Kyimyindaing Scout Channel
202 subscribers
394 photos
46 videos
274 links
Download Telegram
လေးကြိမ်မြောက်အခမဲ့သင်တန်း ရေဘဝဲတွေဖွင့်ပြီ 🔔

အမျိုးသမီး၊လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန နှင့် ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) တို့ပူးပေါင်းဖွင့်လှစ်သွားမည့် " ခေတ်လူငယ် "  သင်တန်းအမှတ်စဥ် (၄)

သင်ကြားမည့်ဘာသာရပ်များ

၁)  လူငယ် နှင့် ဂျဲန်ဒါတန်းတူညီမျှမှု
၂) လူငယ် နှင့် ပြည်သူ့နီတိ
၃) လူငယ် နှင့် နိုင်ငံရေး
၄) လူငယ် နှင့် ခေါင်းဆောင်မှု

သင်တန်းကာလ ကြာမြင့်ချိန်

(၂) ပတ်ကျော်

သင်ကြားမည့်အချိန်

မြန်မာစံတော်ချိန် ည (၇:၃၀) နာရီမှ ည (၁၀:၀၀) ထိ

လျှောက်လွှာတင်နိုင်သည့်သူများ

အသက် (၁၆) နှစ်မှ (၂၅) နှစ်ထိ
သင်တန်းအစမှအဆုံးတိုင် ' မပျက်မကွက် '
တက်ရောက်နိုင်သူ မည်သူမဆို

သင်ကြားမည့်ပုံစံ

ZOOM

လျှောက်လွှာ တင်ရမည့်ပုံစံ

Telegram
@OCTOPUSoffice

လျှောက်လွှာ ပိတ်မည့်ရက်

(၁၁.၃.၂၀၂၃)

#ခေတ်လူငယ် #MOWYCA
#OCTOPUS #ရေဘဝဲ
Please open Telegram to view this post
VIEW IN TELEGRAM
👔ပစ်ပြီဟေ့ ချကွာ ငါ-ိုးမရဲတွေ !!!
မိုလိုတော့ဗ်တွေနဲ့ ခုခံကြ 👔

အချိန်ကား မတ်လ ၂၁ရက်၊ ၂၀၂၁ခုနှစ်

အကြမ်းဖက်စစ်ကောင်စီ၏ ကျည်အစစ်ဖြင့်သတ်ဖြတ်မှူများကိုအံတုကာ ပြည်သူလူထုမှ သဲအိတ်ခံတပ် Barricade များတည်ဆောက်၍ မီးရှူးမီးပန်းများ၊မိုလိုတော့ဗ်များဖြင့် ခုခံကာကွယ်နေချိန်ဖြစ်သည်။

နေ့လည် (၁၂:၀၀) နာရီခန့်

" ဟဲလို ရေဘဝဲတွေလား "

" ဟုတ်ပါတယ်၊ပြောပါ"

" ကျွန်တော် xxx ပါ၊ဒီနေ့ခွေးတွေ ကျွန်တော်တို့သပိတ်ကိုလာဖြိုမယ်လို့ သတင်းရထားတယ်။အဲ့ဒါဒိုင်းကာအဖွဲ့အင်အားတွေလိုအပ်နေသေးလို့ ရေဘဝဲတို့အဆင်ပြေရင်လာခဲ့ပါလား "

" ထမင်းကျွေးမှာလားဗျ။ကျွန်တော်တို့တွေဘာမှမစားရသေးဘူးရယ် "

" ကျွေးမှာပေါ့ဗျာ "

" ဟား စတာပါဘဒိုရာ။ရေဘဝဲတွေကပြည်သူတွေအတွက်အမြဲတမ်းအသင့်ပါ။အခုချက်ချင်းကျွန်တော်တို့ထွက်ခဲ့လိုက်မယ် "

ကျွန်တော်ဖုန်းချပြီးသည်နှင့်
" ကဲ ရေဘဝဲတွေအားလုံး အလံတော်၊ဒိုင်းကာ၊မီးရှူးမီးပန်း၊မိုလိုတော့ဗ်တွေယူပါ။ရထားလမ်းအကျော် ဘူတာရုံလမ်းသပိတ်ကိုကာကွယ်ဖို့ချီတက်ကြမယ်ဟေ့ "

ရေဘဝဲရဲဘော်များ တက်ကြွနေကြသည်။ယခင်အပတ် အောက်ဗဟိုလမ်း ဆိုက်ကားဂိတ်သပိတ်အဖြိုခံရပြီးကတည်းကငြိမ်နေကြရသည်မဟုတ်ပါလား။

ဗဟိုလမ်းမှချီတက်ခဲ့ကြပြီး ဘူတာရုံလမ်းရောက်သည်နဲ့ပြည်သူများကျွေးသည့်ထမင်းကို ဗိုက်ဆာဆာနှင့်အရင်ဝင်စားလိုက်ကြသည်။ပဲဟင်း နှင့် ငခြောက်ကျော်ကား အလွန်လိုက်ဖက်လှ၏။

စားပြီးသည်နှင့် သဲအိတ် Barricade ဘက်သို့ထွက်ခဲ့ကြသည်။ဘူတာရုံလမ်းမှ (၂) ရပ်ကွက်ပြည်သူလူထု၏ ပံ့ပိုးမှုအားဖြင့်တည်ဆောက်ထားသော သဲအိတ် Barricade သည် သုံးထပ်ဖြစ်ပြီး သံအိတ်များကြားတွင် သံဇကာကွက်များထည့်ကာ စနစ်တကျတည်ဆောက်ထား၍ သဲအိတ်ပေါ်ရောက်အောင် မနည်းတက်ရသည်။သဲအိတ်များပေါ်သို့ရောက်သောအခါ ဟိန္ဒူ၊အစ္စလာမ် ကာကွယ်ရေးညီနောင်များမှကြိုဆို၍ အမှတ်တရဓါတ်ပုံများရိုက်ယူကြသည်။

မကြာမီ ...
ရွာမကွေ့ AEON Orange ဘက်မှ ဘူဒိုဇာကားတစီးမောင်းလာသည့်တွေ့လိုက်ရသည်။

" ခွေးတွေလာပြီဟေ့။အားလုံးအသင့်ပြင်ထားကြ "

ရပ်ကွက်နေ ဒိုင်းကာအဖွဲ့မှနှိုးဆော်လိုက်သည်နှင့် ရဲဘော်များအားလုံးအသင့်နေရာယူလိုက်ကြသည်။ကြိုတင်စီစဥ်ထားသည့်အတိုင်း ရေဘဝဲရဲဘော်တစ်ဦးမှ သဲအိတ်အလည်တည့်တည့်တွင် ရေဘဝဲအလံတော်ကိုဆိုက်ချလိုက်သည်။

မီးရှူးမီးပန်းကိုင်ထားသောကျွန်တော်၏ဘေးသို့ ရပ်ကွက်နေဒိုင်းကာအဖွဲ့မှခေါင်းဆောင်တစ်ဦးရောက်လာသည်။
" နောက်မှာခွေးတပ်ရင်း ရဲတွေပါတယ်တွေ့လား။ရထားလမ်းနားရောက်လာပြီး သူတို့စပစ်တာနဲ့ဒို့တွေဆော်မယ်"

" အိုခေဗျာ "
ကျွန်တော်ခပ်တိုးတိုးပြန်ဖြေလိုက်သည်။

ရထားလမ်းအကျော် လှိုင်မြို့နယ် (၂) ရပ်ကွက်သည် တိတ်ဆိတ်နေသည်။ပြည်သူများအားလုံးသည် မုန်တိုင်းမလာမီအခြေအနေကို ရင်ဆိုင်ရန်စောင့်ဆိုင်းနေသည့်အလား

" ဒိုင်း "

" ပစ်ပြီဟေ့ ချကွာ ငါ-ိုးမရဲတွေ၊မိုလိုတော့ဗ်တွေနဲ့ခုခံကြ "

" ဖောင်း ဖောင်း ဖောင်း "

အပစ်အခတ်များကြား ခုခံ၍တဖက်ရန်သူအခြေအနေကိုကြည့်လိုက်သောအခါ ခွေးအင်အား (၈၀) ကျော်တက်လာသည်ကိုတွေ့လိုက်ရသည်။

" ခွေတွေများတယ်ဟေ့ သတိနဲ့ခွဲဆုတ် ခွဲဆုတ် "
ကျွန်တော်အော်၍သတိပေးလိုက်သည်။

ရေဘဝဲ နှင့် ရပ်ကွက်နေဒိုင်းကာအဖွဲ့များ မီးရှူးမီးပန်းများဖောက်ကာ မီးသတ်ဆေးဗူးများမှုတ်၍ မြင်ကွင်းကွယ်လိုက်ကြသည်။

ဘလောက်တခုအကွာ ညနေခင်းစျေးအကျော်တွင် ရဲဘော်များပြန်စုလိုက်ကြသည်။ခွေးများကား သဲအိတ် Barricade ကိုဖြိုနေကြပြီဖြစ်သည်။တောက်ခေါက်သံများစီစီညံနေသည့်ရဲဘော်များ ငိုကြွေးသံများကိုကြားနေရသည်။

" ဒါဟာ နွေဦးတော်လှန်ရေးရဲ့အဆုံးသတ် ဇာတ်သိမ်းခန်းမဟုတ်ဘူးရဲဘော်တို့၊သူတို့သဲအိတ်တွေကိုသာဖြိုလို့ရမယ်။ကျွန်တော်တို့ရဲ့တော်လှန်စိတ်ကိုတော့ ဘယ်တော့မှဖြိုချလို့မရဘူး "
ကျွန်တော့်ရှိသမျှစိတ်ခွန်အားကိုထုတ်၍ ရဲဘော်များကိုအားပေးလိုက်သည်။

ရေဘဝဲ ရဲဘော်အကြီးကောင်ကျွန်တော့်အနားရောက်လာသည်။(အကြီးကောင် နိုင်/ကျဥ်း ထောင်ဒဏ် ၁၃ နှစ်)
" ကိုကြီး ခွေးတွေဒီ Barricade ဖြိုပြီးရင်ကျွန်တော်တို့ဆီလာပြီးဖမ်းမှာပဲ။ဘာအကာအကွယ်မှတော့မရှိတော့ဘူး။ဘယ်လိုလုပ်ချင်လဲ "

အနီးရှိရဲဘော်တစ်ဦးချင်းစီ၏မျက်နှာကိုကြည့်ပြီးကျွန်တော်ဆုံးဖြတ်ချက်ချလိုက်သည်။
" တာယာကွင်းတွေမီးရှို့ပြီး သူတို့လာရာကိုလှိမ့်ထား။ငါတို့ရှိသမျှနဲ့ရင်ဆိုင်ကြမယ် "

" ဒိုင်း ဒိုင်း "

...
အပိုင်း (၂) ဆက်ရန်

#OCTOPUS #ရေဘဝဲ
Please open Telegram to view this post
VIEW IN TELEGRAM