༒︎ 𝚆𝙸𝚃𝙽𝙴𝚂𝚂 𝚂𝙲𝙾𝚄𝚃 ༒︎
4.08K subscribers
1.59K photos
32 videos
2.61K links
Download Telegram
​အရှိန်မြှင့် လုပ်ဆောင်မဲ့ "သွေးစွန်းငွေ ဖြတ်တောက်ရေး" ဆိုရှယ်မီဒီယာ ကမ်ပိန်းမှာ ပါဝင်ကြဖို့ Blood Money Campaign ဖိတ်ခေါ်

ရန်ကုန်၊ အောက်တိုဘာ ၂၉

စစ်အုပ်စုကို ငွေကြေးအထောက်အပံ့ပေးနေတဲ့ TotalEnergies, Chevron စတဲ့ကုမ္ပဏီ တွေကို ဖိအားပေး တောင်းဆိုမှုတွေ ထပ်မံပြုလုပ်မဲ့ "သွေးစွန်းငွေ ဖြတ်တောက်ရေး" ဆိုရှယ်မီဒီယာကမ်ပိန်းကို ပြည်သူတွေ ပါဝင်ပေးကြဖို့ Blood Money Campaign ကဖိတ်ခေါ်လိုက်ပါတယ်။

ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ဖို့ တစ်ဦးချင်းစီပါဝင်မှုက အလွန်အရေးကြီးပါတယ်။ TotalEnergies, Chevron စတဲ့ကုမ္ပဏီ တွေကို သံတမန်နည်းအရ တောင်းဆိုညှိနှိုင်းမှုတွေ ပြုလုပ်ရာမှာ လူထုပါဝင်တဲ့ ဆိုရှယ်မီဒီယာ ကမ်ပိန်းတွေဟာလည်း အကျိုးသက်ရောက်မှု ကြီးပါတယ် လို့ Blood Money Campaign ကဆိုပါတယ်။

အောက်တိုဘာ ၃၀နဲ့ ၃၁ တို့မှာ ပြုလုပ်မဲ့ အဆိုပါ ဆိုရှယ်မီဒီယာ ကမ်ပိန်းမှာ ပါဝင်ချင်သော ပြည်သူများအနေနဲ့ အောက်ပါအတိုင်း ပါဝင်နိုင်ပါတယ်။

◼ ၁။ တောင်းဆိုချက် စာသားသုံးခုကို စာရွက်ပေါ်တွင်ရေးပြီး လက်သုံးချောင်းသင်္ကေတဖြင့် မိမိ လူမှုကွန်ယက် အကောင့် (Facebook,Twitter) တွင် ဓါတ်ပုံတင်ပါ။

💠 အင်္ကျီ အဖြူ/ အမည်း/ သွေးစွန်းနေတဲ့အင်္ကျီပုံစံ ဝတ်ဆင်နိုင်ပါတယ်။
💠 လက်အိတ် အနီ / လတ်ပတ် စည်း အနီရောင် / ရေဆေး အနီရောင်မှုန့်ဖြင့် လက်တွင်လိမ်းခြင်း စတဲ့ မိမိအဆင်ပြေမယ့် နည်းလမ်းများသုံး၍ ဓါတ်ပုံရိုက်ကူးနိုင်ပါတယ်။

🔶 တောင်းဆိုချက်စာသားများ

🔹 Total, Chevron - Freeze all payments to Junta
🔹 Total, Chevron - Keep all payments in Escrow Account
🔹 International governments: Sanction MOGE

🔶 အသုံးပြုရန် Hashtag များ
-------------------------------
#FreezePaymentsToJunta
#SanctionMOGE
#Total_StopSponsoringSAC
#Chevron_StopSponsoringSAC
#BloodMoneyCampaignMM #GMSR+BMC

Blood Money Campaign ခေါင်းစဉ်နှင့်အညီ သရုပ်ပြပုံဖော်မှုများ၊ ဗီဒီယို၊ ပန်းချီ၊ ကာတွန်း စတဲ့ ဖန်တီးပုံဖော်ခြင်း နည်းလမ်းများဖြင့်လည်း သွေးစွန်းငွေ ဖြတ်တောက်ရေး ကမ်ပိန်းမှာ ပါဝင်နိုင်တယ် လို့ သိရပါတယ်။

Witness's Family များအနေဖြင့် Campaign တွင်ပါဝင်လှုပ်ရှားထားသော ပုံရိပ်များကို ၃၀ ရက်နေ့နှင့် ၃၁ ရက်နေ့ ၂ ရက်တိုင်တိုင် Campaign ပြုလုပ်မှာဖြစ်သည့်အတွက် အဆိုပါ ၂ ရက်၏ ည ၈ နာရီမတိုင်မှီ =====

#WD_ADM_TEAM ⏬⏬⏬⏬

@WD_INFORMER_00

@WDINFORMER002 ထံသို့

ဆက်သွယ်ပေးပို့ကြပါရန်။

@WitnessDaily ✨