Kyimyindaing Scout Channel
202 subscribers
406 photos
46 videos
276 links
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
ရန်ကုန်မြို့တွင် "အာဏာရှင်အလိုကျ ကြိုးဆွဲရာကမင်းတို့ဘဝ" ဟူသောစာသားဖြင့် သရုပ်ပြသပိတ်လှုပ်ရှားမှုပြုလုပ်

၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၂၈)ရက်၊

ရန်ကုန်တွင် "အာဏာရှင်အလိုကျ ကြိုးဆွဲရာက မင်းတို့ဘဝ" ဟူသောစာသားပါ ဘန်နာအား ဖြန့်ခင်းလျက် သရုပ်ပြသပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့သည်။

ယင်းသရုပ်ပြ၊ သပိတ်လှုပ်ရှားမှုတွင် လူထုကြား၌ ဘီလူးခေါင်းဆောင်းထားသော သွေးစွန်းနေသည့်ဝတ်စုံဝတ်ထားသည့် Non-CDM ကျောင်းဆရာမှ ဆုတံဆိပ်ကိုင်ထားသော Non-CDM ကျောင်းသားအား ရုပ်သေးရုပ်ကဲ့သို့ ကြိုးများဖြင့် ထိန်းချုပ်နေသကဲ့သို့ ပုံရိပ်ဖြင့် ကြွေးကြော်သံအော်ပြီး သရုပ်ပြလှုပ်ရှားခဲ့ကြခြင်းဖြစ်သည်။ ယင်းလှုပ်ရှားမှုသည် အာဏာရှင်လက်အောက်မှ ထိန်းချုပ်ခံနေသည့် အဖြစ်ကို စစ်ကောင်စီဘက်တော်သားများနှင့် Non-CDM ကျောင်းသားများအား ကျွန်အဖြစ်မှ ရုန်းထွက်ကြရန်ဆိုလိုပြီး ရက်စက်သောအာဏာရှင်၏ သရုပ်မှန်ကိုဖော်ပြထားခြင်းဖြစ်သည်။

ယင်းလှုပ်ရှားမှုကို အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး (အကလ-မြေပြင်)မှ ဦးဆောင်ထားပြီး ရေဘဝဲ (ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း)၊ Owl Community တို့၏ ညီညွတ်သောမဟာမိတ်လှုပ်ရှားမှုဖြင့် ပြုလုပ်ခဲ့ကြပြီး Youth Scout for Democracy မှ ကင်းထောက်ပံ့ပို့ပေးခဲ့ခြင်းဖြစ်သည်။

ထိုသပိတ်လှုပ်ရှားမှုပြုလုပ်ရာတွင် အကြမ်းဖက်စစ်တပ်၏ အရပ်သားဟန်‌ဆောင်ထားသော စစ်ကျွန်များမှ လိုက်လံဖမ်းဆီးခြင်းရှိပြီး မြေပြင်သပိတ်ရဲဘော်များအနေဖြင့် ဘေးကင်းလွတ်မြောက်ခဲ့ပါသည်။

#YangonStrike
#OCTOPUS #ရေဘဝဲ
🟫ရေဘဝဲတွေ မွဲနေပြီ !

ရန်ကုန်မြို့အခြေစိုက် စစ်အာဏာရှင်ဆန့်ကျင်ရေး
လက်နက်မဲ့ နိုင်ငံရေးအန်တုလှုပ်ရှားမှုများ၊သပိတ်တိုက်ပွဲများ
ဆင်နွှဲနေသော ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) သည်တော်လှန်ရေးအသုံးစရိတ်များ လိုအပ်လျက်ရှိပါသည်။

မိဘပြည်သူများအနေဖြင့် ပမာဏနည်းများမဆို
NUGPay ဖြင့်တိုက်ရိုက်ဆက်သွယ် ထောက်ပို့နိုင်ပါကြောင်း မေတ္တာရပ်ခံပန်ကြားအပ်ပါသည်။

ရေဘဝဲ ဖေ့စ်ဘုတ် - https://www.facebook.com/octopusyangon?mibextid=ZbWKwL

ရေဘဝဲ တယ်လီဂရမ် - https://t.me/OCTOPUSMYANMAR

#YangonStrike #ရန်ကုန်သပိတ်
#OCTOPUS #ရေဘဝဲ
Please open Telegram to view this post
VIEW IN TELEGRAM