန်ရေးမှာ ကဏ္ဍအသီးသီးကနေ အတူ ရုန်းကန် ဆောင်ရွက်ကြဖို့ အထူး တိုက်တွန်းနှိုးဆော်လိုပါတယ်ခင်ဗျား။

နိုင်ငံတကာအစိုးရများနှင့် အသိုင်းအဝိုင်းများအနေဖြင့်လည်း မြန်မာပြည်သူတစ်ရပ်လုံးရဲ့ ရန်သူ ဖက်ဆစ် အကြမ်းဖက်စစ်အုပ်စုကို ပတ်သက် ဆက်ဆံခြင်းမပြုဘဲ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တော်လှန်ရေး အင်အားစုများကို ထောက်ခံ ကူညီသွားခြင်းဖြင့် ပြည်သူ့ဆန္ဒကို အလေးထားကြောင်း ပြသပေးကြပါရန် အလေးအနက် နှိုးဆော်လိုက်ရပါတယ်။

ဒါကြောင့် ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ တော်လှန်စိတ်ကို နှလုံးသွင်းပြီး ပြည်သူလူထု တစ်ရပ်လုံးရဲ့ တော်လှန်ရေးလှုပ်ရှားမှုများအဖြစ် သံပုံးတီးခြင်း၊ လူထုလှုပ်ရှားမှုများ ဖော်ဆောင်ခြင်းဖြင့် ပါဝင်တော်လှန်ကြပါရန် ဆော်ဩလိုက်ရပါတယ် ခင်ဗျား။

#8888MemoirStrike

#နွေဦးတော်လှန်ရေး_သန္နိဋ္ဌာန်_၈၈ရဲ့မပြီးဆုံးသေးတဲ့_တိုက်ပွဲအလံ

#Accept_NUG_Reject_FascistMilitary

#အာဏာရှင်စနစ်ဟူသမျှ_မုချကျရှုံးရမည်

#အရေးတော်ပုံ_အောင်ရမည်
ကြည့်မြင်တိုင် ပန်းလှိုင်လမ်းနှင့် ကမ်းနားလမ်းထောင့် ဘန်ကာရှေ့ ဘဲဥနှစ်ကောင် တစ်ချို့ကားတွေတားပြီး ပိုက်ဆံတောင်းနေ။

1:02 PM

@YSDinformer

သတင်းပေးရန်
စခ DC 1 စီး ကြည့်မြင်တိုင်ကမ်းနားလမ်းအတိုင်း သီရိမင်္ဂလာစျေးဟောင်းဘက်မှ ထီးတန်းဘက်ဘက်သို့ဦးတည်။

1:08 PM

@YSDinformer

သတင်းပေးရန်
စခ DC ၁ စီး အင်အားအပြည့်ပါ စခ ၁ ကောင် အသံဖွင့်ပြီး ဗားကရာလမ်းမှ ကြည့်မြင်တိုင် ကမ်းနားလမ်းဘက်သို့ကွေ့ပြီး ကမ်းနားလမ်းပန်းခြံဘက်သို့ဦးတည်။

1:23 PM

@YSDinformer

သတင်းပေးရန်