Kyimyindaing Scout Channel
202 subscribers
394 photos
46 videos
274 links
Download Telegram
"(၁၀၃)နှစ်ပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် မြေပြင်သပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့"

၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(၇)ရက်၊ အကလ(မြေပြင်)

ယနေ့ ၁၃၈၅ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက် (၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ၇ရက်) တွင် ကျရောက်သည့် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် လူထုဒေါ်အမာ၏ အဆိုအမိန့်ဖြစ်သည့် "အာဏာရှင်ဆိုတာ ဘယ်တော့မှ အရှင်မထွက်ဘူး" ဟူသော စာသားပါ ဘန်နာကို အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး (အကလ-မြေပြင်) ရဲဘော်များက အာဏာလုစစ်ကောင်စီတပ်မှ လုံခြုံရေးတင်းကြပ်ထားသည့် ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်တစ်နေရာတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုံ့ဆော်မှုအနေဖြင့် ချိတ်ဆွဲခဲ့သည်။ ထိုမြေပြင်လှုပ်ရှားမှုကို Youth Scout for Democracy (YSD) မှလည်း ကင်းထောက်ပံ့ပိုးမှုဖြင့် ပါဝင်ကူညီအားဖြည့်ပေးခဲ့သည်။

#၁၀၃နှစ် #အမျိုးသားအောင်ပွဲနေ့ #လူထုဒေါ်အမာ #အာဏာရှင်ဆိုတာဘယ်တော့မှအရှင်မထွက်ဘူး #အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး #အကလ_မြေပြင် #BESYA #YouthScoutForDemocracy #YSD