ပုလဲမြေ
9.96K subscribers
24.9K photos
2.06K videos
7 files
7.09K links
မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူအောင်စိတ်ကိုထား
Download Telegram
စစ်သားသမီး..ဘဝ...
******************
အမှတ်တရ......(၁)
==========
အသက်နဲ့ရင်း......ရှာကျွေးနေတဲ့....အဖေကြီးရဲ့......
ကိုယ်ပိုင်အမှတ်.....(..:...)ကို ငယ်ငယ်ကတည်းက........
အလွတ်ကျက်ထားရတယ်...
ဘာလိုဆို....ရိက္ခာထုတ်ပေးနေတယ်ဟေ့ဆို...
လက်ဆွဲခြင်းထဲ....
ဆန်အိတ်၊ ဆီးဗူးခွံလေးရယ်၊ ကြွပ်ကြွပ်အိတ်အလွတ် ၄/၅
ခုလောက်ထည့်ပြီး.....
သူငယ်ချင်းတေနဲ့...ရိက္ခာစတိုမှာ.... တန်းသွားစီထားရပီ.....
ကိုယ့်အလှည့်ရောက်ပြီဆို......အရင်ဆုံး..
.အဖေ့ရဲ့ကိုယ်ပိုင်အမှတ်ကို.....ဒေါက်ဒေါက်နဲ့..ရွတ်ပြပလိုက်တာ.....
(ထုတ်ပေးတဲ့ဆရာကြီးက....သဘောတေကျလို....အဲ့လိုမှပေါ့ကွ..ဆိုပြီး)....
ပြီးရင်.....ဆွဲခြင်းထဲက....အိတ်တေဗူးတေထုတ်ပီး......
ထုတ်ပေးတဲ့....အမယ်တေကို....ထည့်.....
ခေါင်းပေါ်ရွက်ပြန်လာတာ.....
(လမ်းမှာ အထုပ်ချပီး.....ဖန်ခုန်တမ်း ဝင်ကစားသေးတာ...... ?? )
စစ်သားသမီးဘဝ(၂)
===========
မိုးလင်းစပြုပြီဆိုတာနဲ့.....အမေရဲ့....ဆန်ရေဆေးနေတဲ့အသံကိုအရင်ဆုံး....
ကြားရပီ
လာပါပီ.....ဟေ့...ကလေးတေ...မထကြသေးဘူးလား......၅နာရီခွဲနေပီ.....
(မနက်ခင်းတေးသံသာချိုချိုလေး)
ဟုတ်....ထနေပြီမေရေ့..... အိပ်ယာသိမ်းနေလို.......
အကုန်ပြင်ဆင်ပြီးရင်.....
အဝါရောင်သန်းနေတဲ့.....ဆနွင်းထမင်းကြေယ်....ဆီနဲနဲနဲ့လှိမ့်ထား
တာလေးရယ်...
.ရိက္ခာကရတဲ့...အချိုခြောက်လေးကို.
.လဘက်ရည်လေးဖျော်ထားတာရယ်နဲ့...
မနက်....လွေးပြီးရင်......လွယ်အိတ်ထဲ...အစုံအလင်ပါမပါစစ်.....
.ပြီးရင် ဘုရားခန်းဝင် ဉီးချရှိခိုးပြီး......ပြန်ထွက်လာရင်....
စားပွဲခုံပေါ်မှာ....ထမင်းချိုင့်ကအဆင်သင့်.....
အမေရေ့သွားပြီနော်......
ဟဲ့.....နဲနဲစောသေးတယ်.....
ကားနေရာဦးရအုံးမှာ....မေ...ရ..
(အေးအေး)......အင်္ကျီအဖြူမပေလာစေနဲ့.....(ဟုတ်....... )
ကျောင်းသွားတဲ့စတိုင်ကတော့......
တပ်တွင်းဆံသက...ဆရာကြီးညှပ်ပေးတဲ့....ဘိုကေနဲ့.....
.ပဲကြီးကျသလို.....အမေ..လိမ်းပေးလိုက်သနပ်ခါးမှာ
ခေါင်းက....အုန်းဆီတေက...နထင်ကနေ....အရွဲသားစီးဆင်းကျနေရဲ့.....
ဘေးလွယ်အိတ်ကိုကျောပိုးအိတ်လို....လုပ်လွယ်ပီး......ကဆုန်ပေါက်....
ပြေးလာတာ....
(ကားနေရာဦးဖို....)
ဟော.....တွေ့ပီ....တိုကျောင်းကား....
တပ်မတော်....(ဖောကား...)ကိုသံလှေကားချိတ်ပေးထားတယ်......
ကားပေါ်ရောက်ရင်......ကိုယ်နဲ့တည့်တဲ့သူငယ်ချင်းတေအတွက်......
နေရာဦးထားပေးရအူးမယ်.....
ဘေးလွယ်အိတ်ကိုခုံပေါ်ရှည်လိုက်ဆန့်ခင်းတာရယ်...
..နောက်.....ပြောင်းဖူးဖိနပ်...(ဆင်ကြယ်)ကိုခင်းထားသေးတာ
#SuYeeဖောကားကြီးစီးကာကျောင်းသွားစိုနော်တူပျော်ပျော်......
#SuYee