Kyimyindaing Scout Channel
202 subscribers
394 photos
46 videos
274 links
Download Telegram
Forwarded from Y.S.D Scout Channel
" စစ်တပ်​ထောက်တိုင် စီးပွား​ရေးလုပ်ငန်းဖြစ်​သော မြန်မာပလာဇာကိုဆက်လက်သပိတ်​မှောက်ကြ " ✊️✊️✊️

၂၅ ရက် / နိုဝင်ဘာလ ၂၀၂၂

ပြီးခဲ့​သော ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်တွင် Myanmar Plaza အတွင်း၌ ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်ခဲ့သော လူငယ်တစ်ချို့အား Myanmar Plaza ၏ဝန်ထမ်းများက ရည်ရွယ်ချက်ရှိရှိ ကိုယ်ထိလက်ရောက်ကျုးလွန်ကာ ရိုက်နှက်ကန်​ကျောက်၍ ဖမ်းဆီးပြီး အကြမ်းဖက်စစ်တပ်ထံသို့ လူငယ်များအားအပ်နှံခဲ့ပါသည်။ ထိုနေ့မှစ၍ Myanmar Plaza အားအကြမ်းဖက်စစ်တပ်​ထောက်တိုင်စီးပွားရေးအဖွဲ့အစည်းအဖြစ် သတ်မှတ်ကာ ပြည်သူတစ်ရပ်လုံးက စည်းစည်းလုံးလုံးနှင့် Boycott ခဲ့သည်မှာ ယ​နေ့တွင်တစ်နှစ်ပြည့်​မြောက်ခဲ့ပြီဖြစ်သည်။

လက်ရှိအချိန်ထိလည်း boycott လှုပ်ရှားမှုအတွင်းတက်ကြွစွာပါဝင်နေသော ပြည်သူအများလည်းရှိနေဆဲဖြစ်သလို၊ ကိုယ့်အသားမထိသရွေ့တကယ်မနာတတ်သော သူတွေသည်လည်းသွားရောက်လည်ပတ်ပျော်ပါးလျှက်ရှိ​နေသည်ကို​တွေ့မြင်ရပါသည်။

မိဘပြည်သူများခင်ဗျာ... စစ်အာဏာရှင်အလိုကျ ရမ်းကားပြီး ပြည်သူအားဖိနှိပ်ခြင်းပြုသော အရာမှန်သမျှကိုဆက်လက်တော်လှန်ပုန်ကန်၍ အမှန်တရားဘက်တော်သားများအဖြစ်ခံယူကာ လိပ်ပြာသန့်သန့်ရှင်သန်နေထိုင်ဖို့ တိုက်တွန်းနှိုးဆော်အပ်ပါသည်။

#MyanmarPlazaboycott
#YSD