༒︎ 𝚆𝙸𝚃𝙽𝙴𝚂𝚂 𝚂𝙲𝙾𝚄𝚃 ༒︎
4.16K subscribers
1.59K photos
32 videos
2.6K links
Download Telegram
​အရှိန်မြှင့် လုပ်ဆောင်မဲ့ "သွေးစွန်းငွေ ဖြတ်တောက်ရေး" ဆိုရှယ်မီဒီယာ ကမ်ပိန်းမှာ ပါဝင်ကြဖို့ Blood Money Campaign ဖိတ်ခေါ်

ရန်ကုန်၊ အောက်တိုဘာ ၂၉

စစ်အုပ်စုကို ငွေကြေးအထောက်အပံ့ပေးနေတဲ့ TotalEnergies, Chevron စတဲ့ကုမ္ပဏီ တွေကို ဖိအားပေး တောင်းဆိုမှုတွေ ထပ်မံပြုလုပ်မဲ့ "သွေးစွန်းငွေ ဖြတ်တောက်ရေး" ဆိုရှယ်မီဒီယာကမ်ပိန်းကို ပြည်သူတွေ ပါဝင်ပေးကြဖို့ Blood Money Campaign ကဖိတ်ခေါ်လိုက်ပါတယ်။

ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ဖို့ တစ်ဦးချင်းစီပါဝင်မှုက အလွန်အရေးကြီးပါတယ်။ TotalEnergies, Chevron စတဲ့ကုမ္ပဏီ တွေကို သံတမန်နည်းအရ တောင်းဆိုညှိနှိုင်းမှုတွေ ပြုလုပ်ရာမှာ လူထုပါဝင်တဲ့ ဆိုရှယ်မီဒီယာ ကမ်ပိန်းတွေဟာလည်း အကျိုးသက်ရောက်မှု ကြီးပါတယ် လို့ Blood Money Campaign ကဆိုပါတယ်။

အောက်တိုဘာ ၃၀နဲ့ ၃၁ တို့မှာ ပြုလုပ်မဲ့ အဆိုပါ ဆိုရှယ်မီဒီယာ ကမ်ပိန်းမှာ ပါဝင်ချင်သော ပြည်သူများအနေနဲ့ အောက်ပါအတိုင်း ပါဝင်နိုင်ပါတယ်။

◼ ၁။ တောင်းဆိုချက် စာသားသုံးခုကို စာရွက်ပေါ်တွင်ရေးပြီး လက်သုံးချောင်းသင်္ကေတဖြင့် မိမိ လူမှုကွန်ယက် အကောင့် (Facebook,Twitter) တွင် ဓါတ်ပုံတင်ပါ။

💠 အင်္ကျီ အဖြူ/ အမည်း/ သွေးစွန်းနေတဲ့အင်္ကျီပုံစံ ဝတ်ဆင်နိုင်ပါတယ်။
💠 လက်အိတ် အနီ / လတ်ပတ် စည်း အနီရောင် / ရေဆေး အနီရောင်မှုန့်ဖြင့် လက်တွင်လိမ်းခြင်း စတဲ့ မိမိအဆင်ပြေမယ့် နည်းလမ်းများသုံး၍ ဓါတ်ပုံရိုက်ကူးနိုင်ပါတယ်။

🔶 တောင်းဆိုချက်စာသားများ

🔹 Total, Chevron - Freeze all payments to Junta
🔹 Total, Chevron - Keep all payments in Escrow Account
🔹 International governments: Sanction MOGE

🔶 အသုံးပြုရန် Hashtag များ
-------------------------------
#FreezePaymentsToJunta
#SanctionMOGE
#Total_StopSponsoringSAC
#Chevron_StopSponsoringSAC
#BloodMoneyCampaignMM #GMSR+BMC

Blood Money Campaign ခေါင်းစဉ်နှင့်အညီ သရုပ်ပြပုံဖော်မှုများ၊ ဗီဒီယို၊ ပန်းချီ၊ ကာတွန်း စတဲ့ ဖန်တီးပုံဖော်ခြင်း နည်းလမ်းများဖြင့်လည်း သွေးစွန်းငွေ ဖြတ်တောက်ရေး ကမ်ပိန်းမှာ ပါဝင်နိုင်တယ် လို့ သိရပါတယ်။

Witness's Family များအနေဖြင့် Campaign တွင်ပါဝင်လှုပ်ရှားထားသော ပုံရိပ်များကို ၃၀ ရက်နေ့နှင့် ၃၁ ရက်နေ့ ၂ ရက်တိုင်တိုင် Campaign ပြုလုပ်မှာဖြစ်သည့်အတွက် အဆိုပါ ၂ ရက်၏ ည ၈ နာရီမတိုင်မှီ =====

#WD_ADM_TEAM ⏬⏬⏬⏬

@WD_INFORMER_00

@WDINFORMER002 ထံသို့

ဆက်သွယ်ပေးပို့ကြပါရန်။

@WitnessDaily ✨
နှစ်ဆန်းတစ်ရက်နေ့ 💪😘

စက္ကူလေယာဥ်သပိတ် 🌿🎋

"နှစ်ဆန်းတစ်ရက်နေ့ရဲ့ လူထုတိုက်ပွဲခေါ်သံ စက္ကူလေယာဉ်သပိတ်နဲ့ ပြည်သူတစ်ရပ်လုံးပါဝင်တော်လှန်"

မနှစ်က သင်္ကြန်အချိန်ခါ နှစ်သစ်အကူးမှာ ကလေးငယ်နဲ့ ပြည်သူ အသေအပျောက် အများဆုံးဖြစ်ခဲ့တဲ့ ပဇီကြီး လေကြောင်းတိုက်ခိုက်မှုအတွက် ပြည်သူတစ်ရပ်လုံး ပူဆွေးသောကရောက်ခဲ့ကြတယ်။

အရွယ်မရောက်သေးတဲ့ကလေးငယ် အယောက် ၄၀ နဲ့ ကျဆုံးပြည်သူစုစုပေါင်း ၁၆၄ဦးအတွက် ရက်လည် အမျှဝေ ပေးခဲ့ရတဲ့ နှစ်ဆန်းတစ်ရက်နေ့ဟာ အခု ဧပြီလ၁၇/နှစ်ဆန်းတစ်ရက်နေ့မှာဆိုရင် တစ်နှစ်တိတိ ရှိခဲ့ပြီပဲဖြစ်ပါတယ်။

ဒါကြောင့် ဧပြီ ၁၇/နှစ်ဆန်းတစ်ရက်နေ့မှာ စစ်ရာဇဝတ်မှုကျူးလွန်နေတဲ့ စစ်အုပ်စုရဲ လေကြောင်း အသုံးပြု တိုက်ခိုက်မှုတွေကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုအဖြစ် စက္ကူလေယာဉ်သပိတ်ကိုဖော်ဆောင်ဖို့ ရှိပါမယ်။

ပြည်တွင်း၊ ပြည်ပ လူထုအင်အားနဲ့ စက္ကူလေယာဉ်တွေကတဆင့် ပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုကျူးလွန်နေတဲ့ စစ်အုပ်စုကို တော်လှန်ပုန်ကန်ကြမယ်

လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အသက်အိုးအိမ်ဆုံးရှုံးခဲ့ရတဲ့ ပြည်သူတွေနဲ့ ရပ်တည်တဲ့လူထုတိုက်ပွဲကို ပြုလုပ်ကြမယ်

စစ်အုပ်စု လေယာဥ်ဆီ ၀ယျယူ ရရှိနေမှု ရပ်တန့်သွားဖို့၊
လေယာဥ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်နိုင်အောင် လေယာဥ်ဆီ သယ်ယူရောင်းချ တင်ပို့ ပေးနေဆဲ နိုင်ငံ အစိုးရတွေနဲ့ ကုမ္ပဏီ တွေကို ရပ်တန့်ဖို့၊ တာ၀န်ယူမှုရှိစွာနဲ့ အရေးယူ ပိတ်ဆို့ဖို့ အတွက် ဖိအားပေး တိုက်တွန်းကြမယ်။

တော်လှန် ပြည်သူတစ်ရပ်လုံး ဧပြီ ၁၇ လူထုတိုက်ပွဲ စက္ကူလေယာဉ်သပိတ်မှာ ပါဝင်ကြပါစို့။

လှုပ်ရှားမှုပုံရိပ်ဓာတ်ပုံတွေကို @WD_Contact001 သို့ပေးပို့ပါ။

Please Save the Date - April 17!

#စက္ကူလေယာဉ်သပိတ်
#ဧပြီ၁၇ရဲ့စက္ကူလေယာဉ်သပိတ်
#နှစ်ဆန်းတစ်ရက်နေ့လူထုတိုက်ပွဲ
#လေယာဉ်တွေမြင်တဲ့အခါ
#whenweseetheplanes
#BanJetFuelExportsToMM
#SanctionAviationFuel
#BloodMoneyCampaignMM