Kyimyindaing Scout Channel
204 subscribers
394 photos
46 videos
274 links
Download Telegram
Media is too big
VIEW IN TELEGRAM
တိတ်တိတ်လေးပျော်ပေးပါ ...
တိုးတိုးလေးငိုနေသူတွေရှိနေလို့ လှုပ်ရှားမှု (ရုပ်၊သံ)

ယနေ့ ရန်ကုန်မြို့တွင် ရေဘဝဲ (ပြည်သူ့အကျိူးပြု လူငယ်အဖွဲ့အစည်း) နှင့် Harry (Shitty Artworks) တို့ပူးပေါင်းကာ ကာတွန်းပိုစတာများဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုံ့ဆော်မှုပြုလုပ်ခဲ့ကြသည်။

"အကြမ်းဖက်စစ်ကောင်စီဟာ ပြည်သူလူထုအာရုံလွဲစေဖို့ပြုလုပ်တဲ့ ပျော်ပွဲရွှင်ပွဲတွေအပြင် တိုင်းရင်းသားလူမျိုးစုတွေနဲ့ နိုင်ငံတော်ရဲ့ယဥ်ကျေးမှုအမွေအနှစ် ရိုးရာပွဲတော်တွေကိုပါ ဝါဒဖြန့်ချီရေးအတွက် အသုံးချလျက်ရှိပါတယ်။ဒီတခါပြည်သူလူထုတရပ်လုံးအနေနဲ့ အကြမ်းဖက်စစ်ကောင်စီကိုတဖက်ကတော်လှန်သလို တဖက်ကလည်း မိမိတို့ရဲ့ရိုးရာယဥ်ကျေးမှုအမွေအနှစ်တွေကိုဆက်လက်ထိန်းသိမ်းရမှာဖြစ်ပါတယ်။မပျော်ပါနဲ့၊ပျော်ပါ စတဲ့စိတ်ခံစားချက်တွေကို မည်သူကမှတားဆီးပိတ်ပင်ခွင့်မရှိပါဘူး။ရိုးရာပွဲတော်ရဲ့ ယဥ်ကျေးမှုအမွေအနှစ်တွေကိုဆက်လက်ထိန်းသိမ်းရင်း အိုးပစ်၊အိမ်ပစ်၊သေကွဲ၊ရှင်ကွဲကွဲနေကြတဲ့ မိမိတို့ရဲ့နိုင်ငံနဲ့ နိုင်ငံသူနိုင်ငံသားတွေအတွက် ကိုယ်ချင်းစာစိတ်အပြည့်နဲ့ တိတ်တိတ်လေးပျော်ပေးကြဖို့ ပျော်ရွှင်နေကြတဲ့ပုံရိပ်တွေကို လူထုထံမလွှင့်တင်မပြသကြဖို့ နှိုးဆော်တိုက်တွန်းလိုက်ပါတယ်"

မတ် ၂၉၊ ၂၀၂၃

(မည်သည့်မီဒီယာမှမဆို ခွင့်ပြုချက်မလို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်)

#Harry #ShittyArtworks
#OCTOPUS #ရေဘဝဲ
" ရဲရဲရှာ " လူထုကမ်ပိန်း 🔴

ဧပြီလ (၂) ရက်၊တနင်္ဂနွေနေ့တွင် " ရဲရဲရှာ " လူထုကမ်ပိန်းကို နိုင်ငံတော်အနှံ့အွန်လိုင်းမှပြုလုပ်သွားမည်ဖြစ်သည်။

ပြည်သူလူထုတရပ်လုံးအနေဖြင့် Facebook ရှိ Search Bar တွင် အောက်ပါစကားလုံးများကို အတူတကွ ရေးသားရှာဖွေကြမည်။

နွေဦးတော်လှန်ရေး
တော်လှန်သင်္ကြန်
FDC

နေ့ရက် - ဧပြီ (၂) ရက်၊ ၂၀၂၃ ခုနှစ်

#ရဲရဲရှာလူထုကမ်ပိန်း
#OCTOPUS #ရေဘဝဲ
💥 Share this with your friends from the US and other countries so that they can support us.
The international community must do more than just write and post statements.

#WhatsHappeningInMyanmar
#OCTOPUS #ရေဘဝဲ
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
Media is too big
VIEW IN TELEGRAM
🏳️တော်လှန်ရေးပန်းခြံအနီးတွင် ရေဘဝဲမှ
တော်လှန်သင်္ကြန်အတွက်နှိုးဆော်မှုပြုလုပ် 🏳️

အကြမ်းဖက်စစ်ကောင်စီ၏ လုံခြုံရေးတိုးမြှင့်ထားသည့် မြို့နယ်တစ်ခုဖြစ်သော စမ်းချောင်းမြို့နယ်ရှိ တော်လှန်ရေးပန်းခြံအနီးတွင် ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)မှ သရုပ်ဆောင်၊အဆိုတော် မင်းမော်ကွန်း၏ CDM သင်္ကြန်သီချင်းကို တော်လှန်ယိမ်းအကဖြင့် ကပြဖျော်ဖြေတင်ဆက်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုံ့ဆော်မှုပြုလုပ်ခဲ့ကြသည်။ထိုလှုပ်ရှားမှုကို Youth Scout for Democracy (Y.S.D) မှမြေပြင်ကင်းထောက်အဖြစ် ကူညီဆောင်ရွက်ပေးခဲ့သည်။

"မိဘပြည်သူများရှင်၊တော်လှန် သင်္ကြန်အချိန်အခါသမယကို ရောက်ရှိလာပြီဖြစ်ပါတယ်။နွေဦးတော်လှန်ရေးနဲ့ယှဥ်တွဲပြီး ရိုးရာယဥ်ကျေးမှုအမွေအနှစ် ပွဲတော်များကိုထိန်းသိမ်းကြတဲ့အခါမှာ - မအေလိုးမင်းအောင်လှိုင်၊မင်းအောင်လှိုင်မအေလိုးကြောင့် အိုးပစ်၊အိမ်ပစ်၊သေကွဲ၊ရှင်ကွဲကွဲနေကြတဲ့ ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေအတွက် ကိုယ်ချင်းစာစိတ်အပြည့်နဲ့ တိတ်တိတ်လေးပျော်ပေးကြဖို့ ရေဘဝဲက နှိုးဆော်တိုက်တွန်းလိုက်ပါတယ်"

ဧပြီ ၁၂ ရက်၊ ၂၀၂၃ ခုနှစ်

#တော်လှန်သင်္ကြန်
#OCTOPUS #ရေဘဝဲ
Please open Telegram to view this post
VIEW IN TELEGRAM
လျှပ်စစ်မီးမှန်မှန်ရဖို့ တော်လှန်ရေးမှာပါဝင်စို့ 🔥

ယနေ့ ရန်ကုန်မြို့တနေရာတွင် ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)မှ "လျှပ်စစ်မီးမှန်မှန်ရဖို့ တော်လှန်ရေးမှာပါဝင်စို့" စာတန်းအားချိတ်ဆွဲ၍ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုံ့ဆော်မှု ပြုလုပ်ခဲ့ကြသည်။

"အကြမ်းဖက်စစ်ကောင်စီကို မီတာမဆောင်ဘူး ဆိုတဲ့ "ဘူး" သပိတ်တိုက်ပွဲလှုပ်ရှားမှုပြုလုပ်ခဲ့ကြတာမိဘပြည်သူများအားလုံးသိရှိပြီးသားဖြစ်ပါတယ်။ဒါကို အကြမ်းဖက်စစ်ကောင်စီဟာ ယုတ်မာတဲ့နည်းအသွယ်သွယ်နဲ့ အမျိူးမျိူးခြိမ်းခြောက်စော်ကားခဲ့အတွက် ​ပြည်သူလူထုအနေနဲ့ ကြောက်ရွံ့မှုမျိုးစုံနဲ့ မီတာခဆောင်ခဲ့ရတာရှိသလို၊အကြမ်းဖက်စစ်ကောင်စီရဲ့ထောက်တိုင်တွေဟာလည်း မီတာခပေးဆောင်ခဲ့ကြပါတယ်။အခုဆို အကြမ်းဖက်စစ်ကောင်စီဘက်မှာ ရပ်တည်တဲ့သူဖြစ်စေ၊ပြည်သူ့ဘက်မှာရပ်တည်တဲ့သူဖြစ်စေ၊ တိုင်းပြည်တစ်ခုရဲ့အခြေခံလိုအပ်ချက်တွေထဲကတစ်ခုဖြစ်တဲ့ လျှစ်စစ်မီးဆုံးရှုံးမှုဒဏ်ကို အတူတကွခံစားနေကြရပါတယ်။ဆိုလိုချင်တာက အကြမ်းဖက်စစ်ကောင်စီရဲ့ဘယ်လုပ်ရပ် ဆိုးကျိုးတွေကိုမဆို အနီ၊အစိမ်း၊ပါတီမကွဲပြားပဲ ပြည်သူလူထုအားလုံးအတူတူခံစားနေကြရတာပါပဲ။အကြမ်းဖက်စစ်ကောင်စီနဲ့ စစ်အာဏာရှင်စနစ်ပျက်သုဥ်းမှသာ ကျွန်တော်တို့အားလုံးအတွက် လျှပ်စစ်မီးမှန်မှန်ရရှိဖို့ အဖြေဟာထင်ရှားလာမှာဖြစ်ပါတယ်။ဒါကြောင့်ပြည်သူလူထုတရပ်လုံးအတွက် လျှပ်စစ်မီးမှန်မှန်ရဖို့ တော်လှန်ရေးမှာပါဝင်ကြပါစို့လို့ ရေဘဝဲအနေနဲ့ နှိုးဆော်တိုက်တွန်းလိုက်ပါတယ်"

ဧပြီလ ၂၅ ရက်၊ ၂၀၂၃ ခုနှစ်

#မီး
#OCTOPUS #ရေဘဝဲ
Please open Telegram to view this post
VIEW IN TELEGRAM
လကုန်ပါပြီ 🌈
နတ် Pay ကနေ ၅၀၀၀ ထောက်
ရေဘဝဲတွေဆီအရောက်

ကျွန်မတို့ဟာ လူငယ်တွေစုပေါင်းပြီးလှုပ်ရှားနေတဲ့ အကြမ်းမဖက် လမ်းပေါ်နိုင်ငံရေးအထူးပြုအဖွဲ့အစည်းဖြစ်တယ်ဆိုတာ အားလုံးလည်းသိရှိပြီးဖြစ်မှာပါရှင်

ကျွန်မတို့အားလုံး လုံခြုံရေးအတွက်အိမ်တွေကိုစွန့်ခွါ
အလုပ်တွေလည်းရပ်နားထားကြရလို့ ကာလကြာလာတဲ့အခါ လှုပ်ရှားမှုတွေအတွက်အပြင် နေရေးထိုင်ရေးတိမ်းရှောင်စားသောက်ဖို့တွေအတွက်ပါ အကူညီလိုအပ်လျက်ရှိပါတယ်

အဲ့ဒါကြောင့် ကျွန်မတို့ရဲ့မိဘပြည်သူတွေအနေနဲ့ လစာထုတ်ရက်လေးမှာ ကိုယ့်ရဲ့ဝင်ငွေအချို့ကို တော်လှန်ရေး မှာပါဝင်နေတဲ့ မြေပြင်အဖွဲ့အစည်းတွေအတွက် တိုက်ရိုက်ထောက်ပို့မယ်လို့ စိတ်ကူးထားရင် ကျွန်မတို့ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) ကိုလည်းသတိရပေးပါလို့မေတ္တာရပ်ခံချင်ပါတယ်ရှင်

ဆက်သွယ်ရန် 👇👇👇
OCTOPUS Facebook Page:
https://www.facebook.com/octopusyangon/

#OCTOPUS #ရေဘဝဲ #ရန်ကုန်
Please open Telegram to view this post
VIEW IN TELEGRAM
Media is too big
VIEW IN TELEGRAM
ရန်ကုန်မြို့ရဲ့" ပြန်ဆုံနိမိတ်နဲ့ ရန်ကုန်သပိတ် " (ရုပ်၊သံ)

အကြမ်းဖက်စစ်ကောင်စီ၏ မတရားဖမ်းဆီးသတ်ဖြတ်မှုများပြုလုပ်နေသည့် ရန်ကုန်မြို့တနေရာတွင် ရေဘဝဲနှင့်မဟာမိတ်အဖွဲ့အစည်းများမှ "ပြန်ဆုံနိမိတ်နဲ့ ရန်ကုန်သပိတ်" စာသားပါတပ်ဦးအလံကိုကိုင်ဆွဲကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ပြောက်ကျားသပိတ်တိုက်ပွဲဆင်နွှဲခဲ့ကြသည်။

အဆိုပါသပိတ်ကို

- ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)မှ ဦးဆောင်ကာ ပြည်သူလူထုနှင့်အတူ

- အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ-ဗဟို)

- Labour Alliance အဖွဲ့ဝင် (CTUM)

- စမ်းချောင်းပင်မ သပိတ်စစ်ကြောင်းတို့ပေါင်းဆုံ၍ Youth Scout for Democracy (Y.S.D) ၏​မြေပြင်ကင်း​ထောက်ပံ့ပိုးမှုဖြင့် လူထုသပိတ်တိုက်ပွဲကိုဆင်နွှဲခဲ့ကြသည်။

ဇွန်လ ၅ ရက်၊ ၂၀၂၃ ခုနှစ်

#ပြန်ဆုံနိမိတ်နဲ့ရန်ကုန်သပိတ်
#OCTOPUS #ရေဘဝဲ
မြို့ပြကို CCTV နဲ့မသတ်နဲ့ 🚫

ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ပြနေမိဘပြည်သူများခင်ဗျာ
ကျွန်ုပ်တို့တော်လှန်ရေးအဖွဲ့အစည်းများနှင့် တော်လှန်ရေးရဲဘော်များဟာ အာဏာရှင်၏လက်အောက်မှရုန်းထွက်ပြီး ညီညွတ်မျှတ အေးချမ်ဖွံ့ဖြိုးသော ဖက်ဒရယ်နိုင်ငံ‌တော်သစ်တည်ဆောက်နိုင်ရေးနှင့်ပြည်သူတရပ်လုံးဆုံးရှုံးနေခဲ့ရသော လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ ကိုယ်ပိုင်လူ့အခွင့်အရေးများပြန်လည်ရရှိနိုင်ရန် လိုအပ်နေသောဒီမိုကရေစီစနစ်အား ပြန်လည်ရယူနိုင်ရန်အတွက် အသက် သွေး ချွေး အနာဂတ်နှင့် မိသားစုဘဝများကိုပါစွန့်လွှတ်တိုက်ပွဲဝင်လျက်ရှိပါသည်။

ထိုသို့တိုက်ပွဲဝင်နေသောကာလအတွင်း အသက်များကိုစတေးခဲ့ရသည်မှာလည်းစာရင်းပြုစု၍ပင်မရအောင် အလွန်အမင်းများပြားခဲ့ပါပြီ။ ထိုသိုစတေးခံခဲ့ရသည်များထဲမှ အချို့မှာမစတေးသင့်ပဲစတေးလိုက်ရသည့်အခြေအနေများလည်းရှိခဲ့ပါသည်။ ထိုအကြောင်းအရာမှာ လမ်းမများပေါ်မှ CCTV ဟူသည့် လုံခြုံရေးကင်မရာများကြောင့်သာဖြစ်ပါသည်။

🔴 မြို့ပြနေ မိဘပြည်သူများခင်ဗျာ
တရားဥပ ဒေစိုးမိုးမှုမရှိသည့် ခေတ်ပျက်ကာလအတွင်း ပျက်စီးယိုယွင်းနေသော နိုင်ငံအတွင်းနေထိုင်ရသောကြောင့် မိမိတို့၏အိုးအိမ်ဥစ္စာများအား ကာကွယ်စောင့် ရှောက်ရန် CCTV များတပ်ထားခြင်းမှာ ဖြစ်သင့်သောလုပ်ဆောင်ချက်တစ်ခုဟု ကျွန်ုပ်တို့ နားလည်သိရှိပြီးဖြစ်ပါသည်။

သို့ပါသော်ငြားလည်း CCTV များအား မလိုအပ်သောနေရာများသို့ ချိန်ထားခြင်း၊ မလိုအပ်သောနေရာများတွင် အပိုတပ်ဆင်ထားခြင်းများကြောင့် မလိုလားအပ်သောဆုံးရှုံးမှုများဖြစ်ပါ်နေသည့်အတွက် CCTV တပ်ဆင်ရာတွင် မိမိတို့ပစ္စည်းဥစ္စာများ၊ မိမိတို့အိမ်အဝင်တံခါးများ၊ ဆိုင်အတွင်းဧရိယာ၊ ကားပါကင်၊ ခြံဝင်းအတွင်းသို့သာလှည့်ပြီးတပ်ဆင်ထားကြပါရန်နှင့် မလိုအပ်သည့်အများပြည်သူသွားလာလှုပ်ရှားနေသော လမ်းမများ၊ မိမိတို့အိမ် ဆိုင် ရုံးခန်းဧရိယာကို ကျော်လွန်၍ချိန်ရွယ်တပ်ဆင်ထားခြင်းများကို မပြုလုပ်ကြပါရန်၊ CCTV မှတ်တမ်းများကိုလည်း ရက်အနည်းငယ်တစ်ကြိမ်ဖျက်ပေးကြရန်အနူးအညွတ် တောင်းဆိုလိုက်ပါရစေခင်ဗျာ။

မိမိတို့နေအိမ်၊ ရုံးခန်း၊ ဆိုင်ခန်းများအနီး သပိတ်အသံကြားခြင်း၊ ပြစ်ခတ်ပေါက်ကွဲသံကြားခြင်း၊ တော်လှန်ရေးရဲဘော်များကမ်ပိန်းလုပ်ခြင်းများ တွေ့မြင်ရလျှင်လည်း မိမိတို့ CCTV မှတ်တမ်းများကို ကြိုတင်ဖျက်ပေးထားကြပါရန်လည်းတောင်းဆိုပါရစေ။

မိမိတို့ကိုယ်ရေးကိုယ်တာ ပိုမိုလုံခြုံစေရန် မလိုအပ်သော CCTV တပ်ဆင်ထားခြင်းဟာ မြို့ပြ‌တွင်တိုက်ပွဲဝင်နေကြပါသော တော်လှန်ရေးတပ်သား၊ ရဲဘော်များ၏ လှုပ်ရှားမှုများကိုထိခိုက်စေရုံမျှမက ထိုလှုပ်ရှားသူတို့အား အသက်များပေးဆပ်စေနိုင်သည်မှာ အမှန်ပင်ဖြစ်ပါသည်။ ထိုသူများတွင်လည်း မိသားစုရှိပါသည်၊ အနာဂတ်များ၊ အိပ်မက်များ၊ တန်ဘိုးထားရသောသူများရှိပါသည်။

အကြမ်းဖက်စစ်တပ်ဟာ တော်လှန်ရေးရဲဘော်များအားဖမ်းဆီးသတ်ဖြတ်ပြီး ၎င်းတို့၏အာဏာတည်မြဲရေးနှင့် ပြည်သူလူထုအားစစ်ကျွန်ဘဝတွင်းနှစ်မြှုတ်နိုင်ရေးအတွက် CCTV များအကူအညီဖြင့်စုံစမ်း ဖော်ထုတ်လျက်ရှိပါသည်။ ယခုလ ပထမအပတ်ထဲအတွင်း မြို့ပြရဲဘော်များ mission ပြုလုပ်အပြီး အဖွဲ့လိုက်ဖမ်းဆီးခံလိုက်ရသည့်အဖြစ် နှစ်ကြိမ်ရှိပြီး ရဲဘော်ဆယ်ဦးထက်မနည်းမတရားဖမ်းဆီးနှိပ်စက်ခံလိုက်ရပါသည်။

သို့ပါသောကြောင့် မြို့ပြနေမိဘပြည်သူများအနေဖြင့် မိမိတို့၏ CCTV ဖြင့် မြို့ပြတော်လှန်ရေးရဲဘော်များအား အကျဉ်းစံ၊ ကြိုးစင်ပေါ်မတက်ရအောင် ကူညီစောင့် ရှောက်ပေးကြပါရန် လေးစားစွာ မေတ္တာရပ်ခံပါသည်။ တော်လှန်ရေးရဲဘော်များအားမှတ်တမ်းမယူထားမိခြင်းဖြင့်တော်လှန်ရေးတွင် နိုင်ရာတာဝန်ထမ်းဆောင် ပေးပါခင်ဗျာ။

🔴 CCTV ဓာတ်ပုံကမ်ပိန်း

ဤကမ်ပိန်းအား ရက်အကန့်အသတ်မရှိပြုလုပ်ပါသည်။
မိမိတို့မျက်နှာအားလုံခြုံ စွာအုပ်၍ စာရွက်အဖြူပါ်တွင် ယခုကမ်ပိန်းနှင့်သက်ဆိုင် သောစာသားရေး၍ဖြစ်စေ၊ No CCTV on public area, No CCTV, မြို့ပြကို CCTV နဲ့မသတ်နဲ့၊ No CCTV for Urban Revolution, CCTVသည် ဝောာ်လှန်ရေးအဖွဲ့အစည်းများကို ဒုက္ခပေး‌ေနသည်၊ CCTV အန္တရာယ်ကို UGများအထူးသိတိထားကြပါ စသောစာသားများရေး၍ဖြစ်စေ၊ လက်နှစ်ချာင်းအား cross sign လုပ်၍ဖြစ်စေ ပါဝင် ပေးနိုင်ပါတယ်။

ပြည်သူ့အရေးတော်ပုံ မုချအောင်မြင်ရမည်

#NoCCTVforUrbanRevolution
#OCTOPUS #ရေဘဝဲ
သောကြာနေ့ လကုန်ပါပြီ 💸
နတ် Pay ကနေ ၅၀၀၀ ထောက် > ရေဘဝဲတွေဆီအရောက်

ကျွန်မတို့ဟာ လူငယ်တွေစုပေါင်းပြီးလှုပ်ရှားနေတဲ့ အကြမ်းမဖက် လမ်းပေါ်နိုင်ငံရေးအထူးပြုအဖွဲ့အစည်းဖြစ်တယ်ဆိုတာ အားလုံးလည်းသိရှိပြီးဖြစ်မှာပါရှင်

ကျွန်မတို့အားလုံး လုံခြုံရေးအတွက်အိမ်တွေကိုစွန့်ခွါ
အလုပ်တွေလည်းရပ်နားထားကြရလို့ ကာလကြာလာတဲ့အခါ လှုပ်ရှားမှုတွေအတွက်အပြင် နေရေးထိုင်ရေးတိမ်းရှောင်စားသောက်ဖို့တွေအတွက်ပါ အကူညီလိုအပ်လျက်ရှိပါတယ်

အဲ့ဒါကြောင့် ကျွန်မတို့ရဲ့မိဘပြည်သူတွေအနေနဲ့ လစာထုတ်ရက်လေးမှာ ကိုယ့်ရဲ့ဝင်ငွေအချို့ကို တော်လှန်ရေး မှာပါဝင်နေတဲ့ မြေပြင်အဖွဲ့အစည်းတွေအတွက် တိုက်ရိုက်ထောက်ပို့မယ်လို့ စိတ်ကူးထားရင် ကျွန်မတို့ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) ကိုလည်းသတိရပေးပါလို့မေတ္တာရပ်ခံချင်ပါတယ်ရှင်

ဆက်သွယ်ရန် 👇👇👇
OCTOPUS Facebook Page:
https://www.facebook.com/octopusyangon/

#OCTOPUS #ရေဘဝဲ #ရန်ကုန်
Boycott ကြမယ်ဟေ့ 🚫
မဝယ်ဘူး၊ မရောင်းဘူး၊ ရောင်းသူဝယ်သူမရှိ

အခု ပြည်တွင်းပြည်ပ ပြည်သူတရပ်လုံး၊ အသက်အရွယ် ကျားမ မရွေး ပါဝင်ဆင်နွှဲကြရမယ့် “ဘဏ္ဍာရေးနဲ့ စီးပွါးရေးတိုက်ပွဲ” ရဲ့ ဗွေဆော်ဦးခြေလှမ်း လာပါပြီ။

၁။ မြန်မာ ဘီယာ (Myanmar Beer)

၂။ အတ်(ထ)မန် တံဆိပ် အရက်၊ ဘီယာ၊ အချိုရည် (Andaman Gold)

၃။ ဒဂုံ တံဆိပ် အရက်၊ ဘီယာ၊ အချိုရည် (Dagon)

၄။ မန္တလေး ဘီယာ၊ ရမ် (Mandalay)

၅။ ဘလက်ရှီး စတောက်ဘီယာ (Black Shield Stout)

၆။ အာမီရမ် (Army Rum)

၇။ Red Ruby စီးကရက်

၈။ Premium Gold စီးကရက်

စုစုပေါင်း (၈) မျိုး

ဒီပထမအဆင့်မှာ ဦးတည်ပြီး ဖြတ်တောက်၊ ရိုက်ချိုးမယ့် စစ်အုပ်စုရဲ့ ဝင်ငွေရင်းမြစ် ကုန်စည်တွေကတော့ “စစ်တပ်ပိုင် အရက်ဘီယာနဲ့ စီးကရက်” အုပ်စုပဲ ဖြစ်ပါတယ်။ ဒီအရက်ဘီယာ၊ စီးကရက်ကနေ ဖက်ဆစ်တပ် ရနေတဲ့ ဝင်ငွေပမာဏက နည်းနည်းနောနော မဟုတ်ပါဘူး။ တပ်ပိုင်ကုန်စည်အမျိုးအစားအနေနဲ့ဆို ဒီကနေ ဖက်ဆစ်တပ် ရနေတဲ့ ဝင်ငွေပမာဏက အများဆုံးထဲမှာ ပါပါတယ်။ ဒီသွေးစွန်းငွေတွေကပဲ ပြည်သူကို သတ်ဖြတ်နေတဲ့ လက်နက်ဖိုး၊ ကျည်ဆန်ဖိုးတွေဖြစ်သွားတာပါ။

စစ်အုပ်စုအတွက် လက်နက်ဖိုး ဖြည့်ပေးနေတဲ့ ဒီကုန်စည်တံဆိပ် (၈) မျိုးနဲ့ပတ်သတ်ပြီး ပြည်သူတရပ်လုံးက ပြတ်ပြတ်သားသား ဆန့်ကျင်သပိတ်မှောက်ကြမယ့် တိုက်ပွဲဦးတည်ချက်က ဒီလိုပါ  -

➤ ဦးတည်ချက်-ဒီတပ်ပိုင်ကုန်စည်တွေရဲ့ လက်ရှိစုစုပေါင်း ရောင်းအားရဲ့ (၇၀%) အထိ ထိုးကျသွားဖို့ ဦးတည်ပြီး ချကြ။

➤ အချိန်-အခုကနေစပြီး အချိန် (၂) လအတွင်း

ဖက်ဆစ်တပ်ရဲ့ ဝင်ငွေရင်းမြစ်အားလုံးကို တခုချင်းစီအလိုက် တဆင့်ပြီးတဆင့် လူထုအားနဲ့
လှဲဖြို၊ ဖြတ်တောက်ကြပါစို့။

ဘဏ္ဍာရေးတိုက်ပွဲ၊ ပြည်သူတရပ်လုံး ဆင်နွှဲကြလော့ !

#financial_warfare
#GSCB #OCTOPUS #ရေဘဝဲ
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
Media is too big
VIEW IN TELEGRAM
အရူးတိတ်စေမဲ့ ဘူးသပိတ် (Boycott🚫)

အကြမ်းဖက်စစ်တပ်ထုတ်ကုန် မရောင်းမဝယ်မသုံးစွဲ
“ဘဏ္ဍာရေးနဲ့ စီးပွါးရေးတိုက်ပွဲ”

ရေဘဝဲ ဖေ့စ်ဘုတ် - https://www.facebook.com/octopusyangon?mibextid=ZbWKwL

ရေဘဝဲ တယ်လီဂရမ် - https://t.me/OCTOPUSMYANMAR

#financial_warfare #Boycott
#OCTOPUS #ရေဘဝဲ
Please open Telegram to view this post
VIEW IN TELEGRAM
အမည်တွေအမျိုးမျိုးပြောင်းပြီး
ပြည်သူလူထုကို ဂျင်းထည့်၍မရတော့ပါ 🙅‍♂️

မြန်မာဘီယာတွေကို ပြည်သူလူထုကဝိုင်းပြီး Boycott ကြတဲ့အခါ ရန်သူ့ဘက်က စားသောက်ဆိုင်၊ဘား၊ကလပ် နာမည်တွေသုံးပြီး ဘီယာနာမည်အသစ်တွေနဲ့ မျက်နှာဖုံးစွတ် ဂျင်းထည့်ကြသလို ...

မအေ-ိုး မင်းအောင်လှိုင်၊ မင်းအောင်လှိုင် မအေ-ိုး သမီးပိုင်တဲ့ 7Sense ရုပ်ရှင်ထုတ်လုပ်ရေးကို ပြည်သူလူထုကဝိုင်းပြီး Boycott ကြတဲ့အခါ SM Winner ထုတ်လုပ်ရေးနာမည်အသစ်နဲ့ အချိန်လွန်မိုးဆိုတဲ့ မျက်နှာဖုံးစွတ်ကာ ဂျင်းထည့်ဖို့ကြိုးစားလာပြန်ပါပြီ။

အမည်တွေအမျိူးမျိုးပြောင်းပြီး ပြည်သူလူထုကို
ဂျင်းထည့်လို့မရဘူးဆိုတာကို စီးပွားရေးပြစ်ဒဏ်
Boycott ပြုလုပ်ခြင်းဖြင့် အတူတူပြသကြပါစို့ခင်ဗျာ။

- ရုပ်ရှင်သွားကြည့်မယ့်သူတွေကို အကြောင်းအကျိုး​ရှင်းပြပြီး Boycott ကြဖို့စည်းရုံးရပါမယ်

- အချိန်လွန်မိုးဇာတ်ကားနဲ့ပတ်သက်ပြီး ဖိတ်ခေါ်ကြော်ငြာသမျှကို လူမှုကွန်ယက်မှာ မမျှဝေဖို့ တော်လှန်ရေးစည်းကမ်းရှိရပါမယ်

ရေဘဝဲ ဖေ့စ်ဘုတ် - https://www.facebook.com/octopusyangon?mibextid=ZbWKwL

ရေဘဝဲ တယ်လီဂရမ် - https://t.me/OCTOPUSMYANMAR

#7Sense #SMWINNER #အချိန်လွန်မိုး
#OCTOPUS #ရေဘဝဲ
Please open Telegram to view this post
VIEW IN TELEGRAM
▪️အာဏာလု ရက်ပေါင်း (၁၀၀၀)

အာဏာလု ရက်ပေါင်း (၁၀၀၀) ပြည့်မယ့် အောက်တိုဘာ (၂၉) ရက်နေ့မှာ စင်ကာပူအစိုးရကို စာပို့ပြီး စင်ကာပူနိုင်ငံကနေ အကြမ်းဖက်စစ်တပ်ကို လက်နက် ရောင်းချနေတာတွေကို တားမြစ် အရေးယူပေးဖို့နဲ့ စင်ကာပူ ဘဏ္ဍာရေးစနစ်တွေ အကြမ်းဖက်စစ်အုပ်စုကို အသုံးပြုခွင့်ပေးနေတာတွေကို ရပ်တန့်ပေးဖို့ တောင်းဆိုသွားကြပါမယ်။

ဒီလှုပ်ရှားမှုမှာ ပြည်သူတစ်ဦးချင်းစီတိုင်း လက်မှတ်ရေးထိုးပြီး ပါဝင်ကြမှာဖြစ်ပါတယ်။

✒️လက်မှတ်ထိုးရန် အောက်ပါလင့်အားနှိပ်ပါ -

https://actionnetwork.org/petitions/c3fbe2d39f1663281b48a93e6c2300e0e9598300?source=direct_link

#DoMoreSingapore #Singapore
#WhatsHappeningInMyanmar
#OCTOPUS #ရေဘဝဲ
လိုင်ဇာမြို့၊မုန်လိုင်ခက် စစ်ဘေးဒုက္ခသည်စခန်းအတွင်း ...
"ဒုန်း" "ဒုန်း" "ဒုန်း" မြည်ဟီးပေါက်ကွဲသံများ၊ အော်ဟစ်ငိုကြွေးသံများသည် ရန်ကုန်မြို့ဂီတပွဲတော်များမှ EDM ဂီတသံများမဟုတ်ခဲ့ပါချေတကား 😀

#whathappeninginmyanmar #Kachin
#Laiza #MungLaiHkyet
#OCTOPUS #ရေဘဝဲ
Please open Telegram to view this post
VIEW IN TELEGRAM
Media is too big
VIEW IN TELEGRAM
❝ ငါတို့ပြန်လာမယ် ❞

ယနေ့ကျရောက်သော နွေဦးတော်လှန်ရေး ရက်ပေါင်း (၁၀၀၀) ပြည့်တွင် ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) မှ ကဗျာဆရာ ကေဇဝင်း၏ " ငါတို့ပြန်လာမယ် " ကဗျာအားရွတ်ဖတ်ခြင်း။ (စတုတ္ထအကြိမ် နွေဦးအောင်လံ ဆုတောင်းပွဲအခမ်းအနားမှ ရုပ်သံ)

ရက်ပေါင်းတစ်ထောင်မှသည် လူထုအောင်ပွဲဆီသို့

ရေဘဝဲ ဖေ့စ်ဘုတ် - https://www.facebook.com/octopusyangon?mibextid=ZbWKwL

ရေဘဝဲ တယ်လီဂရမ် - https://t.me/OCTOPUSMYANMAR

#တော်လှန်အလင်းဆောင်ရက်တစ်ထောင်
#ကေဇဝင်း
#OCTOPUS #ရေဘဝဲ
" ရန်ကုန်မှာပြန်ဆုံမယ် " စာတန်းအား ရွှေတိဂုံစေတီတော် အရှေ့ဘက်စောင်းတန်းတွင် ရေဘဝဲချိတ်ဆွဲ၊
အရပ်ဝတ်များမှ လိုက်လံဖမ်းဆီး

နိုဝင်ဘာ ၂၇၊ရန်ကုန်

လုံခြုံရေးအထူးတင်းကြပ်ထားသည့် ရန်ကုန်မြို့၊ရွှေတိဂုံစေတီတော် အရှေ့ဘက်စောင်းတန်းတွင် ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)မှ ရန်ကုန်မှထွက်ခွာ၍ နိုင်ငံတော်တဝှမ်းနှင့် ကမ္ဘာ့နိုင်ငံအသီးသီးသို့ ရောက်ရှိနေကြသောတော်လှန်ရေးရဲဘော်ရဲဘက်များ၊အကျဥ်းထောင်အသီးသီးသို့ရောက်ရှိနေကြသော နိုင်ငံရေးအကျဥ်းသားရဲဘော်ရဲဘက်များ နှင့် ရန်ကုန်ပြည်သူလူထုတို့ ရန်ကုန်တွင်ပြန်ဆုံကြမည်ဟူသော ရည်ရွယ်ချက်ဖြင့်ရန်ကုန်လူထုနှင့်အတူ "ရန်ကုန်မှာပြန်ဆုံမယ်" စာတန်းအားချိတ်ဆွဲ၍ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။

အဆိုပါ စာတန်းအားချိတ်ဆွဲနေစဥ် ဂေါပကအဖွဲ့ဝင်လုံခြုံရေးများ၏လှုံ့ဆော်မှုဖြင့် အနီးဝန်းကျင်ရှိအရပ်ဝတ်များမှ အော်ဟစ်ဆဲဆိုကာ လိုက်လံဖမ်းဆီးခဲ့ကြသော်လည်း ရေဘဝဲများ ဘေးကင်းလွတ်မြောက်ခဲ့သည်။

ရေဘဝဲ ဖေ့စ်ဘုတ် - https://www.facebook.com/octopusyangon?mibextid=ZbWKwL

ရေဘဝဲ တယ်လီဂရမ် - https://t.me/OCTOPUSMYANMAR

#ရန်ကုန်မှာပြန်ဆုံမယ်
#YangonStrikes #ရန်ကုန်သပိတ်
#OCTOPUS #ရေဘဝဲ
This media is not supported in your browser
VIEW IN TELEGRAM
ရန်ကုန်မြို့တွင် "အာဏာရှင်အလိုကျ ကြိုးဆွဲရာကမင်းတို့ဘဝ" ဟူသောစာသားဖြင့် သရုပ်ပြသပိတ်လှုပ်ရှားမှုပြုလုပ်

၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၂၈)ရက်၊

ရန်ကုန်တွင် "အာဏာရှင်အလိုကျ ကြိုးဆွဲရာက မင်းတို့ဘဝ" ဟူသောစာသားပါ ဘန်နာအား ဖြန့်ခင်းလျက် သရုပ်ပြသပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့သည်။

ယင်းသရုပ်ပြ၊ သပိတ်လှုပ်ရှားမှုတွင် လူထုကြား၌ ဘီလူးခေါင်းဆောင်းထားသော သွေးစွန်းနေသည့်ဝတ်စုံဝတ်ထားသည့် Non-CDM ကျောင်းဆရာမှ ဆုတံဆိပ်ကိုင်ထားသော Non-CDM ကျောင်းသားအား ရုပ်သေးရုပ်ကဲ့သို့ ကြိုးများဖြင့် ထိန်းချုပ်နေသကဲ့သို့ ပုံရိပ်ဖြင့် ကြွေးကြော်သံအော်ပြီး သရုပ်ပြလှုပ်ရှားခဲ့ကြခြင်းဖြစ်သည်။ ယင်းလှုပ်ရှားမှုသည် အာဏာရှင်လက်အောက်မှ ထိန်းချုပ်ခံနေသည့် အဖြစ်ကို စစ်ကောင်စီဘက်တော်သားများနှင့် Non-CDM ကျောင်းသားများအား ကျွန်အဖြစ်မှ ရုန်းထွက်ကြရန်ဆိုလိုပြီး ရက်စက်သောအာဏာရှင်၏ သရုပ်မှန်ကိုဖော်ပြထားခြင်းဖြစ်သည်။

ယင်းလှုပ်ရှားမှုကို အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး (အကလ-မြေပြင်)မှ ဦးဆောင်ထားပြီး ရေဘဝဲ (ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း)၊ Owl Community တို့၏ ညီညွတ်သောမဟာမိတ်လှုပ်ရှားမှုဖြင့် ပြုလုပ်ခဲ့ကြပြီး Youth Scout for Democracy မှ ကင်းထောက်ပံ့ပို့ပေးခဲ့ခြင်းဖြစ်သည်။

ထိုသပိတ်လှုပ်ရှားမှုပြုလုပ်ရာတွင် အကြမ်းဖက်စစ်တပ်၏ အရပ်သားဟန်‌ဆောင်ထားသော စစ်ကျွန်များမှ လိုက်လံဖမ်းဆီးခြင်းရှိပြီး မြေပြင်သပိတ်ရဲဘော်များအနေဖြင့် ဘေးကင်းလွတ်မြောက်ခဲ့ပါသည်။

#YangonStrike
#OCTOPUS #ရေဘဝဲ
🐙 ရန်ကုန်မြို့လယ်ခေါင်တွင် "ရန်ကုန်မှာပြန်ဆုံမယ်" လှုပ်ရှားမှု ရေဘဝဲပြုလုပ်

ရန်ကုန်မြို့လယ်ခေါင်နှင့် လူစည်ကားရာနေရာများတွင် ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)မှ "ရန်ကုန်မှာပြန်ဆုံမယ်" စာတန်းပါအင်္ကျီများဝတ်ဆင်၍ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့ကြသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ပေးဆွဲမှုများ၊ လူသားဒိုင်းအဖြစ်အသုံးချရန် အဓမ္မစစ်တပ်အတွင်းသို့သွတ်သွင်းမှုများကြောင့် လွတ်မြောက်ဒေသ နှင့် ကမ္ဘာ့နိုင်ငံအသီးသီးသို့ ဆန့်ကျင်တိမ်းရှောင်နေကြသူများ၊ အကျဥ်းထောင်များမှ နိုင်ငံရေးအကျဥ်းသားများ၊ မြေပေါ်မြေအောက်တော်လှန်ရေးအင်အားစုများနှင့် ရန်ကုန်တွင် အမြန်ပြန်ဆုံမည့်ရည်ရွယ်ချက်ဖြင့် ရေဘဝဲ အဖွဲ့အစည်းတည်ထောင်ခြင်း ၃ နှစ်ပြည့်လှုပ်ရှားမှုအဖြစ်ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၂၉ ရက်၊ ၂၀၂၄ ခုနှစ်

ရေဘဝဲ ဖေ့စ်ဘုတ် - https://www.facebook.com/octopusyangon?mibextid=ZbWKwL

ရေဘဝဲ တယ်လီဂရမ် - https://t.me/OCTOPUSMYANMAR

#ရန်ကုန်မှာပြန်ဆုံမယ်
#YangonStrikes #ရန်ကုန်သပိတ်
#OCTOPUS #ရေဘဝဲ
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
🟫ရေဘဝဲတွေ မွဲနေပြီ !

ရန်ကုန်မြို့အခြေစိုက် စစ်အာဏာရှင်ဆန့်ကျင်ရေး
လက်နက်မဲ့ နိုင်ငံရေးအန်တုလှုပ်ရှားမှုများ၊သပိတ်တိုက်ပွဲများ
ဆင်နွှဲနေသော ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) သည်တော်လှန်ရေးအသုံးစရိတ်များ လိုအပ်လျက်ရှိပါသည်။

မိဘပြည်သူများအနေဖြင့် ပမာဏနည်းများမဆို
NUGPay ဖြင့်တိုက်ရိုက်ဆက်သွယ် ထောက်ပို့နိုင်ပါကြောင်း မေတ္တာရပ်ခံပန်ကြားအပ်ပါသည်။

ရေဘဝဲ ဖေ့စ်ဘုတ် - https://www.facebook.com/octopusyangon?mibextid=ZbWKwL

ရေဘဝဲ တယ်လီဂရမ် - https://t.me/OCTOPUSMYANMAR

#YangonStrike #ရန်ကုန်သပိတ်
#OCTOPUS #ရေဘဝဲ
Please open Telegram to view this post
VIEW IN TELEGRAM