Kyimyindaing Scout Channel
202 subscribers
406 photos
46 videos
276 links
Download Telegram
သောကြာနေ့တိုင်း မေးခွန်းတွေရှိနေမယ့် သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုရဲ့ “မေးကြည့်မယ်အစီစဉ်”
…………………………………………………………………………………………………………………………………….

ထိုင်းနိုင်ငံလျှပ်စစ်မီးလင်းရေးသည် မြန်မာနိုင်ငံမှ ပို့ဆောင်နေသော သဘာဝဓာတ်ငွေ့အပေါ်မှီခိုနေသည်ဟု အမေရိကန်အစိုးရနှင့် ထိုင်းအစိုးရပြောသောအချက်မှာမှန်ပါသလား???

၁. မှန်ပါသည် ၂. လုံးဝမှန်ပါ ၃. မှန်ကောင်းမှန်နိုင်ပါသည်

#PTTmustStopPaymentToJunta
#BloodMoneyCampaignMM
တော်လှန်မိတ်ဆွေတို့ရေ
ဖေဖော်ဝါရီလ ၂၈နေ့ထုတ် Nikkie Asia သတင်းပါအချက်အလက်တွေအရ အကြမ်းဖက်စစ်တပ်အနေနဲ့ ၂၀၂၂ခုနှစ်မှာ ထိုင်းနိုင်ငံကို ဓာတ်ငွေ့ရောင်းရငွေစုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၂၄၀၀နှင့် တရုတ်နိုင်ငံသို့ ဓာတ်ငွေ့ရောင်းရငွေ စုစုပေါင်း ဒေါ်လာသန်း ၁၄၀၀ ဟုတွေ့ရပါတယ်။ အကြမ်းဖက်စစ်တပ်အနေနဲ့ ၂၀၂၂ခုနှစ်မှာ စုစု ပေါင်းဒေါ်လာ သန်း ၃၉၀၀ရရှိခဲ့ပါတယ်။
ဒီနေ့ မတ်လ ၂ရက်နေ့ထုတ် Bangkok Post သတင်းမှာ စစ်ရှောင်ပြည်သူ ၁.၆သန်း ရှိပြီး ဖျတ်ဆီးခံရသည့် အိမ်အရေအတွက်မှာ ၅၅၀၀၀ ကျော် ရှိပြီလို့သိရပါတယ်။
အကြမ်းဖက်စစ်တပ်ဆီကို ဒီပိုက်ဆံတွေ ဆီးဝင်နေသရွေ့ ဒီထက်ပိုဆိုးတဲ့ အခြေအနေတွေထပ်ဖြစ်လာပြီး နောင်လာမဲ့ သားစဉ်မြေးဆက် အားလုံး အာဏာရှင်စနစ်ဆိုးကြီးအောက်မှာရှင်သန်ကြီးထွားကြရတော့မှာပါ။
ဒီသွေးစွန်းငွေတွေကို အမြန်ဆုံး ဖြတ်တောက်ကြရအောင်။
#SanctionMOGE
#PTT_MustStopPaymentToJunta
#BloodMoneyCampaignMM
Media is too big
VIEW IN TELEGRAM
သောကြာနေ့တိုင်း မေးခွန်းတွေရှိနေမယ့် သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုရဲ့ “မေးကြည့်မယ်အစီစဉ်”
…………………………………………………………………………………………………………………………………….

အကြမ်းဖက်စစ်တပ်မှ တရားမဝင် ထိန်းချုပ်ထားသော ရေနံတူးဖော်ရေးလုပ်ကွက်များတွင် တူးဖော်ရေးဝန်ဆောင်မှု ပေးသည့် ကုမ္ပဏီ....................ခု ရှိပါသည်။

၁. ၁၀ ခု ၂. ၁၂ ခု ၃. ၂၂ ခု

အဖြေများကို Comment တွင် ဆွေးနွေးနိုင်ပါသည်။
#SanctionMOGE
#PTT_MustStopPaymentToJunta
#BloodMoneyCampaignMM
စနေနေ့တိုင်း အဖြေတွေပေးနေမယ့် သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုရဲ့ “မေးကြည့်မယ်အစီစဉ်”
…………………………………………………………………………………………………………………………………….

၃. ၂၂ ခု

အကြမ်းဖက်စစ်တပ်မှ တရားမဝင် ထိန်းချုပ်ထားသော ရေနံတူးဖော်ရေးလုပ်ကွက်များတွင် တူးဖော်ရေးဝန်ဆောင်မှု ပေးသည့် ကုမ္ပဏီ ၂၂ ခု ရှိပါသည်။

#PTTmustStopPaymentToJunta
#BloodMoneyCampaignMM
တော်လှန်မိတ်ဆွေတို့ရေ

Café Amazon Kan Thar Yar ကတော့ ကျွန်တော်တို့အားလုံး ဝိုင်းပြီး နာမည်ပြောင်းတာ အောင်မြင်ခဲ့ပါပြီ။

Bloody Café လို့နာမည်ပြောင်းသွားခဲ့ပါပြီ။ အားလုံးရဲ့ စုပေါင်းမှုနဲ့ လုပ်ဆောင်နိုင်ခဲ့ပါပြီ။

#PTT_MustStopPaymentToJunta
#Boycott_CafeAmazon
#BloodMoneyCampaignMM
မတ်လ ၂၃ ရက်နေ့တွင် အမေရိကန်အစိုးရ၏ ဒဏ်ခတ်ပိတ်ဆို့မှု ပြုလုပ်ခဲ့သည့်အပေါ် သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှု၏ သဘောထားထုတ်ပြန်ချက်။

#BloodMoneyCampaignMM
Media is too big
VIEW IN TELEGRAM
သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုမှပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် မိတ်ဆက်ခဲ့သော video

#BloodMoneyCampaignMM
အကြမ်းဖက်စစ်တပ်ရဲ့ တစ်နှစ်တာ စစ်အသုံးစရိတ်က ဒေါ်လာ သန်းပေါင်း ၁၈၀၀ခန့်ရှိတယ်လို့ တိကျစွာသိရှိရပါတယ်။ အကြမ်းဖက် စစ်တပ်ရဲ့ ၂၀၂၃-၂၀၂၄ ခုနှစ် ဘဏ္ဍာငွေအသုံးပြုမှု ထုတ်ပြန်ချက်အရ ပြည်သူကို အကြမ်းဖက်သတ်ဖြတ်နိုင်ဖို့ စစ်အသုံးစရိတ် ကျပ်ဘီလီယံ ၅၆၀၀ ကျော်အထိ တိုးမြှင့် သုံးစွဲမယ်လို့လည်းတွေ့ရှိရပါတယ်။ ဒီလောက်ဝင်ငွေတွေကို သုံးနိုင်သရွှေ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေကလည်း နေ့စဉ်နှင့်မျှ ဆိုသလို ပိုမိုဆိုးရွားနေဦးမှာပဲဖြစ်ပါတယ်။ အကြမ်းဖက်စစ်တပ်ရဲ့ ဝင်ငွေတွေကို ဖြတ်တောက်နိုင်ဖို့ တော်လှန်ပြည်သူတိုင်း သွေးစွန်းငွေဖြတ်တောက်ရေးမှာ ပါဝင်ပေးကြဖို့လိုအပ်ပါတယ်။

#Sanction_MOGE
#PTT_MustStopPaymentToJunta
#FreezePaymentToJuntaAndSaveMyanmar
#Keep_InEscrowAccount
#WhatsHappeningInMyanmar
#BloodMoneyCampaignMM
ငယ်ရွယ်လတ်ဆတ်တဲ့ အူတွေ အသည်းတွေ ကလီစာတွေ ရမယ်နော်။ လူမျိုး ဘာသာ မရွေးတဲ့ အသွေးအသားတွေကိုလဲ စိတ်ကြိုက် စားသုံးလို့ရအောင် စီစဉ်ထားပါတယ်။ အသက်အရွယ်ကြီးရင့်သူတွေရဲ့ နှလုံးကို စားချင်လား၊ ဦးနှောက်ကို စားမလား၊ ခလေးငယ်ငယ်လေးတွေရဲ့ အရိုးနုလေးတွေကို စားမလား။ လိုချင်တာ ရစေရမယ်နော်။

ဒီလိုတွေ စားသောက်နိုင်ဖို့အတွက်

Myanmar Beer၊ Andaman Gold၊ Army Rum၊ Dragon Beer၊ Black Shield Stout စတာတွေ သောက်ဖို့ လိုအပ်ပါတယ်။
Internet data သက်သာတဲ့ Mytel SIM cardတွေ သုံးဖို့ လိုပါတယ်။
Boycott ထားတဲ့ ကုန်ပစ္စည်းတွေကို ရှောင်ဖို့လဲ မလိုအပ်ပါဘူး။ ဖယ်ကြဉ်ခံထားရဖို့ ထိုက်တန်တဲ့ လူတွေကိုလဲ ဖက်လဲတကင်း Social Punishment လုပ်ဖို့ မလိုအပ်ပါဘူး။

တော်လှန်ရေးအတွက် ကူစရာမလိုပဲ စစ်အာဏာရှင်အတွက် ပိုမိုလိုအပ်တဲ့ ငွေကြေးလမ်းကြောင်းကို ကူညီထောက်ပံ့ပေးရုံနဲ့ ဒီလို အသွေးအသားတွေကို သင်လဲ ထပ်တူ စားသုံးနိုင်ပါပြီ။

အူစုံတွေ ရမယ်နော်။
Cafe Amazon မှာထိုင်ပြီးလဲ စားသောက်လို့ ရပါတယ်။ PTT ဆီဆိုင်တွေမှာ ဆီဖြည့်ရင်း အော်ဒါတင်လို့ ရပါတယ်။ online ကနေ Delivery များဖြင့် လူကြီးမင်းတို့ မျက်စိရှေ့ အရောက် ပို့ဆောင်ပေးပါတယ်။နီလာရိုးမ၊ ရွှေဗျိုင်းဖြူ၊ New Day ၊ Star Height တွေမှာ ဆီဖြည့်ပါ။

ဒီလိုတွေ လုပ်ဆောင်နေရင်တော့ သင်လဲ သွေးသံတရဲရဲ လတ်ဆတ်နေတဲ့ အသွေးအသားတွေကို စားသုံးနေပါပြီ။

ယခု နွေဦး တော်လှန်ရေးတွင် ကျဆုံးခဲ့ရသူ စုစုပေါင်း အရေအတွက်မှာ ( 3447 )ဦး ရှိပြီဖြစ်ကြောင်း AAPPက ဖော်ပြထားပါတယ်။

#WhatsHappeningInMyanmar
#BloodMoneyCampaignMM
သောကြာနေ့တိုင်း မေးခွန်းတွေရှိနေမယ့် သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုရဲ့ “မေးကြည့်မယ်အစီစဉ်”
…………………………………………………………………………………………………………………………………….

PTT ကုမ္ပဏီမှ အကြမ်းဖက်စစ်တပ်ထံပေးနေသော ငွေကြေးများရပ်တန့်နိုင်ရေး ဖိအားပေးလုပ်ဆောင်မှုတွင်.......................များပါဝင်လာရေးသည် အလွန်အရေးကြီးပါသည်။

၁. ထိုင်းနိုင်ငံသားများ ၂. အမေရိကန်နိုင်ငံသားများ ၃. ထိုင်းရောက်မြန်မာနိုင်ငံသားများ

#WhatsHappeningInMyanmar
#BloodMoneyCampaignMM
တော်လှန်ပြည်သူများခင်ဗျာ

လာမည့် မေလ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့အထိ ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့မှာ ကျင်းပပြုလုပ်မယ့် G7 နိုင်ငံများ အစည်းအဝေးသို့ မြန်မာနိုင်ငံသားများရဲ့ အသံများကို ကိုယ်စားပြုတဲ့ တောင်းဆိုချက်တွေ ပါဝင်တဲ့ အိတ်ဖွင့် ပေးစာတစ်စောင်ကို ပေးပို့သွားမှာဖြစ်ပါတယ်ခင်ဗျာ။ ဒီအိတ်ဖွင့်ပေးစာ ပေးပို့တဲ့ နေရာမှာ တော်လှန်ပြည်သူတစ်ဦးချင်းစီရဲ့ လက်မှတ်တွေနဲ့အတူ ပေးပို့သွားမှာ ဖြစ်ပါတယ်ခင်ဗျာ။ ဒါ့ကြောင့် မိတ်ဆွေတို့ တစ်ဦးယောက်ချင်းစီတိုင်း လက်မှတ် များပါဝင်ရေးထိုးပေးပါရန် အထူးပင် မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ…

Deadline : 12.5.2023 (မြန်မာစံတော်ချိန် ည ၁၂ နာရီ)
Petition link : https://actionnetwork.org/petitions/g7-leaders-take-strong-action-to-stop-massacre-in-myanmar

ရေးသားပေးပို့မည့်စာ - 👇 Comment တွင်ဖတ်ရှုနိုင်ပါသည်👇

#BloodMoneyCampaignMM
United Overseas Bank (UOB) ဘဏ်အနေဖြင့် မြန်မာနိုင်ငံရှိဘဏ်များနှင့် ဆက်ဆံရေးဖြစ်တောက်လိုက်သည့်ဆုံးဖြတ်ချက်အပေါ် သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှု၏ သဘောထားထုတ်ပြန်ချက်။📣📣📣📣📣📣📣📣

#BloodMoneyCampaignMM
🛑🛑တော်လှန်မိတ်ဆွေများခင်ဗျာ🛑🛑

မိတ်ဆွေတို့ရဲ့ Facebook အကောင့်တွေကို အသုံးပြုပြီး စင်ကာပူ အစိုးရအဖွဲ့ ဝင်တွေရဲ့ Facebook post တွေမှာ comment ပေးတဲ့ ၃ရက်တာ လှုပ်ရှားမှုမှာ ယနေ့က ဒုတိယနေ့ဖြစ်ပါတယ်။

💯💯💯လှုပ်ရှားမှုရဲ့ ဒုတိယနေ့မှာတော့ အောက်မှာပေးထားတဲ့ စင်ကာပူလက်ထောက်ဝန်ကြီးချုပ် Lawrence Wong Facebookလေးကို အားလုံးအတူတူ ပုံနဲ့စာကို Commentသွားပေးကြရအောင်။

Comment ပေးရမည့် link

👇👇👇👇👇👇👇

https://www.facebook.com/LawrenceWongST/posts/pfbid0Z7StR7aZHqfv3YpdETo4c7DUr9P6f3QUkwnHgayJZrznAMsjcRkVv2Dj7dCeBZSBl

ရေးရမည့်စာသားကို comment တွင် ဖော်ပြထားပါသည်

#DoMoreSingapore #NoMoreDirtyDeal
#BloodMoneyCampaignMM
🛑🛑တော်လှန်မိတ်ဆွေများခင်ဗျာ🛑🛑

မိတ်ဆွေတို့ရဲ့ Facebook အကောင့်တွေကို အသုံးပြုပြီး စင်ကာပူ အစိုးရအဖွဲ့ ဝင်တွေရဲ့ Facebook post တွေမှာ comment ပေးတဲ့ ၃ရက်တာ လှုပ်ရှားမှုမှာ ယနေ့က တတိယနေ့ဖြစ်ပါတယ်။

💯💯💯လှုပ်ရှားမှုရဲ့ တတိယနေ့မှာတော့ အောက်မှာပေးထားတဲ့ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းရဲ့ Facebook ပိုစ့်လေးကို အားလုံးအတူတူ ပုံနဲ့စာကို Commentသွားပေးကြရအောင်။

Comment ပေးရမည့် link

👇👇👇👇👇👇👇

https://www.facebook.com/100044284156667/posts/837521441067320/?substory_index=827114325809689&mibextid=cr9u03

ရေးရမည့်စာသားကို comment တွင်ဖော်ပြထားပါသည်။

#DoMoreSingapore #NoMoreDirtyDeal
#BloodMoneyCampaignMM
စင်္ကာပူအစိုးရအနေဖြင့် အကြမ်းဖက်စစ်အုပ်စု၏ ငွေကြေးလမ်းကြောင်း ပိတ်ဆို့လိုက်သလို စစ်အုပ်စု အကြမ်းဖက်နိုင်ရန် အထောက်အပံ့ဖြစ်စေမည့် လက်နက်များ၊ ဆက်စပ်ပစ္စည်းများ နှင့် နည်းပညာများကို ပိုမိုထိရောက်သည့် ပိတ်ဆို့မှုမျိုးဖြစ်လာစေရန် ပြည်သူလူထု၏ လက်မှတ်များနှင့် အိတ်ဖွင့်ပေးစာ ထပ်မံပေးပို့သွားမည် ဖြစ်ပါသည်။

လက်မှတ်ထိုးပါဝင်ရန် အောက်ပါ လင့်ခ် ကိုနှိပ်ပါ။

https://actionnetwork.org/petitions/c3fbe2d39f1663281b48a93e6c2300e0e9598300?source=direct_link&

#DoMoreSingapore#WhatsHappeningInMyanmar
#BloodMoneyCampaignMM
သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှု အဖွဲရဲ့ "မေးကြည့်မယ်" အစီအစဉ်

အဖြေ

ခရိုနီတေဇအပါအဝင် မသမာသူစာရင်းဝင်သည့် ခရိုနီ (၉) ဦးသည် ......နိုင်ငံ၏ စီးပွားရေးလုပ်ကိုင်ရ လွယ်သည့် အခြေအနေကို အသုံးပြုကာ အကြမ်းဖက်စစ်တပ်အား လက်နက်များနှင့် ငွေကြေးများထောက်ပံ့ပေးလျက်ရှိပါသည်။

(၃) စင်ကာပူနိုင်ငံ

#DoMoreSingapore #Singapore
#BloodMoneyCampaignMM
အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ
တော်လှန်ရေးခရီး အဆုံးထိသွားကြစို့


တလှိုင်းပြီး တလှိုင်း လာမယ် …

#SanctionMOGE
#WhatsHappeningInMyanmar
#BloodMoneyCampaignMM
Media is too big
VIEW IN TELEGRAM
၃ နှစ်ပြည့်သည်အထိ အာဏာတည်ဆောက်မရတဲ့ စစ်အာဏာရှင် နဲ့
၃ နှစ်ထိတိုင် မဆုတ်မနစ် တော်လှန်နေတဲ့ ပြည်သူများ

#3yrCoupAttempt #2024 #SpringRevolution_3rdAnniversary
#အဆုံးသတ်အောင်ပွဲဆီ_လူထုလှိုင်းတွေနဲ့တက်စုံဖွင့်ရွက်ကုန်လွှင့်ချီ
#GSCB
#BloodMoneyCampaignMM