နိုင်စိုးနှင့် အမျိုးများ
4K subscribers
788 photos
242 videos
12 files
120 links
ြဖစ်လေသမျှ
Download Telegram
Media is too big
VIEW IN TELEGRAM
"အနှူတောက အနှူ"
----------------------

ဒီအဆိုတော်၊ ဒီသီချင်း၊ ဒီအဖွဲ့
ကို သိရင် မင်း...အကောင်ပဲ။

အစ်ကိုကတော့ သူတို့
သီချင်းတွေနဲ့ လူဖြစ်ခဲ့
တယ်ပေါ့။

ကိုယ်တိုင်ရေး၊ ကိုယ်တိုင်တီး၊
ကိုယ်တိုင် သီဆိုသူ သူ့လိုလူ
မျိုး ကမ႓ာမှာ လက်ချိုးရေတွက်
လို့ ရတဲ့အထဲ သူက ထိပ်ဆုံး
ပါ။

လွန်ခဲ့တဲ့ (၄၅) နှစ်၊ (၁၉၇၉) ခုနှစ်
ဂျာမဏီမှာ ဖျော်ဖြေခဲ့တာကို မှတ်
တမ်းတင်ထားတဲ့ စင်တင်ပွဲပါ။

အဲ့ဒီခေတ်က အရည်အသွေးမျိုး
ကိုတောင် ရွာထဲက ခိုးဆိုသူတွေ
မီနိုင်ဖို့ ဝေးနေပါသေးတယ်။

ဒါနဲ့နှိုင်းယှဉ် နားထောင်မိလျှင်
စိုင်းထီးစိုင်၊ ထူးအိမ်သင် ဘာညာ
ကလွဲလို့ ရွာထဲက အတော်ဆိုချင်
သူတွေ၊ အတီးဘာညာ ဆိုတာ
တွေဆိုတာ အနှူတောက အနှူ
တွေလို့ ပြောရမယ်သာ။

အနုမရှိတဲ့ အလုအယက် ပညာ
သူခိုးတွေလို့ ဆိုမယ်ဆို ဆိုနိုင်
ပါတယ်။

6th April 2024
(Andrew Soe)
Media is too big
VIEW IN TELEGRAM
"ဖြစ်၊ ပျက်"
-------------

မနက်ဖြန် "အလုံးစုံ နေကြတ်ခြင်း
(Total Solar Eclipse) ဖြစ်မယ်။

ဒီလို နေကြတ်ခြင်းကို အဓိက
မြင်ရမယ့်နိုင်ငံက အမေရိကန်
ပြည်ထောင်စုဖြစ်ပြီး ပြည်နယ်
(၁၅) ခုကနေ တိုက်ရိုက်မြင်ရ
မယ်။

နှစ်ပေါင်း (၄၀၀) မှာ တစ်ခါ
ဖြစ်သည့် ဒီနေကြတ်ခြင်းကို
တိုက်ရိုက်မြင်ရတဲ့နိုင်ငံက
ဆိုးကျိုးတွေ ဖြစ်နိုင်တယ်လို့
ပညာရှင်တွေ ပြောသလို
ယနေ့ ကမ႓ာ့အခင်းအကျင်း
ကလည်း တတိယ ကမ႓ာစစ်
ကို ဦးတည်နေတာမို့၊ ဒီလို
စစ်ဖြစ်အောင် လုပ်နေတာ
ကလည်း အမေရိကန်တွေ
ဖြစ်နေတာကြောင့် သူတို့
ပျက်စီးဖို့ ဖြစ်လာတာ ဝမ်း
နည်းစရာ မရှိပေမယ့် နိုင်ငံ
ကြီး ဖြစ်လို့ တစ်နွယ်ငင်
တစ်စင်ပါ အခြားနိုင်ငံတွေပါ
ကူးစက်ပြီး ဆိုးကျိုးတွေ ဖြစ်
လာနိုင်စရာ ရှိပါတယ်။

နတ်ဖြန် ချက်ချင်းကြီး ဖြစ်မယ်၊
ပျက်မယ်လို့ ဆိုလိုတာ မဟုတ်
ဘူး။ အလုံးစုံ ပျက်ခြင်း အစပြု
မယ်လို့ ဆိုလိုရင်းဖြစ်တယ်။

နောက်ဆုံးမတော့ စိတ်ကူးယဉ်
ဘုရားမဟုတ်တဲ့ ဗုဒ္ဓဟောသလို
ဖြစ်၊ ပျက်ပါပဲကွယ်။

(Andrew Soe)
7th April 2024
"တတိယ ကမ႓ာစစ်ဆီသို့"
----------------------------

နေကြတ်ပြီး (၅) ရက်အကြာ
ရွာထဲ သင်္ကြန်အကြိုနေ့မှာ
ပဲ အီရန်က "ဂတိသစ္စာ စစ်
ဆင်ရေး (Operation True
Promise)" အမည်နှင့်
အစ္စရေးလ်ကို ဒုံးပျံအပါအဝင်
ဒရုန်းပေါင်း (၂၀၀) ကျော်နှင့်
စတင်တိုက်ခိုက်ခဲ့ပြီး အရှေ့
အလယ်ပိုင်းဒေသတင်မက
ကမ႓ာစစ်ကြီးကိုပါ ဦးတည်
စေနိုင်တဲ့ စစ်ပွဲကြီးကို စတင်
လိုက်ပါပြီ။

အစ္စရေးလ် (ဂျူး) တွေ
အနောက်မှာ အမေရိကန်
နှင့် ဥရောပ နိုင်ငံကြီးတွေ
ရှိသလို အီရန်ဘက်မှာလည်း
ရုရှ၊ တရုတ်၊ မြောက်ကိုရီး
ယားတင်မက ချာတိတ်
တပည့် အငယ်ဆုံး ဗမာ
လည်း ဝတ်ကြီး ဝတ်ငယ်
ပြုစုရင်း ပါလာနိုင်ပါတယ်။

ယီမင်နိုင်ငံက ဟူသီတွေ
ကတော့ မြေပြင် စစ်သား
(၄) သိန်း အီရန်ကို ကူညီဖို့
အဆင်သင့်ရှိနေသလို အီရန်
က စစ်သားတွေနှင့်ပေါင်းရင်
အီရန်ဖက်မှာ စစ်သည်ဦးရေ
(၁.၆) သန်း ရှိပါတယ်။ အစ္စ
ရေးးလ်ဖက်မှာတော့ သူ့တို့
တဝတ် ခွန်နှစ်သိန်းခွဲခန့် ရှိ
ပါတယ်။

အခုလောလောဆယ်တော့
အီရန်ဘက်ကနေ အခိုင်အမာ
ရပ်တည်ပြီး လက်တွေ့ပါဝင်
ကိုယ်ထိလက်ရောက် တိုက်
ခိုက်ပေးနေတာကတော့
ဟားမတ်စ်၊ ဟဇ်ဘိုလာ၊
ဟူသီတို့ဖြစ်ပြီး ဂျူးတွေ
ဘက်မှာတော့ အမေရိကန်က
ဘုရားဝတ္တကမြေ ဂျေရူဆလာမ်
နှင့် အနောက်ဖက်ကမ်း (West
Bank) ကို ဝင်လာတဲ့ ဒရုန်းနှင့်
ဒုံးပျံတွေကို ကူညီဖျက်ပေးနေ
ပါတယ်။

အစ္စရေးလ်ဖက်က ကြေညာမှု
အရ ခလေးငယ်တစ်ဦးသာ
ဒါဏ်ရာရတယ်လို့ ပြောပေ
မယ့် ဒီထက်မက ဆုံးရှုံးမှု
ရှိနိုင်ပါတယ်။

ဒီစစ်ပွဲကနေ တတိယ ကမ႓ာ
စစ်ကြီးအထိ ဖြစ်လာနိုင်တာ
မို့ ရင်တမမပါပဲ။

ဒီလိုအချိန်အခါသမယကို
အခွင့်ကောင်းယူပြီး ရုရှက
(Kyiv, Lviv, Kharkiv နှင့်
Odesa) ကို ဒုံးပျံပေါင်း
(၅၀) နီးပါးနှင့် တိုက်ခိုက်
ခဲ့ပြီး "အိုဒက်ဆာ (Odesa)"
ကျရင် ယူကရိမ်း ပင်လယ်
ထွက်ပေါက် ပိတ်ပါပြီ။

ရွာထဲမှာတော့ ၂၀၂၄ ခုနှစ်
အတာသင်္ကြန်အောက်မှာ
အချင်းချင်း သတ်ဖြတ်လို့
ကောင်းနေကြတုန်းပဲလို့
ဆိုရမည်သာ။

(Andrew Soe)
14th April 2024
Media is too big
VIEW IN TELEGRAM
"တတိယ ကမ႓ာစစ်ဆီသို့"
---------------------------——
Media is too big
VIEW IN TELEGRAM
"Love Me With All Your Heart"
--------------------------------------

(Engelbert Humperdinck)

#Love me with all of your heart
That's all I want, love
Love me with all of your heart or not at all

Just promise me this
That you'll give me all your kisses
Every winter, every summer, every fall
When we are far apart or when you're near me
Love me with all of your heart as I love you

#Don't give me your love
For a moment, or an hour
Love me always as you've loved me from the start
With every beat of your heart

#Just promise me this
That you'll give me all your kisses
Every winter, every summer, every fall
When we are far apart or when you're near me
Love me with all of your heart as I love you

#Don't give me your love
For a moment or an hour
Love me always as you've loved me from the start
With every beat of your heart........

(Andrew Soe)
21st April 2024
Media is too big
VIEW IN TELEGRAM
"နားထောင်ကြည့်"
--------------------

မိုးပြာဆရာတော် ရှင်ဉာဏ
ပြောတဲ့ `ဝဋ်´ နှင့် ဘုရား
သခင်ဝါဒ ယုံကြည်မှုကို
နားထောင်နိုင်တဲ့သူဟာ
သမရိုးကျ၊ မိရိုးဖလာ
နှစ်ထောင်ချီ ဂျင်းအထည့်
ခံထားရတာတွေကို ရှောင်
ရှားနိုင်တဲ့သူ ဖြစ်ဖို့လိုသလို
စာပေကျမ်းဂံအချို့ကိုလည်း
အတော်လေး နှံ့နှံ့စပ်စပ်
ဖတ်ထား၊ နားလည်သူဖြစ်မှ
သူပြောတာကို ရေးရေး မြင်
မယ်။

ခုခေတ် အူကြောင်ကြား၊
ပဒတ်တွေ၊ အရိုင်းတွေ
နားမလည်နိုင်မှာ အသေ
အချာပဲလို့ ဒဲ့ပြောရဲတယ်။

(Andrew Soe)
28th April 2024
`ကတ္တရာမြို့တော် (Asphalt City)´
--------------------------------------——-

ကမ႓ာကျော် ဟောလိဝုဒ် မင်းသားကြီး
`Sean Penn (ရှောင်ပန်းန်)´ ကို စသိ
ခဲ့တာ ၁၉၈၉-ခုနှစ်က ရိုက်ခဲ့တဲ့ အမေ
ရိကန်တွေရဲ့ ဗီယက်နမ်နိုင်ငံကို ကျူး
ကျော်စစ်အတွင်း အမေရိကန် တပ်စု
တစ်စုရဲ့ ရက်စက်မှု အဖြစ်အပျက်
တစ်ခုကို ပြန်လည်အသက်ဝင်အောင်
ရိုက်ပြခဲ့တဲ့ `Casualties of War´ နှင့်
စသိခဲ့တာဖြစ်ပါတယ်။
`ကတ္တရာမြို့တော် (Asphalt City)´
---------------------------------------

ကမ႓ာကျော် ဟောလိဝုဒ် မင်းသားကြီး
`Sean Penn (ရှောင်ပန်းန်)´ ကို စသိ
ခဲ့တာ ၁၉၈၉-ခုနှစ်က ရိုက်ခဲ့တဲ့ အမေ
ရိကန်တွေရဲ့ ဗီယက်နမ်နိုင်ငံကို ကျူး
ကျော်စစ်အတွင်း အမေရိကန် တပ်စု
တစ်စုရဲ့ ရက်စက်မှု အဖြစ်အပျက်
တစ်ခုကို ပြန်လည်အသက်ဝင်အောင်
ရိုက်ပြခဲ့တဲ့ `Casualties of War´ နှင့်
စသိခဲ့တာဖြစ်ပါတယ်။

ငယ်စဉ်ကနေ ယခုအထိ ကြုံကြိုက်
တိုင်း အကြိမ်ကြိမ်အခါခါ ပြန်ကြည့်
မိတဲ့ ရုပ်ရှင်ကားကောင်း တစ်ကား
ပေါ့။

အဲ့ဒီနောက်ပိုင်း ဟောလိဝုဒ် ရုပ်ရှင်
လောကရဲ့ ဆရာကြီး `ရောဘတ်
ဒီနီရိုး (Robert De Niro)´ နှင့်
တွဲပြီး`We're No Angels´ဆိုတဲ့
ဇာတ်ကားကို ကြည့်ရတယ်။

ဟာသ အသောတွေနဲ့ မမေ့နိုင်တဲ့
ဇာတ်ကားကောင်း တစ်ကားပေါ့။

အဲ့ဒီဇာတ်ကားမှာ မင်းသမီးကြီး
`ဒေမီမိုး (Demi Moore)´ ဆို
ဆယ်ကျော်သက်သာသာ ရေ
ဆေးငါးကြီးပေါ့လေ။

(၁၉၉၇) ခုနှစ်မှာ `She's So
Lovely´ ထွက်လာပြီး (၁၉၉၆)
ခုနှစ်မှာ လက်ထပ်ခဲ့တဲ့ သူ့မိန်းမ
`ရော်ဘင်ရိုက် (Robin Wright)´
က အဓိက သရုပ်ဆောင် မင်း
သမီး အဖြစ် ပါဝင်ခဲ့သလို
ဇာတ်ကားက အတော်ကြမ်း
တာ၊ သူ့မိန်းမကို မုဒိန်းကျင့်
ခန်းတွေကိုပါ ထည့်ရိုက်ပြပစ်
တာများ ရက်စက်လွန်းရာ ကျ
သလားလို့ ကိုယ့်နှလုံးသားနဲ့
တိုင်းတာမိပြီး၊ ခံစားရခက်၊
ဘဝင်မကျမိတဲ့အထိပါ။

ဒါပေမယ့် `ရော်ဘင်ရိုက်´ က
သူ့ရဲ့ ဒုတိယ ဇနီးသာဖြစ်ပြီး
ပထမဆုံး ဇနီးသည်က ကမ႓ာ
ကျော် အဆိုတော်၊ သရုပ်ဆောင်
မင်းသမီး `မက်ဒေါနား (Madon
- na)´ ဖြစ်ပါတယ်။

သူသရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်တွေ
အကြောင်း ပြောရရင် ဆုံးမယ်
မထင်ပါ။

အခုပြောချင်တာက ပြီးခဲ့တဲ့
နှစ်က ထွက်ခဲ့တဲ့ `ကတ္တရာမြို့
တော် (Asphalt City)´ ရုပ်ရှင်
ကိုကြည့်ဖြစ်ပြီး အမြင်အချို့
ကို ပြောချင်တာပါ။

ဒီဇာတ်လမ်းက နယူးယောက်မြို့
က သူနာပြုဆေးမှူး နှစ်ယောက်ရဲ့
ဘဝကို ရိုက်ပြယင်း သူတို့တွေ့ကြုံ
ရတဲ့ မြို့ထဲရှိ အကြမ်းပတမ်း လူတမ်း
စား လူနာတွေအကြောင်း တစိပ်တ
ပိုင်းကို အခြေခံပြု ရိုက်ထားတဲ့ ဖြစ်
ရပ်မှန် ဇာတ်လမ်း တစ်ပုဒ် ဖြစ်ပါ
တယ်။

မင်းသားကြီး `Sean Penn
(ရှောင်ပန်းန်)´ က နယူးယောက်
မြို့ရဲ့ သူနာပြု ဆေးမှူး တစ်ဦး
အဖြစ် သရုပ်ဆောင်ထားပါတယ်။

မိမိက (၁၉၉၅) ခုနှစ်မှာ အမေရိကန်
ပြည်ထောင်စုကို သင်္ဘောသား အရာ
ရှိ ဘဝနဲ့ `လော့စ်အိန်ဂျလိစ် (Los
Angeles)´ မြို့ "Port of Los Ange
les" ကို ရောက်ပါတယ်။ အဲ့ဒီ ဆိပ်
ကမ်းကနေ ကာလီဖိုးနီးယားပြည်
နယ်ရဲ့ မြို့တော်ဖြစ်တဲ့ `Sacram
- ento´ မြို့မှာ တစ်ပတ်ကြာခန့်
ကျောက်ဆူးချ၊ ကုန်တင်ကုန်ချ
ပြုလုပ်ပြီး ဂျပန်နိုင်ငံ၊ အိုဆာကာ
မြို့ကို ရွက်လွှင့်ခဲ့ကြတယ်။

ပြောချင်တာက အဲ့ဒီ အချိန်
ကထဲက အမေရိကန် ပြည်ထောင်
စုကြီး ဆိုတာကို မကြိုက်တာ၊
ခံစားလို့ မရခဲ့တာ၊ နေချင်စိတ်
ကို မရှိတာပါ။

အဲ့ဒီမှာ နေသူ ငယ်သူငယ်ချင်း
အချို့က ခုချိန်ထိ ပြောနေတာက
အလည်အပတ်ကလွဲ မလာနဲ့ကွ၊
ဥရောပက နတ်ပြည်၊ ငါတို့က
ငရဲပြည်ပါတဲ့လေ။

မိမိ အခြေအနေက အမေရိကား
ကို ဘာဗီဇာမှ မလို၊ နက်ဖြန်
ကောက်ထ၊ လေယာဉ်စီး
သွားလို့ရတဲ့အခြေအနေမှာ
ရှိနေတာတောင်၊ အလည်
အပတ် လောက်ကိုတောင်
သွားချင်စိတ် မရှိပါ။

ဘာလို့လဲ သိချင်ရင် အခု မိမိ
ပြောတဲ့ `ကတ္တရာမြို့တော်
(Asphalt City)´ ကို ကြည့်
လိုက်ပါ။

ဘာကို ဆိုလိုတာလည်း
သိသွားပါလိမ့်မယ်။

(Andrew Soe)
3rd May 2024
Media is too big
VIEW IN TELEGRAM
"တစ်သဘောထဲပါ"
---------------------

NP News က ကျော်မျိုးမင်း
(၂.၅.၂၀၂၄) နေ့က ပြောကြား
တဲ့ သတင်းများအပေါ် မိမိက
တစ်ခွန်းပဲ ကွန့်ပြီး ခေါင်းစဉ်
တင်ပြီး ပြောချင်တာက
"သူနှင့် တစ်သဘောထဲ"
ပါလို့ ပြောပါရစေ။

(Andrew Soe)
3rd May 2024